← Chapters

အပိုင်း(၄၉၂)

Vol. 33 Ch. 492

အပိုင်း(၄၉၂)

Vol. 33 Ch. 492

ရှစ်ဖုန့်က သူ၏ကျားဖြူပေါ်မှလူအုပ်အား

ဖြတ်သန်းသွားသည်။သူ၏ညာလက်အား

ဖျက်ခနဲလှုပ်လိုက်သောအခါတွင် ရတနာများနားခိုအိမ်က သူ ဝယ်ယူခဲ့သော ပုလဲနက်က    သူ၏လက်ဖဝါးအတွင်းထပ်မံပေါ်လာ၏။

ပုလဲနက်မှာ သာမန်ပုလဲနက်တစ်လုံးနှင့် ဘာမှကွာခြားမှုရှိပုံမပေါ်ပေ။   ရှစ်ဖုန့်၏လက်အတွင်း၌ အဖြူရောင်ငရဲဘုံစွမ်းအင်ကရုတ်တရက်

ပေါ်လာသည်။  ငရဲဘုံစွမ်းအင်၏  သက်ရောက်မှုအောက်တွင်   ပုလဲ၏ ပြင်ပအနက်ရောင်အလွှာက  ချက်ချင်းကွာကျသွားပြီး  အဖြူရောင်ငရဲဘုံစွမ်းအင်အောက်၌  အငွေ့ပျံသွားသည်။

ပုလဲ၏ ပြင်ပအလွှာကွာကျသွားပြီးသည့်နောက်တွင်   ရှစ်ဖုန့်၏လက်အတွင်း၌ စေးပျစ်သောအနက်ရောင်အရည်အန်းငယ်ကျန်ရစ်နေသေးသည်ဖြစ်သည်။  ၎င်းက အနက်ရောင်သွေးနှင့်တူ၏။

“ဒါက “

ရှစ်ဖုန့်က သူ၏လက်ချောင်းထိပ်ဖျားမှ အနက်ရောင်အရည်အား  စိုက်ကြည့်နေ၏။ အနက်ရောင်အရည်ထံမှ အေးစိမ့်သော စွမ်းအင်တစ်ခုလာနေသည်။

“အဆင့်ရှစ် ယင်ဓာတ်အခြေပြု  ပစ္စည်း သွေးနက်ပုလဲ”

သူ၏လက်အတွင်းမှ အေးစိမ့်သောစွမ်းအင်ကိုထုတ်လွှတ်နေသည့်   အနက်ရောင်အရည်အားကြည့်ရင်း ရှစ်ဖုန့်အံ့အားသင့်မှုကြောင့် အသံထွက်အော်လုနီးပါးဖြစ်သွားရသည်။အဆင့်ရှစ်မဟာသူတော်စင်နယ်ပယ် စိတ်ဝိညာဉ် ပစ္စည်းတစ်ခုအား   အဆင့်နိမ့်ကမ္ဘာဦးကျောက်တုံးသုံးထောင်တည်းဖြင့် သူဝယ်ခဲ့မိလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

သွေးနက်ပုလဲမှာ အဆင့်ရှစ်မဟာသူတော်စင်နယ်ပယ်

အဆင့်ဆေးများအား သန့်စင်နိုင်သည်သာမက လက်နက်များကိုလည်းသန့်စင်ခြင်း

ပြုလုပ်နိုင်သည်။  ၎င်းအား တိုက်ရိုက်စားသုံးလျှင် အထူးသဖြင့် ငရဲဘုံကိုးခု စွမ်းအားအားကျင့်ကြံသောရှစ်ဖုန့်အတွက် သူ၏ခန္ဓာကိုယ်အား များစွာ ပိုမိုအစွမ်းထက်လာစေလိမ့်မည်ဖြစ်သည်။

ထို့နောက်သိပ်မကြာလိုက်ပဲ  သွေးနက်ပုလဲအား ရှစ်ဖုန့်တိုက်ရိုက် အစာအိမ်အတွင်းသို့မျိုချလိုက်သည်။ ထို့နောက် သူ၏လက်နှစ်ဖက်ဖြင့် ဆီးလ်တံဆိပ်တစ်ခုအား  ပြုလုပ်လိုက်သည်။ လမ်းမထက်ရှိ အဆုံးမဲ့သောလူတန်းအလယ်၌   သူက ငရဲဘုံကိုးခုခန္ဓာသန့်စင်ခြင်း  ပညာရပ်အား အသက်သွင်းလိုက်ပြီး   သူ၏ခန္ဓာကိုယ်အစွမ်းထက်လာစေရန်အတွက် သွေးနက်ပုလဲအား ခန္ဓာကိုယ်ကိုအသုံးပြု၍ ချေဖျက်လိုက်သည်။

“သူတောင်းစားလေး..မင်းကဘယ်

ကိုသွားမယ်လို့စဉ်းစားနေတာလဲ”

ဤအချိန်တွင်   ပုလဲမြို့ကောင်းကင်ထက်မှ အဘိုးအိုတစ်ဦး၏ ဒေါသတကြီးအော်သံထွက်ပေါ်လာသည်။ ကောင်းကင်ထက်၌ အဖြူရောင်ပုံရိပ်တစ်ခုပေါ်လာသည်ကို  လူများမြင်တွေ့လိုက်ကြရသည်။ ၎င်းမှာ အဖြူရောင်ဝတ်ရုံနှင့်အဘိုးအိုတစ်ယောက်ဖြစ်သည်။  သို့သော်   အဘိုးအို၏မျက်နှာက

ခက်ထန်နေပြီး  သူ၏အဖေသတ်ဖြတ်ခြင်းခံ

လိုက်ရသကဲ့သို့ဖြစ်နေ၏။

“အဲ့တာကဘယ်သူလဲ. ပုလဲမြို့ရဲ့ကောင်းကင်ထက်မှာဘယ်လိုတောင်

ပျံသန်းရဲတာလဲ.. ပုလဲမြို့ကိုဘယ်လိုတောင် အထင်သေးရဲတာလဲ”

တစ်စုံတစ်ယောက်က ကောင်းကင်ထက်မှပုံရိပ်အားကြည့်၍

ပြောလိုက်သည်။

ထို့နောက် သူ့ဘေးမှလူကပြောလိုက်၏။

“သူက မဆင်မခြင်ပြုမူတဲ့သူတစ်ယောက် ဒါမှမဟုတ် နောက်ခံအင်အားက ကြီးမားတာကြောင့်ပုလဲမြို့ကိုတောင် နှိမ့်ချကြည့်နိုင်တဲ့ သရုပ်ကိုပိုင်ဆိုင်ထား

တဲ့သူမျိုးပဲ ဖြစ်လိမ့်မယ်”

ဤလူ၏စကားအားကြားလိုက်ရသောအခါတွင်  သူ့ဝန်းကျင်မှများစွာသောလူများက တိတ်တဆိတ်ခေါင်းညိမ့်လိုက်ကြသည်။

အဆင့်ခုနှစ်သူတော်စင်နယ်ပယ်  အဂ္ဂိရိတ်သန့်စင်သူတစ်ယောက်အနေဖြင့် ဤလူ၌ ပင်ကိုယ်ကြီးအားသောနောက်ခံတစ်ခု

ရှိသည်ဖြစ်သည်။ရတနာများနားခိုအိမ်မှစ၍ ကောင်းကင်ထဲ၌သူပျံသန်းနေခဲ့သည်မှာ နာရီဝက်ခန့်ရှိနေပြီဖြစ်သည်။ ၎င်းအားမြင်ကတည်းက ပုလဲမြို့၏   မြို့စောင့်တပ်သားများက မြို့အရှင်သခင်ဖြစ်သူအား သတင်းပို့ပြီးပြီဖြစ်၏။မြို့အရှင်ကလည်း

သူတို့အား အမိန့်ပေးထားပြီးဖြစ်၏။

“သူ့ကိုမစော်ကားမိစေနဲ့”

ရှစ်ဖုန့်မှာ သွေးနက်ပုလဲအား စုပ်ယူပြီးနောက်  ချက်ချင်းပဲ  သူ၏ခန္ဓာကိုယ်က ပိုမိုသန်လာသည်ကိုခံစားလိုက်ရသည်။   အဆင့်ရှစ်မဟာသူတော်စင်နယ်ပယ်  စိတ်ဝိညာဉ်ပစ္စည်းက တကယ့်ကိုအံ့ဖွယ်ပင်ဖြစ်၏။ ရှစ်ဖုန့်၏ ပြင်ပခန္ဓာကိုယ်မှာမူလက ကြယ်နှစ်ပွင့်အင်ပါယာနယ်ပယ်အဆင့်

တွင်သာရှိသည်ဖြစ်သည်။ယခုအခါ၌ သူ၏ခန္ဓာကိုယ်က ကြယ်လေးပွင့်အင်ပါယာနယ်ပယ်သို့ ရောက်ရှိလာသည်ကို သူခံစားမိနိုင်သည်ဖြစ်၏။

ဤအခိုက်အတန့်တွင်  ရင်းနီးမှုရှိပြီး အသက်ကြီးသောလေထဲမှ အသံတစ်ခုအား  ရှစ်ဖုန့်ကြားလိုက်ရသည်။ သူကမော့ကြည့်လိုက်ပြီး သူ့အထက်လေထဲ၌  ရတနာများနားခိုအိမ်တွင်တွေ့ခဲ့ရသော   အဘိုးအိုက ဝင့်ကြွားစွာရပ်နေသည်ကို သူတွေ့လိုက်ရသည်။ ရှစ်ဖုန့်က သူ့အပေါ်၌ ငွေးရေးကြေးရေးတော်တော်များများ

အကြွေးတင်နေသကဲ့သို့  ၎င်းကရှစ်ဖုန့်အား ဒေါသအခိုးအငွေ့တို့ဖြင့်ပြည့်နှက်နေသော မျက်လုံးတို့ဖြင် စိမ်းစိမ်းဝါးဝါးကြည့်နေသည်။

“သူတောင်းစားကြီး..ဒီသခင်လေး

နောက်ကိုလိုက်ဖမ်းရဲသေးတယ်လား”

ကောင်းကင်ထဲ၌ပေါ်လာသော  အဘိုးအိုအားကြည့်၍  ရှစ်ဖုန့်၏စိတ်ထဲမှလှုပ်ရှားလိုက်သည်။ သူ၏အောက် တွင်ရှိနေသောကျားဖြူက  ကြမ်းကြုတ်ခက်ထန်စွာ ဟိန်းဟောက်လိုက်ပြီး  ၎င်း၏ ခွာလေးဖက်ဖြင့်   ကဆုန်ပေါက်ပြေးလိုက်သည်။

ထို့နောက်မကြာခင် ၎င်းက ရှစ်ဖုန့်အားကောင်းကင်ထဲသို့ သယ်ဆောင်ပြီး  မရပ်တန့်ခင်အထိ အဘိုးအိုရှေ့သို့ပြေးသွားလိုက်သည်။

ရှစ်ဖုန့်က  သိပ်မဝေးသောနေရာ၌ရှိနေသည့် အဘိုးအိုအားကြည့်၍ ပြောလိုက်သည်။

“သူတောင်းစားအိုကြီး  ဒီသခင်လေးက ခင်ဗျားရဲ့မသိနားမလည်မှုနဲ့ အသက်အရွယ်ကိုထောက်ထားပြီးတော့ ခင်ဗျားအသက်ကိုတစ်ကြိမ်

ချမ်းသာပေးခဲ့ပြီးပြီ …ဒီသခင်လေးရဲ့ ကြင်နာမှုကို ဆုံးရှုံးသွားအောင်လုပ်မနေနဲ့”

“ရဲတင်းလိုက်တာ”

ရှစ်ဖုန့်၏ စကားတို့အားကြားလိုက်ရပြီးနောက်  အဖြူရောင်နှင့်အဘိုးအိုက   ရှစ်ဖုန့်အားအလျှင်အမြန်လက်ညှိုးထိုး၍   ဒေါသတကြီးအော်ပြောလိုက်သည်။

“သူတောင်းစားလေး ငါဘယ်သူလဲဆိုတာကိုသိလားကွ.. ငါ့ကိုဒီလိုမျိုးပြောရဲတဲ့အထိရဲတင်းလှချည်လား.. မင်းစောင့်နေစမ်းပါ.. ငါသာထျန်းခွန်းဂိုဏ်းကလူတွေကို ထျန်းလျန်အင်ပါယာကိုလာပေး

ဖို့ဆင့်ခေါ်လိုက်ရင်  ..ငါမင်းတစ်မိသားစုလုံးကိုတောင် သေချာပေါက်သတ်ပစ်လိုက်လို့ရတယ်”

အဘိုးအိုမှာခက်ထန်နေပြီး သူ၏အသံကျယ်လောင်နေ၏။

“ထျန်းခွန်းဂိုဏ်း”  ဟူသောစကားလုံးအားသူပြောသည့်အချိန်တွင် အောက်တွင်ရှိနေကြသောလူများ၏မျက်နှာက  သိသိသာသာကိုပြောင်းလဲသွားသည်။

အရှေ့ပိုင်းဒေသကြီးအတွင်းရှိလူအားလုံးမှာ အရှေ့ပိုင်းဒေသကြီး၏   မြင့်မြတ်ကုန်းမြေသုံးခုထဲမှတစ်ခုဖြစ်သော ထျန်းခွန်းဂိုဏ်းကိုကြားဖူးကြသည်ဖြစ်သည်။ ၎င်းမှာထူးကဲသာလွန်သော အထွတ်အထိပ်တည်ရှိမှုတစ်ခုဖြစ်သည်။အရှေ့ပိုင်းဒေသကြီး၏ အင်ပါယာကြီးသုံးခုသည်ပင်လျှင်   အရှေ့ပိုင်းဒေသကြီး၏ မြင့်မြတ်ကုန်းမြေသုံးခု၏ ထိုးနှက်ချက်တစ်ခုကိုတောင့်ခံနိုင်စွမ်းမရှိကြပေ။

မြင့်မြတ်ကုန်းမြေသုံးခုအား  အရှေ့ပိုင်းဒေသကြီး၏ အင်အားအကြီးမားဆုံးသော အဖွဲ့အစည်းသုံးခုဟုပြော၍ရနိုင်သည်ဖြစ်သည်။ အရှေ့ပို်ငးဒေသကြီးအတွင်း၎င်း

တို့အားမည်သူကမျှစော်ကားရဲခြင်းမရှိပေ။

ဤအဘိုးအိုကပုလဲမြို့အတွင်းပျံသန်းနိုင်ခြင်းမှာ ထိုကြောင့်များဖြစ်နိုင်မည်လား။ ပုလဲမြို့၏မြို့အရှင်သခင်က ၎င်းအား မစော်ကားရန်အမိန့်ပေးထားသည်လား။

“ထျန်းခွန်းဂိုဏ်း..အဲ့တာ တကယ်ကြီးထျန်းခွန်းဂိုဏ်းပဲ …ဒီအဘိုးကြီး.. မဟုတ်သေးဘူး. ဒီစီနီယာက ပုလဲမြို့မှာဘယ်သူကမှသူ့ကိုတား

ဝံ့ခြင်းမရှိဘဲပျံသန်းရဲတာကိုမအံ့ဩတော့ပါဘူး”

“ဒီလူငယ်က အရှေ့ပိုင်းဒေသကြီးရဲ့မြင့်မြတ်ကုန်းမြေသုံးခုထဲကတစ်ခုဖြစ်တဲ့  ထျန်းခွန်းဂိုဏ်းကို တကယ်စော်ကားခဲ့တယ်..

သူတော့ပျက်စီးကိန်းဆိုက်လောက်ပြီ..  ထျန်းခွန်းဂိုဏ်းကို‌ စော်ကားပြီးတာနဲ့  အသက်ရှင်နိုင်တဲ့သူကို ငါလုံးဝမတွေ့ဖူးသေးဘူး”

“သနားစရာပဲ.   သနားစရာပဲ. ဒီလူငယ်က အရမ်းငယ်သေးတယ်.. တစ်ခုခုသာမှားသွားရင်သူငယ်ငယ်ရွယ်ရွယ်နဲ့သေလိမ့်မယ်.အဲ့တာတင်မကသေးဘူး သူ့မိသားစုအာဏာကိုပါ ငြိစွန်းစွားဖို့ဖြစ်နိုင်ချေပိုများတယ်”

“အခုတော့ ကြည့်စရာပွဲကောင်းတစ်ခုရှိလာပြီပဲကွ”

အောက်တွင်ရှိနေသာလူအုပ်မှာ ကောင်းကင်ထက်မှလူနှစ်ယောက်အားကြည့်ရင်းတက်တက်ကြွကြွဆွေးနွေးနေကြသည်။ အချို့သောလူများက လူငယ်လေးအတွက်စတင်စိုးရိမ်မိကြ၏။  ကမ္ဘာကြီးပရမ်းပတာဖြစ်မှုအား မြင်တွေ့လိုပြီး မိစ္ဆရီယစိတ် ရှိကြသော လူများကလည်းရှိသည်ဖြစ်သည်။

“ဟမ့်…ထျန်းခွန်းဂိုဏ်း”

ထျန်းခွန်းဂိုဏ်းဟူသည့်စကား

အားကြားလိုက်ရသောအခါတွင်   ရှစ်ဖုန့်၏မျက်နှာက ချက်ချင်းအေးစက်မှုအဖြစ်ပြောင်းလဲသွားသည်။ ဒီတော့၎င်းက ထျန်းခွန်းဂိုဏ်းဖြစ်၏။ထျန်းခွန်းဂိုဏ်းအကြောင်းအားတွေးမိသောအခါတွင် လွန်ခဲ့သောလအနည်းငယ်ခန့်က သေခြင်းတားမြစ်နယ်မြေအား ရှစ်ဖုန့်ပြန်အမှတ်ရသွားသည်။  ထိုနေရာ၌ ကြယ်ငါးပွင့်သူတော်စင်နယ်ပယ်

ချင်ယွမ်ရှန်နှင့်ကြယ်ခုနှစ်ပွင့်သူတော်စင်နယ်ပယ် ကိုနှုတ်ခမ်းမွှေးတို့အားတွေ့ခဲ့ရသည်ဖြစ်သည်။

ထိုအချိန်က ရှစ်ဖုန့်မှာ ကိုယ်နှုတ်ခမ်းမွှေး၏လက်အတွင်းသေလုနီးပါးဖြစ်ခဲ့ရ၏။

အဘိုးအိုမှာသူ၏ရန်သူဂိုဏ်းမှလူအဖြစ်ပြောင်းလဲသွားသည်။ ၎င်းအားမြင်တွေ့ရချိန်၌ ၎င်း၏မျက်လုံးအတွင်းမှ အရမ်းစိတ်ဘဝမကျစရာကောင်းမှုအား  ရှစ်ဖုန့်တွေ့ခဲ့ရသည်မှာ အံ့ဩစရာမဟုတ်တော့ပေ။

“အစကတော့   ဒီသခင်လေးက ခင်ဗျားရဲ့အသက်ကိုချမ်းသာပေးခဲ့တာ. အခုတော့ ခင်ဗျားက အစုတ်ပလုတ်ဂိုဏ်းက ဆိုတာကို ဒီသခင်လေးသိပြီ..ခင်ဗျားဒီနေ့သေရမယ်”

ရှစ်ဖုန့်က အဘိုးအိုအားအေးစက်စွာစိုက်

ကြည့်၍ပြောလိုက်သည်။

“ရဲတင်းလိုက်တာ”

ထျန်းခွန်းဂိုဏ်းအမည်နာမအား

သူထုတ်ပြောပြီးနောက်၌ သူတောင်းစားလေးက သူ့အား ကြောက်လန့်ကာကြံရာမရဖြစ်နေလိမ့်မည်ဟု အဘိုးအိုထင်ခဲ့သည်။ သို့သော်  လူငယ်ကအရမ်း မဆင်မခြင်နိုင်လိမ့်မည်ဟုတော့  သူ မမျှော်လင့်ထားခဲ့ပေ။  ၎င်းကသူ့အားစော်ကားရုံသာက ထျန်းခွန်းဂိုဏ်းကိုပါစော်ကားနေ၏။

“ဒီလူငယ်ကရဲတင်းလွန်းတယ်..ထျန်းခွန်းဂိုဏ်းကို ဘယ်လိုတောင်စော်ကားရဲတာလဲ.  သူကထျန်းခွန်းဂိုဏ်းကိုစော်ကားမိပြီးတော့ သေရတော့မှာကိုသိနေလို့များဖြစ်နိုင်မလား”

“သူသေရတော့မှမို့ဖြစ်ရင်ဖြစ် မဟုတ်ရင်  ဒီလူငယ်ရဲ့နောက်ခံကမရိုးရှင်းတာဖြစ် တစ်ခုခုပဲ . အိမ်မက်မက်နေတာကိုရပ်လိုက်တေတာ့.. ထျန်းခွန်းဂိုဏ်းဆိုတာ အရှေ့ပိုင်းဒေသက မြင့်မြတ်ကုန်းမြေသုံးခုထဲကတစ်ခုပဲ. အရှေ့ပိုင်းဒေသကြီးမှာ မြင့်မြတ်ကုန်းမြေကသုံးခုတောင်ရှိတဲ့ဟာ”

“မြင့်မြတ်ကုန်းမြေသုံးခုလား.ဒီလူငယ်က  ယွဲ့ဟူဂိုဏ်း ဒါမှမဟုတ် နေလဂိုဏ်းက ဖြစ်လိမ့်မယ်လို့မင်းက ပြောချင်တာလား”

“အဲ့တာက မဖြစ်နိုင်ဘူး”

ထို့နောက်တွင် အချို့လူများက ရှစ်ဖုန့်အား သေတော့မည်ဟု ထင်နေကြ၏။ အချို့ကတော့ ရှစ်ဖုန့်၏ သရုပ်မှန်အား စတင်မှန်းဆနေကြသည်။  အချို့ကတော့ မြန်မြန်လေးဖြစ်ပျက်အရေးယူ

ဆောင်ရွက်ရန်မျှော်လင့်နေကြသည်။

ထျန်းခွန်းဂိုဏ်းမှ အဘိုးအို က ဒေါသတကြီးအော်ဟစ်လိုက်ပြီးနောက် ချက်ချင်းပဲရှစ်ဖုန့်ကိုပြောလိုက်သည်။

“ဝိညာဉ်ကျိုးကြေခြင်း”

ဝိညာဉ်တိုက်ခိုက်မှုတစ်ခုအား ရှစ်ဖုန့်ထံဖော်ထုတ်တိုက်ခိုက်လိုက်၏။

ဝိညာဉ်ကျိုးကြေခြင်းမှာ တော်တော်လေးကိုပြင်းထန်ရက်စက်သော ဝိညာဉ်တိုက်ခိုက်မှုတစ်ခုဖြစ်သည်။ တိုက်ခိုက်ခြင်းခံရသောလူ၏ဝိညာဉ်မှာ တိုက်ရိုက်အစိတ်စိတ်အမွှာမွှာကွဲ

ကြေသွားလိမ့်မည်ဖြစ်၏။  ထိုလူအနေဖြင့်ပြာပုံဘဝသို့သာနိမ့်ပါးသက်ဆင်းရလိမ့်မည်ဖြစ်သည်။

ဆက်ရန်……..

ဘာသာပြန်သူ-ARISE

All Chapters