← Chapters

အခန်း (၁၄၄)

Vol. 10 Ch. 144

အခန်း (၁၄၄)

Vol. 10 Ch. 144

အခန်း (၁၄၄)

ထိုသို့ ပြောပြီးနောက် လင်းရီနှင့် ပီစုန့်ကျန်းတို့ ထွက်ခွာသွားခဲ့ကြသည်။ ။

‌ဆံပင်ဆေးဆိုးထားသည့်လူနှင့် သူ့အဖော်တို့ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး "အစ်ကိုမြင်း ကျုပ်တို့ ဘာလုပ်ကြမလဲ...ခု ကမ်းခြေက ပိုင်ရှင်ရှိသွားပြီဆိုတော့ နောက်ကျရင် ကျုပ်တို့ အမြတ်ထုတ်လို့ ရပါ့မလား..."

"အဲ့တာက မင်းပူရမယ့် ကိစ္စမဟုတ်ဘူး...သွား...အစ်ကိုတုန်ကို သွားပြောလိုက်..."ဆံပင်ဆေးဆိုးထားသည့်သူမှ ပြောလိုက်၏။

"ဟမ့် အဲ့ကောင်က ဒီတိုင်း မနူးမနပ်သေးတဲ့ ဒုတိယမျိုးဆက် လေးကိုများ ..အစ်ကိုတုန်က သူ့ကို ဖိနှိပ်နိုင်မှာ သေချာတယ်"

"ထင်ရတာပဲ.."

ထိုသို့ပြောပြီးနောက် နှစ်ယောက်သား အပေါ်ထပ်သို့ တက်သွားခဲ့ကြ၏။

ဒုတိယထပ် ရုံးခန်းထဲတွင်တော့ မာကျောက် ကစားသံများကို အပြင်မှပင် ကြားနိုင်လေသည်။

"တုန်းလိုင် ..မင်းရဲ့ မာကျောက်စကေးတွေကတော့ ကောင်းပြီးရင်း ကောင်းနေတော့တာပဲဟေ့.."ပြောလိုက်သူကတော့ အစွန်းနှစ်ဖက် တွန့်ကွေးနေသည့် နှုတ်ခမ်းမွေးကြီးနှင့် ထိပ်ပြောင် ဘိုးတော်ကြီး တစ်ဦးဖြစ်၏။ ထို့နောက် ရယ်မောသံများ ထွက်ပေါ်လာပြီး "ငါမင်းနဲ့ကစားတာ တစ်နာရီပဲ ရှိသေးတယ် ဒါတောင် တစ်သောင်းလောက် ပြုတ်နေပြီ...တော်ပြီဟျောင့် နောက်ခါ မင်းနဲ့ ယီးမှ မကစားတော့ဘူး..."

ထိပ်ပြောင်နေသည့် လူကြီး၏ နာမည်မှာ လျို့ချန်းဖြစ်ပြီး အသက်သုံးဆယ် အရွယ် သက်လတ်ပိုင်းလူတစ်ယောက်ဖြစ်လေသည်။

မျက်နှာချင်းဆိုင် လူကတော့ပါးစပ်တွင်စီးကရက်တစ်လိပ်ကို ခဲထားပြီး မျက်နှာထက် ကန့်လန့်ဖြတ် အမာရွတ်ကြီးနှင့် မြင်သူတကာ ရှိလောက်သည့် အနေအထားကြီးပင်။ ထိုလူကတော့ အဝါရောင်ဂန်းစတား အဖွဲ့၏ ခေါင်းဆောင် ယောင်တုန်းလိုင်ပေတည်း။

"အစ်ကိုကြီးချန်းကတော့ အပိုတွေ ပြောနေပြန်ပြီ..လုပ်ငန်းအကြီးစားတစ်ခုလုံး ရှိနေတာတောင်မှ ဒီလောက်ငွေလေးကို စိတ်ပူနေသေးတာလားဗျ...."

ယောင်တုန်းလိုင် အပြုံးလေးဖြင့် ပြောလိုက်၏။

"ငါးဖလောင်း ပြောင်းပြန် လာမလုပ်နဲ့.."လျို့ချန်း ပြောလိုက်ပြီး "ခုဆို မွန်ဘေ ကမ်းခြေတစ်ခုလုံးက မင်းဟာပဲ မဟုတ်လား..စီမံရေးဌာနကလူတွေတောင်မှပဲ မင်းလက်အောက် ရောက်နေပြီကို ..မင်းလုပ်ငန်းကမှ တကယ့်အကြီးစားကြီး.. တစ်လတစ်လ အနည်းဆုံး မရဘူးဆို နှစ်သန်းလောက်တော့ ရတယ်မလားဟျောင့်..."

"အာဟား..ဒီတိုင်း ပြောမပလောက်တဲ့လုပ်ငန်း သေးသေးလေးပါဗျာ..."ယောင်တုန်းလိုင် နောက်တစ်ကြိမ် ရယ်မောလိုက်ပြီး "ဒီတိုင်း စားဖို့သောက်ဖို့ ဖူလုံရုံလောက်ပါပဲ..."

"ဒါပေမယ့်ဟျောင့် ငါကြားထားတာတော့ မွန်ဘေက သူတို့နေရာကို တရား၀င်လေလံပစ်ထားတယ်တဲ့..မကြာခင် သူဌေးအသစ်က ရောက်လာတော့မှာ အဲ့ဒီတွက်ကော မင်း အစီစဉ်တွေ ဆွဲထားပြီးပြီလည်း..ဘယ်လိုချုပ်မလဲ ဘာညာလေကွာ .သိတယ်မလား...ဟဲဟဲ."

"သေချာပေါက်ရှိတာပေါ့...ဒါပေမယ့် ဟိုဘက်က ငါ့ကို ဘယ်လို စကားပြောလာလဲဆိုတဲ့ပေါ် မူတည်တယ်..."ယောင်တုန်းလိုင် ရယ်မော ပြောဆိုလိုက်ပြီး "တကယ်လို့ ရလဒ်ကသာ စိတ်ကျေနပ်ဖို့ မကောင်းဘူးဆိုလို့ကတော့ သူတို့လည်း အေးဆေး ငွေရှာလို့ရမယ် မထင်နဲ့..."

"ဟားဟား..အစ်ကိုကြီးတုန်ကတော့ ခုထိ မိုက်နေတုန်းပဲဗျာ...အားကျတယ်...."

"အစ်ကိုကြီးချင်းကတော့ နောက်နေပါပြီ..ခင်များလို ကျော်ကြားတဲ့ သခင်လေးချင်းနဲ့ အဆက်အသွယ်ရှိတဲ့သူကို ဒီညီလေးက ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲတဲ့...အချိန်ရရင် ကျုပ်ကိုလည်း သခင်လေးချင်းနဲ့ မိတ်ဆက်ပေးပါဦးဗျ"

"ဒါပေါ့ကွ .အချင်းချင်းတွေပဲကို ...သခင်လေးချင်းအားတဲ့ချိန်ကျရင် ငါတစ်ဝိုင်းထောင်လိုက်မယ်..အဲ့ခါကျ သခင်လေးချင်းကိုပါဖိတ်ပြီး မိတ်ဖြစ်ဆွေဖြစ် သောက်ကြတာပေါ့ကွာ..."

"အိုကေပြီ...ပွဲလေး ဆက်လိုက်ကြရအောင်"

ထိုအချိန်တွင် ဆံပင် အဝါရောင်ဆိုးထားသည့် လူငယ်တစ်ယောက် တံခါးခေါက် ၀င်လာခဲ့ပြီး ဦးညွှတ်ကာ "အစ်ကိုတုန်...အစ်ကိုချန်း "

ယောင်တုန်းလိုင် ခေါင်းတစ်ချက်ငြိမ့်လိုက်ပြီး "ဘာကိစ္စလဲ...ငါတို့ မာကျောက်ကစားနေတာ မင်းမမြင်တာလား..."

"အစ်ကိုတုန်..ခုလေးတင် မွန်ဘေကမ်းခြေကို ၀ယ်သွားတဲ့လင်းရီက ကျွန်တော်တို့ကို သူ့စီးပွားရေးထဲ ၀င်မရှုပ်ဖို့ လာသတိပေးသွားတယ်အစ်ကိုကြီး..ပြီးတော့ ကျွန်တော်တို့ ၀မ်ကျန်းဆိပ်ကမ်းကို ပြန်ပေးရမယ့် အကြွေးတွေလည်း လာဆပ်လို့ ပြောသွားပါတယ်"

ယောင်တုန်းလိုင် ကြက်သေသေသွားပြီး "အကြွေးစာရင်းတွေ ပြန်ရှင်းရမယ်...အဲ့၀မ်ကျန်းဆိပ်ကမ်းက သူနဲ့ ဘာဆိုင်လို့လဲ..."

"သူပြောတာတော့ ၀မ်ကျန်းဆိပ်ကမ်းကလည်း အဲ့ကောင်ပိုင်တဲ့နေရာဆိုပဲအစ်ကိုကြီး .."

ယောင်တုန်းလိုင်နှင့် လျို့ချန်းတို့ အကြည့်ချင်း ဖလှယ်မိလိုက်ကြ၏။

၀မ်ကျန်းဆိပ်ကမ်းမှာ မွန်ဘေကမ်းခြေထက် အများကြီး တန်ကြေးကြီး၏။

ဒီလင်းရီလို့ခေါ်တဲ့ကောင်က သောက်ရမ်းချမ်းသာ မလွန်းနေဘူးလားကွ...

"အဲ့တာပဲလား..နောက်ဘာဆက်ပြောသေးလဲ..."

ယောင်တုန်းလိုင် နက်မှောင်နေသည့် မျက်နှာဖြင့် မေးလိုက်၏။ သူ၏ အေးစက်သော မျက်နှာထားကြောင့် သတင်းပြောပြနေသည့် ကောင်လေးမှာ ကြောက်လန့်သွားပြီး "တ...တခြားတော့ ဘာမှ မပြောသွားဘူးဗျ...သူ့စီးပွားရေးကို ၀င်မရှုပ်ရင် ကျွန်တော်တို့ဆီလည်း လာလည်မှာ မဟုတ်ဘူးလို့ပဲ ပြောသွားတယ်..ကြည့်ရတာတော့ အဲ့ကောင်တွေက ကျွန်တော်တို့ကြားထဲမှာ နယ်နိမိတ်စည်း ခြားချင်နေလို့နေမှာ..."

"တယ်လည်း သွေးရဲတဲ့ကောင်ပါလားကွ..."ယောင်တုန်းလိုင် သူ့လက်ထဲရှိ မာကျောက်အတုံးများကို တတောက်တောက် ခေါက်လိုက်ပြီး အေးစက်စွာဖြင့် "အဲ့လိုပဲ အသစ်တွေ ရောက်လာရင် သောက်ရမ်း အာရုံစားတယ်ကွာ...ကြိုပြီး အစွယ်ချိုးထားသင့်ခဲ့တာကို ငါလည်း တစ်ကွက် လိုသွားတယ်..."

"ဟုတ်တယ် အစ်ကိုကြီး အဲ့ကောင် တော်တော်လေး မောက်မာတဲ့ကောင် ..ခုလေးတင် အဲ့လ်ု မောက်မောက်မာမာနဲ့ ပြောပြီး ဘယ်ကောင့်မှ စောက်ဂရုမစိုက်တဲ့ အထာနဲ့ ပြိုင်ကားစီးပြီး လစ်သွာတာ...ဒါကျွန်တော်တို့ကို သက်သက်ကြောလိုက်တာပဲ..."

"အိုကေ နားလည်ပြီ ..မင်းသွားလိုက်တော့..."

ယောင်တုန်းလိုင် လက်ဝှေ့ရမ်းပြီး သူ၏ ငယ်သားကိုထွက်သွားခိုင်းလိုက်၏။

"အစ်ကိုတုန်း...ဟိုဘက်က ခင်များကို လုံး၀ မျက်နှာသာမပေးချင်တဲ့ ပုံစံပဲနော်..."

လျို့ချန်း အပြုံးလေးဖြင့် ပြောလိုက်၏။

"အဆင်ပြေပါတယ်...ဒီလိုတွေ ဖြစ်လာမယ်လို့ မျှော်လင့်ထားပြီးသား..."ယောင်တုန်းလိုင် စီးကရက် တစ်ချက်တောက်၍ ပြာစများကို ခါလိုက်ပြီး "ကျုပ်မနက်ဖြန် သူနဲ့ တစ်ချက် သွားစကားပြောကြည့်လိုက်ဦးမယ်...စိတ်ကျေနပ်လောက်တဲ့ အဖြေသာ မရဘူးဆိုလို့ကတော့ အဲ့ကောင်လည်း ဒီမှာ စီးပွားရေး လုပ်လို့ရမယ်ထင်မနေနဲ့..."

"အံ့ဩစရာပဲ...အစ်ကိုတုန်းရဲ့ ရဲရင့်မှုကိုတော့ မလေးစားပဲကို မနေနိုင်ဘူးဗျာ..."

.......

ယောင်တုန်းလိုင်၏ ပိုင်နက်ထဲမှ ထွက်လာပြီးနောက် လင်းရီ ပီစုန့်ကျင်းကို ပြန်ပို့ပေးလိုက်သည်။

"ယောင်တုန်းလိုင်အပြင် တခြား ငါတို့ကို အကြွေးပေးရမယ့် ငနဲတွေ ကျန်နေသေးလား...."

"ရှိတာပေါ့ဗျ အများကြီးပဲ..ဒါပေမယ့် သူတို့ကတော့ အချိန်တစ်ခုကြာရင် ပြန်ဆပ်တော့ ပြောဖို့တော့ မလိုဘူးပေါ့ဗျာ..ဒီယောင်တုန်းလိုင်တို့ အုပ်စုကပဲ အကြွေးတင်တာ တော်တော်ဆိုးဆိုးရွားရွားကြီး ဖြစ်နေတာ..."

"အင်း...သိပြီ..."

လင်းရီ ခေါင်းညိမ့်လိုက်၏။

ပီစုန့်ကျန်းကို ပြန်ပို့ပြီးနောက် လင်းရီ ‌နာရီကို ကြည့်လိုက်သောအခါ အတော်လေး နောက်ကျနေပြီ ဖြစ်ကြောင်း သတိထားမိသွား၏။ သို့နှင့် ဘယ်မှ ဝေ့မနေတော့ပဲ ကျိုကျုံးဗီလာသို့သာ ပြန်လာခဲ့လိုက်သည်။

တစ်ညအနားယူပြီး နောက်တစ်နေ့နံနက်တွင် လင်းရီ ပန်နီဆူလာဟိုတယ်သို့ မောင်းသွားလိုက်၏။

သူ၏ ဖုန်းထဲတွင် အော်ဒါများ တစ်တောင်တောင်မြည်ပြီး တက်နေသော်လည်း လင်းရီ တစ်ခုမျှ လက်မခံခဲ့ပေ။

ကလင် ကလင် ကလင်

မောင်းနေတုန်း ဖုန်း၀င်လာခဲ့၏။ ပီစုန့်ကျန်း ထံမှပင်။

"ဘော့စ်လင်း..ယောင်တုန်းလိုင် ကျွန်တော့်ဆီ ဖုန်ဆက်လာခဲ့တယ်..သူက မွန်ဘေးကမ်းခြေနဲ့ ပတ်သက်ပြီး ဆွေးနွေးချင်တယ်တဲ့..."

"ရတယ်..သူ့ကို ပန်နီဆူလာ ဟိုတယ်မှာ လာရှာဖို့ပြောလိုက်ကွာ..."

"နားလည်ပါပြီ..ဒါနဲ့ဘော့စ် ကျုပ်လူတစ်ချို့ လွှတ်ပေးလိုက်ရဦးမလား..."

"ဟမ်...ဘာအတွက်လဲ..."

"ဒီယောင်တုန်းလိုင်ဆိုတဲ့ကောင်က ကောင်းတဲ့ကောင် မဟုတ်ဘူးဗျ..မတော်လို့ ဘော့စ်ကို ရန်ရှာလာရင် ဘယ်လိုလုပ်မှာ...ကြိုတင် ကာကွယ်လို့ ရအောင် လူလေး ထည့်ပေးလိုက်ချင်လို့..."ပီစုန့်ကျန်း ပြောပြလိုက်၏။

"ဘာမှ မပူနဲ့..ပန်နီဆူလာ ဟိုတယ်ဆိုတာကလည်း ငါ့ပိုင်နက်ပဲ..တစ်ခုခုဖြစ်လာခဲ့ရင် အဲ့ဒီက လုံခြုံရေးတွေရှိတယ်...အဲ့လောက်ဆို လုံလောက်ပြီ..."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်၏။

"ဘော့စ်လင်းက ပန်နီဆူလာ ဟိုတယ်ကြီးကိုပါ ၀ယ်ထားတယ်ပေါ့..."ပီစုန့်ကျန်း အံ့အားသင့်နေသည့် လေသံဖြင့် ပြောလိုက်၏။

"၀ယ်ထားတာဖြင့် ကြာလှပြီ..ရေးကြီးခွင်ကျယ်တွေ လုပ်မနေစမ်းနဲ့..."

"အာ....ဘော့စ်လင်းကတော့ ပြိုင်စံရှားပဲဗျာ ..ကျုပ်အရိုသေပေးပါရစေ..."

"မြောက်ပြောနေတာတွေ တော်လိုက်တော့..အဲ့ကောင်ကိုပဲ ငါ့ဆီလာခိုင်းလိုက်..ငါကိုင်တွယ်လိုက်မယ်..."

ပီစုန့်ကျန်းမှာ ၀မ်ထျန်းလုံလောက် မြောက်ပင့် မပြောဆိုတတ်သော်လည်း အတော်လေးတော့ သစ္စာရှိသူဖြစ်၏။

"ဟုတ်ကဲ့ ကျွန်တော်ခုပဲ သူ့ကို ပြန်ပြောလိုက်ပါ့မယ်..."

ဖုန်းချပြီး မကြာမီ လင်းရီ ပန်နီဆူလာဟိုတယ်သို့ ရောက်ရှိလာပြီး ၀မ်ထျနးလုံး၏ ရုံးခန်းထဲသို့ တိုက်ရိုက် ၀င်သွားခဲ့၏။

"ဘော့စ်..ရောက်လာပြီလားဗျ..."၀မ်ထျန်းလုံ အပြုံးလေးဖြင့် ပြောလိုက်သည်။

"ကျုပ် ဆိုင်ကယ် ကိစ္စ စီစဉ်ပြီးသွားပြီ..ပြင်ခကတော့ တစ်လီယမ် ကုန်တယ် ..ဒါပေမယ့် ဟိုဖက်တီးရဲ့ အစ်ကိုကြီးပဲ ရှင်းသွားတာ..သူကတောင်ပြောနေသေးတယ်..အဆင်ပြေရင် ဘော့စ်ကို နေ့လည်စာ ဖိတ်ကျွေးရင်းနဲ့ သေသေချာချာလေး‌ တောင်းပန်ချင်သေးတယ်တဲ့...."

"အဲ့လိုတွေ မလိုဘူး.."လင်းရီ ပြောလိုက်ပြီး "ငါဒီလာတာ အကောင့်တွေ စစ်ဆေးချင်လို့ပဲ..."

"ဘယ်အချိန်စစ်မလဲဗျ...ကျွန်တော် စီစဉ်ထားခိုင်းလိုက်မယ်လေ..."

လင်းရီ ဆိုဖာပေါ် မှီလိုက်ပြီး ကော်ဖီ စားပွဲပေါ်တွင် ခြေထောက်တင်ကာ "ပန်နီဆူလာဟိုတယ်က တည်ထောင်ထားတာလည်း ကြာလှပြီဆိုတော့ အကြွေးပေးရမယ့်သူတွေ မရှိဘူးလား..."

ထျန်းလုံ ရုတ်တရက် အမူအရာပြောင်းသွားပြီး တစ်စက္ကန့်လောက် ငြိမ်သက်သွားကာ "ရှိတာပေါ့ဗျ...သူတို့ပေးရမယ့် အကြွေးတွေက သုံးသန်းလောက်တော့ရှိတယ်...."

"ဟမ်...အဲ့လောက်များတာလားဟ..."

ယွမ်သုံးသန်းမှာ လင်းရီအတွက် မုန့်ဖိုးသာသာ ရှိသော်လည်း ၀မ်ကျန်းဆိပ်ကမ်းရှိ အကြွေးပမာဏနှင့် နှိုင်းယှဉ်မည်ဆိုပါက အတော်လေး များနေလေသည်။

"ဘော့စ်လင်း မသိသေးတာ ဖြစ်မယ်....‌အကြွေးတွေဆိုတာကတော့ နယ်ပယ်တိုင်းမှာ ရှိတယ်..အထူးသဖြင့် အကျွေးမွေးနဲ့ပတ်သက်တဲ့ လုပ်ငန်းတွေ ပြီးတော့ ဒီလို ဟိုတယ် လုပ်ငန်းတွေမှာပေါ့ဗျာ...ကျွန်တော်တို့ ပန်နီဆူလာ ဟိုတယ်ကျတော့ နယ်ပယ် နှစ်ခုလုံးထဲရောက်နေတော့ ပိုဆိုးပေါ့...."၀မ်ထျန်းလုံ ပြောလိုက်၏။

"ကျွန်တော်ကြွားတာတော့ မဟုတ်ဘူးနော်..ဒါပေမယ့် ကျွန်တော်တို့ ဟိုတယ်ရဲ့ အနေအထားနဲ့ဆိုရင် ငွေသုံးသန်းက ပြောပလောက်တာတော့ မဟုတ်ဘူး.. "

"အဲ့တာဆိုလည်း ငါလက်လွှဲယူတုန်းက ဒီကိစ္စတွေ ဘာလို့ မပြောပြတာ..."

"ဘော့စ်လင်းကလည်းဗျာ..ပြောတော့လည်း ဘာထူးမှာ..."၀မ်ထျန်းလုံ ၀မ်းနည်းနေသည့် မျက်နှာထားလေးဖြင့် ပြောလိုက်ပြီး "ဘော့စ်လည်း ကျွန်တော့်အကြောင်းသိပါတယ်..အဲ့ဒီ အကြွေးတင်နေတဲ့ လူတွေသာ သာမန်လူတွေ ဆိုရင် ကျွန်တော်က အကြွေးပေးတင်မှာတဲ့လား...ကျွန်တော်တို့ ပြစ်မှားလို့မရတဲ့လူတွေ ဖြစ်နေတော့ ဒီတိုင်း လွှတ်ထားရတာပေါ့ဗျာ..."

"အေးပါကွာ...အပိုပြောနေတာတွေ ရပ်ပြီး စာရင်းသာ သွားယူလာခဲ့လိုက်..."

"ဟုတ်ကဲ့ ခဏလောက်စောင့်ပေးပါဦးဗျ...ကျွန်တော်ခုပဲ ယူလာခဲ့ပေးမယ်...."

ထို့နောက် ၀မ်ထျန်းလုံ ဖိုင်တွဲများ ထားသည့် ဗီယိုသို့ သွားလိုက်ပြီး စာဖိုင်တွဲနှစ်ခုကို ထုတ်ယူလိုက်၏။

"ဟိုတယ်မှာ အကြွေးတင်နေတဲ့သူတွေရဲ့ စာရင်းအားလုံး ဒီထဲမှာ ရှိပါတယ်ဗျ..."

လင်းရီ ခေါင်းညိမ့်လိုက်ပြီး စာရင်းစာအုပ်ကို လှန်လော ကြည့်လိုက်၏။ တခဏမျှကြာတော့ သူ၏ အကြည့်များမှာ လူတစ်ယောက်၏ နာမည်ပေါ် ကျရောက်သွားခဲ့ပြီး "ဟမ်...ဒီကောင် ချင်းဟန်ကလည်း ငါတို့ဆီ အကြွေးတင်နေတာလားဟ..."

All Chapters