အခန်း (၁၅၀)
Vol. 10 Ch. 150
Koenigsegg ၏ ကတ်ကြေးကဲ့သို့ ကားတံခါးများ ပွင့်လာသည်ကို မြင်တော့ ဆိုင်ပိုင်ရှင်မှာ မျက်နှာ ရှုံ့မဲ့သွားခဲ့၏။
"koe.... Koenigsegg က မင်းဟာလား...."
"ဒါပေါ့ဗျ...ကျွန်တော်က ရှိုးပြဖို့ သူများကား ငှားစီးပါ့မလား..."
"ဒါ...ဒါပေမယ့် မင်းက အရမ်းချမ်းသာနေပြီးသားကို ဘာလို့ အီရန်ဘွိုင်း လုပ်နေတာလဲဟ....သောက်ရှက်
မပဲ့ဘူးလား..."
သက်လတ်ပိုင်းလူကြီးမှာ သူ့ရှေ့ရှိ လူငယ်လေး၏ အတွေးအခေါ်ကို လိုက်မမှီတော့။
ခုခေတ် သူဌေးသားတွေက ဒီလိုပုံစံနဲ့ ကောင်မလေးတွေကို ပလေးနေကြပြီလားကွ...
"ဒီတိုင်း ဘ၀တွေ့ကြုံခံစားချင်လို့ပါဗျာ..တအားကြီး ချမ်းသာနေတော့ သာမန် လူတန်းစားတွေရဲ့ ဘ၀ အခြေနေကို မသိဘူးလေ..မသိတော့ ဘယ်လို ကိုယ်ချင်းစာတတ်မှာလဲဗျ...."
"အဲ့တာဆိုလည်း တခြား အလုပ်လေး လုပ်လေကွာ..ဒီအလုပ်က ပင်ပမ်းပြီးတော့ သူများ မျက်နှာရိပ်ကိုလည်း ကြည့်ရသေးတယ်..ကောင်းတဲ့အလုပ်မဟုတ်ဘူး..."သက်လတ်ပိုင်း လူကြီးမှ အကြံပေးလိုက်၏။
"ကျွန်တော်သာ ချမ်းသာတဲ့ အမျိုးသမီးတွေနဲ့ တွဲမယ်ဆိုလည်း သူတို့မျက်နှာရိပ် မျက်နှာကဲ ကြည့်နေရဦးမှာပဲမလား...ပြီးတော့ မတော်ရင် HIV ဘာညာ ကလည်း ကြောက်ရသေး..."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်ပြီး
"ဒါပေမယ့် ဒီအလုပ်က နည်းနည်းလေး ပင်ပမ်းတယ်ဆိုပေမယ့် လွတ်လပ်တယ်လေ...ကျွန်တော်တော့ မဆိုးဘူး ထင်တာပဲ..."
လင်းရီ သူ့ကားသော့ကို ဝှေ့ယမ်းလိုက်ပြီး "ကျွန်တော့် ခုအခြေနေနဲ့ အလုပ်လုပ်ရင် လစာကြည့်ပြီး လုပ်ဖို့ လိုနေသေးလို့လားဗျ..."
သက်လတ်ပိုင်း လူကြီးမှာ ပြောစရာစကား ကင်းမဲ့သွား၏။ သူပြောသည်မှာလည်း အမှန်ပင်။
"ကြည့်ရတာတော့ မလိုဘူးထင်တယ်..."
"ကောင်းပြီ ဆက်မပြောတော့ဘူး..ငါလည်း တခြားသူတွေကို ဆက်ရောင်းလိုက်ဦးမယ် ..."
ဆိုင်ပိုင်ရှင်မှ ပြောလိုက်သည်။
"ဘိုင့် ဘိုင်..."
လင်းရီလည်း ဆက်လက်အချိန်ဖြုန်းမနေတော့ပဲ ကမ်းခြေသို့ မောင်းသွားလိုက်၏။ သူ ထိုနေရာသို့ရောက်သောအခါ သူ၏ ကတ်စတန်မာကို ဖုန်းလှမ်းဆက်လိုက်သည်။
"ဟယ်လို ..မစ္စတာလုဖေးလူလားခင်ဗျ..."
"ဟုတ်ပါတယ်..ခင်များက ဘယ်သူလဲ.."
"ဟယ်လို ကျွန်တော်က အီရန်ဘွိုင်းပါ..အခု ခင်များမှာထားတဲ့ ရေကူးကွင်းနှစ်ခု ၀ယ်ပြီးလာပို့တာပါ...ကျုပ်ခု လမ်းမှာလေ..ခင်များ မြင်ရရဲ့လားမသိဘူး.."လင်းရီ ယဉ်ကျေးစွာ ပြောဆိုလိုက်သည်။
"ကျုပ်အခု လာယူဖို့ မအားသေးလို့ လာပို့ပေးလို့ရလား...မြန်မြန် လာပို့ပေးနော် ကျုပ်တို့ခု အရေးတကြီး လိုနေလို့..."
"ကောင်းပြီလေ..ဘယ်နေရာ လာပို့ပေးရမလဲခင်ဗျ....ရှာလို့လွယ်အောင် အရိပ်အမြွက်လေး ပြောပြပါလား...."
"ကမ်းခြေက ထီးအနီရောင် အကြီးကြီးနဲ့ ကပ်လျက်နားမှာ ရေကူးဘောင်းဘီ အပြာရောင် ၀တ်ထားတဲ့လူပဲ...အဲ့ဒီကို လာခဲ့လိုက်..."
"အိုး...ဟုတ်ကဲ့..."
လင်းရီ ပြန်ဖြေလိုက်ပြီး ဖုန်းချလိုက်သည်။
ထို့နောက် ရေကူးဘောကွင်းနှစ်ခုနဲ့ ကမ်းခြေ ပတ်ပတ်လည်ကို ရှာကြည့်လိုက်သည်။
သေချာကြည့်ကြည့်လိုက်သောအခါ ထီးအနီသုံးလက်လောက် ရှိပြီး သူတို့ ဒီဇိုင်းမှာလည်း သိပ်မခြားနားပေ။
လင်းရီ နောက်တစ်ဖန် သေချာ ပြန်ရှာကြည့်လိုက် သောအခါ အပြာရောင် ရေကူးဘောင်းဘီ ၀တ်ဆင်ထားသည့် လူအုပ်စုသုံးစုမှာလည်း ထီးနီဘေးတွင် နေလှုံနေကြ၏။
လင်းရီလည်း ရွေးချယ်စရာ မရှိတော့ပဲ သူ၏ ကတ်စတန်မာကိုသာ ဖုန်းပြန်ခေါ်ရတော့သည်။
"ဟဲလို ဒီမှာ ဆင်တူယိုးမှား ဖြစ်နိုင်တဲ့နေရာက အများကြီးမို့ သေချာလေး ပြောပြပေးလို့ရမလားဗျ...."
"မင်းခေါင်းကို မြည်းကန်သွားလို့ ရှာမရသွားတာလားကွ...ဒီလောက် ရှင်းလင်းနေတာကို ရှာမရဘူးဆိုတော့ ....မင်းတို့ သူဌေးကို ငါ ကွန်ပလိန်းမတက်ဘူးလို့ မင်းထင်နေတာလားဟျောင့်..."
လင်းရီ မျက်နှာ မည်းမှောင်သွားပြီး" ခင်များကပဲ ရှင်းနေအောင် မပြောတာလေ...ဒီမှာ ထီးနီတွေ ပေါသောပြီး ရေကူးဘောင်းဘီ အပြာရောင်နဲ့ဆိုတာက ဘယ်နှစ်ယောက် ၀တ်ထားမှန်းတောင် မသိတော့ဘူး...ဘယ်သူက ခင်များဆိုတာ ကျုပ်က သိမှာလဲ..."
"ဟမ့်..မင်းIQနဲ့ အီရန်ဘိုင်း ဖြစ်နေတာ မဆန်းတော့ပါဘူးကွာ...အဲ့ဘောက် ပိန်းတိန်းနေတာကိုး..."
"အီရန်ဘွိုင်းလား..."
လင်းရီ မတုန့်ပြန်နိုင်ခင် သူ့နောက်ကျောဘက်မှ တစ်ယောက်ယောက်ခေါ်သံကို ကြားလိုက်ရ၏။
လှည့်ကြည့်လိုက်သောအခါ ရေကူး၀တ်စုံ အဝါရောင်နှင့် အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသည်။
လင်းရီ ဖုန်းချပြီးလိုက်၏။ ထိုမိန်းကလေး နောက်ကျောဘက်တွင် ထီးနီနှင့် ရေကူးဘောင်းဘီ အပြာရောင် ၀တ်ဆင်ထားသည့် ယောက်ျားလေး တစ်ယောက်လည်း သူမဘေးနား ရပ်နေသည်။
အကယ်၍ သူခန့်မှန်းတာ မမှားပါက ထိုလူငယ် အုပ်စုမှာ သူ၏ ကတ်စတန်မာများပင်။
လင်းရီ ရေကူးဘောကွင်းနှစ်ခုကိုင်ပြီး ထိုအုပ်စုထံ ပြေးသွားလိုက်၏။
"ဘုရားရေ...လုလု မြန်မြန်လာကြည့်ပါဦး ...ငါတို့ကို ရေကူကွင်း ၀ယ်လာခဲ့ပေးတဲ့ ကောင်လေးက အရမ်းချောတာပဲ..."
အဝါရောင် ရေကူး၀တ်စုံနှင့် မိန်းကလေးမှ ပြောလိုက်၏။
ထိုမိန်းကလေး၏ နာမည်မှာတော့ ရွှယ်ပင်းဖြစ်ပြီး ကိုယ်တိုင်ချုပ်အထည်ဆိုင် ပိုင်ရှင်လည်း ဖြစ်၏။ သူမ၏ ကျက်သရေရှိသော ကိုယ်လုံးကိုယ်ပေါက်မှာ ကောင်းကင်တွင် တောက်ပနေသော နေမင်းကြီးကဲ့သို့ ထွန်းလင်းနေ၏။
လုလုဟု အမည်တွင်သည့် မိန်းကလေးမှာတော့ ရွှီလုဖြစ်ပြီး အနက်ရောင် ဘီကနီကို ၀တ်ဆင်ထား၏။ သူမ၏ လုံးကစ်နေသော တင်ပါးများမှာ မက်မွန်သီးအမှည့်နှင့်တူပြီး သားရည်ယိုစရာ ကောင်းနေတော့သည်။
"အွန်း..ဆိုးတော့ မဆိုးပါဘူး..."ရွှီလု မှတ်ချက်ပြုလိုက်ပြီး
"သူက ငါတို့ မနေ့ညက ဘားမှာေတွ့ခဲ့တဲ့ ကောင်လေးထက်တောင် ချောနေသေးတယ်..."
"အီရန်ဘွိုင်း လုပ်နေတာတော့ နှမြောစရာပဲ..."
"ဘာဖြစ်ရမှာလဲ..ပိန်းလို့ ဒီအလုပ်လုပ်နေရတာပေါ့ကွ.."လုဖေးမဇ အထင်သေးစွာ ၀င်ပြောချလိုက်သည်။
"ဒီလောက် ရှင်းအောင် ပြောနေတာတောင်မှ ငါတို့ ဆီကို မနည်းရောက်အောင် လာခဲ့ရတယ်ဆိုပဲ..ပိန်းလိုက်တာကွာ..နောက်ကျမှပဲ မကောင်းတဲ့ ရီဗျူး ပေးပစ်ဦးမယ်...."
"ဟာ..မကောင်းဘူးထင်တယ်...ခွင့်လွှတ်လိုက်ပါဟယ်...."
"ပင်းပင်း ..အဲ့ရှောင်ကောကောက အရမ်းချောနေတော့ နင်တခြားအတွေးတွေ ၀င်လာတယ်လို့တော့ မပြောနဲ့...သတိထားဦးနော် လုဖေး ဂျေ၀င်နေဦးမယ်..."
"နင်ဘာတွေ လျောက်ပြောနေတာလဲ..သူနဲ့ငါက သူငယ်ချင်း ဆက်ဆံရေးကိုပဲ ဘာကိစ္စ သ၀န်တိုရမှာ..."
ထို့နောက် ရွှယ်ပင်း၏ မျက်လုံးများက လင်းရီ ၏ ခန္ဓာကိုယ်ကို သေချာလေး စူးစမ်းကြည့်လိုက်သည်။
"သူ့ဘော်ဒီကတော့ တော်တော်လေး မဆိုးဘူးပဲ..ငါ့ဆိုင်မှာ လူလိုနေတာနဲ့ အတော်ပဲ ..သူ့ကို ခေါ်သွားရမလား မသိဘူး..."
"ဟီးဟီး...အဲ့လိုလား..."ရွှီလု အပြုံးလေးဖြင့် ပြောလိုက်ပြီး "နင်က လူမြင်ကွင်းမှာ လုပ်ခိုင်းချင်တာလား..ဒါမှမဟုတ် သီးသန့်ခန်းထဲမှာ ခိုင်းချင်တာလား..."
"အဓိပ္ပာယ် မရှိတာတွေ လျောက်မပြောနဲ့...ငါက အလုပ်အကြောင်း ပြောနေတာ..ညစ်ပတ်တဲ့ အတွေးတွေ မရှိဘူး..."
"ဟမ့်...ဘယ်သူက နင့်ရဲ့ ညစ်ပတ်တဲ့အတွေးတွေကို သိမှာလဲလို့..."ရွှီလု ပြောလိုက်၏။
"ဒါပေမယ့် သတိတော့ ပေးထားလိုက်မယ်..နင် ကစားချင်တယ်ဆိုရင်လည်း နှစ်ခါ သုံးခါလောက်ပဲ ကောင်းတယ်နော် ..အတည်ကြီး မယူနဲ့..နင်တို့ နှစ်ယောက်က အဆင့်အတန်းခြင်း ကွာခြားလွန်းတယ်...တကယ်လို့ နင်သာ လက်ထပ်မယ်ဆို နင့်အဆင့်အတန်းနဲ့ ကိုက်ညီတဲ့လူကိုပဲယူ...."
"မပူနဲ့ ငါဘာလုပ်နေလဲဆိုတာ သိပါတယ်ဟယ်...နင်သတိပေးဖို့ မလိုဘူး..."
ကောင်မလေး နှစ်ယောက် အီရန်ဘွိုင်းအကြောင်း ပျော်ရွှင်စွာ ဆွေးနွေးနေသည်ကို မြင်တော့ လုဖေးဆိုသည့် လူငယ်လေးမှာ သည်းမခံနိုင်တော့ချေ။
"အစ်ကိုဖေးကတော့ မူမမှန်တော့ဘူး..ငါတို့ စကားသတိထား ပြောမှ ထင်တယ်..."
"အဆင်ပြေပါတယ်..ဒီတိုင်း အီရန်ဘိုင်းလေးကိုများကွာ ငါ့ထက် ဘယ်လောက်များ သာနိုင်မှာမို့လဲ..."
"အမှန်ပဲ...ကျွန်မ မှန်းတာ မှန်မယ်ဆိုရင် မနှစ်တုန်းက အစိကိုဖေးရဲ့ ကုမ္ပဏီ အမြတ်ငွေက တစ်သန်းကျော်သွားတယ်မလား..."
"အတိအကျဆို ၁.၈ မီလီယမ်...အမှားတစ်ချို့လေးသာ မရှိသွားဘူးဆိုရင် နှစ်သန်းတောင် ကျော်သွားတော့မယ်...."လုဖေး ဂုဏ်ယူ၀င့်ကြွားစွာ ပြောပြလိုက်၏။
"သူက ဒီတိုင်း ဘာမဟုတ်တဲ့ ကောင်ပါကွာ..ငါနဲ့ယှဉ်မယ်ဆိုရင် မိုင်တွေအများကြီး အလှမ်းဝေးနေသေးတယ်...."
"အမှန်ပဲ..သူက ဒီတိုင်း အောက်ခြေ ၀န်ထမ်းလေးပဲဟာကို..."
"ဟုတ်ပါ့..သဘောမတူတဲ့သူ ဘယ်သူရှိမှာလဲတဲ့..."
လင်းရီစောနက သူ့ကို ခေါ်လိုက်သည့် ရွှယ်ပင်းထံ လင်းရီ လျောက်သွားလိုက်ပြီး "ဘောကွင်းက တစ်ခုကို ၂၀၉ ယွမ် နှစ်ယောက်ဆိုတော့ ၄၁၈ယွမ် ကျသင့်ပါတယ်ခင်ဗျ..."
"ရှောင်ကောကော ပိုက်ဆံချေဖို့က ပြဿနာ မရှိဘူး..ဒါပေမယ့် ငါနင့်ကို တစ်ခုလောက် မေးလို့ရမလား..."ရွှယ်ပင်း အပြုံးလေးဖြင့် ပြောလိုက်သည်။
"ဘာများလဲ..."
"နင် အလုပ်ပြောင်းဖို့ အစီအစဉ် မရှိဘူးလား..ဒီက မမကြီးက အထည်ဆိုင်ဖွင့်ထားတာလေ..အဲ့တာ လူလိုနေတာနဲ့ အတော်ပဲ...စိတ်၀င်စားလား။..."
လင်းရီ ခေါင်းရမ်းလိုက်ပြီး "စိတ်မ၀င်စားဘူး..."
"အာ...."
လင်းရီ ငြင်းပယ်လိမ့်မည်ဟု ရွှယ်ပင်း မျှော်လင့်မထားခဲ့။
"ငါနောက်နေတာ မဟုတ်ဘူးနော်...တကယ်ကြီး လူလိုနေတာ..."ရွှယ်ပင်း ပြောလိုက်၏။
"တခြားတော့ အာမ မခံနိုင်ပေမယ့် ခုနင်ရတာထက် နှစ်ဆ ရစေရမယ်လို့ ပြောရဲတယ်...သေချာ စဉ်းစားနော်..."
"အမှန်ပဲ..နင်ကလည်းဟယ် ခုလို နေပူကျဲတဲကြီးထဲ ပစ္စည်းလိုက်ပို့နေမယ့်အစား ချောချောလှလှ ဘော့စ်မမနား အလုပ်လုပ်တာ ပိုမကောင်းဘူးလား..."
ရွှီလု လင်းရီ ကို စနောက်သလို ပြောလိုက်လေသည်။
သို့သော်လည်း စိတ်ထဲတွင်တော့ လင်းရီကို တိတ်တဆိတ် ဝေဖန်နေခဲ့၏။
ဟွန့် ဒီလောက်ကောင်းတဲ့အပေးအယူကို သူမို့ ငြင်းရဲတယ်...
အွင့်အရေးက နှစ်ခါမလာဘူးဆိုတာ ဒင်းနားမလည်ဘူးလားမသိဘူး
"စိတ်မ၀င်စားဘူးဗျာ ..ဘောကွင်းနှစ်ခုကို ၄၁၈ ယွမ်ကျတယ်..ဘယ်သူရှင်းမလဲ မသိဘူး..."
လင်းရီ သူမကို ခါးခါးသီးသီး ငြင်းနေတော့ရွှီပင်း စိတ်မကောင်းသလို ခံစားလိုက်ရသည်။
သူမဒီလိုနဲ့ပဲ အချောလေးကို လက်လျွတ်လိုက်ရတော့မှာလား
ဟူး..နှမြောစရာ ကောင်းလိုက်တာနော်...
"ဟျောင့် မင်းဘာလို့ ဒါကြီး ၀ယ်လာတာလည်း .."လူဖေး ခက်ထန်သည့် လေသံဖြင့် မေးလိုက်၏။
"ငါမင်းကို ယွမ် ၂၀၀တန် ရေကူးကွင်းလို့ သေချာ မှာလိုက်ရဲ့သားနဲ့ ယွမ် ၂၀၉ကျပ် ပေးရတဲ့ဟာ ၀ယ်လာတယ်ပေါ့...မင်းက လူလိုနားမလည်တာလား...ဈေးက တော်တော်လေး ကွာခြားနေပြီလေကွာ "