← Chapters

အခန်း (၁၄၇)

Vol. 10 Ch. 147

အခန်း (၁၄၇)

Vol. 10 Ch. 147

"ကောင်းပြီလေ..စိန်ခေါ်နေမှတော့ တိမ်ပေါ်ထိ တက်ပြီး လက်စွမ်းတွေ ပြရချည်သေးရဲ့..."

"ငါလည်း နေ့လည်စာ မစားရသေးဘူးဆိုတော့ ဒီမှာပဲ စားလိုက်တော့မယ်..."

လင်းရီ ပညာရှိ ဉာဏ်ပညာကြောင့် ဤမျှ ယုံကြည်ချက် ရှိနေခြင်းပင်။

မီရှယ်လန်ကြယ်သုံးပွင့် ရရှိထားသည့် စားဖိုမှူးတစ်ယောက်၏ လက်ရာကို မှီမှာ မဟုတ်သော်လည်း သာမန် စာဖိုမှူးများ၏ လက်ရာထက်တော့ ကောင်းမည်ဟု ကိုယ့်ကိုယ့်ကို ယုံကြည်မှု အပြည့်ရှိသည်။

စားပွဲအပြည့် စားကောင်းသောက်ဖွယ်များ ချက်ပြန်ဖို့ရာတော့ ပြဿနာလုံး၀ မရှိပေ။

"ရတယ်လေ..ငါလည်းနင့်ကို ဆုတောင်းပေးလိုက်မယ်....ဗိုက်နာပါစေနဲ့လို့...နောက်ကျ နင်အိမ်သာ သုံးချင်ရင်လည်း ငါ့ကိုပြောနော်..."

"အေး ပြောထားပါ...နောက်ကျရင် မင်းလေသံ ငါနားထောင်ကြည့်ဦးမယ်..."

လင်းရီ အပိုစကား တစ်ခွန်းမျှ ပြောမနေတော့ပဲ ဖုန်းကိုင်ကာ အောက်ထပ်သို့ ဆင်းလာခဲ့လိုက်၏။

သူလိုအပ်သည်များမှာ အသားနှင့် ဟင်းသီးဟင်းရွက်များသာ ဖြစ်သောကြောင့် ချောင်ရန် အုပ်စုအနားရှိ ကယ်ရီဖော မားကတ်သို့ သွားလိုက်ပြီး မိနစ်နှစ်ဆယ်အတွင်း အားလုံး ၀ယ်ပြီးသွားခဲ့၏။

စတိတ်ခ်၊ ပုစွန်၊ ကာဗီးရားငါးနှင့် လတ်ဆတ်သော သဘာ၀ ဟင်းသီးဟင်းရွက်များ အားလုံးကို စားပွဲပေါ်တွင် ခင်းကျင်းထားသည်။ တွက်ချက်ကြည့်ပါက ယွမ်တစ်သောင်းခန့်လောက်တော့ ကျသင့်ပေမည်။

"ကဲ..ငါခု စချက်တော့မယ်..တစ်ခုခုစားချင်ရင် ကန်သင်းသွားလို့ရတယ်နော်...ခုလောလောဆယ်တော့ ဘာစားစရာမှ မရှိသေးဘူး..."

"တော်ပြီ မသွားတော့ဘူး..."ကျီချင်းရန် ဟင်းအမယ်များကို စူးစိုက်ကြည့်လိုက်ပြီး "ဘာလဲ ..နင်က အရှက်ရမှာစိုးလို့ ငါ့ကို နှင်ထုတ်နေတာလား..."

"ငါက ဒီတိုင်း မင်း အဆာလွန်နေမှာဆိုးလို့ပါကွာ..."

"ဟွန့် မဆာဘူး နင်ချက်တာကို စောင့်ကြည့်နေမှာ..."ကျီချင်းရန် စောင့်ကြည့်နေသည့် မျက်လုံးများဖြင့် ပြောလိုက်၏။

"ဟားဟား အဲ့တာဆိုလည်း အလုပ်နဲ့ပဲ သက်သေပြရတာပေါ့ကွာ......"

ထိုသို့ပြောပြီးနောက် လင်းရီ ကျီချင်းရန်၏ မီးဖိုချောင်ထဲသို့ ၀င်သွားလိုက်သောအခါ လုံး၀ မတူခြားနားသော ကမ္ဘာကြီးတစ်ခုထဲသို့ ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရ၏။ထိုအထဲ၌ မီးဖိုချောင်သုံးပစ္စည်းမျိုးစုံလည်း ရှိနေသည်။

၎င်းကို မြင်တော့ လင်းရီ မကူကယ်နိုင်ပဲ ရယ်လိုက်မိသည်။ မီဖိုချောင်တစ်ခုလုံး ရှယ်ပြင်ပြီးတော့ ချက်စားဖို့လုပ်ထားတာတောင်မှ မဆာဘူးလို့ ငြင်းနေသေးတယ်ပေါ့....

သူမက ဘယ်သူ့ကို လာနောက်နေတာလဲ...

ရှလူး...ရှလဲ...ရှလူး..ရှလဲ...

မိနှစ်နှစ်ဆယ်ခန့် ကြာပြီးနောက် လင်းရီ မီးဖိုချောင်ထဲမှ ဟင်းလေးပွဲ စွပ်ပြုတ်ပန်းကန် တစ်ခွက် တို့နှင့်အတူ ထွက်လာခဲ့သည်။

ချိစ်နှင့် ချက်ထားသည့် ပုစွန်တုပ်ကြီးတစ်ကောင်၊

ဟန်ကျိုးငရုတ်ကောင်းနှင့် အမဲသား စတိတ်ခ်၊ တရုတ်ဇီးသီနှင့် ကြက်ဥမွှေကြော်၊ ရေညှိ ကြက်ဥ စွပ်ပြုတ်တို့ကို စားပွဲခုံပေါ်၌ အသီးသီး ချထားလိုက်၏။

ဟင်းလေးမျိုး၏ ရိုးရှင်းပြီး ဆွဲဆောင်နေသည့် ပုံစံကို ကြည့်ရင်း ကျီချင်းရန်၏ မျက်လုံးလှလှလေးများ ကြယ်တာရာကဲ့သို့ တောက်ပလာကာ သူမလက်ထဲရှိ ဘီစကစ်လေးပင် မြေပြင်ပေါ်သို့ ပြုတ်ကျလုနီးနီးဖြစ်သွားခဲ့သည်။

အရသာကို မဆိုထားဘိ။ အကြည့်ဖြင့်ပင် သားရည်ယိုစရာ ကောင်းလှ၏။

အထူးသဖြင့် ချိစ်နှင့် ချက်ထားသော ပုစွန်ဟင်းပွဲကြီးပင်။ လုံး၀ အရဟာရှိမည့်ပုံ ပေါ်နေသည်။ သူမ ကြည့်ရင်းကြည့်ရင်း တံတွေးများ အကြိမ်ကြိမ် မျိုချနေမိတော့၏။

"လင်းရီ နင်ဟင်းပွဲတွေ အများကြီး ချက်လိုက်တယ်ပေါ့..."ကျီချင်းရန် မျက်နှာချိုသွေးသည့် အပြုံးလေးဖြင့် သူမ ဘီစကစ်လေးက်ု ဘေးသို့ အသာချရင်း ပြောလိုက်သည်။

"မများပါဘူး...ငါက ပုံမှန်ဆိုလည်း ဒီလိုပဲ စားနေကျ..."

"နင်တစ်ယောက်တည်းနဲ့ ဒီလောက်အများကြီး ကုန်နိုင်တယ်ပေါ့..."

"ဒါပေါ့...မင်းပဲပြောတော့ ငါချက်ထားတဲ့ဟင်းဆို နှိုက်တောင် မနှိုက်မြည်းဘူးဆို...အဲ့တာကြောင့် တစ်ယောက်စာပဲ ချက်လိုက်တာ..."

လင်းရီ အပြုံးလေးဖြင့် ပြောလိုက်ပြီး

"မင်းကတော့ မင်းဘီစကစ်ပဲ စားပေါ့..."

"တကယ်တော့ ငါက ဘီစကစ် အရမ်းကြိုက်တာ.ဒါပေမယ့် ဆရာ၀န်ပြောတာတော့ ငါက အစာအိမ်မကောင်းတော့ များကြီး စားလို့မရဘူးတဲ့....နင့်ကိုအရမ်းအားကျတာပဲသိလား...စားချင်တာ လျှောက်စားလို့ရတယ်..."

ဂျွတ် ဂျွတ်..

ထို့နောက် ကျီချင်းရန် ဘီစကစ်တစ်ပိုင်းကို ကိုက်ပြီး တဂျွတ်ဂျွတ်မြည်အောင် ဝါးစားလိုက်သည်။

" ဘီစကစ်တွေက အရမ်းအရသာရှိတာပဲ..သူတို့ကြောင့်သာမဟုတ်ရင် ငါ အဆာလွန်တော့မှာ..."

"ဟုတ်ပါပြီ ...ငါလုပ်ထားတဲ့ ဟင်းတွေက တစ်စက်မှလည်း ကြည့်မကောင်းသလို အရသာကလည်း ၀က်စာလိုပဲဆိုတော့ မစားနဲ့တော့..မင်းအစာအိမ် ပိုထိနေဦးမယ်...."

ထိုသို့ပြောရင်း လင်းရီ ပုစွန်များကို ပါးစပ်အပြည့် ဝါးလိုက်ရင်း နှုတ်ခမ်းတစ်ဝိုက်တွင် ဆီများ ဝေ့နေတော့၏။

လင်းရီ စားလေ‌လေ ကောင်း‌လွန်းလို့ ငိုချင်နေသည်။

ဂျွတ် ဂျလွတ်

ဂျွတ် ဂျွတ်

လင်းရီ အားရပါးရ စားပြ‌ နေခိုက် ကျီချင်းရန်လည်း အားကျမခံ ဘီစကစ်ကို တဂျွတ်ဂျွတ် ဝါးနေခဲ့၏။

သူမ မန်ထို စားရဖို့အတွက် တိုက်ခိုက်နေခြင်းမဟုတ်။ သူမ၏ မာနအတွက်တိုက်ခိုက်နေခြင်းသာ။

ဤတိုက်ပွဲတွင်တော့ သူမ လုံး၀ ရှုံးနိမ့်လို့ မရနိုင်ချေ။

သို့သော်လည်း စားရင်းစားရင် နင်သွားခဲ့၏။

"လင်းရီ...လုပ်ပါဦး ငါနင်နေလို့..."

"ရေသောက်လေကွာ..."

"ရေသောက်ရင် သိပ်မကောင်းဘူး..."

"အဲ့တာဆို ဘာဖြစ်ချင်နေတာ..ဆေးရုံလိုက်ပို့ပေးရမှာလား..."

"မလိုဘူး..နင့်စွပ်ပြုတ်လေး တစ်ဇွန်းလောက် သောက်လိုက်ရင် သက်သာသွားမယ် ထင်တာပဲ..."

ဖူး...

လင်းရီ သောက်နေရင်း ရယ်မိသွားသောကြောင့် စွပ်ပြုတ်များ မှုတ်ထုတ်မိသွားသည်။

"မင်းပြောတော့ ငါချက်ထားတာတွေက ၀က်စာလိုပဲဆို...ပြီးတော့ မင်းကစကားတည်တဲ့ အမျိုးသမီးဆို...မင်းတကယ်ကြီး သောက်မှာလားဟ..."

"နင်ကလည်း ဒါလေးပြောမိတာကို စိတ်ဆိုးနေတယ်ပေါ့..."ကျီချင်းရန် အမှား လုပ်မိသွားသည့် မျက်နှာထားလေးဖြင့် "နဲနဲပဲ ကျန်တော့တာကို ငါ့အတွက် မချန်ပေးချင်ဘူးလားလို့..."

ကျီချင်းရန် ဒေါက်မြင့်ဖိနပ်စီးပြီး လင်းရီထံ လျှောက်လာခဲ့၏။

သူမ ယခုလို မျက်နှာပျက်သည်မှာ ပထမဆုံးအကြိမ် မဟုတ်သောကြောင့် ထွေထူး ဂရုစိုက်‌မနေတော့‌။

ယခု အရေးကြီးဆုံးကတော့ စွပ်ပြုတ်သောက်ရဖို့ပင်။

"ဒါတွေက ငါစားပြီးသားတွေလေ...မစားနဲ့..."

"နင်ဘယ်လိုတောင် ပြောရက်တာလဲ..နင်က တစ်ယောက်တည်း စားပြီးတော့ ငါ့ဖို့ နည်းနည်းလေးတောင် မချန်ထားပေးချင်ဘူးပေါ့...တော်ပြီ နင်နဲ့ မခေါ်တော့ဘူး..."ကျီချင်းရန် စိတ်ဆိုးစွာ ပြောလိုက်၏။

"ငါဆို နင့်အတွက် ရေခဲသေတ္တာထဲမှာ သရက်သီးဖျော်ရည်ကို သတိတရနဲ့ ချန်ထားပေးခဲ့တာနော်...နင်ကျတော့ ငါ့ကို ဒီလို ဆက်ဆံတယ်ပေါ့..."

လင်းရီ ရယ်မောလိုက်ပြီး "ငါ ရေနည်းနည်းဆာတယ်..သွား..ရေခဲသေတ္တာထဲမှာ မင်းချန်ထားတယ်ဆိုတဲ့ သရက်သီးဖျော်ရည်လေး ယူလာခဲ့ပေးဦး..."

"ရတယ် ယူပေးမယ်..ဒါပေမယ့် နင် စားပွဲပေါ်က ဟင်းတွေကို လုံး၀ မထိရတော့ဘူးနော်..ငါပုံစံကို သေချာမှတ်ထားတယ်..သူတို့သာ ပုံပျက်သွားလို့ကတော့ နင်နဲ့ မခေါ်တော့ဘူးမှတ်..."

"အေးပါဟ..ဒါနဲ့ မခေါ်ရလောက်အောင် ငါတို့က ဘယ်အနေအထားထိ ရောက်နေလို့လဲ...."

"ဘယ်အနေထားထိ ရောက်ရောက် နင်နဲ့ မခေါ်တော့ဘူးလို့ပဲ မှတ်ထားလိုက်..."

"အေးပါ ဟုတ်ပါပြီ ချန်ထားပေးပါ့မယ်ဟ..."

လင်းရီထံမှ ကတိစကားကို ကြားတော့ ကျီချင်းရန် မီးဖိုချောင်ထဲ ၀င်သွားလိုက်သည်။ အထဲသို့ရောက်လျင်ရောက်ခြင်း သူမ၏ ထိတ်လန့်တကြား အော်ဟစ်သံကြီး ထွက်ပေါ်လာခဲ့၏။

"အား.....လင်းရီ....."

"ဘာလဲ...ဘာဖြစ်တာလဲ....."

"နင် တကယ်ကြီး ငါ့ဖို့ ချန်ထားပေးသေးတယ်ပေါ့...."

လင်းရီ အပြုံးလေးဖြင့် "မြန်မြန်စားလိုက်...ခဏနေဆို အေးတော့မှာ..."

"ဟီးဟီး နင်က အရမ်းကောင်းတာပဲ..."

မိနစ်အနည်းငယ်ကြာပြီးနောက် သရက်သီး ဖျော်ရည်နှင့် ကျန်ဟင်းပွဲများအားလုံး ပြောင်သလင်းခါသွားခဲ့လေသည်။

"နင်က ဘာလို့ ပုစွန်ကို တစ်၀က်ပဲစားပြီး ကျန်တာ ငါ့ကို အကုန်ပေးလိုက်တာလဲ..."

"မင်းက အလုပ်တွေ တအား ပင်ပမ်းနေတဲ့ အစားပုတ်လေးဆိုတော့ များများစားပေး..."

ကျီချင်းရန် ပါးနှစ်ဖက်မှာ နှင်းဆီရောင် သန်းသွားပြီး "သရက်သိးဖျော်ရည် မသောက်နဲ့‌တော့.."

"အဲ့တာဆို ငါက ဘာသောက်ရမှာလဲ...,"

"ခဏစောင့်..."

ကျီချင်းရန် အိတ်ထဲမှ မိတ်ကပ်ဖျက်သည့် တို့ဖက်ဖြင့် နှုတ်ခမ်းကို သုတ်လိုက်ပြီး သရက်သီး အရသာ နှုတ်ခမ်းနီကို ထိုအပေါ်မှ ထပ်ဆိုးကာ လင်းရီအား ညင်သာစွာ နမ်းလိုက်၏။

"ဒါက စားဖိုမှူးလင်းအတွက် ဆုလဒ်ပါတဲ့ရှင်...နောက်မှပဲ ကြယ်ငါးပွင့်ရီဗျူး ပေးတော့မယ်နော်...."

"မဆိုးဘူး မဆိုးဘူး..မင်းတောင် သိတတ်လာပြီပဲ..."လင်းရီ ကျေနပ်နေသည့် အပြုံးကြီးဖြင့် "ဒီထက်သာ ပိုပြီး သိတတ်မယ်ဆိုရင် နောက်ကျ နေ့တိုင်း ချက်ကျွေးပေးမယ်..."

"ဟွန့်...နှာဘူးကြီး..."

ကျီချင်းရန် မနေနိုင်ပဲ လင်းရီ၏ ဟန်ကျိုးငရုတ်ကောင်း အမဲသားစတိတ်ခ်ကိုတော့ အထူးနှစ်ခြိုက်မိ၏။ စပ်စပ်ကလေးနှင့် လွန်စွာ အရသာရှိလှ ပေသည်။

"လင်းရီ ဒါက အရမ်းအရသာရှိတာပဲ..."ကျီချင်းရန် စားချင်တာ စားရလို့ ပျော်ရွှင်နေသည့် ကလေးလေးတစ်ယောက်ကဲ့သို့ ကခုန်နေပြီး "ငါ စားသောက်ဆိုင်တွေမှာတောင်မှ ဒီလောက်အရသာရှိတဲ့ ဟင်းပွဲမျိုး စားတောင်မစားဘူး..နင်က တစ်နေကုန်မအားတာတောင်မှ ဘယ်ချိန်ခိုးသင်လိုက်တာလဲ...ငါဖြင့် ချက်ပြုတ်လာတာတောင် ကြာလှပြီ..နင့်လောက်တောင် လက်ရာက မကောင်းသေးဘူး..."

"ဟိးဟီး မင်းမေးမယ်ဆိုရင်တော့ ပါရမီက အရာရာပဲလို့ ပြောပါရစေ..."

"ကျွတ်...နင်က မကြွားရရင် သေသွားမှာမို့လို့လား...."

လင်းရီကတော့ ဘာမျှ ပြန်မပြောပဲ ပြုံးရုံသာပြုံးလိုက်ပြီး "ကောင်းရင် များများစား...."

"အွန်း အွန်း ဒါပေမယ့် နင်လည်း ငါနဲ့အတူတူ ဝိတ်ချပေးရမှာနော်...ငါခု များကြီးစားထားတော့ နောက်ဆို နည်းနည်းပဲ စားရတော့မှာ ..အဲ့ခါကျ နင်လည်း ငါနဲ့အတူ နည်းနည်းပဲ စားပေးရမယ်..."

"သဘောပါဗျာ...ခင်များလေး ပြောတဲ့ အတိုင်းပါပဲ...."

လင်းရီ ကျီချင်းရန် ချစ်စဖွယ် အမူအရာဖြင့် အားပါးတရ စားနေသည်ကို ကြည့်ရင်း အတွေးထဲတွင် နစ်မြောနေ၏။

"ဒါနဲ့ မင်းငါ့ကို မနက်တုန်းက ဖုန်းဆက်လိုက်တာ ဘာပြောမလို့လဲ...."

"ဘာမှ ထွေထူးတော့ မဟုတ်ပါဘူး..."ကျီချင်းရန် ပြော၍ ".နေ့လည်ပိုင်းကျရင် ၀မ်ကျန်း ဆိပ်ကမ်းပြီး ပရောဂျက် အခြေနေသွားကြည့်မလို့ လိုက်ခဲ့ဦးမလား..နင်အလိုမကျတာ ရှိရင်လည်း တစ်ခါတည်း ပြင်ရင် ပြင်လို့ရတာပေါ့..."

"ငါ့အထင်တော့ မင်းက သွားကြည့်ချင်တယ် ဆိုပေမယ့် ကိုယ့်ဘာကိုယ် မောင်းမသွားချင်လို့ ဒရိုင်ဘာ ရှာတဲ့ သဘောပဲ ဟုတ်တယ်မလား..."

"‌တော်တယ်..."

"ရတယ်လေ..နေ့လည်ကျ အတူသွားကြတာပေါ့...ငါလည်း အဲ့ဘက်က အခြေနေ တစ်ချက်ကြည့်ချင်နေတာနဲ့ အတော်ပဲ..."

ကျီချင်းရန် မြန်မြန် မစားဘဲ နာရီ၀က်ခန့် အချိန်ယူရင်း အေးဆေး စားသောက်နေသည်။

စားပြီးနောက် ကျီချင်းရန် အကြွင်းအကျန်များကို သိမ်းဆည်းရန် ပြင်လိုက်၏။

"ဘာလို့ သိမ်းထားနေဦးမှာလဲ..."

လင်းရီ မေးလိုက်၏။

"အများကြီး ကျန်နေသေးတယ်လေ..လွင့်ပစ်လိုက်ရင် နှမြောစရာကြီး ..မီးဖိုချောင်ထဲမှာ ရေခဲသေတ္တာရှိတယ်လေ..အဲ့ထဲထည့်ထားပြီးရင် ညကျ ပြန်စားလို့ရတယ်...ငရုတ်ကောင်းကတော့ မကျန်တော့ဘူးဆိုပေမယ့် အသားတော့ သိမ်းထားလို့ရသေးတယ်..."

"အင်း မင်းပြောတာလည်း ဟုတ်သား..."

လင်းရီ မျက်နှာထက်တွင် အပြုံးတစ်ပွင့် ပေါ်လာပြီး

ဒီကောင်မလေးကတော့ အရမ်း စေ့စပ်တဲ့ အိမ်ထောင်ရှင်မလေးလိုပါပဲလား...

All Chapters