လှုပ်ရှားမှု စတင်ခြင်း
Vol. 1 Ch. 6
အခန်း (၆) လှုပ်ရှားမှု စတင်ခြင်း
ဗယ်ခရီဓါတ်ခွဲခန်းသည် တောနက်ကြီးအတွင်းရှိ စွန့်ပစ်ထားသောလယ်ကွင်းတစ်ခု၏ မြေအောက်တွင် လျှို့ဝှက်ကာ တည်ရှိနေသည်။ ထိုလယ်ကွင်းကိုလည်း မြင့်မားသော လျပ်စစ်ခြံစည်းရိုးများ ကာရံထားသည်။
အနက်ရောင် စစ်လေယာဉ်တစ်စင်း ထိုစွန့်ပစ်လယ်ကွင်းသို့ ဆင်းသက်လာသည်။ အနက်ရောင်ဝတ်စုံပြည့် ဝတ်ထားသော အေးဂျင့် (၆)ယောက် ဆင်းလာကြသည်။
"ကျွန်တော်က ညဇီးကွက် တပ်ဖွဲ့ (၃)ရဲ့ ကပ္ပတိန် ဆေးလ်ဗားဘလိတ်ပါ။ ဗယ်ခရီတပ်ဖွဲ့ကို လိုက်လံပို့ဆောင်ဖို့ လာခဲ့တာဖြစ်ပါတယ်။"
အေးတိအေးစက် မျက်နှာနှင့် ကပ္ပတိန်က မိတ်ဆက်သည်။
"ငါ့အချိန်တွေ ဖြုန်းမနေနဲ့။"
စိတ်ရှုပ်နေသည့် ဟီလာက ဆံပင်ကို သပ်ရပ်အောင်ပြင်လိုက်ရင်း ပြောလိုက်သည်။
"လေယာဉ်ဂိုထောင်ထဲမှာ ကားတွေရှိတယ်၊ ရဟတ်ယာဉ်ကို ငါယူသွားပြီ။"
ဗယ်ခရီတပ်ဖွဲ့ကို ဦးဆောင်ရန် ရွေးချယ်ခံထားရသည့် နံပါတ် (၁) က ရှေ့ထွက်လိုက်သည်။
"စမ်းသပ်ခံ နံပါတ်(၁) အရာရှိကို နှုတ်ဆက်ပါတယ်။"
"နောက်ကလိုက်ခဲ့။"
"ဟုတ်ကဲ့ပါ ဆရာ"
ဟီလာ ရဟတ်ယာဉ်ပေါ် တက်ပြီးနောက် မျက်မှောင်ကြုံ့သွားသည်။
"ထူးဆန်းတယ်... ငါတစ်ခုခု မေ့နေသလိုပဲ..."
…
စက်ပြင်ခန်းတွင်....
ဟန်ရှောင်း အပေါ့စား ယန္တရားလက်ကို တည်ဆောက်နေသည်မှာ ပြီးခါနီးပြီဖြစ်သည်။ ထင်ထားသည်ထက် ခက်ခဲသည်မှာ သိသာလှ၏။ ဂိမ်းထဲတွင် လက်နက်ယန္တရား တည်ဆောက်ရာ၌ လမ်းညွှန်ပေးထားသည်များရှိပြီး၊ ကစားသမားအနေဖြင့် ကုန်ကြမ်းများထည့်သွင်းပြီး ရိုးရှင်းသော အဆင့်များကို ပြောသည့်အတိုင်း လုပ်လိုက်ရန်သာလိုသည်။ သို့ပေမယ့်၊ ယခုအခါတွင်တော့ ဟန်ရှောင်းက အဆင့်တိုင်းကို ကိုယ်တိုင်ပြုလုပ်ရန် လိုအပ်နေသည်။ ဟန်ရှောင်းကို အသေးစားပြုပြင်မွမ်းမံခွင့်များ ပေးသည့်အတွက် ထိုသို့ပြုလုပ်ရခြင်းက မကောင်းသည့်အချက်တော့ မဟုတ်ပေ။
အဖွဲ့အစည်းက ဟန်ရှောင်း၏ အရင်းအမြစ်အများစုကို ဖြတ်တောက်ခဲ့သော်လည်း ဟန်ရှောင်းတွင် အလုပ်လုပ်ရန် အလုံအလောက်တော့ ကျန်ရှိနေသေးသည်။ ဟန်ရှောင်းသည် အဓိကအားဖြင့် မန်ဂနိသတ္တုကို အသုံးပြုထားပြီး ထိုသတ္တုသည် လက်နက်များပြုလုပ်ရာတွင် အတော်ကောင်းမွန်သည့် သတ္တုစပ်တစ်မျိုးဖြစ်သည်။
အပေါ့စား ယန္တရားလက်၏ ဒီဇိုင်းသည် အတော်ပင် အခြေခံကျလှ၍ ရှိနေသောသတ္တုမှာ လုံလောက်ပါသည်။
ဟန်ရှောင်း လက်ထဲရှိ ခွရှင်ကို ချလိုက်သည်။
အပေါ့စား ယန္တရားလက် တည်ဆောက်ခြင်းသည် ပြီးမြောက်သွား၏။
¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯
အပေါ့စား ယန္တရားလက် (ဘယ်ဘက်)
အရည်အသွေး - ပျမ်းမျှ
အခြေခံအခြေအနေ
- ထိခိုက်နိုင်မှု : ၃၅-၅၈
- ခုခံနိုင်မှု : 13 ~ 17
- ပါဝါအဆင့် : ၃၈
- ခိုင်ခံ့မှု - 270/270
စက်ပစ္စည်းလိုအပ်ချက် - ၂၅ ခွန်အား
ဘောနပ်အချက်အလက် : -3 မြန်နှုန်း
အရှည် : ၀.၅၁ မီတာ
အလေးချိန် : 14.7 ကီလိုဂရမ်
အပိုဆုကြေး - +၁၀ ခွန်အား
¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯
အတွေ့အကြုံအမှတ် 3000 ကို လက်နက်တည်ဆောက်ခြင်းမှ ရရှိလိုက်၏။ လက်နက် ဖန်တီးတည်ဆောက်ခြင်းသည် လက်နက်တပ်ဆင်ခြင်းနှင့် မွမ်းမံခြင်းတို့ထက် အတွေ့အကြုံအမှတ် ပို၍ရရှိစေသည်။
ဟန်ရှောင်းတွင် ယခုလောလောဆယ် ခွန်အားအမှတ် ၂၁မှတ် ရှိနေသည်။ ထို့ကြောင့် ထိုအပေါ့စား ယန္တရားလက်ကို တပ်ဆင်နိုင်ရန် အမှတ် ၄မှတ် ထပ်သုံးရန် လိုအပ်နေသည်။
လက်ကို တည်ဆောက်ပြီးနောက်၊ ဟန်ရှောင်းသည် 73-WASP သေနတ်ကိုလည်း ၃၈-၄၇ ထိခိုက်နိုင်မှု ရအောင် အဆင့်မြှင့်တင်ခဲ့သည်။ ထိခိုက်နိုင်မှု ၁၀မှတ် ရှိသည့် စစ်သုံးဓါးမြောင်ကိုလည်း ပြုလုပ်ခဲ့သေးသည်။
သူသည် အပေါ့စား ယန္တရားလက်နှင့် 73-WASP တို့ကို ဝှက်ထားပြီးနောက် ကန်တင်းသို့ ထွက်လာခဲ့တော့သည်။
ကန်တင်းမှာ စခန်းအတွင်းရှိ ဝန်ထမ်းများအတွက် နားနေခန်းလိုပင်။ သူတို့ ဤနေရာသို့လာ၍ အနားယူကာ အချိန်ဖြုန်းလေ့ရှိသည်။ ဟန်ရှောင်းသည်လည်း သူတို့၏ စကားများကို နားထောင်ခြင်းမှ သတင်းအချက်အလက် အများအပြား ရရှိလေ့ရှိသည်။
အစောင့်တစ်ဖွဲ့မှာ ကျယ်လောင်စွာ စကားပြောနေကြသည်။
"ငါလည်း အပြင်ထွက်ချင်တယ်၊ အကြာကြီး အပိတ်ခံထားရသလိုဖြစ်နေတာ ငြီးငွေ့လာပြီ။"
"ဟီလာက အရာရှိတစ်ယောက်ပဲ၊ သူ့အနေအထားက ငါတို့ထက် အများကြီး ပိုမြင့်တယ်။"
"ငါ့ကောင်တွေရေ၊ ငါသာ သူနဲ့ တစ်ညလောက် အချိန်ကုန်ခွင့်ရမယ်ဆို ဘာမဆိုလုပ်မှာပဲ။"
"ဟေး... စကားကြည့်ပြောဦး၊ သူက ဘာလို့ အရာရှိတစ်ယောက် ဖြစ်နေတာလဲဆိုတာ သိလား။"
"ဘာလဲ... သူက စူပါလူသားမို့လို့လား"
"ဟုတ်တာပေါ့ကွ"
ဟီလာမရှိကြောင်း သေချာပြီးနောက် ဟန်ရှောင်းပျော်သွားသည်။
"ကြည့်ရတာ ဒီနေ့ပဲထင်တယ်။" သူ့ကိုယ်သူ တိုးတိုးလေး ပြောလိုက်သည်။
ဟန်ရှောင်း ထလိုက်ပြီး မြေအောက်၃လွှာသို့ ဦးတည်လိုက်သည်။ သူ၏ ပစ်မှတ်မှာ စောင့်ကြည့်ရေးအခန်းဖြစ်သည်။
အစောင့်၂ယောက်က စောင့်ကြည့်ရေးအခန်းရှေ့တွင် ကင်းစောင့်နေကြသည်။ ကော်ရစ်ဒါမရောက်ခင် ဝါးထားသောပေါင်မုန့်ကို ကင်မရာတွင် ကပ်ထားခဲ့သည်။
သူလေ့လာထားသမျှတွင် အစောင့်များသည် သေသေချာချာ စောင့်ကြည့်မနေပေ။
သူ့ကိုယ်သူ ပြင်ဆင်ပြီးနောက်၊ ကော်ရစ်ဒါသို့ လျှောက်လာပြီး အစောင့်၂ယောက်အနားသို့ ချဉ်းကပ်လာသည်။
"ခွင့်မပြုထားတဲ့သူ မလာရဘူး"
အစောင့်တစ်ယောက်က သတိပေး၏။
"ဇီးရိုးပဲ၊ သူ့ကို မောင်းထုတ်လိုက်။"
အခြားအစောင့်တစ်ယောက်က ရယ်နေ၏။
ပထမအစောင့်က ခေါင်းညိတ်လိုက်ပြီး ဟန်ရှောင်းကို တွန်းထုတ်မည်အပြုတွင် ဟန်ရှောင်းက ချက်ချင်းဆိုသလို အစောင့်၏ လက်ကောက်ဝတ်ကို ဆွဲလိုက်ကာ ဒုတိယအစောင့်၏ မေးစေ့ကို ဓါးဖြင့်ထိုးလိုက်သည်။ ဓါးက ခေါင်းကို ထုတ်ချင်းပေါက်သွားသည်။
ပြီးသည်နှင့် တစ်ပြိုင်နက် ဟန်ရှောင်းက ကိုယ်ကို လှည့်၍ ပထမအစောင့်၏ လည်ပင်းကို ချုပ်ထားလိုက်သည်။
ခရက်
ဟန်ရှောင်းက စက္ကန့်ပိုင်းအတွင်း အစောင့်၂ယောက်လုံးကို ရှင်းထုတ်လိုက်သည်။
¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯
သင်သည် သေစေလောက်တဲ့ ထိုးနှက်ချက် ပြုလုပ်ခဲ့သည်။
သင်သည် သေစေလောက်တဲ့ ထိုးနှက်ချက် ပြုလုပ်ခဲ့သည်။
“-162”
“-171”
သင် ဂျာမီနယ်အဖွဲ့အစည်း၏ အစောင့်တစ်ယောက်ကို သတ်ခဲ့သည်၊ အတွေ့အကြုံအမှတ် 360 ရရှိသည်။
သင် ဂျာမီနယ်အဖွဲ့အစည်း၏ အစောင့်တစ်ယောက်ကို သတ်ခဲ့သည်၊ အတွေ့အကြုံအမှတ် 360 ရရှိသည်။
¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯
ဟန်ရှောင်း အစောင့်များကို ကြမ်းပြင်ပေါ်သို့ ဂရုတစိုက်ချလိုက်ပြီး အမှတ်များကို စစ်ဆေးလိုက်၏။
¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯
အဆင့် ၇ အေးဂျင့်
၁၀ ခွန်အား၊ ၁၅ ခံနိုင်ရည်
၁၅၀ HP
¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯
သင် ကျည်ဆံ ၄တောင့် ရရှိခဲ့သည်။
¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯
ဟန်ရှောင်း ဓါးမြောင်ကို ပြန်ထည့်လိုက်ပြီး တံခါးကို ဖြည်းဖြည်းချင်း တွန်းဖွင့်လိုက်သည်။
ပါးစပ်အဟောင်းသား ဖြစ်သွားစေသည့်မြင်ကွင်းက သူ့ကို ဆီးကြိုနေ၏။
အစောင့်နှစ်ဦးသည် အလွန်အမင်း အပေးအယူကောင်းနေသော အနေအထားဖြင့် တစ်ယောက်နှင့်တစ်ယောက် ဖိကပ်၍ ထပ်လျက်သား ရှိကြသည်။ တံခါးဖွင့်သံကြောင့် သူတို့ ထိတ်လန့်
သွားပြီး ဟန်ရှောင်းကို ကြောက်ရွံ့စွာ စိုက်ကြည့်နေကြသည်။
(TL Note: BL ကားတွေလိုပေါ့ )
‘ဟိတွေ တက်နေတာပဲဟ 🙄😏’
အခန်း (၆) ပြီး၏။
လင်းဆက်