အပိုင်း(၄၉၃)
Vol. 33 Ch. 493
ထျန်းခွန်းဂိုဏ်းမှ အဖြူရောင်နှင့် အဘိုးအိုက ရှစ်ဖုန့်ထံသို့ ဝိညာဉ်တိုက်ခိုက်မှုတစ်ခုကို ဖော်ထုတ်တိုက်ခိုက်လိုက်သည်။
သူက ရှစ်ဖုန့်၏ ဝိညာဉ်အား လုံးဝ ပျက်သုန်း စေရန်ဆုံးဖြတ်ထားသည်ဖြစ်သည်။
“ဟမ့်”
အဘိုးအို၏ ဝိညာဉ်တိုက်ခိုက်မှုအား အာရုံခံမိသောအခါတွင် ရှစ်ဖုန့်က နှာခေါင်းရှုံ့လိုက်သည်။
“ ခင်ဗျားက အမှတ်မထားတတ်တဲ့သူပဲ. ..ဒီသခင်လေးထက်ထဲမှာ ခံစားခဲ့ရတဲ့နာကျင်မှုဝေဒနာကို အရမ်းခပ်မြန်မြန် မေ့သွားတာလား. ဒီသခင်လေးခင်ဗျားကို သင်ခန်းစာပေးရတော့မှာပဲ”
ရှစ်ဖုန့် ချက်ချင်းပဲ နောက်ထပ်ဝိညာဉ်တိုက်ခိုက်မှုတစ်ခုအား ထုတ်လွှတ်လိုက်သည်။ အဘိုးအိုအား ငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ်ခြင်းဖြင့် တိုက်ခိုက်လိုက်၏။
“အား”
အဘိုးအို၏ ခန္ဓာကိုယ်က ပြင်းထန်စွာတုန်ခါသွားသည်။ သူ၏ဦးခေါင်းအား ဧရာမတူကြီး
တစ်လက်ဖြင့် ထုရိုက်ခံလိုက်ရသလိုခံစားရ၏။ စူးရှသောနာကျင်မှုက သူ၏ခေါင်းမှလာနေသည်။ သူ၏ဦးခေါင်းအားလက်နှစ်ဖက်ဖြင့်
တအားဆုပ်ကိုင်ပြီး စူးစူးဝါးဝါးကျယ်လောင်စွာ
အော်ဟစ်လိုက်သည်။
သို့သော် အဘိုးအိုမှာ သူ၏ အလွန်ပြင်းထန်သောနာကျင်မှုနှင့် စိတ်လွတ်သွားသော အခြေအနေတို့မှ လျှင်မြန်စွာ ပြန်လည်ကောင်းမွန်လာသည်။ သို့သော် ဤအခိုက်အတန့်တွင် အဘိုးအိုမှာကျားဖြူအား စီးနင်းထားသော ရှစ်ဖုန့်အား သူ၏ရှေ့၌ရောက်နှင့်နေပြီးဖြစ်သည်ကို မြင်တွေ့လိုက်ရသည်။ ကြီးမားသောလက်တစ်ဖက်က အဘိုးအို၏မျက်လုံးအတွင်းတစ်ဟုန်
ထိုးချဲ့ကားဖြစ်ပေါ်လာပြီး သူ၏မျက်နှာထံသို့ဆုပ်ကိုင်ရင်
ဦးတည်လာနေ၏။
ရှစ်ဖုန့်၏လက်က အဘိုးအို၏မျက်နှာအားလျှင်မြန်စွာ
ဆုပ်ကိုင်လိုက်ပြီး ၎င်းကိုပင့်မြှောက်လိုက်သည်။
“မဟုတ်ဘူး.ငါ့ကိုလွှတ်ပေးစမ်း”
အဘိုးအိုက ရှစ်ဖုန့၏လက်အတွင်း ဒေါသတကြီးအော်ဟစ်နေသည်။ သူက အဆင့်ခုနှစ်သူတော်စင်နယ်ပယ် အဂ္ဂရိတ်န့်စင်သူတစ်ယောက်ဖြစ်သည်။ ထျန်းခွန်းဂိုဏ်းထဲတွင်ပင်လျှင်သူ၏အကူအညီအားရရှိရန်အတွက်လူတိုင်းက အလိုရှိကြသည်။ ထျန်းခွန်းဂိုဏ်း၏ အဆင့်မြင့်သူများပင်လျှင်သူ့အားမြင်တွေ့သည်နှင့် နှုတ်ဆက်ကြရသည်ဖြစ်သည်။
အဘိုးအို၏အဆင့်အတန်းမျိုးဖြင့်သူသည်ဘယ်အချိန်ကများ ဤကဲ့သို့ အရှက်ခွဲခြင်းကို ခံရဖူးပါသနည်း။ များစွာသောလူများ၌ရှေ့မှောက်၌ ဤကဲ့သို့ အရှက်ခွဲခံရခြင်းကိုကားတည့်ပြောနေရန်ပင်လိုမည်မဟုတ်ချေ။ ဤခံစားချက်က သေသည်ထက်ဆိုးရွားသောအရာဖြစ်လေသည်။
“အား.. သေစမ်း.မင်းသေချင်းဆိုးနဲ့သေလိမ့်မယ်.. မင်းရဲဒီနေ့မိုက်မဲမှုကြောင့် မင်းတစ်မိသားစုလုံး သားစဉ်မြေးဆက်တောင်မရှိဘဲနဲ့သေရလိမ့်မယ်”
“ဒီသခင်လေးရဲ့အသက်ကိုလိုချင်နေတဲ့သူတွေမှ အများကြီးပဲ ဒါပေမဲ့ ဒီနေ့ဒီအချိန်ထိ ဒီသခင်လေးအသက်ရှင်နေတုံးပဲ.. သူတောင်းစားအိုကြီး.. ခင်ဗျားဒီနေ့သေရလိမ့်မယ်”
ရှစ်ဖုန့်က အေးစက်စွာအော်ပြောလိုက်သည်။ ရုတ်တရက် အဘိုးအို၏မျက်နှာအား ဆုပ်ကိုင်ထားသော ရှစ်ဖုန့်၏လက်မှ သွေးနီရောင်မီးတောက်တို့ဟုန်းခနဲထွက်လာပြီး အဘိုးအို၏မျက်နှာအား လောင်ကျွမ်းသွားစေသည်။
“အား”
ကောင်းကင်မီးတောက်၏ တောက်လောင်မှုအောက်တွင် အဘိုးအိုမှာ စိတ်မချမ်းမြေ့ဖွယ် ငယ်သံပါအောင်အော်ဟစ်နေသည်။ ထို့နောက် အဘိုးအို၏ ခန္ဓာကိုယ်တစ်ခုလုံးက သွေးနီရောင်မီးတောက်တို့ တစ်ဟုန်းဟုန်းတောက်လောင်နေပြီး လူသားမီးတောက်အဖြစ်ပြောင်းလဲသွားသည်။
သွေးပျက်ဖွယ် အော်ဟစ်နေသော အသံက ရုတ်ခြည်းရပ်တန့်သွားပြီး ဟင်းလင်းပြင်မှာလည်း တစ်ဖန်ပြန်လည်၍ လျှင်မြန်စွာ တိတ်ဆိတ်သွားသည်။ လူသားပုံစံသွေးနီရောင်မီးတောက်တို့က ရှစ်ဖုန့်၏လက်အတွင်းသို့ လျှင်မြန်စွာပြန်လည် လှိမ့်ဝင်လာပြီး သူ၏လက်ဖဝါးအတွင်းစုပ်
ယူခြင်းခံလိုက်ရသည်။
ထျန်းခွန်းဂိုဏ်းမှ အဖြူရောင်ဝတ်ရုံနှင့်အဘိုးအိုမှာ ဟင်းလင်းပြင်ထဲ၌ လုံးဝပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။ သွေးနီရောင်မီးတောက်များကြောင့် အဘိုးအိုက ပြာအဖြစ်ပြောင်းလဲသွားခြင်းဖြစ်သည်ကို လူတိုင်းသိကြသည်ဖြစ်၏။
“ဒါက…ထျန်းခွန်းဂိုဏ်းက အဘိုးအို က တကယ်ကြီးသေသွားပြီ.. သူက ဒီလူငယ်လေးသတ်တာကို
တကယ်ခံလိုက်ရတယ်”
လူအုပ်ကြီး၏မျက်နှာများထက်တွင် တုန်လှုပ်မှုနှင့် မယုံကြည်နိုင်မှုများက ဖြစ်ပေါ်နေသည်။ ထို့နောက် ပင့်သက်ရှိုက်သံများက အစီအရီထွက်ပေါ်လာ၏။ အရှေ့ပိုင်းဒေသကြီးအတွင်း ထျန်းခွန်းဂိုဏ်းမှလူအား သတ်ရဲသည့်တစ်စုံတစ်ဦး တကယ်ရှိခဲ့သည်ဖြစ်သည်။ ထို့အပြင်၎င်းက အရမ်းကိုကမ်းကုန်လွန်းကာ အဘိုးအို၏ အစအနကိုပင်ချန်ရစ်ထားခဲ့ခြင်းမရှိပေ။
အဘိုးအိုအားသတ်ဖြတ်ကာ သေခြင်းစွမ်းအင်၊ ဝိညာဉ်နှင့် သွေးတို့အား ဝါးမျိုပြီးနောက် ရှစ်ဖုန့်၏အမူအယာက ပြောင်းလဲခြင်းမရှိပေ။ပုံစံအားကြည့်လိုက်လျှင် သူ့အနေဖြင့် လူသားတစ်ယောက်ထက် ကြက်လေးတစ်ကောင်ကိုသတ်လိုက်ရသကဲ့သို့သာဖြစ်နေသည်။
ထျန်းလျန်အင်ပါယာသို့ ဝင်ရောက်ခဲ့ပြီးနောက် ပထမဆုံးသောသတ်ဖြတ်မှုကိုရှစ်ဖုန့်ပြုလုပ်ခဲ့သည်။ ၎င်းက ထျန်းခွန်းဂိုဏ်းမှ
အဆင့်ခုနှစ် သူတော်စင်နယ်ပယ် အဂ္ဂရိတ်သန့်စင်သူဖြစ်လေသည်။
အဘိုးအို၏ သရုပ်အား တွေးမိသောအခါတွင် အတိတ်ကို ရှစ်ဖုန့် ပြန်ပြောင်းအောင့်မေ့မိလိုက်သည်။ လွန်ခဲ့သောတစ်နှစ် သူမှတ်ဉာဏ်များနိုးထလာချိန်တွင် ယွင်လိုင်အင်ပါယာ၏စန်းယွဲ့မြို့အတွင်း အဂ္ဂရိတ်သန့်စင်သူတစ်ဦးအား
သူသတ်မိခဲ့ပုံရ၏။ ထို့နောက် သူ့အနေဖြင့် ကြမ္မာငင်သော အုံကြွမှုများ ဆက်တိုက်ဖြစ်စေခဲ့ပြီး ထွက်ပင်ပြေးခဲ့ရသည်။
သို့သော် လက်ရှိသူက ယခင်ကထက်များစွာပိုမိုသန်မာ
အစွမ်းထက်လာခဲ့ပြီဖြစ်သည်။
အတိတ်မှတ်ဉာဏ်များဆီမှနိုးထကာ ရှစ်ဖုန့်ကကျားဖြူအား အောက်ရှိလမ်းမပေါ်သို့ဆင်းသက်ရန်မောင်းနှင်လိုက်သည်။ သို့သော် လူအုပ်ကြီးမှာသတ်ဖြတ်ခြင်းကြယ်ဆင်းသက်လာသည်အားတွေ့လိုက်ရသောအခါတွင် ဦးတည်ချက်အနှံ့သို့အလျှင်အမြန်ခွဲလိုက်ကြပြီး သတ်ဖြတ်ခြင်းကြယ်နှင့်သေချာစွာကွာ
ဝေးသောအကွာအဝေးတစ်ခုအား
ထိန်းသိမ်းထား၏။
ဤလူက ထျန်းခွန်းဂိုဏ်းမှလူကိုပင်သတ်ဖြတ်ရဲသည်ဖြစ်သည်။ သူမလုပ်နိုင်တာဘာများရှိနေအုံးမည်နည်း။
ရှစ်ဖုန့်က ဤအရာအားဂရုမစိုက်ပေ။ သူ့အောက်ရှိကျားဖြူအား
ဆက်လက်မောင်းနှင်ပြီး ဖြည်းညှင်းစွာရှေ့သို့လျှောက်လှမ်း
ထွက်သွားစေသည်။ သို့သော်ရှစ်ဖုန့်ဖြတ်သန်းသွားသောနေရာတိုင်းတွင် လူအုပ်က ကံဆိုးမှုကြယ်တစ်ခုအားမြင်တွေ့လိုက်ရသကဲ့သို့ အဝေးသို့ဖယ်ခွာသွားကြ၏။
ပုလဲမြို့၏ အမြင့်ဆုံးအဆောက်အဦးဖြစ်သော မြို့အရှင်သခင်အိမ်တော်၏ ခေါင်မိုးထက်တွင် ဖြစ်သည်။
ဤအချိန်တွင်ပုံရိပ်ငါးခုက ခေါင်မိုးထက်၌ ဝင့်ကြွားစွာရပ်နေပြီး စိတ်မချမ်းမြေ့ဖွယ်အော်ဟစ်သံများ
ထွက်ပေါ်လာသော ဟင်းလင်းပြင်ထံသို့စိုက်ကြည့်နေကြ၏။
ထို့နောက်ရှစ်ဖုန့်က ကျားဖြူ၏ကျောထက်မှနေ၌ လမ်းမပေါ်သို့ဆင်းသက်လိုက်သကဲ့သို့ လူငါး၏အကြည့်များကလည်း
လိုက်ပါလာသည်။
ဤလူငါးဦးမှာ ပုလဲမြို့၏ အရှင်သခင်ဖြစ်သူ ယဲ့မင်ရွှယ်နှင့်သူ၏တပ်မှူးလေး
ယောက်တို့ဖြစ်သည်။
ယဲ့မင်ရွှယ်မှာ ဖောင်းကြွဝတ်ရုံကိုဆင်မြန်းထားပြီးသူ၏လက်တို့အားနောက်ပစ်ထားသည်။ သူ၏မျက်နှာကခံ့ညားကာ ရှေ့ဆုံးမှဝင့်ကြွားစွာရပ်နေ၏။ တပ်မှူးလေးယောက်က သူ့ဘေးတွင်ရပ်နေကြသည်။
“မြို့အရှင်..ကျွန်တော်တို့ဒီလူကို ဖမ်းလိုက်ရမလား.. ပြီးတော့ အဲ့သူတောင်းစားအိုကြီး ဟော်ချွီက ကျွန်တော်တို့ ပုလဲမြို့ထဲမှာသေသွားတာ. ကျွန်တော်တို့သာ ဒီလူကိုဖမ်းဆီးလိုက်ရင် ထျန်းခွန်းဂိုဏ်းရောက်လာတဲ့အခါ ဖြေရှင်းချက်တစ်ခု ကျွန်တော်တို့ပေးနိုင်လိမ့်မယ်..”
ပုလဲမြို့တပ်မှူးလေးယောက်ထဲမှ တစ်ယောက်ဖြစ်သော ဝမ့်ဟန် ယဲ့မင်ရွှယ်ကို အကြံပေးလိုက်သည်။
“ဟင့်အင်း”
ဝမ့်ဟန်၏ စကားအားကြားရသောအခါတွင် ယဲ့မင်ရွှယ်က သူ၏လက်ကိုဆန့်ထုတ်လိုက်ပြီး ဝမ့်ဟန်ကိုတားလိုက်သည်။
ထို့နောက်သူကပြောလိုက်၏။
“ဒီလူအနေနဲ့ ဟော်ချွီက ထျန်းခွန်းဂိုဏ်းကဆိုတာသိတာတောင် ဘာအကြောက်အလန့်မှမရှိသတ်ဖြတ်
ရဲတာကြောင့် ဒီလူရဲ့မူလက မရိုးရှင်းလောက်ဖူး”
“ဒီလူက အရှေ့ပိုင်းဒေသကြီးထဲက အခြားမြင့်မြတ်ကုန်းမြေနှစ်ခုဖြစ်တဲ့ ယွဲ့ဟူဂိုဏ်းနဲ့ နေလဂိုဏ်းတို့ကများဖြစ်နိုင်မလား”
ဤအချိန်တွင် မျက်နှာထက်၌ မုတ်ဆိတ်မွှေးငုတ်တိုများဖြင့် ပြည့်နှက်နေသည့် တုတ်ခိုင်သော လူက ပြောလိုက်သည်။
ဤလူမှာ ပုလဲမြို့၏ဒုတိယတပ်မှူး မာယွဲ့ဖြစ်သည်။
“ဒီဖြစ်နိုင်ချေကိုလည်းငါတို့ပယ်ပစ်လို့မရဘူး”
မာယွဲ့၏စကားအားကြားရသောအခါတွင် ယဲ့မင်ရွှယ်က ခေါင်းညိမ့်ပြီးပြောလိုက်သည်။
“သိပ်မကြာခင်က ဒီလူဟာ ငါတို့ရဲ့ပုလဲမြို့ထဲက ရတနာတစ်ထောင်စံအိမ်က ကုန်သည်သင်္ဘောနဲ့အတူ ဝင်လာခဲ့တယ်ဆိုတဲ့သတင်းကိုငါရခဲ့တယ်.. ပြီးတော့ ရတနာတစ်ထောင် စံအိမ်ရဲ့သခင်လေးဖြစ်တဲ့ ရှစ်ကျင်းရွှိုက် ဒိလူကို ကိုယ်တိုင်ကိုယ်ကျတွေ့ခဲ့တယ်တဲ့”
“ဘာ ..ဒီလူက ရတနာတစ်ထောင်ကုန်သည်စံအိမ်နဲ့
ဆက်နွယ်နေတာလား”
ယဲ့မင်ရွှယ်၏ စကားတို့အားကြားလိုက်ရသောအခါတွင် ပုလဲမြို့၏ တပ်မှူးလေးယောက်မှာ အံ့အားသင့်စွာဖြင့် တစ်ယောက်ကိုယ်တစ်ယောက်ကြည့်
လိုက်ကြသည်။
ရတာတစ်ထောင်စံအိမ်က စီးပွားရေးအင်အားစုတစ်ခုဖြစ်သော်လည်း ဤအင်အားစု၏ အခြေခံအုပ်မြစ်က အရမ်းအားကောင်းသည်ကို သူတို့သိကြသည်ဖြစ်သည်။
ယဲ့မင်ရွှယ်ကပြောလိုက်သည်။
“အခုငါတို့ရဲ့ ထျန်းလျန်အင်ပါယာက သိုင်းပြိုင်ပွဲကိုစီဆင်နေတာဆိုတော့ နယ်ပယ်အစုံက ကျွမ်းကျင်သူတွေငါတို့ထျန်းလျန်အင်ပါယာဆီကိုလာလိမ့်မယ်.. အင်အားကြီးအဖွဲ့ အချို့က လူတွေလည်း ငါတို့ပုလဲမြို့မှာ မကြာခဏပေါ်လာနိုင်တယ်. အခုကိစ္စတွေကအများကြီးဖြစ်ပျက်နေပြီ.. တစ်ခြားသူတွေရဲ့ကိစ္စအလယ်ကို ငါတို့တွေမဝင်မိတာပိုကောင်းလိမ့်မယ်”
“မင်းတို့လည်းမင်းတို့ရဲ့ငယ်သားတွေအားလုံးကို ထိန်းချုပ်ထားပါ. ..မမောက်မာနဲ့အရင်ကလို အာဏာရှင်မဆန်နဲ့ ဒေါသနဲ့လျှောက်မရမ်းနဲ့ ..အထူးသဖြင့် အခြားနေရာက သူစိမ်းတွေအပေါက်ကိုနှိမ့်ချမကြည့်နဲ့..ပြီးတော့သူတို့ကို မစော်ကားမိစေနဲ့”
“ဟုတ်ကဲ့ အရှင့်ရဲ့ငယ်သားတွေနားလည်ပါပြီ”
မြို့အရှင် ယဲ့မင်ရွှယ်၏အမိန့်အားကြားရပြီးနောက် တပ်မှူးလေးယောက်က ၎င်းတို့၏လက်သီးအားဆုပ်၍ ယဲ့မင်ရွှယ်အား ဦးညွှတ်ဂါရဝါပြုလိုက်ကြသည်။
“အင်း”
ယဲ့မင်ရွှယ်က တပ်မှူးလေးယောက်အား
ခေါင်းညိမ့်ပြပြီးနောက် သူ၏ကိုယ်အားလှုပ်ရှားလိုက်ကာ ခေါင်းမိုးထက်မှပျောက်ကွယ်သွားသည်။
ဆက်ရန်……….
ဘာသာပြန်သူ-ARISE