← Chapters

အခန်း (၁၄၅)

Vol. 10 Ch. 145

အခန်း (၁၄၅)

Vol. 10 Ch. 145

"ဘော့စ်...ဘော့စ်လင်း စိတ်လေးလျှော့ပါဦးဗျာ..."၀မ်ထျန်လုံး သေးထွက်လုမတတ် ကြောက်ရွံ့သွားပြီး "ဒါက ကျိုးဟိုင်ရဲ့ အင်ပါယာ ချင်းဟန်နော်...ပြီးတော့ တ-ရုတ်ရဲ့ ထိပ်တန်း ဒုတိယမျိုးဆက် အချမ်းသာဆုံး ထိပ်တန်းစာရင်းထဲမှာလည်း ပါသေးတယ်..နောက်ပြီး ကျိုးဟိုင်မှာ ချင်မိသားစုရဲ့ ဩဇာက လေနဲ့မိုးကို ဆင့်ခေါ်နိုင်လောက်တဲ့အထိကို လွှမ်းမိုးမှုက ကြီးမားလွန်းတယ်....ကျွန်တော်တို့ ထိပါးလို့ ရတဲ့သူမျိုး မဟုတ်ဘူးလေ...."

"ဟမ့်....ဘယ်သူက ကျိုးဟိုင်ကို ဂရုစိုက်နေလို့လဲ...ဒီကောင်တွေ ဇိမ်နဲ့နေတာ များလှပြီ..."

၀မ်ထျန်းလုံ ရင်တစ်ချက် တုန်သွားသည်။

ဘော့စ်လင်းကတော့ လုံး၀ အမေးဇင်းပဲ...သူက သခင်လေးချင်းကိုတောင်မှ ကျိန်ရဲတယ်ဟ....

"ဘော့စ်လင်းက သခင်လေးချင်းထက် ချမ်းသာတယ် ဆိုရင်တောင်မှ သူနဲ့တော့ သွားမရှုပ်သင့်ဘူးနော...သူနဲ့ သွားရှုပ်တဲ့သူတိုင်း ရာဇ၀င်မလှကြဘူးဗျ...ပြီးတော့....."

"ဘာလဲ ပြီးတော့...."

"ပြီးတော့ မနေ့ညက သခင်လေးချင်း သူ့မိန်းကလေးတွေ ခေါ်လာပြီး ဥက္ကဌ နားနေခန်းရဲ့ အပေါ်ထပ်ခန်းမှာ သောင်းကြမ်းသွားသေးတယ်...ပြန်ခါနီးကျ သူ့စာရင်းထဲ ထည့်ထားလိုက်တဲ့..."

လင်းရီကတော့ ငိုရအခက် ရယ်ရအခက် ဖြစ်နေလေ၏။

ဒီကောင်ကတော့ သူပိုင်နက်ထဲမှာ လာပြီး သောင်းကြမ်းနေတယ်ပေါ့...

"ရတယ်...ငါဒီကောင့်ဆီ ဖုန်းတစ်ချက် ခေါ်လိုက်ဦးမယ်..."

လင်းရီ သူ့ဖုန်းကောက်ကိုင်လိုက်ပြီး ချင်းဟန် ဖုန်းနံပါတ်ကို နှိပ်ကာ "စောစောစီးစီးပါလားဟျောင့်...မင်းကတော့ ငါ့ နတ်သမီး လေးငါးရာနဲ့ အိပ်မက်ကို ဖျက်ဆီးပစ်လိုက်တာပဲ‌ကွ..."ချင်းဟန် အိပ်ချင်မူးတူး အသံဖြင့် ပြောလိုက်၏။

"သောက်ပိုတွေ မပြောနဲ့...မင်း ပန်နီဆူလာဟိုတယ်ကိုပေးရမယ့် သောက်ကြွေးက တစ်သိန်းကျော် ရှိနေတယ်နော် ဟျောင့်..."

"အကြွေးတင်တယ်..." ချင်းဟန် တစ်ခဏမျှ စဉ်းစားလိုက်ပြီး "ငါမှတ်မိသလောက်ဆိုရင် မပေးတာ လေးငါးကြိမ်လောက်ပဲ ရှိတာပါကွ..."

"ငိုးမ မင်းက အသုံးဖြုန်းနည်းတဲ့ကောင်ဆိုတော့ တင်ထားတဲ့အကြွေးက နည်းတယ် ထင်နေတာလား...မင်းဘယ်ချိန်ပေးမှာတုန်း...."

"လင်းကြီးဟျောင့်..အဲ့တာ မင်းနဲ့ ဘာဆိုင်လို့တုန်းကွ..."ချင်းဟန် ဇဝေဇဝါဖြင့် ပြောလိုက်ပြီး "ပန်နီဆူလာ ဟိုတယ်က မင်းပိုင်တာမှ မဟုတ်တာ...ဘာဆိုင်လို့ သူတို့အစား လာတောင်းနေတာလဲဟ...."

"ငါ့ဟာ မဟုတ်ဘူးလို့ ဘယ်ကောင် ပြောလိုက်တာ...ငါ့ဟိုတယ်သာ မဟုတ်ရင် မင်းဆီ တောင်းမယ်များမှတ်နေလားကွ...တော်သေးလို့ပေါ့ အကောင့်တွေ စစ်လိုက်လို့ မဟုတ်ရင် မင်းငါ့နား အကြွေးတင်ထားမှန်းတောင် သိမှာ မဟုတ်ဘူး..."

"ငီး..ငီး ငီး "

"ဘာပြောလိုက်တယ်...ပန်နီဆူလာ ဟိုတယ်က မင်းရဲ့ဟိုတယ်..."

ချင်းဟန် ရယ်မောလိုက်ပြီး "ဘယ်တုန်းက ၀ယ်လိုက်တာလဲဟျောင့်..ဒါမှန်းသိရင် ပိုပြီး ဖြုန်းခဲ့ပါတယ်ကွာ...။"

"၀ယ်ထားတာ မင်းအဘေး မတိုင်ခင်လောက်တုန်းကနေ..."လင်းရီ ရယ်လိုက်ပြီး "ခုမှ လာပြီး သောက်ဆန်းကြီးတွေ လုပ်မနေနဲ့..."

"အဲ့တာဆို ပိုမိုက်သွားတာပေါ့..ခုကစပြီး ငါအခန်းလိုချင်ရင် မင်းကနေတစ်ဆင့် ပြောလိုက်ရုံပဲပေါ့...ဟီးဟီး ဘယ်လောက် အဆင်ပြေလိုက်လဲကွာ..."

"စကားမလွဲနဲ့ဟျောင့် အကြွေးအရင်ဆပ်..."

"ဘောစိကလည်း ငွေလေး တစ်သိန်းကျော်ကို အဲ့ လောက်ထိ ကပ်စေးကုတ်နေရလားကွ..အချင်းချင်းတွေကိုပဲ...."ချင်းဟန် မပျော်ရွှင်စွာ ပြောလိုက်သည်။

"နှစ်ခုကို လာမရောနဲ့...ဒါက ဟိုတယ် အကောင့်ထဲက ငွေတွေ မင်းပြန်ဆပ်ပြီးတာနဲ့ နောက်ဆို အလကား လာနေကွာ..ငါဘာမှ မပြောဘူး..."

"ဟျောင့် မင်းပြောတာနော်..."ချင်းဟန် ပျော်ရွှင်သွားသည့် လေသံဖြင့် "မင်းခု ဟိုတယ်မှာလား...ငါလာခဲ့မယ်..."

"အေး...မန်နေဂျာ ရုံးခန်းထဲမှာ...."

"အိုကေ..ရေချိုးပြီးတာနဲ့ လာခဲ့မယ်...."

"အိုကေ..."

ဖုန်းချပြီးနောက် လင်းရီ စာရင်း စာအုပ်ကို ဆက်ကြည့်လိုက်သည်။ ပမာဏမှ အများကြီး မဟုတ်သော်လည်း သောင်းပြောင်းအ‌ထွေထွေသော နာမည်တို့နှင့် ပြည့်နှက်နေ၏။

ဒူ ဒူ ဒူ

ထိုအချိန်တွင် ၀မ်ထျန်းလုံ စားပွဲပေါ်ရှိ ဝေါ်ကီတော်ကီမှာ မြည်လာခဲ့ပြီး

"မန်နေဂျာ၀မ် ...ယောင်တုန်းလိုင်လို့ ခေါ်တဲ့သူက မန်‌နေဂျာနဲ့ တွေ့ချင်လို့ အောက်ထပ်မှာ စောင့်နေပါတယ်....."

"ယောင်တုန်းလိုင်..."၀မ်ထျန်းလုံ တီးတိုးရေရွတ်သည်။

သူ ထိုနာမည်နှင့် အတော်လေး ရင်းနှီးနေသလို ခံစားနေရ၏။ သို့သော်လည်း မည်သည့်နေရာ၌ ကြားဖူးနေလဲဆိုတာတော့ မမှတ်မိချေ။

"ငါနဲ့ တွေ့မယ့်ကောင်ပဲ..အပေါ်လွတ်လိုက်..."လင်းရီ ပေါ့ပါးစွာပြောလိုက်သည်။

၀မ်ထျန်းလုံ ခေါင်းညိမ့်လိုက်ပြီး ဝေါ်ကီတော်ကီကို ကိုင်၍ "သူ့ကို ငါ့ရုံးခန်းထဲ လွှတ်လိုက်..."

လင်းရီ စာရင်းစာအုပ်ကို ဘေးသို့ အသာချထားလိုက်သည်။ သူယောင်တုန်းလိုင်နှင့် အရင် စာရင်းရှင်းစရာရှိနေသေး၏။

တစ်မိနစ်ခန့်ကြာပြီးနောက် အပြင်ဘက်ကော်ရစ်ဒါမှ ခြေလှမ်းသံများ ထွက်ပေါ်လာပြီး လူအရေတွက်တော့တော်တော် များသည့်ပုံပင်။

တံခါးခေါက်သံ ကြားတော့ ၀မ်ထျန်းလုံ သွားဖွင့်လိုက်‌ သောအခါ လူအယောက် ၂၀ ခန့် တံခါး၀၌ ရှိနေကြောင်း အမှတ်မထင် တွေ့လိုက်ရ၏။ သူတို့ တစ်ဦးချင်းစီတိုင်းတွင် တက်တူးများ ထိုးထားကြပြီး ဒေါသထွက်နေသော မျက်နှာထားများကြောင့် ၀မ်ထျန်းလုံပင် အနည်းငယ် ထိန့်လန့်သွားခဲ့သည်။

"မင်းတို့ ဘယ်သူတွေလဲ..."

"ငါက ယောင်တုန်းလိုင်..သူက လျို့ချန်း..ဒီနယ်တစ်ဝိုက်ရဲ့ ဘော့စ်လေ...မင်း သူနဲ့တော့ ရင်းနှီးတယ်မလား..."

"လျို့ချန်း...."

"ဟုတ်တယ်...အစ်ကိုကြီးချန်းဆို ငါပဲ..."လျို့ချန်း လက်ပိုက်၍ ဆရာကြီးအထာဖြင့် ပြောလိုက်သည်။

၀မ်ထျန်းလုံ ခံစားချက်များ ဆိုးရွားသွားတော့၏။

ဒီတေလေဂျပိုးတစ်သိုက်က ဘာလာလုပ်တာလဲကွ...

"၀င်ခဲ့ခိုင်းလိုက်...အဲ့တာ ငါနဲ့တွေ့ဖို့ ချိန်းထားတဲ့ကောင်တွေ"

၀မ်ထျန်းလုံ ကြောက်ကြောက်လန့်လန့်ဖြင့် တံခါးဖွင့်ပေးလိုက်ပြီး ယောင်တုန်းလိုင်နှင့် လျို့ချန်းတို့ကို အထဲပေး၀င်လိုက်သည်။

ထို့နောက် စားပွဲထိုးများကို တံခါးနားရှိ လုံခြုံရေးအစောင့်များကို သွားခေါ်စေပြီး တစ်ခုခု ဖြစ်လာပါက လင်းရီ ကို ကာကွယ်နိုင်ရန် ကြိုတင်ပြင်ဆင်ထားလိုက်၏။

"ဟယ်လို... မစ္စတာလင်းရီ..."

လင်းရီကို မြင်တော့ ယောင်တုန်းလိုင် ယဉ်ကျေးစွာဖြင့် လက်ဆန့်တန်းလိုက်ပြီး သေတ္တာငယ်လေးတစ်လုံးကို ကမ်းပေးလိုက်သည်။

"ဟဲဟဲ လက်ဆောင်သေးသေးလေးပါ...ကျေးဇူးပြုပြီး လက်ခံပေးပါဦး..."

"ယဉ်ကျေးလွန်းနေပြီ..ခင်များက ကျွန်တော့်ကို အားတောင့်အားနာ ဖြစ်အောင် လုပ်နေတာပဲ..."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်၏။

"ဟားဟား ကျုပ်တို့က ခုကနေစပြီးတော့ လက်တွဲပူးပေါင်းတော့မှာဆိုတော့ ဒီလောက်လေးက အသေးမွှားလေးပါ..."ယောင်တုန်းလိုင် ရယ်မောရင်း ပြောဆိုလိုက်သည်။

"လက်တွဲပူးပေါင်းမယ်..."

"မင်းကောင်တွေက ငါပြောခိုင်းတာ မပြောလိုက်ဘူးလား...ငါမင်းနဲ့ ပူးပေါင်းမယ်လို့ ပြောမိလို့လား..."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်၏။

၎င်းကို ကြားတော့ ယောင်တုန်းလိုင် အမူအရာ ရုတ်ချည်း ပြောင်းလဲသွားပြီး လေးနက်သည့်အသံဖြင့် "လင်းရီ...ငါ..ယောင်တုန်းလိုင် မင်းဆီကို ကိုယ်တိုင်ကိုယ်ကျ လာတွေ့တာကိုတောင်မှ မျက်နှာသာ မပေးချင်ဘူးပေါ့.....မလွန်လွန်းဘူးလားကွ..."ယောင်တုန်းလိုင် ခြေတင်ချိတ်၍ ပြောလိုက်၏။

"ငါက မွန်ဘေ ကမ်းခြေကို အရင်တုန်းကရင် စီမံပေးခဲ့တာ..ခုလည်း မင်းက ၀ယ်လိုက်ပြီဆိုတော့ဘာလို့ အတူ ပူးပေါင်းပြီး အလုပ်မလုပ်မှာလဲ...မင်း အချိန်လည်းသက်သာ လူလည်း မပင်ပမ်းဘဲ အိမ်မှာ အေးဆေးထိုင်ပြီး ပိုက်ဆံရနေမှာလေ...အဲ့တာက ပိုမကောင်းဘူးလား..."

လင်းရီ ဆိုဖာပေါ်မှီ၍ စားပွဲပေါ်တွင် ခြေထောက်တင်လိုက်ပြီး "ပူးပေါင်းတယ်ဆိုတာကတော့ မဆိုးပါဘူး...ဒါပေမယ့် ငါက ဘာဆိုင်လို့ မင်းနဲ့ ပူးပေါင်းရမှာလဲ...ငါ့ဘာငါ တခြားတစ်ယောက်ရှာလည်း ရနေတာပဲ မဟုတ်ဘူးလား..ပြောစမ်းပါဦး ..ဘာကိစ္စ ငါ့ပိုင်နက်ကို မင်းနဲ့ ခွဲပေးရမှာ..."

လင်းရီ ထက်ရှသော အကြည့်များဖြင့် နှစ်ယောက်စလုံးကို သိမ်းကျုံးကြည့်၍ "မင်းက ငါ့ကို အထင်သေးနေတာလား..ဒါမှမဟုတ် ကိုယ့်ကိုယ်ပဲ အထင်တွေ ဇွတ်ကြီးနေတာလား..."

"ဟား....."

ယောင်တုန်းလိုင် အေးစက်စွာ ရယ်မောလိုက်ပြီး သူ၏ မျက်လုံးထဲတွင် ရက်စက်တော့မည့် အရိပ်အယောင်တို့ဖြင်ြ "မင်းပြောတဲ့ အတိုင်းပဲ...ဒါပေမယ့် တကယ်လို့ ငါတို့သာ မပူးပေါင်းဘူး ဆိုလို့ကတော့ မင်းလည်း စီးပွားရေး ဆက်လုပ်လို့ရမယ် မထင်နဲ့"

ကလပ်..

ယောင်တုန်းလိုင် စီးကရက် တစ်လိပ်ထုတ်၍ မီးညှိလိုက်ပြီး ညှိနှိုင်းရာတွင် သူ့ဘက်မှ အသာစီး ရနေသည့် စတိုင်ဖြင့် ပြောလိုက်လေသည်။

"မစ္စတာလင်း ..သေချာလေး စဉ်းစားနော်...ကျုပ်သာ ကျုပ်ကောင်တွေကို ကမ်းခြေဆီ ခဏခဏ အလည်လွှတ်လိုက်လို့ကတော့ ဘယ်သူက ခင်များနေရာမှာ လာကစားချင်စိတ် ရှိမှာ...ဘာပဲ ပြောပြော ကျုပ်ဆိုတဲ့ ကောင်က နာမည်ပျက်ပြီးသားပဲ..နာမည်ပြောင်တစ်ခု တိုးလာလို့လည်း မထူးဆန်းတော့ဘူးလေ..."

"မင်းက ငါ့ကို ခြိမ်းခြောက်နေတာလား...."

ယောင်တုန်းလိုင် ထူးမခြားနားသည့် အမူအရာဖြင့် ပခုံးတွန့်လိုက်ပြီး "ခြိမ်းခြောက်နေတာ မဟုတ်ဘူး...ရှင်းအောင် ပြောပြနေတာ...ကြားရတာ နား၀င် တော့ဆိုးတယ် ဆိုပေမယ့် ငွေနဲ့ ပတ်သက်လာရင်တော့ ရှင်းအောင်ပြောထားမှပဲလေ...ကျုပ်တို့ အမြတ်ကို ၅၀-၅၀ ခွဲကြမယ်...ခင်များ စီးပွားရေး အေးဆေး ‌ဖြစ်စေရမယ်လို့ အာမခံတယ်ကွာ...ဘယ်သူကမှ........"

ဘန်း...

လင်းရီ ရေနွေးကြမ်းခွက် ကိုင်၍ ယောင်တုန်းလိုင်ဆီ ကောက်ပေါက်လိုက်သည်။

ယောင်တုန်းလိုင်နှင့် လျို့ချန်းတို့ နှစ်ဦးစလုံး ရေနွေးများ စိုသွားပြီး ရေနွေးကြမ်း ခွက်မှာလည်း ကြမ်းပြင်ပေါ်သို့ ကျကွဲသွားခဲ့၏။

၀မ်ထျန်းလုံကတော့ ရင်တထိတ်ထိတ်နှင့်ပင်။

ဒီနှစ်ကောင်က မူးလာတာလားကွ...ဘော့စ်လင်းရဲ့ စရိုက်နဲ့ဆိုရင် ခြိမ်းခြောက်တာကို ဘယ်လို သည်းခံနိုင်မှာလဲ...

"ငိုးမသားလေး ..မင်းငါတို့ အစ်ကိုကြီးကို ထိရဲတယ်ပေါ့..."

ဆံပင်အဝါရောင်နှင့်ကောင်မှာ ချက်ချင်းဆိုသလို ပြေးလာပြီး လင်းရီလည်း မတ်တပ်ရပ်ကာ ဆီး၍ ရင်၀သို့ ဆောင့်ကန်လိုက်၏။

ထိုငနဲမှာ လွင့်ထွက်သွားပြီး အနောက်ရှိ နံရံနှင့် တိုက်ကာ မြေပြင်ပေါ်သို့ မှောက်လျက် ကျသွားခဲ့သည်။ ပြန်ထလာမည့် အရိပ်အယောင်တော့မရှိ။

"လင်းရီ...မင်း မမောက်မာနဲ့..ငါ့ကို ဘာကောင်ထင်နေလဲကွ..."ယောင်တုန်းလိုင် ဒေါသတကြီးနှင့် အော်ငေါက်လိုက်တော့သည်။

"မင်းတို့ကောင်တွေက ညစ်ပတ်တဲ့ နည်းလမ်းတွေနဲ့ ကစားချင်နေတယ်ပေါ့...ဒါပေမယ့် မင်းတို့သိအောင် ပြောပြလိုက်ဦးမယ်...မွန်ဘေးနဲ့ ၀မ်ကျန်းဆိပ်ကမ်းတင် မဟုတ်ဘူး..ဒီပန်နီဆူလာ ဟိုတယ်က လည်း ငါ့အပိုင်ပဲ...မင်းတို့ကို ဖိနှိပ်ဖို့ဆို လူတောင် ထွေထူးရှာစရာ မလိုဘူး..အောက်မှာ ရှိတဲ့ အစောင့်တွေနဲ့တင် မင်းပွဲပြတ်တယ်...မင်းမှာ ငါ့ကို ခြိမ်းခြောက်နိုင်တဲ့ အခွင့်ရေး ရှိတယ်လို့ ထင်လား...."

"ဘာ...ဘာပြောတယ်...ဒီဟိုတယ်ကလည်း မင်းဟာပဲ ဟုတ်လား..."

"အဟုတ်ပဲ..."

လင်းရီ ခေါင်းညိမ့်လိုက်ပြီး "ငါ့တခြား ပိုင်ဆိုင်မှုတွေကို ဘေးချိတ်ထားဦး ဒီသုံးခုနဲ့တင် ဆယ်ဘီလီလျံ တန်ကြေးရှိနေပြီ...ခန့်မှန်းကြည့်ကြည့် ငါ့လက်ထဲမှာ ပိုက်ဆံ ဘယ်လောက် ရှိမလဲလို့..."

"မင်းတို့ကောင်တွေလည်း မြေအောက်လောက အကြောင်း နားလည်တယ်ဆိုတော့အသက်တစ်ချောင်း တန်ကြေး ဘယ်လောက်ပဲ ရှိလဲဆိုတာ ငါ့ထက် ပိုသိမှာပေါ့"

" အများကြီးတောင် မလိုဘူး..၁၀ မီလီယမ်လောက်နဲ့တင် မင်းတို့အားလုံးကို ဒီနေ့ည မြေကြီးထဲရောက်အောင် လုပ်လို့ရတယ်ဆိုတာ ယုံလားတော့မသိဘူး..."

All Chapters