← Chapters

အခန်း (၁၄၆)

Vol. 10 Ch. 146

အခန်း (၁၄၆)

Vol. 10 Ch. 146

ယောင်တုန်းလိုင် ကြက်သေသေသွား၏။

သူတွေးထားခဲ့သည်မှာ လင်းရီက စီးပွားရေးလောက်သာ လုပ်တတ်သည့် နလပိန်းတုန်းလေးဟု ထင်ထားခဲ့သော်လည်း သူ့ထက်ပင် ညစ်ပတ်သည့် လှည့်ကွက်များ ရှိနေသည့် မြေခွေးအိုကြီးတစ်ကောင် ဖြစ်နေလိမ့်မည်လို့တော့ မျှော်လင့်မထားခဲ့။

အကယ်၍ သူသာ နည်းနည်းပါးပါး ဟိတ်လုံးသုံး၍ ခြိမ်းခြောက်လိုက်ပါက သဘောတူလာလိမ့်မည်ဟု ထင်ထားခဲ့၏။ ယခုတော့ သူကပင် ပြန်ကြောက်ရမယ့်ကိန်း ဆိုက်နေလေသည်။

တကယ်လို့ သူသာ ဆုကြေးငွေ ထုတ်ချင်ပါက ၁၀ မီလီယမ်ပင် မလို။ ၅ မီလီယမ်နှင့်တင် သူတို့အားလုံး မနက်ဖြန် နေထွက်တာကို မမြင်နိုင် ဖြစ်သွားလိမ့်မည်။

အမှန်တော့ လင်းရီ မြေအောက်လောကအကြောင်း နကန်းတစ်လုံးမျှ မသိပေ။ သို့သော်လည်း ချင်းဟန်ကျေးဇူးကြောင့် ဟာအများကြီး သိခွင့်ရခဲ့၏။

ချမ်းသာသူတို့၏ အမှောင်ဘက်ခြမ်းမှာ သူထင်ထားသည်ထက် ပိုပြီး နက်နဲ၏။ အနီးကပ်ဆုံး သူတို့ တီဗွီစခရင်ပေါ်တွင် မြင်ရသည်ထက် ပုမို ရှုပ်ထွေးလေသည်။

ချလပ်

ရုံးခန်းတံခါးပွင့်လာပြီး အထဲရှိ လေထုကတော့ သိပ်သည်းသထက် သိပ်သည်းနေ၏။

ချင်းဟန် အပြင်ဘက်မှ လျှောက်လာခဲ့သည်။

ချင်းဟန် ၀င်လာသည်ကိုမြင်တော့ ယောင်တုန်းလိုင် ကြက်သေသေသွာခဲ့ပြီး.... ဒီကောင်က ဘာအထာလဲကွ ..အနော်ရထာလား...

ယောင်တုန်းလိုင်မသိသော်လည်း လျို့ချန်းကတော့ချက်ချင်းမှတ်မိသွားပြီး ရွှင်ပြသည့် အမူအရာဖြင့် "သခင်လေးချင်း ဘာလို့ ဒီရောက်နေတာလဲဗျ...."

"အစ်ကိုကြီးချန်း...သူနဲ့သိတာလား..."

"သူက မင်းအမြဲတမ်း တွေ့ချင်တယ် ပြောပြောနေတဲ့ သခင်လေးချင်းပဲလေကွာ..."

"ဟမ် ခေါင်းတုံးလျို့...မင်း ဒီဘာလာလုပ်နေတာဟျောင့်"လျို့ချန်းရောက်နေသည်ကို မြင်တော့ ချင်းဟန် မေးမြန်းလိုက်သည်။

"သခင်လေးချင်း ကျွန်တော်တို့ ဒီမှာ စီးပွားရေးကိစ္စ လာဆွေးနွေး‌တာလေ..ဒါပေမယ့် နည်းနည်းလေး သဘောထား ကွဲလွဲနေလို့ သခင်လေးချင်း ကူညီပေးပါဦးဗျ.... "ခေါင်းတုံးလျို့မှ ‌အားကိုးတကြီးဖြင့် ပြောလိုက်၏။

ချင်းဟန် ကတော့ လင်းရီကို စိတ်ရှုပ်ထွေးစွာ တစ်ချက်ကြည့်လိုက်ပြီး "ဘာတွေလဲကွ...ဒီသောက်ရူးနှစ်ကောင်က မင်းနဲ့ ဆွေးနွေးဖို့ အဆင့်မှီလို့လား..."

လင်းရီ ပခုံးတွန့်ပြလိုက်ပြီး "ငါခုလေးတင် ပရောဂျက်အသစ် လက်ခံထားတယ်... အဲ့တာသူတို့က ၅၀-၅၀ ခွဲကြမယ်တဲ့...ဟီးဟီး စိတ်၀င်စားဖို့မကောင်းဘူးလား..."

ချင်းဟန် ခေါင်းတုံးလျို့တို့ကို အရူးများသဖွယ် ကြည့်လိုက်ပြီး "မင်းတို့ နှစ်ကောင်ထဲက ဘယ်ကျပ်မပြည့်တဲ့ကောင်က ဒီစကား ပြောလိုက်တာလဲ‌ကွ..."

ချင်းဟန် လျို့ချန်းကို စူးစိုက်ကြည့်လိုက်ပြီး ခေါင်းရမ်း၍ "ကြည့်ရတာ မင်းတော့ ဟုတ်မယ့်ပုံမပေါ်ဘူး...မင်းမှာ အဲ့လို လုပ်ရဲတဲ့ သတ္တိမရှိဘူး...မင်းဘေးကကောင်ပဲ နေမှာ...."

ယောင်တုန်းလိုင်ကတော့ ဘာဖြစ်လို့ ဖြစ်နေမှန်းမသိ ရှုပ်ထွေးနေ၏။

လျို့ချန်းကတော့ ပို၍ပင် ရှုပ်ထွေးနေလေသည်။

"သခင်လေးချင်း ဘာတွေ ပြောနေတာလဲ‌ဗျ...ကျွန်တော်တို့ကဖြင့် သိလာတာတောင်ကြာလှပြီ...ကျွန်တော်တို့ဘက်က နေပေးရမှာ မဟုတ်ဘူးလား..."

"မင်း ယီးစကားတွေ လာပြောနေတာလားဟျောင့်..."ချင်းဟန် ကျိန်ဆဲလိုက်ပြီး "ငါတောင်မှ လင်းရီနဲ့ စီးပွားရေး ဆွေးနွေးဖို့ အဆင့်မမှီဘူး...အဲ့တာကို မင်းတို့က ဘာကောင်တွေ မို့လဲကွ...ခုလစ်စမ်း..တော်တော် မျက်စိရှုပ်ဖို့ ကောင်းတဲ့ကောင်တွေ.."

ရုံးခန်းထဲရှိ လူတိုင်း အံ့အားသင့်သွားကြ၏။

ဒီလင်းရီက ဘယ်သူပါလိမ့် ....

သခင်လေးချင်းတောင် သူနဲ့ စီးပွားရေး အတူလုပ်ဖို့ အဆင့်မမှီဘူးတဲ့လား...

"ဘာရပ်လုပ်နေသေးတာလဲကွ...ဟုန်ပေါင်း ရချင်သေးလို့လား....ခုနှစ်သစ်ကူးနေတာ မဟုတ်ဘူး..."

"ဟုတ် ဟုတ် ဟုတ် ကျွန်တော်တို့ ခုချက်ချင်း ထွက်သွားပေပါ့မယ်ဗျ..."

"ရပ်စမ်း..."လင်းရီ အမိန့်သံ တစ်ချက် ပေးလိုက်ပြီး "မင်းတို့ ဘယ်ချိန် အကြွေးပြန်ဆပ်မှာ ..."

"ကျုပ်တို့ ခုပဲ ငွေရှာလာပြီး ပေးပါ့မယ်ဗျာ...နောက်နေ့ မကူးစေရပါဘူး..."

ယောင်တုန်းလိုင် သေးထွက်လုမတတ် ကြောက်ရွံ့သွားပြီး အသံတုန်တုန်ဖြင့် ကတိပေးလိုက်၏။

သူလင်းရီကို မရြောက်သော်လည်း ချင်းဟန်ကိုတော့ ဖင်တုန်နေအောင် ကြောက်၏။

ကျိုးဟိုင်၏ အင်ပါယာဟူသော နာမည်မှာ အလကား ပေးထားခြင်းမဟုတ်ပေ။

ချင်မိသားစု၏ အဆင့်အတန်းနှင့် ဆိုပါက ဆုကြေးထုတ်ရန် ငါးမီလီယမ်ပင် လိုအပ်မည် မဟုတ်ဘဲ စကားလေးတစ်ခွန်း ပြောလိုက်သည်နှင့် သူတို့ထံ သေမင်းက အလိုလို ရောက်ရှိလာပေလိမ့်မည်။ ။

"ဟျောင့်တွေ လစ်စို့။...."

ယောင်တုန်းလိုင်နှင့် လျို့ချင်းတို့ ထွက်သွားကြသည်ကို မြင်တော့ ချင်းဟန်မှ"မင်းအဲ့ကောင်တွေကို သင်ခန်းစာ ပေးချင်သေးလား..."

"အလကား ယင်ကောင်အုပ်စုသာသာ လေးပါပဲကွာ အချိန်ဖြုန်းဖို့ မတန်ဘူး....."

"အိုကေလေ..သဘောပဲ.."ချင်းဟန် ပျင်းရိစွာ အညောင်းဆန့်လိုက်ပြီး "ဟျောင့် ငါခုလေးတင် မင်းကို ကိစ္စကြီး တစ်ခု ဖြေရှင်းပေးထားတာနော်...ဒီတော့ တင်နေတဲ့ အကြွေး တစ်သိန်းကျော်နဲ့ ချေလိုက်တော့ကွာ.....ရတယ်နော်..ငါ့ကို ကျေးဇူးတင်စရာမလိုဘူး...ညီကိုချင်းချင်းပဲ ..ဒီလာက်တော့ လုပ်ပေးရမှာပေါ့..."

"ငိုးပဲ..မင်းမှာ ကိုယ်ချင်းစာစိတ် မရှိဘူးလားကွ..."

""စီးပွားရေး လုပ်နေပါတယ်ဆိုနေမှ ငါ့ယီးကို ကိုယ်ချင်းစာရမှာလားကွ...နိမ့်နိမ့်ချချနေလို့ကော အလုပ်ဖြစ်မယ် ထင်နေလား..."

လင်းရီ သူ့ကို လက်မထောင်ပြလိုက်ပြီး "စောက်ရမ်းမိုက်ဘရို.. မင်းစိတ်ဓာတ်ကိုတော့ လေးစားသွားပြီကွာ"

ကလင် ကလင် ကလင်

လင်းရီ ဖုန်းသံမြည်လာခဲ့၏။

ကျီချင်းရန်ဆီမှ ဖုန်းမှန်း သတိထားမိတော့ လင်းရီ တိတ်ဆိတ်သည့် နေရာတစ်ခုကို ရှာပြီး ဖုန်းကိုင်လိုက် လေသည်။

"ဆရာလင်း...အလုပ်များနေတာလား...."

ချင်းရန် ချိုသာစွာပြုံးပြီး မေးမြန်းလိုက်၏။

"ငါ့ကို ဆရာလင်းလို့ မခေါ်နဲ့တော့..ငါခု အလုပ်ထွက်လိုက်ပြီ..."

"ဟမ်..ဘာလို့ ထွက်လိုက်တာလဲဟဲ့....."

ကျီချင်းရန် စက်စုချင်သည့် ပုံစံဖြင့် မေးမြန်းလိုက်ပြီး "နင် ကျောင်းသူလေးတွေကို မြှူဆွယ် ဖျားယောင်းလို့များ အထုတ်ခံလိုက်ရတာလား..."

လင်းရီ ငိုရအခက် ရယ်ရအခက် ဖြစ်သွားပြီး "ငါက အဲ့လိုလုပ်မယ့် လူမျိုးနဲ့ တူနေလို့လား...ပြီးတော့ ငါ့ရုပ်ကိုဘည်း သေချာကြည့်ပြီးမှ ပြောစမ်း ..ငါက အဲ့လိုကောင်စားမျိုးလားလို့...."

"အဲ့တာဆိုလည်း နင်က ဘာလို့ ထွက်လိုက်တာလည်းလို့...တက္ကသိုလ်ကျူတာ အလုပ်က ကောင်းတယ် မဟုတ်ဘူးလား..."

"အင်း ကောင်းတာတော့ အမှန်ပဲ.....ဒါပေမယ့် ငါက ဘ၀တွေ့ကြုံ ခံစားနေတာလေ..."လင်းရီ ပြောလိုက်ပြီး "ငါ အတော်အသင့် အတွေ့ကြုံ ရပြီးသွားရင်တော့ နောက်တစ်ခု ပြောင်းလုပ်မှာပဲ..တစ်သက်လုံး အလုပ်တစ်ခုတည်းကြီးပဲတော့ စွဲမလုပ်ချင်ပါဘူးကွာ..."

"အွန်း...နင်ပြောတော့လည်း အဓိပ္ပာယ်တော့ရှိသား..."ကျီချင်းရန် ခေါင်းတသွင်သွင်ငြိမ့်၍ ပြောလိုက်ပြီး "ဆိုစမ်းပါဦး ဒီတော့ နင်ခု ဘယ် အလုပ် ပြောင်းလုပ်နေတာလဲ..."

"အီရန်ဘွိုင်း..."

"အီရန်ဘွုင်း... တကယ်ကြီး အီရန်ဘွိုင်းကြီးလား..."ကျီချင်းရန် အာမေဋိတ်အသံဖြင့် မေးမြန်းလိုက်သည်။

"ဟုတ်တယ်လေ...အီရန်ဘွိုင်း..ဘာဖြစ်လို့လဲ..."

"နင်က ဘာလို့ အဲ့အလုပ်ကြီး လုပ်နေရတာလဲ..."ကျီချင်းရန် အနည်းငယ် မပျော်မရွှင် ဖြစ်သွားခဲ့ပြီး "တစ်နေကုန် နေပူမရှောင် မိုးရွာမရှောင် ပစ္စည်းပို့ရမှာဆိုတော့ ပင်ပမ်းတာပေါ့ဟယ်...."

"ငါက ဘ၀အတွေ့ကြုံခံစားနေတာလေ..." လင်းရီ နှလုံးသားတစ်ခုလုံး နွေးထွေးသွားသလို ခံစားလိုက်ရပြီး "ဒီအလုပ်ပြီးရင်တော့ အတောက်အဦးဆောက်တဲ့ နေရာတွေမှာ အုတ်သွားသယ်ဖို့ စီစဉ်ထားတယ်...အဲ့တာမှ ငါ့ပိုက်ဆံ အိတ်လေး ဖောင်းကားလာမှာ..."

"အာ...မလုပ်ပါနဲ့လား...ခု အလုပ်တောင် နင့်အတွက် အရမ်းပင်ပမ်းနေပြီပဲဟာကို...."

"အေးပါဟ..ခုလောလောဆယ်တော့ ထားလိုက်ဦး..ဒါနဲ့ ဘာပြောမို့ ဖုန်းခေါ်လာတာလဲ.."

"ဘာပြောရမှာလဲ ...အလုပ်အကြောင်းပေါ့ဟဲ့......"

"ဟမ်...အဲ့ဒါဆိုမင်းက ဘာအကြောင်းကို ပြောနေချင်နေတာ..."

"နင်က ခု အီရန်ဘွိုင်း လုပ်နေတာမလား...ငါ အော်ဒါလေးတစ်ခုလောက် တင်ချင်လို့..."

"ဘာအော်ဒါလဲ..လစ်စမ်း...ငါက ကစားနေတာမဟုတ်ဘူး...."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်သည်။

"မရဘူး...မှာမှာပဲ...နင်သာ အော်ဒါလက်မခံလို့ကတော့ နင်နဲ့လည်း လက်တွဲ မလုပ်တော့ဘူး. ...ပြီးတော့ နင်နဲ့ ပရောဂျက်လည်း ဆက်မလုပ်ပေးတော့ဘူး..ဆန္ဒပြမှာနော်..."

**

"အေးပါ အေးပါ..ငါခုပဲ ကုမ္ပဏီကို လာခဲ့မယ်...ရုံးခန်းထဲမှာ စောင့်နေ...."

"ဟီးဟီး...မြန်မြန်လာနော်...."

"အ်ုကေ စောင့်နေလိုက်..."

ဖုန်းချပြီးနောက် လင်းရီ ချင်းဟန်နှင့် ၀မ်ထျန်လုံတို့ကို သွားနှုတ်ဆက်ပြီး ချောင်ရန် အုပ်စုသို့ ဦးတည်လိုက်၏။

လင်းရီ တံခါး တွန်းဖွင့်လိုက်ပြီး ရုံးခန်းထဲသို့ ၀င်လိုက်သည်။

ထိုစဉ် ကျီချင်းရန်မှာ ဥက္ကဌနေရာ၌ထိုင်၍ မေးထောက်ပြီး သူ့အား ပြုံးပြီးကြည့်နေသည်ကို မြင်လိုက်ရ၏။

ကျီချင်းရန် အလုပ်လုပ်သည့်အချိန်တွင် ၀တ်စုံပြည့်များကို ၀တ်လေ့၀တ်ထမရှိပဲ သာမန်၀တ်စုံများနှင့်သာ လွတ်လွတ်လပ်လပ် အလုပ်လုပ်လေ့ရှိ၏။ သူမ၏ ဆံပင်ကို စည်းထားပြီး သာမန်ရိုးရှင်းသည့် ရှပ်အင်္ကျီတစ်ထည်လေးသာ ၀တ်ဆင်ထားပုံမှာ လုံး၀ သာမန် ၀န်ထမ်း တစ်ဦးကဲ့သို့ပင်။ သို့သော်လည်း အ၀တ်အစား၏ ကွာလတီ တစ်ခုသာ ကွာခြားသွား၏။

"မဆိုးပါဘူး..အတော်လေးတော့ မြန်သားပဲ..."

"မြန်တယ်လို့ မပြောရဘူးဟ..ကံဆိုးတတ်တယ်..."လင်းရီ သူမကို အမှန်ပြင်ပေးလိုက်၏။

"ဘာတွေ ကံဆိုးတတ်တယ် လုပ်နေတာလဲ..."ကျီချင်းရန် စောဒကတက်လိုက်ပြီး "ငါကနင့်ကို ချီးကျူးနေတာလေ..."

"အဲ့လို မချီးကျူးရဘူး...""

"လင်းရီ ပိုပြီး မြန်မြန်လေး...အဲ့လိုပြောလို့ရတယ်...ဒါပေမယ့် နင်က အရမ်းမြန်တာပဲလို့တော့ မလုပ်ပါနဲ့ မမရယ်...နားလည်ပြီလား..."

"နားမလည်ဘူး..."

"နားမလည်လည်း ထားလိုက်တော့..."

လင်းရီ ပြောလိုက်ပြီး "မင်း အော်ဒါမှာမယ်ဆို...မှာတော့လေ..."

"နေစမ်းပါဦး..ငါ ဘာ၀ယ်ရင်ကောင်းမလဲလို့အရင် စဉ်းစားလိုက်ဦးမယ်..."

ထိုသို့ပြောရင်း အချိန်‌အတော်ကြာမှ ဖုန်းကိုကိုင်ကာ အော်ဒါတင်လိုက်၏။

"မြန်မြန်လေး မြန်မြန် ..ငါအော်ဒါတင်လိုက်ပြီ...သူများတွေ ရသွားနေဦးမယ်...."

"ငါ့ကို မလောစမ်းနဲ့..."

လင်းရီမှာ သူမနှင့် အနီးကပ်ဆုံး ဖြစ်သောကြောင့် အော်ဒါမှာ လင်းရီ ထံသို့ ရောက်လာပြီး ချက်ချင်း လက်ခံလိုက်၏။

"ဟမ်...ဘာလို့ အသားနဲ့ ဟင်းသီးဟင်းရွက်တွေကြီးပဲလဲ.....မင်းအိမ်မှာ အဲ့တာတွေ ပြတ်နေလို့လား..."

"ဟင့်အင်း..."ကျီချင်းရန် လင်းရီနောက်ကို ညွှန်ပြလိုက်ပြီး "အဲ့အခန်းထဲမှာ မီးဖိုချောင် သေးသေးလေးရှိတယ်...ရုံးက ၀န်‌ထမ်းတွေကတော့ တစ်ခါတစ်လေသုံးတယ်လေ..ခုနေ့လည်တောင်ရောက်တော့မယ်ဆိုတော့ ငါ့လက်ရာကို ပြရင်းနဲ့ နင့်ကို ဟင်းချက်ကျွေးမလို့...နင်ငါ့ကို ပရောဂျက် အကြီးကြီး ပေးတဲ့အတွက် ဆုချတာနော်...."

"တော်ပြီ..ငါဒီနေ့ စားချင်စိတ် သိပ်ရှိတာ မဟုတ်ဘူး ...စတိတ်ခ်ကြီးတော့ မစားချင်ဘူး...."

"နင်ဒါကတော့ ငါ့ကို အထင်သေးလွန်းသွားပြီ..ငါက တခြားဟင်းပွဲတွေလည်း လုပ်တတ်ပါသေးတယ်နော်..."

"မင်းလား...ငါ့လောက်တောင် ဟင်းချက် မကောင်းတာကိုများ...ဆေးရုံမသွားရရင်ကို ကံကောင်းတယ်လို့ ပြောလို့ရနေပြီ..."

ကျီချင်းရန် သူမ၏ လှပသော မျက်လုံးလေးများဖြင့် အံ့အားသက့်စွာ ကြည့်လိုက်ပြီး "မဖြစ်နိုင်တာ ..နင်က ဟင်းချက်တတ်တယ်ပေါ့..."

"ဟမ့်..ငါမချက်တတ်ဘူးလို့ ပြောဖူးလို့လား..."

"ကျွတ်...အဲ့မှာ ကြွားနေလိုက်...နင်ချက်တဲ့ ဟင်းဆို ငါ့ထက် ဆိုးရွားမှာ သေချာတယ်...."

"အဲ့တာဆို ငါချက်ပြီးမှ တစ်တို့လောက်ဆိုပြီး လာမတောင်းနဲ့ဗျ...အဲ့ခါကျရင်တော့ တစ်စက်ကလေးတောင် မကျွေးဘူ‌း...."

"ဟွန့်..နင်မကျွေးချင်ရင် ဒီကလည်း မစားပါဘူးနော်..."ကျီချင်းရန် ဂုဏ်ယူစွာပြောလိုက်ပြီး "နင်ချက်တဲ့ ဟင်းက ၀က်စာလိုမျိုးပဲ မျိုချရ ခက်နေမှာ...ငါကအဲ့လို ဟင်းမျိုးကို မက်မောမယ်များ မှတ်နေလား...."

"အဲ့လိုလား..စောင့်ကြည့်ကြတာပေါ့...မင်းခုပြောထားတာကို မှတ်ထားနော်..."

"ဟွန့်...အမျိုးသမီးကောင်းတစ်ယောက်က သူ့စကားကို ပြန်မရုတ်သိမ်းဘူး...ကျွန်မ ..ကျီချင်းရန်က စကားတည်တဲ့ အမျိုးသမီး တစ်ယောက်ပဲ... "

All Chapters