← Chapters

အခန်း (၁၄၂)

Vol. 10 Ch. 142

အခန်း (၁၄၂)

Vol. 10 Ch. 142

"ပြီးတော့ ...ငါလည်း ကလေးတွေနဲ့ ပြိုင်မငြင်းတတ်ပါဘူးကွာ..."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်၏။

"မင်းက ယွီယွိ့ကျင်း ထျန်းရှိုးကို ကိုင်မယ်ဆိုတော့ ငါက ဒီကောင် ကိုင်လိုက်မယ်..."

"ဘယ်ရမှာ ကျွန်တော်သာ ယွီယွိ့ကျင်းထျန်းရှိုးကို ကိုင်လိုက်ရင် အနိုင်ကျင့်သလို ဖြစ်နေမှာပေါ့...ကျွန်တော် လန်လင်း၀မ်ပဲ ကိုင်ပေးလိုက်မယ်..."

ရန်ဟောင်ရန် ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။

"ရတယ်လေ..အဲ့တာဆို ငါကလည်း ဟုန်ရိ ကိုင်ရတာပေါ့"

"မဖြစ်နိုင်တာ...ဦးလေးကြီးက ကျွန်တော့်ကို အထင်သေးနေတာလားဗျ...လန်လင်း၀မ်ဆိုတာ ဟုန်ရိရဲ့ငယ်နိုင်လေ...ခင်များသာ အဲ့ကောင် ကိုင်လို့ကတော့ သေချာပေါက် လယ်ဗယ်သရီးနဲ့တင် သ-တ်ပြမယ်... "

"အေးဆေးပေါ့...ကစားပွဲပဲလေ..အရှုံးနဲ့ အနိုင်ဆိုတာ ကင်းမှမကင်းပဲကို..မင်းသာငါ့ကို နိုင်လို့ကတော့ လုံး၀ အမေးဇင်းလို့ ပြောလို့ရတယ်..."

"ခင်များပြောတာနော်...ရှုံးသွားမှ ကလေးကြီးလို မငိုပြနဲ့ဗျ..."

(သုံးမိနစ်ခန့် ကြာသော်....)

လန်လင်း၀မ် ‌ေ-သသွားသည်ကို မြင်တော့ ဖက်တီးလေး မျက်နှာ ရှုံ့မဲ့သွား၏။

"ဘယ်လိုလုပ် ဟုန်ရိက လန်လင်း၀မ်ကို ကေးသွားတာပဲဟ...ဒါလုံး၀ မဖြစ်နိုင်တဲ့ ကိစ္စကြီးပဲ..."

"ဟားဟား..ခု ဖြစ်သွားပြီလေ..."လင်းရီ ရယ်မောလိုက်ပြီး "မယုံသေးရင် နောက်တစ်ခေါက် ထပ်ကေးပြလို့ ရတယ်နော်...."

"မရဘူး...ကျွန်တော် တစ်ချက်မှားသွားလို့...နောက်တစ်ပွဲ ပြန်ဆော့ကြမယ်..."

"ရတယ်လေ..ဒီခါငါမင်းကို လက်တစ်ဖက် အကြောပေးမယ်ကွာ..."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်၏။

"ဟမ့်...တစ်ခါလေး နိုင်တာကိုများ ဘ၀င်မြင့်ပြနေတယ်...လက်တစ်ဖက်နဲ့ ဆော့ပြမယ်ပေါ့..ကြည့်ထားလိုက် ဒီတစ်ခါတော့ ခင်များကြီးကို အလောင်းလှအောင် လုပ်ပေးမယ်...."

"ဟုတ်ပါပြီကွာ...မင်းသာ ရှုံးရင် လက်ခံနိုင်အောင် ကြိုးစားထား..."

"ဘ၀င်မြင့်နေတယ်...ကျွန်တော်က တစ်ချက်လေးမှားသွားလို့..ဒီတစ်ချီတော့ ကျွန်တော့်ရဲ့ နိုင်ပွဲပဲ..."

(သုံးမိနစ် ကြာပြီးနောက်...)

ဖက်တီးလေး၏ ဟီးရိုး မြေပြင်သို့ ဒူးထောက်လျက်သား လဲကျသွားသည်ကိုမြင်တော့ ရန်ဟောင်ရန် မျက်လုံးများ အဆမတန် ပြူးကျယ်သွားပြီး သူ့တစ်ကမ္ဘာလုံး မှောင်မိုက်သွားသလို ခံစားလိုက်ရသည်။

"ဘယ်လိုလဲ ငါ့ညီ ..ကျေနပ်ပြီလား..."

"မကျေနပ်ဘူး...."ရန်ဟောင်ရန် အံတင်းတင်းကြိတ်လိုက်ပြီး "ကျွန်တော်က လန်လင်း၀မ် ကိုင်တာ သိပ်မကျွမ်းသေးလို့ ခင်များ အသာစီးရနေတာ..ဒီတစ်ခါ ကျွီရို့ကျင်း ကိုင်မယ်ဗျာ..."

"သဘော..သဘော ..မင်းစိတ်ချမ်းသာရင် ရွာသာယာတယ်..."

ရန်ဟောင်ရန် ဟီးရိုးပြန်ရွေးလိုက်ပြီး ထိခိုက်မှုများ တိုးပွားစေရန် စကင် အကောင်းစားကြီးပါ လဲလိုက်၏။

သို့သော်လည်း အသ-တ်ခံနေရစမြဲပင်။

"မဖြစ်နိုင်တာ ကျွန်တော်က ပါးရှင်း၀မ်လေ..အဲ့တာတောင်မှ ဘယ်လိုလုပ် ခင်များ ဆီမှာ ရှုံးသွားတာလဲဗျာ...."

"ဘာလို့လဲဆိုတော့ ငါက ဝူရှစ်၀မ် မို့လို့လေ..."

"ဗျာ...ဘယ်..ဘယ်လို ဦးလေးကြီးက ဝူရှစ်၀မ်..."

ရန်ဟောင်ရန် အလွန်းအမင်း အံ့အားတကြီးနှင့် မေးလိုက်မိသည်။

"ဒါပေါ့...အကောင့် သုံးခုလုံးမှာနော်..."

ရန်ဟောင်ရန် : "....."

"ကဲခု မင်း အန်တီ့စကားနားထောင်ပြီးတော့ လိမ်လိမ်မာမာနဲ့ ပီယာနို လေ့ကျင့်တော့မှာလား..."လင်းရီ အပြုံးလေးဖြင့် မေးလိုက်၏။

"ငါ့ကို ကြည့်လိုက်ကွာ..ပီယာနိုလည်း တီးတတ်၊ ဂိမ်းဆိုလည်း ကျွမ်း ၊ဒါတောင်မှ အီရန်ဘွိုင်း လုပ်နေရတာနော်...ငါ့ညီ မင်းက ငါ့လောက်တောင် မတော်ဘူးဆိုတော့ ကြိုးစားပြီးသာ စာမလေ့လာဘူးဆိုရင် နောက်ကျ ငါ့လောက်တောင် ဖြစ်လာမှာ မဟုတ်ဘူးကွ .."

"ဟုတ် ဟုတ် ခုမှ သဘောပေါက်တော့တယ်...ကျွန်တော် ခုကစပြီး အရိုးကြေကြေ အရေခမ်းခမ်း အစွမ်းကုန် လေ့လာတော့မယ်ဗျာ..."ရန်ဟောင်ရန် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်ပြီး "ဦးလေး..အာ မဟုတ်ဘူး..အစ်ကိုကြီး နတ်ဘုရား ..ကျွန်တော်တို့ အကောင့်အပ်ပြီး ရန့်အတူဆော့လို့ရလား..."

"ရတာပေါ့ကွ..."

လင်းရီ ပြုံးလိုက်ပြီး ခပ်တည်တည်ဖြင့် ရှောင်ထျန်၏ ဂိမ်းအိုင်ဒီကို ဖက်တီးလေးထံ ပေးလိုက်၏။

"ဟောင်ရန်..သားအရင် အခန်းထဲ သွားနေလိုက် အမေ ဒီဦးလေးကြီးနဲ့ ပြောစရာ ရှိသေးလို့..."

"ဟုတ်..."

ဖက်တီးလေး သူ့အခန်းထဲ စိတ်လှုပ်ရှားစွာ ပြေး၀င်သွားပြီးနောက် ရန်ရွှယ် ဆံပင် နောက်သို့ပင်တင်ကာ လင်းရီအား ကိုယ်ကိုအနည်းငယ်ကိုင်း၍ ဦးညွှတ်လိုက်ပြီး

"အန်တီ ကိုယ့်ဘာကို မိတ်ဆက်ပေးပါရစေကွယ်...အန်တီက ကျိုးဟိုင်ဒရာမာ အကယ်ဒမီက ရန်ရွှယ်ပါ..ဒီက တူလေးရဲ့ အမည်ကို သိခွင့်ရှိမလား..."

ထိုသို့ပြောရင်း ယဉ်ကျေးပျူငှာစွာဖြင့် သူမလက်ကို ဆန့်ထုတ်လိုက်၏။

သူမကတော့ လင်းရီ၏ ပီယာနို အရည်အချင်းကြောင့် ယခုကဲ့သို့ ပြုမူသည်ကို အကဲပိုသည်ဟု မခံစားရပေ။ လင်းရီမှာ သူမထက် အများကြီး ငယ်သော်လည်း ပညာအရာတွင်တော့ သူမထက်သာလွန်၏။ ထို့ကြောင့် အသက်ကို ပဓာန မထားဘဲ ပညာဂုဏ်ရည်ကြောင့် ရိုသေစွာ ပြူမူခြင်းမှာ အင်မတန်မှ မှန်ကန်သင့်လျော်ပေသည်။

"အန်တီက ယဉ်ကျေး လွန်းနေပါပြီ..ကျွန်တော့်နာမည်က လင်းရီပါခင်ဗျ..."

လင်းရီ အပြုံးလေးဖြင့် ပြောလိုက်ပြီး "ပြီးတော့ ကျွန်တော့်ပုံစံကိုလည်း ကြည့်လိုက်စမ်းပါဦးဗျာ...ပီယာနိုတီးတဲ့သူနဲ့ တူလို့လားလို့..."

ရန်ရွယ်၏ ရင်ထဲရှိ ထိတ်လန့်တုန်လှုပ်မှုကတော့ လည်ချောင်းထိပင် ရောက်လို့နေ၏။

တစ်ကိုယ်တော်လေ့လာခြင်းဖြင့် ယခုအဆင့်သို့ ရောက်ရှိလာသည်ကပင် အတော်လေး အထင်ကြီးဖို့ ကောင်းနေပြီးဖြစ်၏။

လင်းရီ၏ ပါရမီမှာ သူမသင်ပေးနေသည့် တပည့်များထက် သာလွန်နေပြီး ယုတ်စွအဆုံး သူမပင် မယှဉ်နိုင်လောက်တဲ့အထိပင်။

"ငါ့တူလင်းရဲ့ ပါရမီနဲ့ဆိုရင် ခုလို အီရန်ဘွိုင်းလုပ်နေတာက အရည်အချင်းတွေ ဖြုန်းတီးရာကျလွန်းတယ်..."ရန်ရွှယ် ဝေဖန် သုံးသပ်နေသည့် လေသံဖြင်

"ငါ့တူ အလုပ်လေး ဘာလေး ပြောင်းဖို့ ဆန္ဒမရှိဘူးလားဟင်...အန်တီ ကိုယ်စား အလုပ်ရှာပေးလို့ရတယ်နော်...."

"ခုလို အကြံပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်ဗျာ..ဒါပေမယ့် ကျွန်တော် ခုထိတော့ အလုပ်ပြောင်းဖို့ ရည်ရွယ်ချက် မရှိသေးဘူးခင်ဗျ..."လင်းရီ ပြုံး၍ ပြောလိုက်၏။

"ခုအလုပ်လေးက လွတ်လွတ်လပ်လပ်လည်း ရှိတယ်လေ..ကျွန်တော်က တအားကြီး ချုပ်ချယ်ခံရတာ မကြိုက်လို့..."

"အဲ့တာဆိုလည်း ကောင်းပါပြီကွယ်..ငါ့တူ စိတ်ပြောင်းသွားရင်တော့ အန်တီ့ကို ဆက်သွယ်လိုက်နော်..."ရန်ရွယ် စိတ်ပျက်သွားသည့် လေသံဖြင့် ပြောလိုက်၏။ သူမ ကျောက်ကောင်းတစ်ပွင့် နွံနစ်နေသည်ကို မကြည့်ရက်ပေ။

"အန်တီရန်က ကြင်နာလွန်းနေပါပြီ...ခုလို စကားပြောခွင့်ရတာကိုပဲ ကျွန်တော်က ၀မ်းသာလှပါပြီ..."

လင်းရီ မထွက်ခွာမီ ရန်ရွယ်နှင့် ဝီချက် အပြန်အလှန် အပ်ခဲ့လိုက်၏။

၎င်းကိုကြည့်ချင်းဖြင့် ရန်ရွယ်မှာ အပေါ်ယံမဟုတ်ပဲ မည်မျှ လေးနက်နေကြောင်း မြင်နိုင်လေသည်။

ရန်ရွယ်၏အိမ်မှ ထွက်ခွာပြီးနောက် လင်းရီ လမ်းနားတစ်ဝိုက်တွင် ဝေ့ဝိုက်နေလိုက်သေးသည်။

ကျပန်း အော်ဒါမှာ ပြီးမြောက်သွားသောကြောင့် သူ၏ နောက်လာမည့် အော်ဒါမှာတော့ ဘယ်အချိန်ရမလဲ မသိ။

[အလုပ်အသစ်၏ ပထမဆုံးမစ်ရှင် ပြီးမြောက်ပြီး ကြယ်ငါးပွင့် ရီဗျူးကို လက်ခံရရှိပါတယ်...]

[ဆုလဒ် :အတွေ့ကြုံမှတ် ၂၀၀,၀၀၀]

[အလုပ်ပြီးမြောက်နှုန်း : ၂၀%]

[ဆုလဒ် : မွန်ဘေ ကမ်းခြေ]

"အာ....မွန်ဘေကမ်းခြေ...."

လင်းရီ တိုင်းတာလို့ မရနိုင်အောင် ပျော်ရွှင်သွားခဲ့၏။

သူမှတ်မိသလောက်တော့ ယင်းကမ်းခြေကြီးမှာ ကျိုကျုံးဗီလာနှင့် ၀မ်ကျန်း ဆိပ်ကမ်းကြားတွင်ကြီးမားသော ကမ်းခြေကြီးတစ်ခုရှိ၏။

၎င်းကမ်းခြေ၏ အမည်မှာလည်း မွန်ဘေ ကမ်းခြေပင်။

သူအစကတွေးထားသည်မှာ ၎င်းကမ်းခြေကြီးကို၀ယ်ပြီး ၀မ်ကျန်းဆိပ်ကမ်းနှင့် ချိတ်ဆက်မည်ဟု စီစဉ်ထား၏။

သို့သော်လည်း ယခုတော့ သူပိုက်ဆံ တစ်ပြားမှပင် မသုံးလိုက်ရပဲ သူ့အိတ်ကပ်ထဲသို့ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်လို့လာခဲ့၏။

ဒီခါတော့ စနစ်ကို အရမ်းချစ်သွားပြီကွာ..

လင်းရီဖုန်းထဲတွင် အော်ဒါတစ်ချို့ ရောက်လာသော်လည်း လက်မခံသေးပေ။ သူမွန်ဘေ ကမ်းခြေကို အရင်ဆုံး သွားကြည့်ချင်သေး၏။

ထိုအချိန်တွင်တော့ ယွဲ့၀မ်းကမ်းခြေတွင် ထီးပုံသဏ္ဍာန် အမိုးအကာများဖြင့် ပြည့်နှက်နေပြီး ကလေးလူကြီး မိန်းမ မရွေး ရေကူး၀တ်စုံများ ၀တ်ဆင်ထားကြကာ နေရောင်အောင်တွင် ဇိမ်ခံသူကခံ ၊ သဲဆော့သူကတော့ ရေကူးသူကကူးနှင့် ကမ်းခြေကြီးတစ်ခုလုံးကို လှုပ်ရှားအသက်၀င်နေစေတော့၏။

ထိုအချိန် လင်းရီ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။

ယခင်ကဆိုလျင် စနစ်ထံမှာ ပိုင်ဆိုင်မှု တစ်ခု ရရှိပြီးသည့် အခါတိုင်း တစ်ဖက်မှ စောလျင်စွာ ဆက်သွယ်လာစမြဲပင်။ ယခုတော့ ခွေးတစ်ကောင် ကြောင်တမြီးမျှ ဆက်သွယ်မလာခဲ့။

တယ်ထူးဆန်းလှပါလားကွ...

ကလင် ကလင် ကလင်

လင်းရီ ထိုအကြောင်း တွေးနေတုန်း သူ့အိပ်ကပ်ထဲရှိ ဖုန်းသံ မြည်လာခဲ့၏။

သူမျှော်လင့်ထားခဲ့သည့်အတိုင်း အမည်မသိဖုန်းနံပါတ်တစ်ခု ဖြစ်ပြီး ကိုင်လိုက်သောအခါ တစ်ဖက်မှ အမျိုးသမီးတစ်ယောက်၏ အသံ ထွက်ပေါ်လာခဲ့၏။

"ဟယ်လို ..မစ္စတာလင်ရီလားရှင့်..."

"ဟုတ်ပါတယ် ကျုပ်ပဲ..."

"ကျွန်မက ယွဲ့၀မ်း ကမ်ခြေ စီမံခန့်ခွဲရေး ဌာနကပါရှင့် ..မစ္စတာလင်းက ကျွန်မတို့ ကမ်းခြေကို လေလံအောင်သွားပြီဆိုတော့ လုပ်ထုံးလုပ်နည်း စာရွက်စာတမ်းတွေ လက်မှတ်ထိုးလို့ရအောင် ဆက်သွယ်လိုက်တာပါ..ဘယ်ချိန်လောက် လက်မှတ်ထိုးလို့ အဆင်ပြေမလဲ မသိဘူး..."

"ကျုပ်အခု လာခဲ့လိုက်မယ်..."

"ဟုတ်ကဲ့ပါရှင်..ကျွန်မ လိပ်စာကို ဖုန်းထဲ မက်ဆေ့ခ်ျပို့လိုက်ပါ့မယ်...ရောက်တာနဲ့ ဖုန်းခေါ်လိုက်ပါနော်.. လာကြိုပေးပါ့မယ်...

"အိုကေပါ..."

မကြာမီ လင်းရီ ဖုန်းထဲသို့ မက်ဆေ့ခ်ျ ၀င်လာခဲ့ပြီး ရုံးလိပ်စာအပြင် ဆက်သွယ်ရမည့် ဖုန်းနံပါတ်ကိုပါ ထည့်သွင်းပေးထား၏။

လင်းရီ ဂျီပီအက်စ်ပေါ်တွင် ရိုက်ရှာလိုက်သောအခါ ကမ်းခြေ စီမံခန့်ခွဲရေး ရုံးမှာ လက်ရှိသူရောက်နေသည့် နေရာနှင့် သိပ်မဝေးပေ။ ကားဖြင့် မောင်းသွားမည်ဆိုပါက ငါးမိနစ်အတွင်း ရောက်နိုင်၏။

သို့သော်လည်း လင်းရီ၏ မသိစိတ်ကတော့ ယခုတစ်ခေါက် လက်ခံရရှိသည့် ကမ်းခြေမှု ရှေးယခင်ဖြစ်ရပ်များကဲ့သို့ မရိုးရှင်းကြောင်း ပြောပြနေလေသည်။

အတိတ်တွင်တော့ သူ ပိုင်ဆိုင်မှု အသစ် ရရှိသည့် အခါတိုင်း လူမသိသူမသိ ရရှိခဲ့သော်လည်း ယခုတစ်ကြိမ်တွင်တော့ လူသိရှင်ကြား လေလံအောင်ပြီးမှ ၀ယ်လိုက်ခြင်းပင်။

၎င်းဖြစ်ရပ်က လင်းရီ၏ သိချင်စိတ်ကို လှုံ့ဆော်နေ လေ၏။

ကိစ္စ အ၀၀ကို တွေးတောဆင်ခြင်ပြီးနောက် လင်းရီ တုန့်ဆိုင်းခြင်းမရှိ ယွဲ့၀မ်း ကမ်းခြေသို့ မောင်းသွားလိုက်သည်။

ကမ်းခြေသို့ရောက်သောအခါ ၀န်ထမ်း၏ ဖုန်းနံပါတ်ကို ဆက်လိုက်ပြီး မည်သို့မည်ပုံ လာရမည်ကို သိရှိပြီးနောက် ဖုန်းပြန်ချလိုက်၏။

မိနစ်အနည်းငယ်ကြာပြီးနောက် လင်းရီ ဆံပင်အတို၊ ဂါ၀န်ရှည် ၀တ်ဆင်ထားသည့် အမျိုးသမီး ရုံးခန်းထဲမှ ထွက်လာသည်ကို မြင်လိုက်ရ၏။

အင်း..ငါနဲ့ ဖုန်းပြောထားတဲ့ မိန်းကလေးနေမှာ...

လင်းရီလည်း ကားစက်ပိတ်၍ တံခါးထဲမှ ထွက်လာပြီး ထိုအမျိုးသမီးထံ အပြုံးလေးဖြင့် လျှောက်သွားလိုက်၏။

"မိန်းကလေးက ချိုင်ထင်းထင်းပဲဖြစ်ရမယ် ..ဟုတ်တယ်မလား.."

လင်းရိ သူ့ညာလက်ကို ဆန့်ထုတ်လိုက်ပြီး "ကျုပ်က လင်းရီပါ ..ခုလေးတင် မိန်းကလေး ဖုန်းဆက်လိုက်တဲ့သူလေ..."

ချိုင်ထင်းထင်း လင်းရီကို မှင်တက်စွာ ငေးကြည့်နေမိရင်း...

သူ...သူက မိုးကျရွှေကိုယ်လေးများလားဟင်...

All Chapters