← Chapters

အဖြူနှင့်အမည်းကို ပြောင်းပြန်လှန်ခြင်း

Vol. 69 Ch. 954

အဖြူနှင့်အမည်းကို ပြောင်းပြန်လှန်ခြင်း

Vol. 69 Ch. 954

“မိုဝူကျိ… မင်းဘယ်လိုတောင်… ”

မိုဝူကျိက ရွိုက်ကောကို စပါးရိတ်သိမ်းစေချင်သည်ကို မြင်သောအခါ ကွမ်းကျစ်သည် စတင်၍ ထိတ်လန့်လာလေသည်။

စည်းကမ်းရေးရာခန်းမ ရောက်လာပြီးနောက် သူသည် မိုဝူကျိကို မောင်းထုတ်ရန် ရည်ရွယ်ထားသည်။ ထို့နောက် ဤလယ်မြေကို သိမ်းပိုက်လိုက်မည်။ သို့မှသာ ဂိုဏ်းကြီးမှလူများ ရောက်လာကြသောအခါ သူသည် ထင်ပေါ်နိုင်ပေလိမ့်မည်။ သူက မြေကွက်တစ်ကွက်စာ အဆင့်မြင့် နှင်းစက်စိမ်းဆန်ကို ထုတ်လုပ်နိုင်ခဲ့ပြီ။ ဤသည်မှာ လူတစ်ယောက်၏ ရှုထောင့်မှ ဖြစ်ပေသည်။ သို့သော် ပို၍ အရေးကြီးသည်မှာ အချိန်ကျလာသောအခါ သူသည် နာမည်ကော အကျိုးအမြတ်ပါ အသာလေး ကောက်စားနိုင်ပေလိမ့်မည်။ သူ ကနဦး နတ်ဘုရားအဆင့်ကို ထိုးဖောက် ကျော်လွှားနိုင်ရန် အခွင့်အရေးပင် ရရှိနိုင်ပြီး ကောင်းကင် နတ်ဘုရားအဆင့်ကို ဝင်ရောက်ကောင်း ဝင်ရောက်နိုင်ပေလိမ့်မည်။

သို့သော်လည်း မိုဝူကျိသည် ကွမ်းကျစ်ကို စိတ်ထဲမထားပေ။ ဤအစား သူသည် ယင်းရှုရှုနှင့် အပေါင်းအပါများဆီသို့ လေးစားစွာ ဦးညွှတ်လိုက်သည်။

“ကျုပ် နှင်းစက်စိမ်းဆန်ကို နှစ်ပေါင်းများစွာ စိုက်လာခဲ့တာ။ ဒါက ကျုပ် အမှတ်မထင် အဆင့်မြင့် နှင်းစက်စိမ်းဆန်ကို ထုတ်လိုက်နိုင်တဲ့ ပထမဆုံး အကြိမ်ပဲ။ သူ့တန်ဖိုးကို ကျုပ် သေချာမသိဘူး။ ဒါကြောင့် စီနီယာအစ်ကိုတို့၊ အစ်မတို့… ကျုပ်ကို ဒါအတွက် တန်ဖိုးလေး ကူညီခန့်မှန်းပေးဖို့ တောင်းဆိုပါရစေ။ အချိန်ကျလာတဲ့အခါ တကယ်လို့ ခင်ဗျားတို့ ကျုပ်ကို အဆင့်နိမ့် နှင်းစက်စိမ်းဆန်တချို့ ပေးရင် လုံလောက်ပါပြီ”

မိုဝူကျိ၏ စကားလုံးတို့ကို ကြားလိုက်ရသည့်အခိုက် ယင်းရှုရှု၏ နှလုံးသားထဲ ပျော်ရွှင်မှုများ ပေါက်ကွဲထွက်သွားသည်။ သူမသည် အစ၌ မိုဝူကျိ ဆိုသည့် ဈေးနှုန်းက အလွန်မြင့်မားကာ သူမ မတတ်နိုင်မည်ကို စိုးရိမ်ခဲ့သည်။ သို့သော် ယခု သူက ထိုနည်းလမ်းကို ဆိုလေသည်။ အကယ်၍ သူမသည် မျက်နှာပြောင်တိုက်ရမည်ဆိုလျှင်ပင် ဤနှင်းစက်စိမ်းဆန် ၅ ကာတီကို ရချင်မိလေသည်။ ထို့ကြောင့် သူမက လျင်လျင်မြန်မြန် တုံ့ပြန်လိုက်သည်။

“တာအိုရောင်းရင်းမို… တကယ်လို့ ကျွန်မတို့ အဆင့်မြင့် နှင်းစက်စိမ်းဆန်ရဲ့ ဈေးကွက်ဝင် တန်ကြေးအရ သွားမယ်ဆိုရင် ကျွန်မ အဲ့ဒါကို မတတ်နိုင်ဘူး။ အဲ့ဒါကြောင့် ရှင်ကျွန်မအပေါ် မျက်နှာသာပေးဖို့ မျှော်လင့်ပါတယ်။ ကာတီတိုင်းအတွက် အဆင့်မြင့် နတ်ဘုရားကျောက် တစ်သောင်း နဲ့ အဆင့်နိမ့် နှင်းစက်စိမ်းဆန် ကာတီ ၂၀ ပေးမယ်ဆိုရင်ကော ဘယ်လိုလဲ”

သူမ စကားဆုံးပြီးနောက် ယင်းရှုရှု၏ မျက်နှာမှာ နီလာတော့သည်။ အဆင့်မြင့် နတ်ဘုရားကျောက်အတုံး တစ်သောင်း အတွက် အဆင့်မြင့် နှင်းစက်စိမ်းဆန် ၁ ကာတီသည် အမှန်ကို ဈေးပေါလွန်းလှ၏။ သို့သော် သူမတွင် မိုဝူကျိကို ပေးရန် နောက်ထပ် နတ်ဘုရားကျောက်လည်း မရှိတော့ပေ။ ထို့ကြောင့် သူမ တောင်းဆိုချက်၌ သူမမှာ မျက်နှာပြောင်တိုက်ရုံသာ တတ်နိုင်တော့သည်။

သို့သော် အဆင့်မြင့် နှင်းစက်စိမ်းဆန်သည် ထို့ထက်ပို၍ အဖိုးတန်နေသည်လည်း မဟုတ်ပေ။ တကယ့် လက်တွေ့တွင် အဆင့်မြင့် နှင်းစက်စိမ်းဆန် ၁ ကာတီသည် နတ်ဘုရားကျောက် အတုံး တစ်သောင်း ထက်ပို၍ ကုန်ကျချင်မှ ကုန်ကျပေလိမ့်မည်။ သို့သော် ဤပျက်စီးလွယ်သော ပစ္စည်းမှာ အမြဲတမ်း ပျက်လပ်နေလေ့ ရှိသည်။ အကယ်၍ ဤနှင်းစက်စိမ်း ဆန် ၅ ကာတီကို လေလံပွဲတွင် တင်သွင်းလိုက်ပါက အဆင့်မြင့် နတ်ဘုရားကျောက် အတုံး တစ်သိန်းကျော်အတွက် ၎င်းကို လွယ်လွယ်ကူကူ ရောင်းနိုင်ပေလိမ့်မည်။

မိုဝူကျိ၏ လုပ်ရပ်ကို ကျေးဇူးတင်သည့်အနေဖြင့် ယင်းရှုရှုက မိုဝူကျိကဲ့သို့ မပြောပလောက်သည့်သူကို “ဂျူနီယာမောင်လေး” ဟု တိုက်ရိုက် ခေါ်လိုက်သည်။

မိုဝူကျိသည် ယင်းရှုရှု၏ မျက်နှာအမူအရာကို မြင်သည့်အခါ သူက အဆင့်မြင့် နှင်းစက်စိမ်းဆန်သည် ဤမျှလောက်ပင် မထိုက်တန်ကြောင်း သိလိုက်သည်။ သို့သော် သူမသည် ဤဈေးနှုန်းကို ကမ်းလှမ်းနိုင်ပြီး အနည်းငယ် ရှက်နေသေးလေသည်။ သိသာလှစွာ သူမတွင် နတ်ဘုရားကျောက် လုံလုံလောက်လောက် မရှိသော်လည်း သူ့အား မလိမ်ညာချင်မှန်း အဓိပ္ပာယ် သက်ရောက်လေသည်။

သူက လက်ကို ယဉ်ကျေးစွာ ဝှေ့ယမ်းလိုက်ပြီး ပြောလိုက်သည်။

“ဒါဆို စီနီယာအစ်မယင်း ပြောပြတဲ့အတိုင်းပဲ လုပ်ရအောင်ပါ”

“ကျေးဇူးတင်ပါတယ်… ဂျူနီယာမောင်လေးမို… တကယ်လို့ မိုးကောင်းကင်ငယ်ဂိုဏ်းထဲမှာ ရှင် တစ်ခုခု အကူအညီလိုတာ ရှိရင် ကျွန်မကို လွတ်လွတ်လပ်လပ် တောင်းဆိုနိုင်ပါတယ်”

မိုဝူကျိ သဘောတူသည်ကို ကြားပြီးနောက် ယင်းရှုရှုသည် မြန်မြန်ဆန်ဆန် ကျေးဇူးတင်လိုက်ပြီး တစ်ချိန်တည်းတွင် လက်စွပ်တစ်ကွင်း ကမ်းပေးလိုက်သည်။

နံဘေးတွင် ရပ်နေသော ယွဲ့လွန်သည်လည်း မိုဝူကျိထံ လက်စွပ်တစ်ကွင်း လှမ်းပေးလိုက်ပြီး ပြောလိုက်သည်။

“ဂျူနီယာညီလေးမို… ဒီတစ်ခေါက် ကျွန်တော် ခင်ဗျားဆီကနေ အကျိုးကျေးဇူးတွေ ရလိုက်တာပဲ”

ချက်ချင်းပင် မိုဝူကျိသည် ယွဲ့လွန်ကို အထင်သေး စက်ဆုပ်မိလေသည်။ ဤအမျိုးသားသည် သဘောထား သေးသိမ်လွန်းသည်။ ဤနှင်းစက်စိမ်း ဆန်သည် သိသိသာသာ အရှုံးခံ၍ ရောင်းလိုက်ခြင်း ဖြစ်သည်။ အကယ်၍ သူမသည် သူအကူအညီ လိုသောအခါ သူမကို လာရှာနိုင်သည်ဟုပြောသော်လည်း သူက အမှန်တကယ် သူမကို ချဉ်းကပ်နိုင်ပါ့မည်လော။ ဤသည်မှာ ထိုက်တန်သည့် မိတ်ဆွေဖွဲ့ခြင်းမျိုး မဟုတ်ပေ။

ကျို့ရှီဖုန်းသည် အခြားသူများအတိုင်း လိုက်၍ သူထံသို့ လက်စွပ် ပေးလိုက်ပြီး ရှင်းပြလေသည်။

“ဂျူနီယာညီလေးမို… ကျွန်တော့်မှာ အဆင့်မြင့် နတ်ဘုရားကျောက် အဲ့လောက် အများကြီးမရှိဘူး။ အဲ့ဒါကြောင့် ကျွန်တော် အဲ့ဒီ့အစား နတ်ဝိညာဉ်ဆေးဖက်ဝင် အပင်တချို့ပေးမယ်လေ။ ဒါကို ကြည့်လိုက်ပါဦး။ တကယ်လို့ မလုံလောက်ဘူးဆိုရင် ကျွန်တော် ဆန်နည်းနည်း လျော့ယူလိုက်မယ်လေ”

မိုဝူကျိသည် တစ်ချက်ကလေးမှ မကြည့်ဘဲ လက်စွပ်ကို လက်ခံလိုက်ပြီး တုံ့ပြန်လိုက်သည်။

“လုံလောက်ပါတယ်… ရော့ ဒီမှာ”

“ကျေးဇူးအများကြီးတင်ပါတယ်… ဂျူနီယာညီလေးမို။ မိုးကောင်ကင်ငယ်ဂိုဏ်းထဲမှာ ကျွန်တော် ခင်ဗျားကို တကယ်တန်းတော့ အများကြီးမကူညီနိုင်ဘူး။ ဒါပေမဲ့ အပြင်ဘက်မှာဆိုရင် လူရမ်းကား အင်အားနည်းနည်း ကျွန်တော့်ဘက်မှာ ရှိသေးတယ်”

ကျို့ရှီဖုန်းသည် မိုဝူကျိက မည်မျှသဘောထားကြီးကြောင်း မြင်သောအခါ သူ့ကျေးဇူးတင်မှု ဖော်ပြစဉ်တွင် ဦးပင်ညွှတ်လိုက်လေသည်။

တုံ့ပြန်သည့်အနေနှင့် မိုဝူကျိက ခေါင်းညိတ်လိုက်သည်။ ဂိုဏ်းထဲ၌ ကျို့ရှီဖုန်း၏ရာထူးသည် ယွဲ့လွန်ထက် အများကြီး နိမ့်ကျလောက်လေသည်။ သို့သော် သူ့စကားလုံးများသည် ယွဲ့လွန်ထက် အများကြီး ပို၍ ပါးနပ်လေသည်။ အဝေးကနေ ကွမ်းကျစ်က ဂရုတစိုက် လေ့လာကြည့်နေသေးသောကြောင့် ကျို့ရှီဖုန်းက မိုးကောင်းကင်ငယ်ဂိုဏ်းထဲ၌ သူသည် အများကြီး အကူအညီမပေးနိုင်ကြောင်း ပြောမှန်း မိုဝူကျိက သိလေသည်။ ယွဲ့လွန် မကူညီချင်သည့် အကြောင်းအရင်းသည်လည်း ကွမ်းကျစ်ကြောင့် ဖြစ်နိုင်ပေသည်။

ကြည့်ရသည်မှာ ကွမ်းကျစ် နောက်ကွယ်ရှိ ကျောထောက်နောက်ခံမှာ သေးသေးလေး မဟုတ်တန်ပေ။ ထို့အပြင် ကျို့ရှီဖုန်းသည်လည်း ဤလူကို အပြစ်ပြုမိရန် မတတ်နိုင်ကြောင်း သိလေသည်။

တစ်ဖက်တွင် မူရွှမ်းနှင့် ကျန့်ကျီတို့သည် ပို၍ ချမ်းသာသေးသည်။ သူတို့သည် အလွယ်တကူပင် အဆင့်မြင့် နတ်ဘုရားကျောက် အတုံး ၅သောင်းနှင့် အဆင့်နိမ့် နှင်းစက်စိမ်းဆန် ကာတီ ၂၀ ကို ထုတ်ယူလိုက်သည်။

မူရွှမ်းသည် မိုဝူကျိကို လက်စွပ်ကမ်းပေးလိုက်စဉ် သူ့အား သီးသန့်အမှာစကား ပို့လွှတ်လိုက်လေသည်။

“ကွမ်းကျစ်ရဲ့ဦးလေးက မိုးကောင်းကင်ငယ်ဂိုဏ်း စည်းကမ်းရေးရာ ခန်းမမှူးပဲ”

ယခုမူ မိုဝူကျိသည် ကွမ်းကျစ်က ကနဦးနတ်ဘုရားအဆင့်တွင်သာ ရှိနေသော်လည်း အဘယ်ကြောင့် ဤကဲ့သို့ အကျိုးအမြတ်များသည့် နေရာတွင် စီမံရေးမှုး ဖြစ်နိုင်သနည်းဆိုသည့် အရာအားလုံးကို သဘောပေါက် နားလည်သွားလေသည်။

သို့သော် မိုဝူကျိက သူအမှားတစ်ခုမျှ မလုပ်ထားသောကြောင့် ဂရုမစိုက်ပေ။ အကယ်၍ စည်းကမ်းရေးရာ ခန်းမမှူးသည် လူထုရှေ့မှောက်တွင် အမည်းနှင့်အဖြူကို ပြောင်းပြန်လှန်ရဲပါက ယင်းရှုရှုနှင့် သူမအပေါင်းအပါတို့သည် သူ့ထံသို့ ဤလောက် ယဉ်ယဉ်ကျေးကျေး ရှိလိမ့်မည် မဟုတ်ပေ။ ဤသည်မှာ မိုးကောင်းကင်ငယ်ဂိုဏ်း၌ စည်းကမ်းများကို လိုက်နာရသေးသည်ဟု ဆိုလိုပေ၏။

အချိန်ကာလတိုလေးအတွင်း၌ တာ့ဟွမ်နှင့် ရွိုက်ကောတို့သည် မြေကွက်ထဲရှိ နှင်းစက်စိမ်း ဆန်အားလုံးကို ရိတ်သိမ်းပြီးသွားလေပြီ။

တာ့ဟွမ် သူ့ဆီ လှမ်းပေးလိုက်သည့် လက်စွပ်ကို စစ်ဆေးကြည့်ပြီးနောက် မိုဝူကျိသည် နှင်းစက်စိမ်း စပါးစေ့ပမာဏမှာ သူမျှော်လင့်ထားသည့်အတိုင်း အနည်းဆုံး ၁၅၀ ကာတီ ဝန်းကျင် ဖြစ်ကြောင်း နားလည်လိုက်သည်။

သူသည် ၂၅ ကာတီကို ထုတ်ယူလိုက်ပြီး အိတ် ၅ အိတ်ထဲသို့ ခွဲထည့်လိုက်ကာ ယင်းရှုရှုနှင့် အပေါင်းအပါများကို တစ်အိတ်စီ ပေးလိုက်လေသည်။

သူတို့သည် သူ့အား နောက်တစ်ကြိမ် ထပ်မံ၍ ကျေးဇူးတင်လိုက်ကြပြန်၏။ ဤအခြေအနေတွင် မိုဝူကျိသည် ကွမ်းကျစ်ကို လုံးဝ စိတ်ထဲမထားပေ။ ကွမ်းကျစ်သည်လည်း ဗျာများစွာ လျှောက်ကြည့်ရုံသာ တတ်နိုင်လေသည်။

သို့သော် မိုဝူကျိဘက်က စ၍ ကွမ်းကျစ်ကို အိတ်တစ်အိတ်ပေးလိုက်ပြီး ပြောလိုက်သည်။

“စီမံရေးမှူးကွမ်း…ဒါက ဂိုဏ်းကို ကျုပ် တင်သွင်းရမယ့် နှင်းစက်စိမ်း ဆန်ပါ။ အဆင့်နိမ့် နှင်းစက်စိမ်းဆန် စုစုပေါင်း ကာတီ ၂၀ ပါတယ်။ ကောင်းကောင်း ထိန်းသိမ်းထားလိုက်ပါဗျာ”

ဟွန့်ခနဲ နှာမှုတ်ကာ ကွမ်းကျစ်က ပြန်လည်ချေပလိုက်သည်။

“မင်းက အဆင့်နိမ့် နှင်းစက်စိမ်းဆန် ကာတီ ၂၀ ပဲ တင်သွင်းရမယ်လို့ ဘယ်သူပြောလဲ။ မင်းကိစ္စကို စည်းကမ်းရေးရာခန်းမက ကိုင်တွယ်လိမ့်မယ်”

“ဒါဆို စီမံရေးမှူးကွမ်းက ကျုပ်ရဲ့နှင်းစက်စိမ်း ဆန်ကို လက်မခံဘူးပေါ့”

မိုဝူကျိ၏ လက်က ဆန့်တန်းထားလျက်ရှိနေပြီး သူက တည်တည်ငြိမ်ငြိမ် မေးလိုက်သည်။

“ဟုတ်တယ်… ငါ အဲ့ဒါကို လက်မခံဘူး… မင်းဘာလုပ်နိုင်လဲ”

ကွမ်းကျစ်က အေးစက်စက်တုံ့ပြန်လိုက်၏။

ကံကောင်းစွာပင် ဤအခိုက်အတန့်တွင် မိုဝူကျိ၏ လယ်ကွက်ပေါ်သို့ အလင်းတန်း ၃ တန်းကျရောက်လာသဖြင့် ကွမ်းကျစ်က စိတ်ချမ်းသာသွားသည်။

ရောက်ရှိလာကြသော လူ ၃ ယောက်အနက် တစ်ယောက်မှာ သူ့မျက်နှာတစ်ပြင်လုံးတွင် အမွေးများ ပြည့်နေသည့် လူလတ်ပိုင်း အမျိုးသားတစ်ဦး ဖြစ်သည်။ ဤလူလတ်ပိုင်း အမျိုးသားသည် သူ့တစ်ကိုယ်လုံးတွင် သွေးဆာနေသော အရှိန်အဝါကို ဖော်ထုတ်ပြထားသည်လေရာ သူသည် ယခင်က သိသိသာသာ လူပေါင်းများစွာကို သတ်ခဲ့ပြီးပြီ ဖြစ်သည်။ အခြားနှစ်ယောက်ထဲမှ တစ်ယောက်သည် တြိဂံပုံ မျက်လုံးများဖြင့် ကွမ်းကျစ်နှင့် ပုံပန်းသဏ္ဍာန်ဆင်ဆင် ရှိလေသည်။ ဤအမျိုးသားသည် နတ်ဘုရားအုပ်စိုးသူ လွန်အဆင့်၌ရှိပြီး ကွမ်းကျစ်၏ဦးလေး ကွမ်းထင် ဖြစ်ကောင်းဖြစ်နိုင်သည်။

နောက်ဆုံးတစ်ယောက်သည် ဉာဏ်ပညာကြီးပြီး နတ်ဆန်သော လူကြီးတစ်ယောက် ဖြစ်လေသည်။ မိုဝူကျိသည် လူကြီးနှင့်လူလတ်ပိုင်းအမျိုးသားတို့၏စွမ်းအားကို မခန့်မှန်းနိုင်သော်လည်း သူတို့သည် ကမ္ဘာနတ်ဘုရားအဆင့်တွင် ဖြစ်နိုင်ဖွယ်ရှိလေ၏။

အမှန်ပင် ထိုအမျိုးသား ၃ယောက် ရောက်ရှိလာပြီးနောက် ကွမ်းကျစ်က အရှေ့သို့ ပြေးထွက်သွားကာ ယင်းရှုရှုနှင့် အပေါင်းအပါ အားလုံးသည် လေးစားစွာ ဦးညွှတ်လိုက်ကြလေသည်။

သူတို့၏ နှုတ်ဆက်ခြင်းမှ ဉာဏ်ပညာရှိသည့် လူကြီးသည် မိုးကောင်းကင်ငယ်ဂိုဏ်း၏ အကြီးအကဲဖြစ်ပြီး လူလတ်ပိုင်းအရွယ် မုတ်ဆိတ်မွေးနှင့် အမျိုးသားသည် စည်းကမ်းရေးရာ ခန်းမ၏ ခန်းမသခင်ဖြစ်ကြောင်း မိုဝူကျိက သိရှိလိုက်ရသည်။

ကြည့်ရသည်မှာ သူစိုက်ပျိုးလိုက်သည့် အဆင့်မြင့် နှင်းစက်စိမ်းဆန်သည် တော်တော်လေး ရုတ်ရုတ်သဲသဲဖြစ်သွားစေပုံပင်။ စည်းကမ်းရေးရာခန်းမသခင်နှင့် အကြီးအကဲပင် အခြေအနေထဲ ရောက်လာခဲ့သည်။

“မင်းက မိုဝူကျိလား။ မင်းက အဆင့်မြင့် နှင်းစက်စိမ်းဆန်ကို ထုတ်လုပ်လိုက်တဲ့ တစ်ယောက်လား”

အကြီးအကဲကမေးလိုက်၏။

နံ့ဘေးတွင် ရှိနေသော မူရွှမ်းက မိုဝူကျိကို ပြောလိုက်သည်။

“ဂျူနီယာမောင်လေးမို… ဒါက မိုးကောင်းကင်ငယ်ဂိုဏ်းရဲ့ စတုတ္ထမြောက် အကြီးအကဲ ကျန့်ချန်ကန်းပဲ။ အကြီးအကဲ ကျန့်ချန်ကန်းအပြင် စည်းကမ်းရေးရာခန်းမရဲ့ခန်းမသခင် ဟော်ရှန့်လည်း ပါလာတယ်။ အော်… စည်းကမ်းရေးရာ ခန်းမမှူးကွမ်းထင်လည်း ပါတယ်”

ယင်းရှုရှု၏ နှင်းစက်စိမ်း ဆန်အပေါ် လိုချင်စိတ်သည် မူရွှမ်းထက် အများကြီး ပို၍ ကြီးမားသော်လည်း မူရွှမ်းသည် လိမ္မာပါးနပ်စွာ အရိပ်အကဲကြည့်ရာ၌ သိသာစွာ ပို၍ တော်လေသည်။ အနည်းဆုံး ယခုတွင် မိုဝူကျိသည် သူမအပေါ် အနည်းငယ် ကျေးဇူးတင်မိသွားသည်။ ရိုးရှင်းသော မိတ်ဆက်ပေးမှု တစ်ခုသာ ဖြစ်သော်လည်း ဤသည်က သူ့အား အခြေအနေ၏ အကြမ်းဖျင်းထင်မြင်ချက်ကိုပေးလေသည်။

မိုဝူကျိသည် လေးစားစွာ ဦးညွှတ်လိုက်သည်။

“မိုဝူကျိ အကြီးအကဲကျန့်၊ ခန်းမသခင်ဟော်နဲ့ ခန်းမမှူးကွမ်းတို့ကို ဂါရဝပြုပါတယ်။ အကြီးအကဲကို တင်ပြပါတယ်… ကျုပ်က အဆင့်မြင့် နှင်းစက်စိမ်းဆန်ကို ထုတ်လုပ်နိုင်ခဲ့တာ အမှန်ပါပဲ”

ချက်ချင်းပင် ကွမ်းကျစ်သည် အရှေ့တက်လာပြီး ကျယ်လောင်စွာ ပြောလိုက်သည်။

“ခန်းမသခင်နဲ့ အကြီးအကဲကို တင်ပြပါတယ်… မိုဝူကျိက မိုးကောင်းကင်ငယ်ရွာရဲ့ စည်းကမ်းတွေကို လျစ်လျူရှုပြီး ဂိုဏ်းကို ဘယ်ဆန်မှ ပေးဖို့ ဆန္ဒရှိမနေပါဘူး။ သူက အဆင့်မြင့် နှင်းစက်စိမ်းဆန်ကို စားဖို့ ချက်ပစ်လိုက်ပြီး သူ့သဘောနဲ့သူ ဆန်ကို ရောင်းပစ်တယ်။ အဲ့ဒါထက်ကို သူက အဆင့်မြင့် နှင်းစက်စိမ်းဆန် မြေကွက်တစ်ခုလုံးကို အချိန်မကျခင် ရိတ်သိမ်းပစ်တယ်။ ဒါက ဂိုဏ်းအတွက် ကြီးမားတဲ့ ဆုံးရှူံးမှုပါပဲ”

“တကယ်လို့ မိုးကောင်းကင်ငယ်ရွာက လူတိုင်းသာ ဒီလူလို ဖြစ်နေမယ်ဆိုရင် ဂိုဏ်းအတွက် ရွာက ဘယ်လိုလုပ် နှင်းစက်စိမ်း ဆန်တွေကို ထပ်ထုတ်ပေးနိုင်ပါတော့မလဲ။ ကျွန်တော် ခန်းမသခင်နဲ့အကြီးအကဲတွေကို မိုးကောင်းကင်ငယ်ရွာရဲ့ကိုယ်စား ဒီကိစ္စကို အကဲဖြတ်ပေးဖို့ ဖိတ်ခေါ်ချင်ပါတယ်”

“မိုဝူကျိ… ကွမ်းကျစ်ရဲ့ထွက်ဆိုချက် မှားနေတာပါသလား”

ဟော်ရှန့်က အေးစက်စက် လေသံဖြင့် မေးလိုက်သည်။ အကယ်၍ မိုဝူကျိက ဂိုဏ်းအတွက် အလွန်အရေးကြီးသော အဆင့်မြင့် နှင်းစက်စိမ်းဆန်ကို ထုတ်လုပ်လိုက်သည်သာ မဟုတ်ပါလျှင် သူက မိုဝူကျိကို ဖိအားပေးမေးမြန်းရန်အတွက် ခေါ်သွားလိုက်မည် ဖြစ်သည်။ အဘယ်ကြောင့်များ ဤသို့ ကောင်းကောင်းမွန်မွန် မေးနေရန် စိတ်ရှည်နေပါ့မည်နည်း။

အေးဆေးစွာပင် မိုဝူကျိသည် တလေးတစား ဦးညွှတ်လိုက်သည်။

“ခန်းမမှူးကို အကြောင်းပြန်ပါတယ်။ စီမံရေးမှူးကွမ်းရဲ့စကားလုံးတွေက လုံးဝမှန်ကန်ပါတယ်။ ကျုပ် ဒီမှာ နှင်းစက်စိမ်းဆန်ကို စမစိုက်ခင်တုန်းက စီမံရေးမှူးကွမ်းကို မေးခဲ့ပါတယ်။ အဲ့တုန်းက သူက ကျုပ်ကို ဂိုဏ်းအတွက် အဆင့်နိမ့် နှင်းစက်စိမ်းဆန် ကာတီ ၂၀ ပဲ တင်သွင်းရမှာဖြစ်ပြီး ကျုပ် ထုတ်လုပ်လိုက်လို့ ပိုတဲ့ ဆန်တွေအတွက်တော့ ကျုပ်ဆန္ဒရှိသလို ကိုင်တွယ်နိုင်တယ်လို့ ပြောခဲ့ပါတယ်”

ကွမ်းကျစ်က မိုဝူကျိထံ လက်ညှိုးထိုးလိုက်ပြီး သူ့ကို ကျယ်လောင်စွာ စွပ်စွဲလိုက်သည်။

“မင်း မဟုတ်တာတွေ လျှောက်ပြောနေတယ်။ မင်းလာလာချင်းတုန်းက ငါမင်းကို နှင်းစက်စိမ်းဆန် အနည်းဆုံး ၄၀ ကာတီတင်သွင်းဖို့နဲ့ ဆန်တွေကို ဒီမြေကွက်ပေါ်မှာ ကြီးထွားခိုင်းရမယ်လို့ ညွှန်ကြားခဲ့တာ”

တစ်ချိန်လုံး ငြိမ်သက်နေသော အကြီးအကဲရှန့်သည် မျက်မှောင်ကျုံ့လိုက်ကာ

“စီမံရေးမှူးကွမ်း… ငါ မြင်တာ မမှားဘူးဆိုရင် ဒီနေရာက အဆင့် (ဃ) မြေကွက် ဟုတ်တယ်မလား။ မင်းက အဆင့် (ဃ) မြေပိုင်ရှင်ကို နှင်းစက်စိမ်း ဆန် ကာတီ ၅၀ တင်သွင်းဖို့ ပြောထားတာလား”

သိသာစွာပင် ကွမ်းကျစ်သည် ဟော်ရှန့်အား မရိုင်းပျရဲပေ။ ထို့ကြောင့် သူသည် မြန်မြန်ဆန်ဆန် ဦးညွှတ်လိုက်ပြီး ရှင်းပြလိုက်သည်။

“အဲ့ဒါက ဘာဖြစ်လို့လဲဆိုတော့ မိုဝူကျိကို ဒီကို ပို့လိုက်တာ တောင်သခင်မ မိန်ချင်းချင်းမလို့ပါ… ”

မိုဝူကျိသည် ကွမ်းကျစ်က သူ့ကို တောင်သခင်မ မိန်ချင်းချင်းက ပို့လိုက်သည်ဆိုသည်အား ထုတ်ဖော်ပြောလိုက်ပြီးနောက် ကြည့်ရှုနေကြသည့် လူတိုင်း၏ မျက်လုံးများမှာ ပြောင်းလဲသွားကြောင်း ချက်ချင်းသိလိုက်သည်။

သူ့ရင်ထဲ၌ မိုဝူကျိက တွေးလိုက်မိသည်။

“မဟုတ်မှ ဒီမိန်ချင်းချင်းက ဂိုဏ်းနဲ့ပြဿနာ တချို့ရှိနေတာများလား”

ကွမ်းကျစ်၏ နှုတ်ခမ်းထောင့်ချိုး တွန့်ကွေးသွားသောကြောင့် သူည် ဤသို့ ဖြစ်လာဖို့ရာ ကြိုတင်မှန်းထားမှန်း သိသာလှသည်။ ဦးညွှတ်လိုက်ရင်း သူက ဆက်ပြောလိုက်သည်။

“တောင်သခင်မက မိုဝူကျိကို ဒီကိုလွှတ်လိုက်တယ်။ ပြီးတော့ သူမက ကျွန်တော့်ကို မိုဝူကျိ သုံးဖို့ အရည်အသွေးကောင်းတဲ့ နှင်းစက်စိမ်း ဆန်မျိုးစေ့ ၁၀ ကာတီ ပေးဖို့အတွက် တောင်းဆိုဖို့ တောင်သခင်ကျောက်စိမ်း တံဆိပ်ပြားကို သုံးခဲ့တယ်။ သူမက ပြောသေးတယ်။ မိုဝူကျိက နှင်းစက်စိမ်း ဆန်စိုက်ပျိုးတဲ့နေရာမှာ ဆရာကြီးပဲတဲ့။ ပြီးတော့ အဲ့ဒီမျိုးစေ့ ၁၀ ကာတီက အနည်းဆုံး ဆန် ၅၀ ကာတီ ထုတ်လုပ်နိုင်တယ်တဲ့။ အဲ့ဒီနောက် ဖိအားတွေအောက်မှာ ကျွန်တော် သူ့ကို ၁၀ ကာတီ ပေးလိုက်ရတယ်။

ကျွန်တော်က မိုးကောင်းကင်ငယ်ရွာရဲ့ စီမံရေးမှူးပါ။ ပြီးတော့ မိုဝူကျိက ထုတ်လုပ်နိုင်တယ်လို့ ပြောခဲ့တဲ့ မှန်းထားတဲ့ ဆန် ၅၀ ကာတီအရ ကျွန်တော်က သူ့ကို မြေကွက်ပေါ်မှာ ကြီးထွားဆဲဖြစ်တဲ့ ၄၀ ကာတီကိုပဲ တင်သွင်းဖို့ တောင်းဆိုခဲ့တာပါ။ အဲ့ဒီတုန်းက သူကအဲ့ဒါကို သဘောတူပြီးသား။

ဒါပေမဲ့ ဘယ်သူသိမလဲ။ ဒီမြေကွက်က ရုတ်တရက် မြေကြီးဓာတ်စွမ်းအားတွေ တရှိန်ထိုးတက်လာကို ကြုံရပြီး အဆင့်မြင့် နှင်းစက်စိမ်းဆန်တစ်သုတ် ထွက်နိုင်သွားမယ်လို့။ ရလဒ်ကတော့ အားလုံးမြင်တဲ့အတိုင်း သူက သူ့စကားကို ပြန်ရုတ်သိမ်းသွားတယ်၊ ကံကောင်းပြီး အဆင့်မြင့် ဆန်မြေကွက်ကို ရလိုက်တယ်၊ မိုးကောင်းကင်ငယ်ရွာရဲ့ စည်းကမ်းတွေကို ပေါ်ပေါ်ထင်ထင်ပဲ ဂရုမစိုက်ဘဲ နေနေတယ်”

မိုဝူကျိသည် မိန်ချင်းချင်းက သူ့အား ဤနေရာသို့ လွှတ်လိုက်သည့်အချက်ကို ထုတ်ဖော်ခံလိုက်ရပြီးနောက် အခြားသူများ သူ့အား ကြည့်သည့်အကြည့်က ပြောင်းလဲသွားသည်ကို မြင်နိုင်လေသည်။ ထို့အပြင် သူသည် သူကိုယ်တိုင် ရှင်းပြရမည်ကို အလွန်ပျင်းရိနေမိ၏။ ထို့ကြောင့် သူက သလင်းကျောက်ကို ပစ်ပေးလိုက်ပြီး ပြောလိုက်သည်။

“အားလုံးပဲ… သလင်းကျောက်ထဲက ဗီဒီယိုမှတ်တမ်းကို ခင်ဗျားတို့ကိုယ်တိုင်ပဲ ကြည့်လိုက်ကြပါ။ ရှင်းပြချက်တွေအားလုံးက ဒီဟာလောက် မြင်သာထင်သာ ရှိမှာ မဟုတ်ဘူး”

***

All Chapters