← Chapters

အခန်း (၁၄၉)

Vol. 10 Ch. 149

အခန်း (၁၄၉)

Vol. 10 Ch. 149

"ကောင်းပြီ...တခြားကိစ္စမရှိတော့ရင်လည်း သွားတော့...ငါနဲ့ ဘော့စ်ကျီတို့ တွေးနွေးစရာလေးတွေ ရှိသေးတယ်..."

"ကောင်းပါပြီခင်ဗျ...အဲ့တာဆို မနှောက်ယှက်တော့ပါဘူး...."

ပီစုန့်ကျန်း အရိုသေပေးပြီးနောက် ထိုနေရာမှ ထွက်လာခဲ့လိုက်၏။

ပင်လယ်လေညင်းများမှာ ကျီချင်းရန်၏ ဆံနွယ်များကို တစ်ဖန် ကျီစယ်သွားပြန်သည်။

သို့သော်လည်း ယခင်တစ်ကြိမ်ကလောက်တော့ ကဗျာမဆန်တော့။

ကျီချင်းရန် အနည်းငယ် ရှုပ်ထွေးနေသေး၏။

"လင်းရီ..နင်တို့ ဘာတွေ ပြောနေကြတာလဲ..မန်နေဂျာပီက ဘယ်လိုလုပ် မွန်ဘေကမ်းခြေကို စီမံခန့်ခွဲနိုင်တဲ့ အထူးအခွင့်အာဏာ ရသွားတာလဲတဲ့..."

"ဘာလို့ဆို‌တော့ ငါ၀ယ်လိုက်လို့ပေါ့ဟ..."

"၀ယ်...၀ယ်တယ်...မွန်ဘေကမ်းခြေကိုလေ..."

ကျီချင်းရန်၏ ဦးနှောက်မှာ တစ်ခဏမျှ အောက်‌ဆီဂျင် ပြတ်လပ်သွားသလို ခံစားလိုက်ရပြီး သူမ၏ ထက်မြက်သော ဦးနှောက်ပင်လျင် လိုက်မှီအောင် မတွေးတောနိုင်တောဟု ခံစားမိသွား၏။

"နင်...နင်ဘာပြောလိုက်တယ်...ပြန်ပြောလိုက်စမ်း..."

"သေချာမကြားလိုက်ဘူးလား.."လင်းရီ အပြုံးလေးဖြင့် "ခု မွန်ဘေကမ်းခြေကလည်း ငါ့ရဲ့ ပိုင်ဆိုင်မှု ဖြစ်သွားပြီလို့ပြောတာ..."

"ဟမ်...နင်က ဘာလို့ မွန်ဘေကမ်းခြေကို ၀ယ်လိုက်တာ...."

"တစ်စုံတစ်ယောက်က ကမ်းခြေမှာ နေလှုံချင်တယ်လို့ မပြောဘူးလား...ခု ကမ်းခြေကလည်း ငါ့အပိုင် ဖြစ်သွားပြီဆိုမှတော့ အချိန်မရွေး နေလာလှုံလဲ့...ကမ်းခြေနဲ့ ဘီကနီက အလိုက်ဖက်ဆုံးအတွဲပဲ..."

"လင်းရီ နင်အဲ့လိုပဲ ဆက်လုပ်နေမယ်ဆိုရင် နင့်နောက် ဘယ်တော့မှ မလိုက်ရဲတော့ဘူးနော်....နင်က အမြဲတမ်း ငါ့ကိုပဲ လှည့်စားနေတာ..."ကျီချင်းရန် စူပုပ်စွာ ပြောလိုက်၏။

"ဘာလားဟ...မင်းပဲ အရင်ဆုံး ဘာဖြစ်တယ် ညာဖြစ်တယ် ပြောတာ မဟုတ်ဘူးလား...မသိရင် ငါကပဲ လှည့်စားတဲ့ ပုံစံကြီးနဲ့..."

ကျီချင်းရန် စိတ်ဆိုးစွာနှင့် ပါးနှစ်ဖက်ဖောင်းလိုက်ပြီး ပြန်လည်ချေပချင်သော်လည်း စကားများက ရှာမရခဲ့။

တော်တော်လေး စိတ်ရှုပ်ဖို့ကောင်းတဲ့ ကောင်စုတ်ကြီး...

"တလောတုန်းက မင်း ရေကူး၀တ်စုံ လေးငါးထည် လောက်၀ယ်ထားတာ မှတ်မိပါသေးတယ်...ငါခု ဒီကောင်တွေကို မောင်းထုတ်လိုက်မယ်လေ..ဒီမှာပဲ နေလှုံကြရင် မကောင်းဘူးလား..."

"ဟွန့်..တော်ပါပြီ မလိုချင်ပါဘူး..."ကျီချင်းရန် ဂုဏ်ယူစွာ ပြောလိုက်ပြီး "ဒါပေမယ့် နင်က မွန်ဘေကမ်းခြေကို ၀ယ်လိုက်ပြီဆိုတော့ ၀မ်ကျန်းပရောဂျက်နဲ့ ပေါင်းပြီး ပြန်လည်မွမ်းမံလိုက်မယ်ဆိုရင် ပိုပြီး ပြည့်စုံသွားတော့မှာနော်..."

"သေချာလား..."

"ဒါ့ပေါ့ဟဲ့...ငါ့ကိုသာ ယုံကြည်ထားလိုက်...နင့်စိတ်တိုင်းကျ ဖြစ်စေရမယ်လို့ အာမခံတယ်...."

ကျီချင်းရန် ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်၏။

"နေစမ်းပါဦး ..ငါမင်းကို မွန်ဘေကမ်းခြေမွမ်းမံတဲ့

ပရောဂျက် ပေးကိုင်မယ်လို့ ပြောမိလို့လားဟ..."

"မပေးဘူးပေါ့...အဲ့တာဆို နင့်ကို ကိုက်ပစ်မှာနော်..."

"မင်းက ခွေးပဲ...ခွေးစုတ်ဖွားမလေးပေါ့ ဟား.."လင်းရီကတော့ ငိုရ ရယ်ရအခက် ဖြစ်နေသည်။

"ပရောဂျက်မပေးရင် ကိုက်မယ်ဆ်ုတဲ့သူကို မြင်ဖူးတာ ပထမဆုံးပဲ... မပေးတာနဲ့ ကိုက်မယ်ဆိုတော့.နဲနဲလေး မလွန်လွန်းဘူးလားလို့...."

"စိတ်ချ နင်ကလွဲပြီး ဘယ်သူ့ကိုမှ မကိုက်ဘူး..."

ထိုသို့ပြောပြီးနောက် ကျီချင်းရန် လင်းရီ လက်မောင်းကို စိတ်လှုပ်ရှားစွာဖတ်လိုက်ပြီး လခြမ်းကဲ့သို့ မျက်လုံးလေးများ မှေးသည်အထိ ပြုံးလိုက်ကာ "သွားစို့..ကမ်းခြေနား လမ်းသွားလျှောက်ရအော်..."

ကမ်းခြေတွင်တော့ ကျီချင်းရန် ဒေါက်မြင့်ဖိနပ်ကို ချွန်လိုက်ပြီး သူမ၏ ဂျင်းပန်ကို အပေါ်သို့ လိပ်တင်ကာ နူးညံ့သည့် သဲမှုန်များပေါ်တွင် လမ်းလျှောက်ပြီး ‌ပင်လယ်လေညှင်းများကို ရှူရှိုက်နေ၏။

သူမအတွက်တော့ အေးချမ်းသည့် ကာလတစ်ခုပင်။

"လင်းရီ..၀မ်ကျန်းဆိပ်ကမ်းကလည်း နင့်ဟာပဲဆိုတော့ အချိန်ရရင် ငါ့ကို ပင်လယ်ထဲ လိုက်ပို့ပါလား..."

ကျီချင်းရန် လင်းရီဘက်သို့ ငေး၍ ပြောလိုက်သည်။

"ရတာပေါ့..."လင်းရီ ပြုံးလိုက်ပြီး "ရေကူးတဲ့ ကိရိယာတွေပါ သယ်လာခဲ့ ..ငါမင်းကို ရေငုံ့ဖို့ ခေါ်သွားပေးမယ်...."

"နင်က ဘယ်လို ရေငုံ့ရမလဲဆိုတာ သိတယ်ပေါ့..."

"ဒါပေါ့ဟ...ဘာခက်တာမို့လို့..."

ကျီချင်းရန် လင်းရီမျက်နှာကို ထိတွေ့လိုက်ပြီး "နင်က အရမ်း အံ့ဩဖို့ကောင်းတာပဲ..ဘာမဆို အကုန်လုပ်တတ်တယ်နော်..."

"ငါ့ကို မြှောက်ပင့်မနေနဲ့....ငါက မိန်းကလေးတွေကိုလည်း နတ်ပြည်ရောက်အောင် လုပ်တတ်သေးတယ်..."

"ကျွတ်...နည်းနည်းလောက် နိမ့်ချပါဦး ကိုယ်တော်ရယ်..."ကျီချင်းရန်၏ လက်ချောင်းလေးများက သူမဆံပင်ကို ဖြတ်သန်းသွားပြီး "အိုးဟုတ်သား...ငါနင့်ကို ပြောဖို့ မေ့နေတာပဲ..."

"ဘာများလဲ..."

"နင်ပဲ ဖောင်ဒေးရှင်း ဖွဲ့ချင်တယ်လို့ ပြောဖူးတယ်မဟုတ်လား...အဲ့တာကြောင့်မို့ နင့်အတွက် လူနှစ်ယောက် ကူရှာထားပေးတယ်..သူတို့ ရဲ့အရည်အချင်းတွေကတော့ မေးခွန်းထုတ်စရာ မလိုအောင်ကို ကောင်းမွန်ပြီးသားပဲ...နင်သွားတွေ့ပြီး အဆင်ပြေမပြေ တစ်ချက်ကြည့်ကြည့်ပေါ့ဟယ်..မပြေတော့လည်း နောက်တစ်ယောက် ထပ်ရှာကြတာပေါ့..."

"မင်းရှာထားပေးတဲ့ လူတွေဆိုမှတော့ ငါလည်း ဘာမှ ပြောစရာ မရှိဘူး..."လင်းရီ ပြောလိုက်ပြီး "ထားလိုက်တော့ ဘာမှ အကဲခတ် မနေတော့ဘူး..."

"ပြဿနာ မရှိတော့ဘူး ဆိုမှတော့ ခုကျန်တာက နေရာရွေးပြီး ဖောင်ဒေးရှင်းအတွက် မှတ်ပုံတင်ရုံပဲ ကျန်တယ်..."

"ငါနင့်ကို လုပ်ရိုးထုံးတမ်းတွေနဲ့ ပတ်သက်ပြီးကတော့ ကူညီပေးလို့ရတယ်..တကယ့်လို့ နင့်မှာ ခုထိ နေရာ မရှာရသေးရင်လည်း ငါ့ကုမ္ပဏီလက်အောက်က နေရာတစ်နေရာ ပေးမယ်လေ.."

"ရတယ် မင်းက လုပ်ရိုးထုံးတမ်းတွေပဲ ကူညီပေးလိုက် ..ဖောင်ဒေးရှင်းအတွက် နေရာကတော့ ငါ့မှာ ရည်ရွယ်ထားတဲ့နေရာ ရှိပြီးသား..."

"နင် ရှာပြီးသွားပြီလား...ငါတို့ ဖောင်ဖြည့်တဲ့အခါကျရင် ထည့်ရေးဖို့ လိုတယ်နော်..."

"လင်းယွမ် အဆောက်အဦး..."လင်းရီ တခဏမျှ တွေးတောပြီး ပြန်ပြောလိုက်သည်။

"လင်ယွမ်အဆောက်အဦး..."

"နင်ပြောချင်တာ အရင်က အမြွှာ မျှော်စင်လို့ ခေါ်တဲ့ အဆောက်အဦးကြီးလား..."

"အင်း အဲ့တာပဲ..."

"ငါကြားတာတော့ အမြွှာမျှော်စင်ကို တစ်ယောက်ယောက်၀ယ်ပြီး နာမည်လည်း ပြောင်းလိုက်တယ်တဲ့...နင်အဲ့မှာ ရုံးခန်းတည်လို့ရပါ့မလားဟယ်...."

ထိုသို့ပြောပြီးနောက် ကျီချင်းရန် တစ်ခုခုကို သတိပြုမိသွားကာ လင်းရီကို မြေခွေးမလေးကဲ့သို့ ကြည့်လိုက်ရင်း "နင်က အဲ့ဒီ အမြွှာမျှော်စင်ကို ၀ယ်လိုက်တဲ့သူမလား....နင်တော့ ငါ့ကို လှည့်စားသွားပြန်ပြီ...."

လင်ူရီ နှာခေါင်းအသာအယာ ပွတ်လိုက်ပြီး "အမှန်ပဲ...ငါ၀ယ်လိုက်တာ..."

ကျီချင်းရန် ဘာပြောရမှန်း မသိ ဖြစ်သွားခဲ့သည်။

"နင်တကယ်ကြီး အမြွှာမျှော်စင်ကို ၀ယ်လိုက်တယ်ပေါ့..."

"ဘာလို့လိမ်ရမှာလဲကွ...ငါ၀ယ်တုန်းက ၁၈ ဘီလီယမ် ပေးထားရတာ...၀ယ်ထားတာတောင်မကြာသေးဘူး..."

"လင်းရီ နင်ပိုက်ဆံတွေကို ပရင့်ထုတ်နေတာလားဟင်..."

"ဟမ့် ပရင့်ထုတ်ရင်တောင် အဲ့လောက်အများကြီး တစ်ခါတည်း ထုတ်နိုင်မှာမို့လား...."

"အိုးမိုင်ဂေါ့...ရီလေး နင်ကတော့ တစ်ကိုယ်လုံး ဆတ်းကြယ်မှုတွေနဲ့ ပြည့်နှက်နေတာပဲနော်...."ကျီချင်းရန် အံ့အားသင့်စွာ ပြောလိုက်သည်။

"အဲ့တာဆို အတည်ဖြစ်ပြီနော်..ငါလိုအပ်တာတွေ ပြင်ဆင်ပြီးသွားရင် နင့်ကို အဲ့ဒီနှစ်ယောက်နဲ့ ပေးတွေ့မယ်နင့်မှာ အထူး တောင်းဆိုစရာလေးတွေများ ရှိသေးလား...ရှိရင် တစ်ခါတည်း ပြောနော်..."

"နိုးပါ ဘာမှ ရှိဘူး..."

ထို့နောက် နှစ်ယောက်သား ကမ်းခြေမှ မထွက်ခွာမီ တခဏမျှ လမ်း‌ပတ်လျှောက်လိုက်၏။

"သင့်မှာ အော်ဒါအသစ်ရှိပါတယ်..ကျေးဇူးပြုပြီး ဂရုတစိုက် စစ်ဆေးပေးပါ..."

နှစ်ယောက်သား စကားပြောနေတုန်း လင်းရီ ဖုန်းအသံ မြည်လာခဲ့၏။

"အလုပ်ပေါ်လာလို့လား..."

"အင်း...တစ်ယောက်ယောက် အော်ဒါတင်လိုက်တာ..."

"အဲ့တာဆို နင့်ကို မခေါ်ထားတော့ဘူးနော်..နင်လုပ်စရာရှိသာတာ အရင်သွားလုပ်လိုက်..."ကျီချင်းရန် ပြောလိုက်၏။

"မလောပါနဲ့ဟ...ငါမင်းကို အရင် ပြန်ပို့ပေးမယ်...ဒီတိုင်း အော်ဒါလေးပဲကို လက်မခံလည်း ကိစ္စမရှိဘူး..."

"ဟာ....အဲ့လို မလုပ်ရဘူးလေ..နင်က အတွေ့ကြုံခံစားနေပါတယ် ဆိုနေမှ အလေးနက်ထားမှပေါ့ဟဲ့...."

ထို့သို့ပြောပြီးနောက် ကျီချင်းရန် လင်းရီ၏ အင်္ကျီကော်လံကို သေချာ ပြင်ပေးလိုက်ပြီး "နေကလည်း အတော်ပူတော့ ဂရုစိုက်ဦးနော်...."

"အင်း..."

"ငါအရင်သွားတော့မယ်...နင်ငါ့ကို ပင်လယ်ထဲ ခေါ်သွားပေးမယ်လို့ ကတိပေးထားတာ မမေ့နဲ့နော်...."

"မပူနဲ့ မမေ့စေရဘူး..."

လင်းရီ သူမကို လိုက်ပို့ပေးချင်သော်လည်း ထိုကောင်မလေးမှာ လက်မခံပဲ သူ့ကို အော်ဒါသာ လက်ခံခိုင်းနေတော့၏။

လင်းရီ အော်ဒါ ဖတ်ကြည့်သောအခါ အမျိုးသမီးများအတွက် ရေကူးကွင်း ၀ယ်ပေးရန်ပင်။ ဈေးကန့်သတ်ချက်ကတော့ ယွမ် ၂၀၀ဟုရေးသားထား သော်လည်း ဘရန်းကတော့ မကန့်သတ်ထားပေ။ယခုတစ်ခေါက်လည်း သူကပဲ ကြိုတင်ငွေရှင်းပေးရပေမည်။

ယခု နေရာနှင့် မနီးမဝေးတွင် ရေကူးပစ္စည်းများ ရောင်းချလျက်ရှိသော ဆိုင်တစ်ဆိုင်ရှိပြီး လမ်းသင့်နေတာနဲ့ လင်းရီလည်း ထိုနေရာ၌သာ ၀ယ်လိုက်တော့၏။

ဆိုင်ပိုင်ရှင်မှာတော့ ရေကူးဘောင်းဘီကို ၀တ်ဆင်ထားသည့် သက်လတ်ပိုင်း လူကြီးတစ်ယောက်ဖြစ်ပြီး သူ့ကြည့်ရတာ အတော်လေး သက်တောင့်သက်သာ ဖြစ်နေသည့်ပုံပင်။

"သူဌေး ကျွန်တော့်ကို ယွမ် ၂၀၀ ၀န်းကျင်ထဲက ရေကူးဘောကွင်း နှစ်ခုလောက်ဗျို့...အရည်အသွေးကောင်းတာလေးပေးနော်..."

"စိတ်ချ ဦးဆိုင်က အားလုံး ကောင်းတာပဲရောင်းတာ မကောင်းရင် မရောင်းဘူး..."

ဆိုင်ရှင် ကောင်တာကို တစ်ချက်ကြည့်လိုက်ပြီး အနက်ရောင် ဘောကွင်းကို ကမ်းပေးလိုက်၏။ "ဒီရေကူးတဲ့ ဘောကွင်းက အရည်အသွေး အကောင်းဆုံးပဲ..ပေါင်၃၀၀ထိ ခံနိုင်ရည် ရှိတယ်..."

"အာ..တခြားအရောင် မရှိတော့ဘူးလား...ပန်းရောင်တို့ အဖြူရောင်တို့ပေါ့..."

အော်ဒါတွင် အမျိုးသမီး ရေကူးကွင်းဟု ရှင်းလင်းစွာ ရေးသားထား၏။ ထို့ကြောင့် သူ ယောက်ျားဆန်သည့် အရောင်များ ယူသွားပေး၍ မဖြစ်။

"ဒီတော့ ငါ့တူ သုံးဖို့ မဟုတ်ဘူးပေါ့..."

"ကျွန်တော်က ဒိတိုင်း အီရန်ဘွိုင်းလေ..ကတ်စတန်မာ လိုချင်လို့ လာ၀ယ်ပေးတာပါဗျ...."

"မဖြစ်နိုင်တာ...."သက်လတ်ပိုင်း လူကြီးမှာ သူ့ကို မယုံကြည်နိုင်စွာ ကြည့်လိုက်ပြီး "ငါ့တူက ဒီလောက် ချောမော ခန့်ညားနေတာတောင်မှ အီရန်ဘိုင်း လုပ်‌ နေတယ်တဲ့လား..."

"မြောက်ပင့်လွန်းနေပါပြီဗျာ...."

"ငါ့အထင်တော့ ငါ့တူက အီရန်ဘွိုင်းတောင် မလိုအပ်ပဲ လုပ်နေတာပဲ...ဒီလိုလုပ်ပါလား..ဦးလေး ချမ်းသာပြီး ပိုက်ဆံရှိတဲ့ အမျိုးသမီးတွေ အများကြီးနဲ့ ရင်းနှီးတယ် ..ငါ့တူရဲ့ ရုပ်ရည်နဲ့ဆိူရင် တစ်မီလီယမ်လောက် ရဖို့ဆိုတာက အသာလေးပဲ...ဘယ်လိုလဲ စိတ်၀င်စားလား...."

"ဟာဗျာ...သူဌေးကတော့ နောက်နေပါပြီ....အဲ့အလုပ်က ကျွန်တော်နဲ့ အံမကိုက်ပါဘူး"

လင်းရီ ရယ်ရအခက် ငိုရအခက် ဖြစ်နေလေ၏။ ဆိုင်ရှင်မှာ အချိန်ပိုင်း ခေါင်းကြီး ဖြစ်နေလိမ့်မည်ဟု ထင်မထားခဲ့။

"ဟူး...နှမြောစရာပဲ..."

ထို့နောက် ဆိုင်ရှင် အဖြူနှင့် ပန်းရောင် ရေကူးကွင်း နှစ်ခုကို လင်းရီအား ထုတ်ပေးလိုက်၏။

လင်းရီလည်း ဂျေးများမနေပဲ ပေးသာတာ ယူပြီး ၀ယ်သူထံ ပို့ပေးရန် ဟန်ပြင်လိုက်သည်။

ထိုအချိန်တွင် ဆိုင်ရှင်မှနေ၍ လင်းရီအား စီးပွားရေးကတ် ထုတ်ပေးလိုက်ပြီး "ငါ့တူ ဒါက ဦးရဲ့ စီးပွားရေးကတ်..တကယ်လို့ စိတ်၀င်စားရန် ဦးဆီ အချိန်မရွေး ဖုန်းဆက်လိုက်နော်...ငါ့တူအတွက် ရှယ်ကောင်းတဲ့ အမျိုးသမီးလေးတွေနဲ့ မိတ်ဆက်ပေးမယ်ကွာ"

ထိုသို့ပြောရင်း မနီးမဝေးရှိ Koenigsegg ကို ညွှန်ပြလိုက်ပြီး "ဟိုနားက ပြိုင်ကားကို တွေ့လား..ငါ့တူသာ အလုပ်ပြောင်းလိုက်လို့ကတော့ အဲ့လိုကားမျိုး မောင်းဖို့ဆိုတာ အိပ်မက် မဟုတ်တော့ဘူး...အီရန်ဘွိုင်းပဲ ဆက်လုပ်နေလို့ကတော့ ဘာရမှာ စားဖို့ လုံလောက်ရုံပဲမလား..."

လင်းရီ ပြုံး၍ သူ့အိတ်ကပ်ထဲမှ ကားသော့ကို ထုတ်၍ ဆိုင်ရှင်ရှေ့တွင် နှိပ်ပြလိုက်ပြီး "အဲ့ Koenigsegg ကလည်း ကျွန်တော့်ကားပဲလေ...ကျွန်တော့်အထင်တော့ ကားပြောင်းစီးဖို့ အလုပ်ပြောင်းစရာ မလိုတော့ဘူးလို့ ထင်တာပဲ...."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်သည်။

All Chapters