← Chapters

ယန္တရားပညာရှင်

Vol. 1 Ch. 2

ယန္တရားပညာရှင်

Vol. 1 Ch. 2

အခန်း (၂) ယန္တရားပညာရှင်

သွေးစစ်ချက်‌အဖြေတွေက ချက်ချင်းဆိုသလို ရလာသည်။

လင်ဝေရှန်းဆီမှရလာသော အချက်အလက်များကိုကြည့်၍ ဟီလာ မျက်မှောင်ကြုံ့လိုက်၏။

“ပုံမှန်မဟုတ်တာ ဘာမှမရှိဘူးလား”

“ဗယ်ခရီဆေးက ဦးနှောက်ကို အဓိကသက်ရောက်တာ၊ ဦးခေါင်းကို ဖွင့်ပြီး စစ်ဆေးကြည့်ရလိမ့်မယ်။”

‘ခေါင်းကိုဖွင့်မယ်’ ဟန်ရှောင်း ထိတ်လန့်သွား၏။

‘ခေါင်းကိုဖွင့်မယ် ဟုတ်လား…'

ဟီလာက လက်ကိုယမ်းပြီး ထိုအကြံကို ပယ်ချလိုက်သည်။

“ဒီစမ်းသပ်မှုမှာ သူတစ်ယောက်တည်း အသက်ရှင်ကျန်ခဲ့တာ၊ ခေါင်းဖွင့်မယ့် ကိစ္စကိုတော့ ခဏထားလိုက်ဦး။”

လက်ရှိအခြေအနေသည် သူ့အတွက် အနည်းငယ်အကျိုးရှိကြောင်း သဘောပေါက်သွားသောအခါ ဟန်ရှောင်း၏ မျက်လုံးများ တောက်ပလာသည်။

လင်ဝေရှန်းက သိပ်မကျေနပ်သော်လည်း ဘာမှတော့ မပြောတော့ပေ။

“ဒီကိစ္စမှာ အခြေအနေတစ်ခုခု အပြောင်းအလဲရှိမရှိ သူ့ကို အချိန်အတိုင်းအတာ တစ်ခုအထိ စောင့်ကြည့်ကြမယ်”

“ဦးနှောက်ဆေးတဲ့ အဆင့်ကို ဆက်လုပ်ကြ”

ဟီလာက အမိန့်ပေးလိုက်သည်။

“ဦးနှောက်ဆေးခြင်း…”

ဟန်ရှောင်း၏ စိတ်များ ဘေးလံသွားသည်။ ဦးနှောက်ဆေးခြင်းသည် အညံ့ခံ‌စေခြင်းအတွက် သမားရိုးကျ နည်းလမ်းတစ်ခုဖြစ်သည်။ ထို့အပြင် ဂိမ်းထဲတွင်လည်း ဦးနှောက်ဆေးခံထားရသော လူတစ်ယောက်သည် အဖွဲ့အစည်းအတွက် ရိုးရှင်းစွာပင် မဟာမိတ်တစ်ယောက် ဖြစ်လာစေသည်။ သို့သော် ဟန်ရှောင်းအတွက်မူကား ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးသွားခြင်းသည် အဆိုးဝါးဆုံးကိစ္စတစ်ခုဖြစ်ပေသည်။

‘မဖြစ်နိုင်ဘူး’

သတင်းကောင်းကတော့ သည်ကမ္ဘာပေါ်မှ မှတ်ဉာဏ်ကူးပြောင်းခြင်း နည်းပညာတွေသည် မဖွံ့ဖြိုးသေးသည့်အတွက် နည်းလမ်းများသည် အလွန်ရိုးရှင်းလှ၏။ သူတို့ဖြစ်စေချင်သည့် အကြောင်းအရာကို ပြန်လည်ချိန်ညှိရန် အာရုံခံစားမှုဆိုင်ရာ လှုံ့ဆော်မှုများကို အသုံးပြုခဲ့ကြသည်။ ဉာဏ်ရည်အမှတ်တွင် အနည်းဆုံး ၁၀မှတ်ရှိသော သူသာလျှင် ဦးနှောက်ဆေးကြောခြင်း၏ အကျိုးသက်ရောက်မှုများကို ခံနိုင်ရည်ရှိမည်ဖြစ်သည်။

ဗယ်ခရီဆေးက ဟန်ရှောင်းကို ခံနိုင်ရည်ရှိမှုအမှတ်၏ (‌Growth Potential) တိုးတက်မှုအလားအလာ၌ ၁မှတ် ပေါင်းပေးထား၏။ တိုးတက်မှုအလားအလာသည် မွေးရာပါအခြေအနေတစ်ခုဖြစ်ပြီး (Growth Rate)တိုးတက်မှုနှုန်းအပေါ် သက်ရောက်မှုရှိသည်။

မတူညီသော လူမျိုးကွဲများတွင် မတူညီသော စမှတ်များရှိကြပြီး “Galaxy”အတွင်းရှိ ကမ္ဘာတိုင်းတွင်လည်း အတူတူပင်ဖြစ်သည်။

လူသားများ၏ တိုးတက်မှုနှုန်းမှာ ယျေဘုယအားဖြင့် သာမန်မျှသာဖြစ်သည်။ သို့သော်လည်း ဉာဏ်ရည်တိုးတက်မှုနှုန်းကို အမြင့်ဆုံးထိ မြင့်တင်နိုင်သော အလားအလာကို ပိုင်ဆိုင်ထားသည်။

ထို့အပြင် အနိမ့်ဆုံးသော သွေးအမှတ်ကိုလည်း ပိုင်ဆိုင်ထား၏။ ထို့ကြောင့် ခံနိုင်ရည်ရှိမှုတွင် ၁မှတ်တိုးလာခြင်းသည် ကောင်းလှပေသည်။

[အာရုံစူးစိုက်မှု]က ဟန်ရှောင်းကို ကျွမ်းကျင်မှုနှင့် လက်နက်ပြုလုပ်ခြင်းအတွက် +၁၀%တိုးတက်စေသည်သာမက အောင်မြင်မှုနှုန်းကိုလည်း မြင့်တက်စေသည်။

[အဆင့်နိမ့် စိတ်စွမ်းအား]သည် စိတ်စွမ်းအား ၃မှတ်ကို ပေး၏။ ထို၃မှတ်ကို ဉာဏ်ရည်အမှတ် ၃မှတ်အတွက် အစားထိုး အသုံးပြုနိုင်သည်။ ထို့ကြောင့် ဦးနှောက်ဆေးခြင်းကို တောင့်ခံနိုင်ရန် ဉာဏ်ရည်အမှတ် ၃မှတ် လိုအပ်နေသေးပေသည်။

အရပ်သားတစ်ယောက်ကို အဆင့်မြှင့်သောအခါ ကြုံရာကျပန်းစာရင်းတစ်ခုတွင် ၁မှတ်စီ တိုးပေးခြင်းဖြစ်ပြီး အတိအကျ သတ်မှတ်မထားသော အမှတ်၁မှတ်ကိုလည်း တိုးစေသည်။ သို့သော်လည်း၊ ဉာဏ်ရည်ရမှတ်တွင် ၁မှတ်တိုးရန် အခွင့်အရေးမှာ အလွန်နည်းလွန်းလှ၏။

ဟန်ရှောင်းသည် ကံအပေါ် မှီခို၍မရမှန်း သေချာသိပေသည်၊ ထို့ပြင် ကိုယ့်ကိုယ်ကိုယ် ကျိန်စာမိနေသူတစ်ယောက်ဟုပင် သံသယရှိနေ၏။ အကယ်၍ နတ်ဘုရားတစ်ပါးက သူ့ကိုပြုံးပြခဲ့ပါက ထိုသည်မှာ ကံဆိုးခြင်းနတ်ဘုရားပင် ဖြစ်လိမ့်မည်။ ကံတရားအပေါ် မှီခိုမည့်အစား အဓိကအမျိုးအစားတစ်ခု သင်ယူနိုင်အောင် နည်းလမ်းရှာခြင်းက ပို၍စိတ်ချရပေလိမ့်မည်။

ဟန်ရှောင်းက လွတ်လွတ်လပ်လပ် မသွားလာနိုင်သော်လည်း နည်းလမ်းတစ်ခုတော့ ရှိလိမ့်မည် မဟုတ်လော။

ရုတ်တရက် တစ်ခုကို သူတွေးမိလိုက်၏။

‘ငါက NPCဆိုရင် ငါ့ကိုစနစ်က ကာကွယ်ထားမှာ မဟုတ်လား’

“သူ့ကို ခေါ်သွားတော့”

ဟီလာက အမိန့်ပေးလိုက်သည်။

ဟန်ရှောင်းသည် နောက်အခန်းတစ်ခုသို့ နောက်တစ်ကြိမ်ဆွဲခေါ်သွားခြင်း ခံလိုက်ရသည်။

အခန်းထဲတွင် စာအုပ်စင်တစ်ခု ရှိနေကြောင်းကို သူသတိထားမိသည်။

<<တွမ်၏ ယန္တရားပညာမိတ်ဆက်>>

<<လူသားနှင့် ပုတ်သင်တို့၏ မျိုးရိုးဗီဇဆိုင်ရာ သီအိုရီ>>

<<ရန်ဒ်၏ အယူအဆများ>>

ကိုးကားနိုင်သော စာအုပ်များဖြစ်ကြသည်။

‘နေပါဦး၊ ဒီမှာ စာအုပ်တစ်အုပ် ရှိတာပဲ’ ဟန်ရှောင်း ဝမ်းသာသွားသည်။

ဟန်ရှောင်း နောက်တွင်ရှိသော အစောင့်၂ယောက်ကို ဂရုမစိုက်တော့ဘဲ စာအုပ်စင်ရှိရာသို့ လျှောက်လာလိုက်သည်။

သူ့အပြုအမူက လူတွေသတိပြုမိသွားပြီး ချက်ချင်းဆိုသလိုပင် အစောင့်၂ယောက်က သေနတ်နှင့် ချိန်လိုက်ကြသည်။

သို့သော်လည်း ဟန်ရှောင်းက အားတင်းလိုက်ပြီး ဆက်လျှောက်သွားနေသည်။

‘မင်းတို့ မပစ်တာကောင်းမယ်နော်၊ ငါက တန်ဖိုးရှိတဲ့ စမ်းသပ်ခံလေးပဲ’

“မပစ်နဲ့ဦး၊ သူဘာလုပ်မလဲ ကြည့်ကြ‌တာပေါ့”

လင်ဝေရှန်းက အော်လိုက်သည်။

အစောင့်၂ယောက်မှာ ချီတုံချတုံနှင့် ချိန်ထားသည်ကို အောက်ပြန်ချလိုက်သည်။

ဟန်ရှောင်းသက်ပြင်းချလိုက်၏။ သူက ပထမဆုံးအောင်မြင်သည့် စမ်းသပ်ခံဖြစ်သည့်အပေါ် အကုန်ပုံအောပြီး လောင်းကြေးထပ်ခဲ့သည် မဟုတ်လော။

<<တွမ်၏ ယန္တရားပညာမိတ်ဆက်>>

ဟန်ရှောင်းသတိပြုမိသည့် စာအုပ်ဖြစ်သည်။ စာအုပ်စင်မှ ဆွဲထုတ်လိုက်ပြီး တစ်ရွက်ချင်းလှန်၍ ဖတ်ရှုနေသည်။

ရှည်လျားသော စာပိုဒ်များ၊ ရှုပ်ထွေးသောပုံများက ဟန်ရှောင်းနားလည်ရန် ခက်ခဲသော်လည်း စိတ်ရှည်ရှည်နှင့် ဆက်ဖတ်နေလိုက်သည်။

စက္ကန့် ၂၀ခန့်ကြာပြီးနောက် ဂိမ်းမျက်နှာပြင်ပေါ်လာလေသည်။

¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯

သင်သည် အခြေခံစက်ယန္တရားပညာရပ်ကို ကိုယ်တိုင်သင်ယူခြင်းတွင် အချိန်တစ်ချိန်စာ ပြီးမြောက်ခဲ့ပါပြီ

[အခြေခံတပ်ဆင်မှု] ၂% တိုးတက်လာသည်။ (သင်၏ဉာဏ်ရည်ပေါ် မူတည်၍)

(အာရုံစူးစိုက်မှုမှ ၀.၂%)

¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯

‘ငါထင်ထားသလိုပဲ’ ဟန်ရှောင်း ပျော်ရွှင်သွား၏။ ဤစာအုပ်ကို ကိုယ်တိုင်နားမလည်သော်လည်း စနစ်၏ အလိုလျှောက်ကျွမ်းကျင်မှုစနစ်က ထိုပညာရပ်များကို တိုက်ရိုက်ရရှိစေနိုင်သည်။

လင်ဝေရှန်း၏ သိချင်စိတ်များလည်း ပြင်းပြလာသည်။

‘စမ်းသပ်ခံက သင်ယူနေတဲ့ပုံပဲ’

ဟန်‌ရှောင်းကို ပို၍လေ့လာနိုင်ရန် လင်ဝေရှန်းက ဟန်ရှောင်းကို ဆက်၍စာဖတ်စေခဲ့သည်။

အခန်းတစ်ခုလုံး စာရွက်လှန်သံများမှအပ တိတ်ဆိတ်လျက် ရှိနေတော့သည်။

¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯

[အခြေခံတပ်ဆင်မှု]

တိုးတက်မှုနှုန်း

15% (+1.5%)

…

29% (+2.9%)

…

48% (+4.8%)

¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯

ဟန်ရှောင်း၏ စာဖတ်သော အမြန်နှုန်းသည်လည်း တိုးလာနေသည်။ သို့သော်လည်း၊ စက္ကန့်တိုင်းသည် နောက်ဆုံးအချိန်ဖြစ်သွားနိုင်သကဲ့သို့ ဖိအားလည်းများလာ၏။

ဟီလာအခန်းထဲရောက်တဲ့အခါ ဟန်ရှောင်း စာဖတ်နေတဲ့မြင်ကွင်းက သူမကို မျက်မှောင်ကြုတ်သွားစေသည်။

“ဘာတွေဖြစ်နေတာလဲ။”

လင်ဝေရှန်းက ရှင်းပြလိုက်သည်။

“ရှင်ပြောချင်တာက သူ့ရဲ့သင်ယူမှုစွမ်းရည် ကောင်းလာတယ်ပေါ့”

“ဒါက ကျွန်တော့်ရဲ့ ကနဦးကောက်ချက်ပါပဲ။ စေ့စေ့စပ်စပ် အကဲဖြတ်ဖို့ သူ့ခေါင်းကိုဖွင့်ခွင့်ပြုရင် ပိုပြည့်စုံတဲ့အဖြေကို ကျွန်တော်ရနိုင်မှာပါ။”

ဟန်ရှောင်း တုန်လှုပ်သွားသည်။

‘ဒီသူတောင်းစားက ငါ့ဦးနှောက်ကို ဘယ်လောက်တောင်ချစ်နေတာလဲ’

ဟီလာတွေးကြည့်လိုက်သည်။

‘တကယ်လို့ သူ့ရဲ့ဦးနှောက်က တိုးတက်သွားတယ်ဆိုရင် ငါတို့အစက ထင်ထားတာထက် ပိုပြီးတန်ဖိုးရှိနိုင်တာပဲ’

“ဦးနှောက်ဆေးဖို့ စက်ကိရိယာတွေ အဆင်သင့်ဖြစ်ပြီလား”

ဟီလာက မေးလိုက်သည်။

“ပြင်ဆင်လို့ ပြီးပါပြီ။”

‘သေစမ်း၊ ငါမြန်မြန်လုပ်မှရမယ်’ ဟန်ရှောင်းတွေးလိုက်၏။

ရုတ်တရက်၊ အသံတစ်ခုနှင့်အတူ အသိပေးချက်တစ်ခုက ဂိမ်းမျက်နှာပြင်ပေါ်သို့ ပေါ်လာလေသည်။

¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯

[အခြေခံတပ်ဆင်မှု]

တိုးတက်မှုနှုန်း- 90% (+10%)

စက်ယန္တရားဆိုင်ရာ အခြေခံအသိပညာကို သင်လေ့လာခဲ့ပြီး၊ စက်ယန္တရားပညာစွမ်းရည်သစ်ပင်ကို ဖွင့်လိုက်ပါပြီ။

အသက်မွေးဝမ်းကြောင်းအသစ်တစ်ခုကို သင်လော့ခ်ဖွင့်လိုက်ပါပြီ-

[ယန္တရားပညာရှင် (စတင်သင်ယူသူ)]

ခွန်အား +၁၀၊ ဉာဏ်ရည် +၁၊ ခံနိုင်ရည် +၁

သင်သည် အမှတ် 2 မှတ် ရရှိထားသည်။

သင်သည် အရည်အချင်းအမှတ် (Talent Point) 1 မှတ် ရရှိထားသည်။

သင်သည် ကျွမ်းကျင်မှုအသစ်များကို ရရှိထားပါသည်။

[ယန္တရားပညာရှင် (စတင်သင်ယူသူ)]

[အခြေခံထိန်းသိမ်းမှု]

[အခြေခံမွမ်းမံမှု]

¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯

အပူစီးကြောင်းတစ်ခု တစ်ကိုယ်လုံးကို ဖြတ်သန်းသွားသလို ခံစားလိုက်ရပြီး ဖတ်နေသောစာအုပ်တစ်အုပ်လုံးကို တကယ်နားလည်သွားကြောင်း တအံ့တဩ သတိပြုမိသွားတော့သည်။

‘ငါဒီဂိမ်းထဲကနေ ပညာရပ်တွေကို တကယ်သင်လို့ရတာပဲ... လာနောက်နေတာလားဟ’

‘ထူးဆန်းတာပဲ...’

ဟန်ရှောင်း၏ Update အချက်အလက်များလည်း ပေါ်လာလေသည်။

¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯

နာမည် : ဟန်ရှောင်း

လူမျိုး : လူသား/ ကာဗွန်အခြေခံ (အဝါရောင်)

မော်ဒယ် : NPC (ဗားရှင်း 1.0 သို့ရေတွက်ခြင်း - 358 ရက် 10 နာရီ 11 မိနစ်)

အဆင့် (Level) : ၂

အတွေ့အကြုံ : ၀

အဓိက အမျိုးအစား (Main Class) : အင်ဂျင်နီယာ (စတင်သင်ယူသူ) – အဆင့်. ၁ (၀/၂၀၀)၊

အမျိုးအစားခွဲ (Sub-Class) : အရပ်သား – အဆင့် ၁ (၀/၅၀)၊

သွေးအမှတ် (HP) : ၄၃/၅၀ (ဒဏ်ရာရ)၊

သက်လုံ : ၈၀/၈၀

ပင်ကိုယ်အရည်အသွေးများ : ခွန်အား ၃၊ လက်စွမ်း ၃၊ ခံနိုင်ရည် ၅၊ ဉာဏ်ရည် ၄၊ လျှို့ဝှက်ဆန်းကြယ်မှု ၁၊ ကျက်သရေ ၂၊ ကံကောင်းခြင်း ၁။

မသတ်မှတ်သေးသော အမှတ်များ : ၂

စွမ်းအင် (Energy) : ၁၀/၁၀ [အဆင့် ၁]

အဆင့် ၁ (၁၀) : [ခွန်အား + ၁၊ လက်စွမ်း + ၁၊ ခံနိုင်ရည် + ၁၊ အမြင့်ဆုံး သက်လုံ + ၂၀]

စွမ်းအင်အဆင့် : ၃-၄

အဆင့်အတန်း (Grade) : F (သေမျိုး)

[အဆင့်နိမ့် လူရမ်းကား ၅ ယောက်ကို တိုက်ခိုက်ရန် သင့်တွင် တိုက်ပွဲဝင်အင်အား နည်းပါးနေသေးသည်။]

စွမ်းရည်များ (Abilities)

- အာရုံစူးစိုက်မှု : ကျွမ်းကျင်မှုနှင့် ဖန်တီးမှုအမြန်နှုန်း +10%

- အဆင့်နိမ့် စိတ်စွမ်းအား : အာရုံစိုက်မှု +၃

ကျွမ်းကျင်မှုများ (Skills)

[ယန္တရားပညာရှင် (စတင်သင်ယူသူ)]

အဆင့် 1 (0/1000) – အင်ဂျင်နီယာကျွမ်းကျင်မှုကို တိုးစေသည်။

[အခြေခံထိန်းသိမ်းမှု]

အဆင့် 1 (0/400) – ရိုးရှင်းသော ပြုပြင်ထိန်းသိမ်းမှုကို လုပ်ဆောင်နိုင်သည်။

[အခြေခံမွမ်းမံမှု]

အဆင့် 1 (0/600) – စက်ယန္တရားများကို မြှင့်တင်နိုင်ခြင်း

အလားအလာ : ၁

အမျိုးအစား စွမ်းရည်များ (Class Talents)

- လက်နက်များ : အခြေခံတပ်ဆင်မှု အဆင့် ၁ [၁၉ ခု မသင်ယူရသေးပါ။]

- စွမ်းအင် : [၂၀ ခု မသင်ယူရသေးပါ။]

- ထိန်းချုပ်မှု : [၂၀ ခု မသင်ယူရသေးပါ။]

လွှမ်းမိုးမှု : ၀

ဒဏ္ဍာရီ: ၀

ကိရိယာ : မရှိပါ။

¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯

အချက်အလက်များအရ၊

(Strength) ခွန်အားသည် အနီးကပ်တိုက်ခိုက်မှုအတွက် (Damage) ထိခိုက်နိုင်မှုကို တိုးတက်စေရုံသာမက လေးလံသော ကိရိယာများ ကိုင်ဆောင်အသုံးပြုနိုင်ရန်အတွက်လည်း လိုအပ်ချက်တစ်ခုဖြစ်သည်။

(Dexterity – DEX) လက်စွမ်းသည် လှုပ်ရှားမှုအမြန်နှုန်း၊ တိုက်ခိုက်မှုအမြန်နှုန်းနှင့် ရှောင်တိမ်းခြင်းတို့ကို တိုးတက်စေသည်။ အဝေးပစ်တိုက်ခိုက်မှုတွင်လည်း တိုးတက်စေနိုင်သည်။

(Endurance – END) ခံနိုင်ရည်သည် သွေးအမှတ်နှင့် စွမ်းအင်ကို တိုးတက်စေသည်။ ခံနိုင်ရည် ၁မှတ်သည် သွေးအမှတ် (HP) ၁၀မှတ်နှင့် (Energy)စွမ်းအင် ၁၀မှတ်ကို ပေးစွမ်းနိုင်၏။ ခံနိုင်ရည်သည် အချို့သော စွမ်းရည်များနှင့် ကျွမ်းကျင်မှုများကို သက်ရောက်မှုရှိစေပြီး သွေးအမှတ် (HP) နှင့် စွမ်းအင် (Recovery Rate) ပြန်လည်ရယူမှုနှုန်း တိုးလာစေသည်။

တိုက်ခိုက်ခြင်း၊ ကာကွယ်ခြင်း၊ လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ ရေကူးခြင်း၊ လက်နက်များပြုလုပ်ခြင်း စသည့် လှုပ်ရှားမှုများသည် စွမ်းအင်ကုန်ဆုံးစေနိုင်သည်။

END ခံနိုင်ရည်အားသည် ရုပ်ပိုင်းဆိုင်ရာ ခုခံမှုအတွက် အကျိုးသက်ရောက်မှုရှိသည်။ ခုခံကာကွယ်မှုအတွက် တွက်ချက်ရာတွင် ဖော်မြူလာများစွာရှိ၏။

ဥပမာအားဖြင့် - လူနှစ်ဦး၏ ကာကွယ်ရေးဆိုင်ရာ ကိန်းဂဏာန်းများ တူညီနေလျှင်ပင် တစ်ဦးသည် သတ္တုကျည်ကာ မ၀တ်ဆင်ထားပါက အခြားတစ်ယောက်ထက် ကျည်ဆံ၏ ထိခိုက်မှု(Damage) ပိုမိုရရှိမည်ဖြစ်သည်။

ထိခိုက်မှု/ထိခိုက်နိုင်မှု(Damage) ကို သက်ရောက်မှုရှိစေသော အခြားအကြောင်းရင်းများတွင် စွမ်းအင်၊ အကွာအဝေး၊ ကျည်ဆန်အမျိုးအစား၊ လူမျိုးရေးလက္ခဏာများနှင့် ကျည်ကာပြုလုပ်ထားသော သတ္တုအမျိုးအစားတို့ ပါဝင်ပါသည်။ တွက်ချက်သောအခါ ဆာဗာများပေါ်ရှိ ကွမ်တမ်ကွန်ပြူတာမှ ဤအချက်အားလုံးကို ထည့်သွင်းစဉ်းစားခဲ့ပါသည်။ ကစားသမားများသည် ခုခံကာကွယ်မှုကို တိကျအောင် မတွက်ချက်နိုင်သဖြင့် ခုခံကာကွယ်မှု ပိုရှိခြင်းကသာ ကောင်းမွန်သည့်အရာဖြစ်သည်။

(Intelligence) ဉာဏ်ရည်သည် (Growth Rate)တိုးတက်မှုနှုန်း နှင့် (Willpower)စိတ်စွမ်းအားတို့အပေါ်တွင် အကျိုးသက်ရောက်မှုရှိ၏။ ဉာဏ်ရည်ပို၍မြင့်သော လူတစ်ဦးသည် ကျွမ်းကျင်မှုစွမ်းရည် (Skills) များ သင်ယူရာတွင် ကျွမ်းကျင်ပိုင်နိုင်မှုကို ပို၍မြန်မြန်ဆန်ဆန် ရရှိနိုင်သည်။

ထို့ပြင်၊ ယန္တရားပြုလုပ်မှုတွင် ကျွမ်းကျင်မှုနှင့် အမြန်နှုန်းကို တိုးတက်စေပြီး ယန္တရားပညာရှင်ဖန်တီးလိုက်သော စက်ပစ္စည်း၏ အရည်အသွေးအပေါ်တွင်လည်း အကျိုးသက်ရောက်မှု ရှိစေ၏။ ထိုအချက်သည် ယန္တရားပညာရှင်၏ အမျိုးအစားအတွက် အရေးအပါဆုံးအချက်လည်း ဖြစ်သည်။

(Mystery) လျှို့ဝှက်ဆန်းကြယ်မှုသည် လူတစ်ဦး၏ သဘာဝလွန်စွမ်းအား၊ စိတ်ဓာတ်စွမ်းအားများနှင့် မှော်စွမ်းရည်များအပေါ် သက်ရောက်မှုရှိသည်။

(Luck) ကံကောင်းခြင်းသည် ဝေဖန်ပိုင်းခြားနိုင်မှုနှင့် ပစ္စည်းရရှိမှုတို့အပေါ်တွင် အကျိုးသက်ရောက်မှုရှိ၏။

ဤပြောခဲ့ပြီးသော အချက် (၇)ချက်သည် အမှတ်များတိုးစေနိုင်သည့် အဓိကကျသည့် (Attributes) ပင်ကိုယ်အရည်အသွေးများ ဖြစ်ကြသည်။

ထို့နောက်တွင်၊ (Energy) စွမ်းအင်သည် စူပါပါဝါများအတွက် 'Mana' ကဲ့သို့ လုပ်ဆောင်ပေးသည့် ဂိမ်း၏ အဓိက အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အဆင့်တက်ခြင်း သို့မဟုတ် ကျွမ်းကျင်မှုစွမ်းရည် (Skill) အချို့ကို သင်ယူပြီးမှသာ တိုးလာနိုင်သည်။

စွမ်းအင်သည် စူပါပါဝါများကို ဖွင့်ရန်နှင့် ငုပ်လျှိုးနေသောစွမ်းအားများ နိုးထမှုအတွက် လိုအပ်သည့်အရာတစ်ခုဖြစ်သည်။

လူတစ်ယောက်သည် စွမ်းအင်အဆင့် ပေါ်မူတည်၍ အပိုအမှတ်များ ရရှိနိုင်သည်။

Level 1 – 10, Level 2 – 50, Level 3 – 100

စွမ်းအင်အဆင့်တိုင်းတွင် လူတစ်ယောက်၏ အမျိုးအစားပေါ်မူတည်၍ ကျပန်းအမှတ်များ ရရှိနိုင်ပြီး အမျိုးအစားမြင့်လေ ပို၍အကျိုးကျေးဇူးရှိလေ ဖြစ်သည်။

စွမ်းအင်သည် စူပါပါဝါများအတွက် 'Mana'လည်းဖြစ်ပြီး၊ စွမ်းအင်ပမာဏသည် အဆင့်တစ်ခုတွင် ရှိရမည်အောက် လျော့ကျသွားပါက အပိုအမှတ်များသည်လည်း ဆုံးရှုံးသွားမည်ဖြစ်သည်။

ဥပမာဆိုရသော်၊ အဆင့် ၁ တွင် ရရှိထားသော အပိုအမှတ်သည် စွမ်းအင်ပမာဏ ၁၀အောက် ကျသွားပါက ဆုံးရှုံးသွားမည်ဖြစ်သည်။ ထိုအချိန်တွင် ထိုသူသည် စွမ်းအားဆုံးရှုံးမှုကြောင့် မောဟိုက်လာနိုင်ပြီး တိုက်ခိုက်မှုစွမ်းရည်ကို အကျိုးသက်ရောက်မှုဖြစ်စေသည်။

စွမ်းအင်သည် အလိုအလျောက် ပြန်လည်ပြည့်တင်းလာသော်လည်း အလွန်နှေးကွေးသောနှုန်းနှင့်သာ ဖြစ်သည်။ သို့ရာတွင် (Stimina)သက်လုံကို စွမ်းအင်ပြည့်တင်းမှုမြန်လာစေရန် အသုံးပြုနိုင်သည်။ ထို့အတူ၊ စူပါပါဝါများကို အသုံးပြုရာတွင် စွမ်းအင်မလုံလောက်ပါက သက်လုံကို အစားထိုးအသုံးပြု၍ရ၏။ စွမ်းအင်ရော သက်လုံပါ မလုံ‌လောက်ပါလျှင်မူ (HP) သွေးအမှတ်ကို အသုံးပြုနိုင်သည်။ ကစားသမားပေါင်းများစွာသည် ဤနည်းလမ်းကို ဂရုတစိုက်မသုံးမိ၍ သေဆုံးသွားခြင်းများလည်း ရှိခဲ့သည်။

လူတစ်ယောက်၏ (Grade) အဆင့်အတန်းသည် သူတို့၏ တိုက်ခိုက်မှုခွန်အားကို ထင်ဟပ်စေသည်။ လူများကို (Grade)အဆင့်အတန်းအရ ခွဲခြားထားသည်။ စွမ်းအင်ကို တိုင်းတာသည့်ယူနစ်မှာ (Ona) အိုနာ ဖြစ်သည်။

စူပါလူသားများကို အိုနာ (Ona) ပေါ် မူတည်၍ အဆင့်အတန်း Grade A, B, C, D, E သတ်မှတ်ထားသည်။

ဟီလာသည် အိုနာ 100 ပိုင်ဆိုင်သော အဆင့်အတန်း E စူပါလူသားတစ်ယောက်ဖြစ်သည်။

နတ်ဘုရားအဆင့် စူပါလူသားမှာ အဆင့်အတန်း A ဖြစ်ပြီး ဂြိုလ်တစ်ခုလုံးကိုပင် ဖျက်စီးနိုင်ကြသည်။

အဆင့်အတန်း A သည် အမြင့်ဆုံးကန့်သတ်ချက်မဟုတ်မှန်း ထိုအဆင့်သို့ ရောက်ခဲ့ဖူးပြီးသော ဟန်ရှောင်းက သိနေသည်။

ယန္တရားပညာရှင်အဆင့်အတန်းကို ဖွင့်ခဲ့ပြီးနောက် မသတ်မှတ်သေးသော အမှတ် ၂မှတ် ရရှိခဲ့သည့်အတွက် ဦးနှောက်ဆေးခြင်းကို ကျော်လွှားနိုင်ရန် ဉာဏ်ရည်အမှတ် ၁မှတ်သာ လိုတော့သည်။

ထိုအမှတ်ကို အဆင့်တက်ခြင်းမှလွဲ၍ ရရှိနိုင်စရာလမ်းကြောင်း ရှိမနေပေ။

‘(Exp) အတွေ့အကြုံအမှတ်ရအောင် ဘယ်လိုလုပ်ရမလဲ၊ အပြင်ထွက်ပြီး မွန်းစတားတွေ အမဲလိုက်တာတို့၊ (Quest) စနစ်ရဲ့ တောင်းဆိုချက်တွေ ဖြေရှင်းတာတို့ကိုလည်း အခုလုပ်လို့မရဘူး’

‘သေစမ်းကွာ၊ ဘာနည်းမှ မရှိတော့ဘူးလား’

ရုတ်တရက်၊ ဟန်ရှောင်းအကြံရသွားသည်။

စာအုပ်ကို လွင့်ပစ်လိုက်ပြီး အစောင့်၏ ခါးတွင်ချိတ်ထားသော သေနတ်ကို တွေတွေကြီး ငေးကြည့်နေလိုက်သည်။

ဟီလာက မျက်မှောင်ကြုံ့သွားသော်လည်း ဘာမှတော့ မပြောချေ။ လူတိုင်းသည်လည်း ဟန်ရှောင်း ဘာလုပ်မလဲလို့ စောင့်ကြည့်နေကြသည်။

ဟန်ရှောင်း အစောင့်ဆီသို့ တည့်တည့်လျှောက်သွားလိုက်သည်။ သူ့ရည်ရွယ်ချက်သည် အလွန်ရှင်းလင်းနေပြီး သေနတ်ဆီသို့ လက်လှမ်းလိုက်သည်။

အစောင့်သည် သူ့သေနတ်ကို အလိုလိုဆွဲထုတ်လိုက်ပြီး ဟန်ရှောင်သည် ၎င်းကို လုယူရန် ကြံရွယ်ထားပုံမပေါ်သော်လည်း တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။

ဟန်ရှောင်းသည် အလွန်နှေးကွေးစွာ လှုပ်ရှားနေသောကြောင့် အစောင့်အနေဖြင့် ပစ်ခတ်ရန်လိုသည်ဟုလည်း မထင်မြင်ထားချေ။

“ကျည်ကပ်ထုတ်ပြီး သူ့ကိုပေးလိုက်” ဟီလာက အမိန့်ပေးလိုက်သည်။

အစောင့်က အမိန့်အတိုင်း လုပ်ဆောင်လိုက်သည်။

သေနတ်ကို ရရှိပြီးနောက်၊ အချက်အလက်များ ဂိမ်းမျက်နှာပြင်ပေါ်တွင် ပေါ်လာတော့သည်။

¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯

73-WASP (အသေးစား ပစ္စတို)

အဆင့်အတန်း : မီးခိုးရောင်

ထိခိုက်နိုင်မှု : ၂၈ -၃၅

ပစ်ခတ်မှုနှုန်း : 1.1/s

ပါဝါ : ၁၃

အဓိက အစိတ်အပိုင်းများ : စပရိန်၊ မောင်း၊ မောင်းတံ၊ ကျည်ကပ် (ပျောက်ဆုံး)

¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯

[အခြေခံတပ်ဆင်မှု]သည် ဟန်ရှောင်းအား များစွာသော စက်ပစ္စည်းများနှင့် သက်ဆိုင်သည့် ဗဟုသုတများ ပေးခဲ့ပြီး 73-WASP ၏ အသေးစိတ်ပုံစံမှာ သူ့စိတ်ထဲတွင် ပေါ်လာခဲ့သည်။

ချက်ချင်းဆိုသလိုပဲ ဟန်ရှောင်းက အဲဒါကို ဘယ်လိုတပ်ဆင်ရမလဲဆိုတာ သဘောပေါက်သွားသည်။ ဂိမ်းထဲတွင်တော့ သင်ယူပြီးသည်နှင့် သေနတ်ကို ကျည်ဖြည့်ရန်သာလိုအပ်သည်။ ယခုတော့ သူသည် နည်းပညာပိုင်းဆိုင်ရာတစ်ချို့ကို လုပ်ဆောင်ရန်လိုအပ်နေလေသည်။

အရာအားလုံးသည် ဂိမ်းတွင်ရှိခဲ့ဖူးသည်ထက်ပို၍ လက်တွေ့ကျနေခဲ့ပြီး အမှန်တကယ် ‘လက်တွေ့ဘဝ’ သို့ ဘဝကူးပြောင်းလာခဲ့သည်ဟု ယူဆနေသော သူ၏သံသယကို အတည်ပြုပေးနေသည်။

ဟန်ရှောင်းသည် သေနတ်ကို တစ်စစီဖြုတ်ပြီးနောက် ပြန်လည်တပ်ဆင်ခဲ့သည်။

[အခြေခံတပ်ဆင်မှု]အတွက် အိုင်ကွန်လေးတစ်ခု ပေါ်လာသည်။

စက္ကန့်၄၀ကြာပြီးနောက် သူ၏လုပ်ငန်းစဉ် ပြီးစီးသွား၏။

စပါယ်ရှယ်လစ်တစ်ယောက်အတွက် စက္ကန့်၄၀သည် ဘာမှမဟုတ်သော်လည်း ဟန်ရှောင်းမှာ လူသစ်လေးသာ ဖြစ်သေးသည်မဟုတ်လော...

သူလုပ်ခဲ့သည်မှာ စာအုပ်ကို ၁၀မိနစ်လောက်သာ ဖတ်ခဲ့ခြင်းဖြစ်သည်။

လူတိုင်း အံ့ဩထိတ်လန့်ကုန်၏။

‘ဗယ်ခရီဆေးရဲ့ အကျိုးသက်ရောက်မှုလား’

လင်ဝေရှန်းက စိတ်လှုပ်ရှားစွာနဲ့ စကားစလိုက်ပါတယ်။

“ဒီလို သင်ယူမှုစွမ်းရည်မျိုး.... ငါသူ့ဦးနှောက်ကို ခွဲခြမ်းစိတ်ဖြာနိုင်ရင် ငါပြန်ဖန်တီးနိုင်တယ်…”

‘သွားသေလိုက်ပါလား၊ ဘယ်လောက်အထိတောင် ဦးနှောက်ကို စွဲလန်းနေတာလဲ’

ဟန်ရှောင်း သေနတ်ကို ပြန်လည်တပ်ဆင်ခြင်းကိုသာ အထပ်ထပ်အခါခါ လုပ်နေတော့သည်။

¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯

တပ်ဆင်မှု (အခြေခံ) အောင်မြင်ပါသည်။

ပြီးပြည့်စုံမှုနှုန်း 69%၊ အတွေ့အကြုံအမှတ် 28မှတ် ရရှိခဲ့သည်။

တပ်ဆင်မှု (အခြေခံ) အောင်မြင်ပါသည်။

ပြီးပြည့်စုံမှုနှုန်း 73%၊ အတွေ့အကြုံအမှတ် 32မှတ် ရရှိခဲ့သည်။

¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯

Galaxy တွင် အတွေ့အကြုံအမှတ် ရရှိရန် နည်းလမ်းများစွာရှိခဲ့သည်။ မွန်းစတားများကို အမဲလိုက်ခြင်းနှင့် (Quest) စနစ်၏တောင်းဆိုမှုများအပြင်၊ (Skill) ကျွမ်းကျင်မှုစွမ်းရည်နှင့် ဖန်တီးမှုတို့သည် ယန္တရားပညာရှင်များအတွက် (Exp)အတွေ့အကြုံအမှတ် ရရှိရန် အဓိကအရင်းအမြစ်နှစ်ခု ဖြစ်သည်။

ဟန်ရှောင်း ထပ်ခါထပ်ခါပြုလုပ်နေရာမှ ပို၍ပို၍ မြန်ဆန်လာလေသည်။ သိပ်မကြာခင်တွင် စက္ကန့်၂၀အတွင်း ပြီးနိုင်တော့မည်ဖြစ်သည်။

“ဦးနှောက်ဆေးခြင်းကို အခု ဆက်လုပ်ကြတော့” ဟီလာက ရုတ်တရက် အမိန့်ပေးလိုက်သည်။

ကံကောင်းစွာဖြင့်၊ ဟန်ရှောင်သည် အတွေ့အကြုံအမှတ် 200 ရရှိသွားပြီးဖြစ်သည်။

အတွေ့အကြုံအမှတ် အားလုံးကို ယန္တရားပညာရှင် အမျိုးအစား အဆင့်တက်ရန် အသုံးပြုပါ။

ဒင်

¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯

[ယန္တရားပညာရှင် (စတင်သင်ယူသူ)] အဆင့်တက်ပါပြီ။

အဆင့် ၁ --> အဆင့် ၂

စွမ်းအင် +10

ဉာဏ်ရည် +1၊ ခံနိုင်ရည် +1

သင်သည် အမှတ် 2 မှတ် ရရှိထားသည်။

သင်သည် အရည်အချင်းအမှတ် 1 မှတ် ရရှိထားသည်။

¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯

ဟန်ရှောင်း စိတ်သက်သာရာရသွားပြီး သက်ပြင်းတစ်ချက် ချလိုက်တော့သည်။

‘တော်သေးတာပေါ့’

အခန်း (၂) ပြီး၏။

လင်းဆက်

+++++

All Chapters