အခန်း (၁၄၈)
Vol. 10 Ch. 148
စားကြွင်း စားကျန်များကို သိမ်းဆည်းပြီးနောက် ကျီချင်းရန် အ၀တ်လဲခန်းထဲသို့ သွားလိုက်ပြီး ဂျင်းပန် တစ်စုံနှင့် V ပုံစံ လည်ရှိုက်တစ်ထည်ကို ၀တ်ဆင်လိုက်သည်။
နာရီ၀က် ကြာပြီးနောက် နှစ်ယောက်စလုံး ၀မ်ကျန်းဆိပ်ကမ်းသို့ ရောက်ရှိသွား၏။
လင်းရီကတော့ ပီစုန့်ကျန်းကို သွားရှာမနေတော့ပဲ ကိုယ့်ဘာကိုယ် အနီးနား တစ်ဝိုက် လျှောက်ကြည့်လိုက်ပြီး မှတ်စရာရှိတာကို မှတ်သားနေသည်။
နှစ်ယောက်သား တံတားပေါ်တွင် ရပ်နေကြရင်း ပင်လယ်လေညင်းများမှာ တစ်ခါတစ်ခါ ကျီချင်းရန်၏ ဆံနွယ်များကို ကျီစယ်သွားပိး ကောင်းကင်ပြာကြီးအောက်တွင် ရေတံခွန်ကဲ့သို့ အိပ်မက်ဆန်ဆန် ဖြာကျသွားစေ၏။
စက်ယန္တရားကြီးများနှင့် ယောက်ယပ်ခတ်နေသည့် အလုပ်ခွင်ကိုကြည့်ရင်း ကျီချင်းရန်က "ဒီမတိုင်ခင်တုန်းက ငါ ယာလော့ရဲ့ စီအီးအို ကွမ်းရာနဲ့ ပရောဂျက်အကြောင်း ဆွေးနွေးခဲ့သေးတယ်..."
"ဟုတ်လား...ဘာတွေပြောခဲ့ကြတာလဲ..."
"ဒီပရောဂျက်ရဲ့ ဘတ်ဂျက်က ၈၀၀ မီလီယမ်..ဒါပေမယ့် ကုန်ကျစရိတ်ကို တွက်ချက်ကြည့်တော့ ၅၀၀ မီလီယမ်လောက်ဆို လုံလောက်တယ်လေ..ငါ့အတွက်ကတော့ ယွမ် ၃၀၀ မီလီယမ်လောက် ကျန်နေမှာ..."
"အဲ့တော့...မင်းက ဘာဖြစ်ချင်တာ..."လင်းရီ သူမ ဘာကို ဆိုလိုချင်နေမှန်း မသိသေးပေ။
ကျီချင်းရန် လှည့်၍ လင်းရီကို အပြုံးလေးဖြင့် ကြည့်လိုက်ပြီး "ဒီနေ့ နင်ငါ့ကို စားကောင်းတာတွေ ချက်ကျွေးလို့ လက်ခကို တစ်၀က်လျှော့ပေးမယ်..အဲ့တာဆို နင်လည်း ယွမ် ၁၅၀ မီလီယမ်လောက် သက်သာသွားပြီလေ..."
"ဘာဆိုင်လို့ အလကား လုပ်ပေးမှာလဲဟ..ငါက အဲ့လောက် ငွေလေးကို ဂရုမစိုက်တာ မင်းလည်း သိသားနဲ့..."လင်းရီကတော့ ကျီချင်းရန် ဘာလုပ်ဖြိ့ ကြိုးစားနေလဲဆိုတယကို သဘောမပေါက်သေးချေ။
"၀မ်ကျန်း ပရောဂျက်ကြီးက သိပ်ကြီးလွန်းတယ်...ပြီးတော့ ငါတို့က အနောက်နိုင်ငံတွေနဲ့ ယှဉ်ရင် ဘယ်လောက်မှ ချမ်းသာတာလဲ မဟုတ်ဘူး..ဒီတော့ ငွေကို ချွေတာ သုံးမှ ဖြစ်မယ်လေ..."
ကျီချင်းရန် လေတိုက်လို့ လွင့်မြောနေသည့် သူမ၏ ဆံနွယ်များကို နောက်သို့ ပင့်သပ်ရင်း "ငါနည်းနည်း စိုးရိမ်နေတာလည်း ရှိသေးတယ်...မတော်လို့ ဆောက်နေတဲ့ အချိန်အတွင်းမှာ တစ်ခုခုမှားသွားလို့ကတော့ ဆိုးဆိုးရွားရွားကြီးကို အရှုံးပေါ်သွားမှာပဲ....အမှန်တိုင်းပြောရရင် ၁၅၀ မီလီယမ်က ငါလိုတာထက်တောင် ပိုနေသေးတယ်...ဒီတော့ ပိုနေတဲ့ ၁၅၀ မီလီယမ်ကို သိမ်းထားလိုက်..နောက်အရေးပေါ်လိုတဲ့ အချိန်ကျရင် ထုတ်သုံးလို့ရတာပေါ့...မဟုတ်ဘူးလား..."
တကယ့်တကယ်တွင်တော့ ဆောက်လုပ်ရေးပိုင်းနှင့် ပတ်သက်၍ ပြဿနာများ အထွေထူးရှိလိမ့်မည်မဟုတ်ဟု ကျီချင်းရန် တထစ်ချ ယုံကြည်သည်။
အဓိက ပြဿနာမှာတေ့ သူမ၏ လင်းရီပင်။
သူမ သူ့အကြောင်းကောင်းကောင်းသိသည်။ လင်းရီမှာ သူတစ်ပါးကို ဦးညွှတ်မည်ထက် အသက်သာ အသေခံမည့် လူစားမျိုးဖြစ်၏။ အကယ်၍ ၀မ်ကျန်းဆိပ်ကမ်းသာ ထင်သလောက် မအောင်မြင်သွားပါက သင်္ဘောနယ်ပယ်တွင် အခက်ခဲ ယှဉ်ပြိုင်မှုများကို နဖူးတွေ့ဒူးတွေ့ ကြုံတွေ့လာနိုင်၏။
နှစ်ဦးနှစ်ဖက် ပျော်ရွှင်ရလျင်တော့ အကောင်းဆုံးပင်။
အကယ်၍ လင်းရီသာ မထင်မှတ်သူတို့ကို မတော်တဆ စော်ကားမိပါက စကားတစ်ခွန်းနှစ်ခွန်းနှင့်တင် သူမတို့၏ ပရောဂျက်ကြီးမှာ ရပ်တန့်ပေးရလိမ့်မည်။
ထိုအခါ ဆုံးရှူံမှု အမျာအပြား ဖြစ်လာနိုင်ပြီး လင်းရီ၏ ကြိုးစားအားထုတ်မှုများလည်း သဲထဲ ရေသွန် ဖြစ်သွားပေလိမ့်မည်။
မဟုတ်လျင်လည်း လုံး၀ မျှော်လင့်ချက် ကင်းမဲ့သည့် အနေအထားသို့ ရောက်သွားနိုင်၏။
ယခုအချိန်တွင်တော့ လင်းရီမှာ အမြင့်သို့ ပျံသန်းနေသည့် သိန်းငှက်တစ်ကောင်ဖြစ်ပြီး လူတိုင်းက သူအမြင့်မည်မျှ ပျံသန်းနိုင်မည်ကိုသာ သိချင်နေကြသည်။
ကျီချင်းရန် တစ်ယောက်တည်းကသာလျင် လင်းရီ ကြုံတွေ့နေရသည့် ပင်ပမ်းမှုများနှင့် အခက်ခဲ အတားဆီးများကို သတိပြုမိလေသည်။
နွေးထွေးသော ခံစားချက်တစ်ခုက လင်းရီနှလုံးသားထဲ ဖြတ်ပြေးသွား၏။
ကျီချင်းရန်၏ ဆွဲဆောင်မှုမှာ သူမ၏ မျက်နှာတစ်ခုတည်းမှ ပေါက်ဖွားလာသည် မဟုတ်ဘဲ သူမ၏ ရင်ထဲမှ လာသည့် ကြင်နာခြင်း၊ အပြစ်ကင်းစင်ခြင်းတို့မှာလည်း လျစ်လျူရှုထားလို့မရသည့် ဆွဲဆောင်မှုများပင်တည်း။
"မင်းဆိုလိုချင်တာကို ငါနားလည်တယ်...ငါလည်း ငါ့လမ်းကြောင်းအတွက် ပြင်ဆင်ထားပြီးသား..လုံလောက်အောင် ယုံကြည်ချက်မရှိသေးသရွေ့တော့ ခေါင်းမော့ရင်ကော့ပြီး သွားဦးမှာ မဟုတ်သေးဘူး..."
"သေချာလို့လား..."ကျီချင်းရန် လင်းရီ မျက်လုံးထဲမှ အဖြေကို ရှာနေသည့်အလားတည့်တည့် စိုက်ကြည့်စိုက်၏။
"သေချာလို့လားတဲ့...ငါ့ကို နောက်နေတယ်များ ထင်နေတာလား..."လင်းရီ ပြောလိုက်ပြီး "ငါက အဲ့လောက်ထိ မဆင်မခြင် နိုင်တဲ့လူလားလို့..."
"နင်က မဆင်မခြင်နိုင်တဲ့လူနဲ့တော့ မတူဘူး..ဒါပေမယ့် မကောင်းတဲ့ကောင်နဲ့တော့ ခပ်ဆင်ဆင်ပဲ..."ကျီချင်းရန် အပြုံးလေးဖြင့် ပြောလိုက်သည်။
"ကောင်မစုတ်လေး...မင်းကို သင်ခန်းစားမပေးတာကြာပြီဆိုတော့ ဆိုးသွမ်းရဲနေပြီပေါ့...."
"အာ..ဒီမှာ လူတွေ အများကြီးရှိနေတယ်လေ...ဘာလို့ လျှောက်ထိနေတာလဲ..ရှက်စရာကြီး..."
"အဲ့တာဆို ဘယ်သူမှ မရှိတဲ့နေရာ ရှာကြမလား...ရုံးခန်းထဲ ဆိုရင်ကော..ဘယ်သူမှ မတွေ့စေရဘူးလို့ အာမခံတယ်..."
"ဖီး ဖီး ဖီး ..နင်အဲ့လိုတွေ လျှောက်ပြောနေရင် နင်နဲ့ ဘယ်မှ မလိုက်တော့ဘူးနော်...."
ကျီချင်းရန် တကယ်ကြီးရှက်နေမှန်း သိသောကြောင့် လင်းရီလည်း ဆက်လက် မစနောက်တော့ပဲ"ဆောက်လုပ်ရေးအပိုင်းကိုတော့ မင်းနဲ့ပဲ အပ်ထားခဲ့မယ်...တကယ်လို့ မင်းသာ မလုပ်နိုင်လို့ကတော့ ကော်မရှင်ခ ဖြတ်မှာနော်...
"ပြဿနာ မရှိဘူး...အဲ့ဒီအတွက်တော့ ယုံကြည်ချက် အပြည့်ရှိပြီးသားပဲ..."
ကျီချင်းရန် အိုကေ ဟု လက်ပုံစံ လုပ်ပြလိုက်ပိး "ငါနဲ့သာ အပ်ထားခဲ့လိုက် အားလုံး အိုကေစေရမယ်..ဒါပေမယ့် ငါ့ကုမ္ပဏီရဲ့ ဒီဇိုင်းနာတွေနဲ့ ဆွေးနွေးကြည့်တာတော့ ပြန်ပြီး မွမ်းမံတဲ့ထဲမှာ မွန်ဘေ ကမ်းခြေကိုပါ ထည့်တွက်ရင် ပိုပြီး ပြည့်စုံသွားမယ်လို့ ကြားတယ်..."
"ဟမ်...ဘယ်လို ပြည့်စုံသွားမှာလဲ..."လင်းရီ စိတ်၀င်စားသည့် လေသံဖြင့် မေးမြန်းလိုက်၏။
"ဘာလို့လဲဆိုတော့ သဘာ၀ မြင်ကွင်းက ပိုပြီး ထင်သာမြင်သာ ရှိလာမယ်လေ..."
"၀တ်စုံနဲ့ ရှပ်အင်္ကျီလိုပဲပေါ့...နင်သာ အဲ့ဒီနှစ်ခုကို တစ်ပြိုင်တည်း ၀တ်လို့ရှိရင် အရမ်း ကြည့်ကောင်းတယ်...ခုလည်း အဲ့ဒီသဘောပဲ..နင့်မှာ ဆိပ်ကမ်းကျ ရှိပြီး ကမ်းခြေမရှိတာကျတော့ အရမ်း ကြည့်ရဆိုးတယ်"
"အဲ့တာဆို ၀ယ်လိုက်မယ်လေ..."
"ဟွန့် ရှင်၀ယ်ချင်တာနဲ့ပဲ ၀ယ်လို့ရပြီများ ထင်နေတာလား ..."
"မွန်ဘေကမ်းခြေရဲ့ ပိုင်ရှင်က အစိုးရပိုင်လေ..ရှင်၀ယ်ချင်တာနဲ့ပဲ ၀ယ်လို့ မရဘူး..."
"အမှန်ပဲ"
"ဟမ့် ကြည့်လိုက်စမ်းပါဦး နင်ဒီခါတော့ နင့်ပိုက်ဆံတွေကို သုံးလို့မရတော့ဘူးမလား..."ကျီချင်းရန် ခါးထောက်၍ လင်းရီကို ဂုဏ်ယူ၀င့်ကြွားစွာ ကြည့်လိုက်ပြီး "တို့ရဲ့ မစ္စတာလင်းက အရမ်းချမ်းသာတယ် မဟုတ်ဘူးလား...သူ့ကိုယ်သူ အကြွင်းမဲ့ အာဏာရှင် ကြီးလို့ တွေးနေတာ မဟုတ်ဘူးလား...ခုတော့ မွန်ဘေး ကမ်းခြေလေးကိုတောင်မှ ဝယ်ချင်တိုင်း ၀ယ်လို့ မရဘူးမလား...ဟွန့်.."
လင်းရီကတော့ ငိုရအခက် ရယ်ရအခက် ဖြစ်နေပြီး "ဘာလို့ ဒါတွေ လာပြောနေတာလဲဟ..."
"နင်အမြဲတမ်းငါ့ကို လှည့်ကွက်တွေ သုံးပြီးတော့ အနိုင်ယူနေကြ မဟုတ်လား..ခုကော အဲ့လိုလုပ်ပြလေ...မွန်ဘေကို အစိုးရဆီကနေ ၀ယ်ပြစမ်းပါ"
"မင်းက အရိုက်မခံရတာ ကြာပြီဆိုတော့ ခပ်ဆတ်ဆတ်လေး ရိုက်ခံချင်နေလို့တူတယ်...."လင်းရီ တစ၀က်ပြုံးလေးဖြသ့် ပြောလိုက်၏။
"ဟီးဟီး အဲ့လိုဖြစ်သွားလား..."
ကျီချင်းရန် သက်ပြင်းချပြီး နောင်တရချင်ယောင်ဆောင်၍ "ဟင်း တကယ်တော့ ငါ့မှာ ငယ်ကတည်းက ကမ်းခြေမှာ ရေကူး၀တ်စုံလေး ၀တ်ချင်တဲ့ ဆန္ဒ ရှိခဲ့တာ...ဒါပေမယ့် ငါက အရမ်းရှက်တတ်တော့ ဘယ်တုန်းကမှ မ၀တ်ဖြစ်ခဲ့ဘူးလေ..ခုတော့ ငါ့ကို တစ်စုံတစ်ယောက်က အခွင့်ရေး ပေးတော့မယ်လို့ ထင်ထားပေမယ့်...အဲ့ဒီလူကလည်း..အင်း...ဒီတိုင်းပါပဲဟယ်.....ငါကိုက သူ့ကို အထင်တွေ ဇွတ်ကြီးမိသွားတာပါ...."
လင်းရီကတော့ ကျီချင်းရန်၏ အပြောနှင့် သရုပ်ဆောင်သည့် ပုံစံကို သဘောကျပြီး ရယ်ျနလေ၏။ သူမ၏ သရုပ်တောင်သည့်အရည်အချင်းမှာလည်း ထိပ်တန်းပင်။
ထိုအချိန်တွင် နှစ်ယောက်စလုံး သက်လတ်ပိုင်း လူကြီးတစ်ယောက် လျှောက်လာသည်ကို မြင်လိုက်ရ၏။
ထိုလူကတော့ ပီစုန့်ကျန်းမှလွဲ၍ တစ်ပါးမဟုတ်။
"ဘော့စ်လင်း...ဘော့စ်ကျီ...၀န်ထမ်းက ဘော့စ်တို့ ဒီရောက်လာတယ် ပြောလို့ ကျွန်တော်မယုံလို့ လာကြည့်တာ..တကယ်ကြီး ရောက်နေမယ်တောင် မထင်ထားဘူးဗျာ.."ပီစုန့်ကျန်း အပြုံးလေးဖြင့် နှုတ်ဆက်လိုက်သည်။
"ငါတို့ ဒီတိုင်းပဲ လာကြည့်တာပါကွာ...အထွေထူး မဟုတ်တော့ ခင်များကို သတင်းမပို့ခိုင်းတော့တာ..."လင်းရီ ပြောလိုက်၏။
"ဘော့စ်လင်း ကျွန်တော့်မှာ တင်ပြစရာလေးရှိတယ်..."
"ဒီမှာပဲပြောလိုက်..ချင်းရန်ကလည်း အပြင်လူမှ မဟုတ်တာ..."
"ဒီလိုပါ...ယောင်တုန်းလိုင် ကျွန်တော်တို့ကို အကြွေးတင်ထားတဲ့ ယွမ် ၃၀၀,၀၀၀ လာဆပ်သွားပြီ..."
"ဟမ်...အဲ့လောက် များတာလားဟ..."
"သူပြောတာတော့ ကျန်တဲ့ငွေတွေက လျော်ကြေးပေးတာပါတဲ့ ..ပြီးတော့ ဘော့စ်ကိုလည်း ခွင့်လွှတ်ပေးဖို့ တောင်းပန်လိုက်သေးတယ်..."
"အိုကေ နားလည်ပြီ..ဆိုပေမယ့် အဲ့ကောင်တွေပိုက်ဆံကို ပိုမယူနဲ့ အားတဲ့ချိန် ပြန်ပေးလိုက်..."
"နားလည်ပါပြီ ဘော့စ်"ပီစုန့်ကျန်း ခေါင်းညိမ့်လိုက်၏။
"ပြီးတော့ ဘော့စ်လင်းကျွန်တော့်ကို ကိုင်တွယ်ခိုင်းထားတဲ့ ကိစ္စတွေလည်း စီစဉ်ပြီးသွားပြီ..ကျွန်တော်ကခု မွန်ဘေ ကမ်းခြေရဲ့ ယာယီ တာ၀န်ရှိသူ တစ်ယောက်တော့ ဖြစ်လာပြီခင်ဗျ...နောက်ရက်အနည်းငယ်အတွင်းမှာပဲ မွန်ဘေးကမ်းခြေမှာ စီးပွားရေး လုပ်ငန်းတွေကို အလုံးစုံကို လွတ်လွတ်လပ်လပ် ကိုင်တွယ်လို့ရအောင် အထူးဌာနတစ်ခု တည်ဆောက်ဖို့ ရည်ရွယ်ထားတယ်...ကျွန်တော်တို့ တစ်ပတ်အတွင်း လမ်းကြောင်းမှန်ပေါ် ပြန်ရောက်ပါပြီဘော့စ်..."
"ခင်များကိုယ်တိုင် ဒီဟာတွေ ကိုင်တွယ်နေမှတော့ ကျုပ်လည်း စိတ်ချပြီ...ဘာမှမဖြစ်ဘူး ရဲရဲသာလုပ်..."
"ဟုတ်ကဲ့ ခုလို ယုံကြည်ပေးတဲ့အတွက် ကျေးဇူးပါဘော့စ်လင်း..."
'ဟမ်'
ကျီချင်းရန်ကတော့ သူတို့စကားဝိုင်းကို နားထောင်ရင်း ကြက်သေသေနေ၏။
မွန်ဘေကမ်းခြေက စီးပွားရေး လုပ်ငန်းတွေ....
အဲ့တာက ပြည်သူပိုင်နေရာကြီး မဟုတ်ဘူးလား...
သူတို့မှာ ဒီလိုတွေ စီမံခန့်ခွဲ့ဖို့ အာဏာရှိလို့လားဟ....,