← Chapters

ပြည့်စုံသော လုပ်ကြံမှု

Vol. 13 Ch. 171

ပြည့်စုံသော လုပ်ကြံမှု

Vol. 13 Ch. 171

ချိုးယင်းသည် ရှီဝူအင်ပါယာ၏ဝန်ကြီးချုပ်ဖြစ်သောကြောင့် သူသာသေဆုံးသွားလျှင် တိုင်းပြည်က ရုတ်ရုတ်သဲသဲဖြစ်သွားနိုင်သည်။ သူက လျိုရွှင်းနှင့်လျိုခွန်းထက် ပို၍အရေးပါသူဖြစ်သည်။

ယဲ့ချန်သည် အကျိုးအပြစ်များကို ထပ်ကာထပ်ကာတွက်ဆလိုက်ပြီး ဧကရာဇ်မင်ဝူပင်လျှင် သက်သေအတိအကျမရှိပါက ချိုးယင်းသေဆုံးမှုအတွက် အရေးမယူနိုင်ဟု သတ်မှတ်လိုက်သည်။ ထို့အပြင် ယဲ့ချန်သာ သံသယများကိုရှောင်ရှားနိုင်ရန် အလီဘိုင်တစ်ခုပြနိုင်ပါက ပြဿနာမရှိပေ။

ယဲ့ချန်သည် ချိုးယင်းကိုလုပ်ကြံရန် ကြံစည်ရင်း ဆေးလုံးများ ဆက်လက်ဖော်စပ်နေခဲ့သည်။ နောက်တစ်ရက်တွင် အမွေးပွလေးသည် မြို့တော်၏မြေပုံကိုကိုက်ချီလျက် ပြန်ရောက်လာခဲ့သည်။ ယဲ့ချန်သည် ၎င်းက မြေပုံကို  မည်သို့ရယူလာနိုင်မှန်းမသိသော်လည်း ချိုးယင်း၏အိမ်တော်တည်နေရာက မြေပုံတွင် ရေးဆွဲထားခဲ့သည်။

ယဲ့ချန်သည် အသေးစိတ်တွေးတော၍ စိတ်ထဲတွင် အစီအစဥ်တစ်ခု ချလိုက်သည်။

ချိုးယင်းသည် သံသယများပြီး ဉာဏ်နီဉာဏ်နက်များသော လူတစ်ယောက်ဖြစ်သည့်အတွက် မြို့တော်သို့ ယဲ့ချန်ရောက်နေကြောင်းသိလျှင် ပြင်ဆင်မှုများပြုလုပ်ထားနိုင်သည်။ ယဲ့ချန်အတွက် အားသာချက်အနေဖြင့် သူ၏ခွန်အားအစစ်အမှန်ကို ဖုံးကွယ်ထားနိုင်ခြင်း ဖြစ်သည်။ သို့သော် တစ်ချက်တည်းဖြင့် ချိုးယင်းကိုမလုပ်ကြံနိုင်ပါက နောက်တစ်ကြိမ်ကြံစည်ရန် အလွန်တရာခက်ခဲသွားပေလိမ့်မည်။

ယဲ့ချန်သည် အမွေးပွလေးကို တစ်ချက်ကြည့်၍ လုပ်ကြံမှုတွင် သူမ၏စွမ်းရည်များကို အသေအချာအသုံးချရန် ဆုံးဖြတ်လိုက်သည်။

သူက တစ်ပတ်လုံးလုံး ဆေးလုံးများသန့်စင်နေသဖြင့် လက်မောင်းကာအတွင်း ဝိညာဥ်စုစည်းခြင်းဆေးလုံးဖော်စပ်နှုန်းက ရှစ်ဆယ်ရာခိုင်နှုန်းအထိ အောင်မြင်လာခဲ့သည်။ ဝိညာဥ်ပေါင်းစည်းခြင်းဆေးလုံးကလည်း ငါးရာခိုင်နှုန်းအထိရောက်လာသောကြောင့် တိုးတက်မှုရှိသည်။

ထိုတစ်ပတ်အတွင်း ယဲ့ချန်သည် သုံးရက်တစ်ကြိမ်ကျင့်ကြံရန် အကြောင်းပြချက်ဖြင့် ထွက်ခွာသွားတတ်သည်။ ဆေးဆရာရွှမ်းယီနှင့်လီရှုက ယဲ့ချန်အလုပ်ကြိုးစားသည်ကို တွေ့နေရသဖြင့် မတားမြစ်ခဲ့ပေ။ ဤကမ္ဘာတွင် ပါရမီရှင်များစွာရှိသော်လည်း ယဲ့ချန်ကဲ့သို့ဇွဲကောင်းသူက အလွန်ရှားပါးသည်။ အသိအမြင်သက်သက်ကပင် အဆင့်မြင့်ဆေးဆရာဖြစ်လာနိုင်သော ယဲ့ချန်ကို သူတို့က အဘယ်ကြောင့်တားမြစ်နေပါမည်နည်း။

အချိန်သည် လျင်မြန်စွာကုန်ဆုံးနေပြီး ညအမှောင်က ယဲ့ချန်၏သုံးရက်တစ်ကြိမ်ထွက်ခွာရန် အချက်ပြဖြစ်လာခဲ့သည်။

"ဆရာ ဆရာတူအစ်ကိုလီ ကျွန်တော် ကျင့်ကြံဖို့သွားချင်ပါတယ်"

ယဲ့ချန်က တည်တည်ငြိမ်ငြိမ် တောင်းဆိုလိုက်သည်။

"ကောင်းပြီ"

ရွှမ်းယီက ခေါင်းညိတ်ပြလိုက်သည်။

ယဲ့ချန်သည် ဆေးဖော်စပ်ခန်းမှထွက်လာပြီးနောက် သူ၏အခန်းသို့ ပြန်လာခဲ့သည်။ ပတ်ဝန်းကျင်တွင် အမှောင်ကကြီးစိုးနေသဖြင့် သူက အနက်ရောင်ဝတ်စုံကို ဝတ်ဆင်လိုက်သောအခါ တစ်သားတည်းဖြစ်နေခဲ့သည်။ ဤအဝတ်အစားများကိုလည်း အမွေးပွလေးက မြို့တော်အတွင်းမှ ခိုးယူပေးလာခြင်းဖြစ်သည်။ သူမ၏အဖြူရောင်အမွေးများကလည်း ညအမှောင် တဖိတ်ဖိတ်တောက်နေသဖြင့် အရောင်ပြောင်းစေရန် မင်နက်ဖြင့် တစ်ကိုယ်လုံးစိမ်လိုက်ရသည်။

သိမ်းငှက်နက်က ခြံဝန်းအနောက်ရှိ သစ်တောအတွင်းမှ ထွက်လာ၍ ညအမှောင်တွင်တစ်သားတည်းဖြစ်နေသာ ယဲ့ချန်နှင့်အမွေးပွလေးကို သယ်ဆောင်သွားခဲ့သည်။

သိမ်းငှက်နက်သည် အဆင့်တစ်ဆယ်သားရဲဖြစ်သောကြောင့် အလွန်လျင်မြန်ပြီး လူတစ်ယောက်ကို သယ်ဆောင်ထားရင်းပင် လျှပ်ပြက်သကဲ့သို့ လျင်မြန်စွာပျံသန်းနိုင်နေသည်။ ၎င်းက မီတာတစ်ထောင်အမြင့်မှ ပျံသန်းနေသဖြင့် လူများက ယဲ့ချန်ကိုမမြင်နိုင်ပေ။

အနက်ရောင်မြေပြင်ပေါ်တွင် မီးရောင်စုံများက တောက်ပလင်းလက်နေပြီး မြို့တော်၏ညအလှကို ပြည့်စုံစေခဲ့သည်။

သိမ်းငှက်နက်သည် ယဲ့ချန်ဖန်၏အမိန့်ဖြင့် သတ်မှတ်ထားသောတည်နေရာသို့ ခဏအတွင်းရောက်လာကာ ဆင်းသက်လိုက်သည်။ မျက်တောင်တစ်ခတ်အတွင်း လူတစ်ယောက်နှင့်သားရဲလေးတစ်ကောင်က အမှောင်အတွင်း ဝင်ရောက်ပျောက်ကွယ်သွားလေသည်။

"မိနစ်နှစ်ဆယ်"

ယဲ့ချန်သည် အချိန်ကို သေချာစွာတွက်ချက်လိုက်ပြီး သိမ်းငှက်နက်မဟုတ်ဘဲ ညဥ့်လေမြင်းတစ်ကောင်ကိုသာ စီးလာလျှင် အနည်းဆုံးနှစ်နာရီကြာမည် ဖြစ်သည်။

ချိုးယင်း၏အိမ်တော်ကို မြင့်မားသောနံရံများနှင့် ကာရံထားပြီး စာကြည့်ခန်းအတွင်း အလင်းရောင်ရှိနေဆဲပင် ဖြစ်သည်။ ချိုးယင်းသည် စာကြည့်ခန်းအတွင်း ထိုင်ခုံတစ်ခုပေါ်၌ ကျင့်ကြံနေသည်။ အပြင်ဘက်တွင် အဆင့်ခုနစ်နှင့်အဆင့်ရှစ်သံချပ်ကာဝတ်အစောင့်များက တင်းတင်းကျပ်ကျပ်စောင့်ရှောက်နေကြသည်။

မြင်ရသောအစောင့်များအပြင် အမှောင်ထဲတွင် အဆင့်တစ်ဆယ်စဦးအဆင့်နှင့် အဆင့်ကိုးထိပ်ဆုံးအဆင့် သက်တော်စောင့်များလည်း ရှိနေခဲ့သည်။

ယဲ့ချန် မြို့တော်သို့ရောက်နေကြောင်းကိုသိသော ချိုးယင်းသည် သတိမပေါ့ဆရဲပေ။ ယဲ့ချန်က ဆေးဆရာရွှမ်းယီ၏တပည့် ဖြစ်နေသောအခါ သူ့ဘက်မှ စတင်မလှုပ်ရှားရဲခဲ့ပေ။ နေ့တိုင်းလိုလို ယဲ့ချန်အသက်ရှင်နေကြောင်းသိရလျှင် ချိုးယင်းသည် လည်ချောင်းဝ၌ တစ်ခုခုတစ်ဆို့နေသကဲ့သို့ မသက်မသာခံစားနေရသည်။

ချိုးယင်းသည် မင်ရေကန်ကို မျက်စိဒေါက်ထောက်ကြည့်နေခဲ့ပြီး ယဲ့ချန်သာ ခြေတစ်လှမ်းထွက်လာလျှင် အစွမ်းကုန်လိုက်သတ်မည်ဖြစ်သည်။ သူက ထိုက်ရီဓားဂိုဏ်းနှင့် ဆက်ဆံရေးကောင်းရှိသဖြင့် အခကြေးငွေများစွာပေးကာ အကြီးအကဲနှစ်ယောက်ကို ငှားရမ်းထားခဲ့သည်။ မြေဝိဇ္ဇာအဆင့်ကျင့်ကြံသူနှစ်ယောက်က သူ၏အကြံကို သေချာပေါက်အောင်မြင်စေနိုင်မည်ဖြစ်သည်။

သို့သော် ယဲ့ချန်က ဆေးဖော်နေရာမှ လုံးဝထွက်မလာသောအခါ ချိုးယင်းအနေဖြင့် စိတ်ပျက်စွာစောင့်ဆိုင်းနေရန်မှတစ်ပါး ရွေးချယ်စရာမရှိခဲ့ပေ။

ညအမှောင်တွင် ပိုးမွှားအချို့၏အော်သံများက တိတ်ဆိတ်မှုကို ဖြိုခွင်းနေသည်။

ယဲ့ချန်သည် ဥယျာဥ်တစ်ခုအတွင်းရောက်ရှိနေပြီး ချိုးယင်း၏တည်နေရာကို ရှာဖွေလိုက်သည်။ သိရသောအခါ သူက နှာခေါင်းတစ်ချက်ရှုံ့၍ အမှောင်ထဲရှိသက်တော်စောင့်များကိုပါ ထောက်လှမ်းနိုင်ခဲ့သည်။ ထို့နောက် သူက စာကြည့်ခန်းထံ တရွေ့ရွေ့ချဥ်းကပ်သွားခဲ့သည်။

အမွေးပွလေး၏မျက်လုံးများတွင် အရောင်တစ်ချက်လင်းလက်သွားကာ ပုံရိပ်ယောင်စွမ်းရည် ထွက်ပေါ်လာသည်။

သံချပ်ဝတ်အစောင့်များ၏မျက်လုံးထဲတွင် အမွေးပွလေး၏စွမ်းရည်ကြောင့် ဗလာဖြစ်နေသော ခြံဝန်းက ပုံမှန်အတိုင်းရှိနေခဲ့သည်။ ဤသို့ဖြင့် ယဲ့ချန်က ကိုယ်ပျောက်လူသားပမာ ထိုအစောင့်များကို အလွယ်တကူကျော်ဖြတ်နိုင်ခဲ့သည်။

"သုံးရက်တောင် ရှိနေပြီကွာ။ ဟန်လူဆိုတဲ့ကောင်က တာဝန်ချိန်ပြောင်းဖို့ ဘာလို့အခုထိပေါ်မလာသေးတာလဲ"

အစောင့်တစ်ယောက်က ဒေါသတကြီးဖြင့် ရေရွတ်လိုက်ခြင်းဖြစ်သည်။

"ဒီကောင်က မိန်းမတွေနဲ့ပျော်ပါးနေတာ ဖြစ်ရမယ်"

အစောင့်များက ဟန်လူကို ခပ်တိုးတိုးကျိန်ဆဲနေကြသည်။

ထိုအချိန်တွင် ယဲ့ချန်သည် စာကြည့်ခန်းအပြင်သို့ ရောက်ရှိနေပြီဖြစ်သည်။ အမှောင်ထဲမှ သက်တော်စောင့်များ၏တည်နေရာကိုလည်း ဝိညာဥ်အသိစိတ်ဖြင့် ထောက်လှမ်းနိုင်ခဲ့သည်။ အမွေးပွလေးက ချက်ချင်းလှုပ်ရှားလိုက်ပြီး ခဏအတွင်း သက်တော်စောင့်များမှာ ပုံရိပ်ယောင်အတွင်း ကျရောက်သွားကြ၏။

အမွေးပွလေးသည် လက်ရှိတွင် အဆင့်တစ်ဆယ်ဖြစ်သောကြောင့် ထိုအဆင့်အောက်ရှိကျင့်ကြံသူများက ၎င်း၏ပုံရိပ်ယောင်စွမ်းရည်ကို မခုခံနိုင်ကြပေ။

ချန်ဖုန်းသည် ငရဲဖြိုခွဲဓားကိုဆွဲထုတ်ပြီး စာကြည့်ခန်းတံခါးကို ခြေဖြင့် ဝုန်းခနဲကန်ဖွင့်လိုက်သည်။

"မင်းပါလား ယဲ့..."

ကျင့်ကြံနေသော ချိုးယင်း၏မျက်လုံးများ ချက်ချင်းပွင့်လာ၍ ယဲ့ချန်၏ဓားဖျား ဝင်ရောက်လာသည်ကို မြင်ရသောအခါ အော်ဟစ်ချင်ခဲ့သည်။

သို့သော် အမွေးပွလေး၏မျက်လုံးများ အရောင်လက်သွားသည်နှင့်တပြိုင်နက် ချိုးယင်း၏အော်သံက တစ်ပိုင်းတစ်စပြတ်တောက်သွားရသည်။ ကျင့်ကြံသူများကြားတွင် အချိန်တစ်စက္ကန့်ကပင် သေခြင်းရှင်ခြင်းကို ဆုံးဖြတ်ပေးနိုင်သည်။

လျှပ်ပြက်သကဲ့သို့ လျင်မြန်နေသဖြင့် သာမန်မျက်လုံးဖြင့်မြင်ရန် မ​ဖြစ်နိုင်သော ငရဲဖြိုခွဲဓားက ချိုးယင်း၏ နဖူးအလယ်တည့်တည့်သို့ တိတိကျကျစိုက်ဝင်သွားခဲ့သည်။

ချိုးယင်း၏မျက်လုံးများက အံ့သြမှုကြောင့် ပြူးကျယ်နေကာ မျက်ခုံးနှစ်ခုကြားမှ သွေးများပန်းထွက်လာသည်။

အဆင့်တစ်ဆယ်ထိပ်တန်းကျင့်ကြံသူဖြစ်သော ချိုးယင်းသည် ဆယ်စုနှစ်များစွာ အာဏာရှိလာပြီး တိုက်ပွဲပေါင်းများစွာကို အတွေ့အကြုံရှိသူဖြစ်သည်။ ရှီဝူအင်ပါယာတွင် သူက ကြိုးကြိုးစားစားဖြင့် လက်ဝဲဝန်ကြီးချုပ်ရာထူးကို ရယူနိုင်ခဲ့သည်။ သို့သော် သူ၏အသက်မှာ ဆယ်ကျော်သက်အရွယ်လူငယ်လေးတစ်ယောက်ကြောင့် ကိုယ်ပိုင်စာကြည့်ခန်းအတွင်း အဆုံးသတ်ခံရလိမ့်မည်ဟု အိပ်မက်ပင်မမက်ဖူးခဲ့ပေ။

ယဲ့ချန်၏ဓားက နဖူးထံတိုးဝင်လာချိန်တွင် ချိုးယင်းသည် မည်သည်ကိုမှမစဥ်းစားနိုင်တော့ဘဲ ခုခံလိုခဲ့သည်။ သို့သော် ယဲ့ချန်၏လျင်မြန်မှုနှင့် အမွေးပွလေး၏ပုံရိပ်ယောင်စွမ်းရည်တို့ ပေါင်းစပ်လိုက်သောအခါ သူ့အနေဖြင့် အခွင့်အရေးမရှိခဲ့ပေ။

ယဲ့ချန်သည် ချိုးယင်း၏စာကြည့်ခန်းပြတင်းပေါက်မှ လှစ်ခနဲခုန်ထွက်သွားကာ ညအမှောင်အတွင်း ပျောက်ကွယ်သွားသည်။ ယဲ့ချန်ခုန်ထွက်သွားချိန်တွင် ကျင့်ကြံနေသောအနေအထားဖြင့် ထိုင်နေသည့် ချိုးယင်း၏ခေါင်းက အောက်သို့ငိုက်စိုက်ကျသွားခဲ့လေသည်။

မိနစ်ဝက်အကြာတွင် ယဲ့ချန်နှင့်အမွေးပွလေးသည် သိမ်းငှက်နက်၏ခြေသည်းကိုဆွဲကိုင်ကာ ကောင်းကင်မှ ထွက်ပြေးလာခဲ့သည်။ ဆယ်မိနစ်အကြာတွင် စာကြည့်ခန်းအတွင်းစစ်ဆေးရန် ဝင်ရောက်လာသော အစောင့်တစ်​ယောက်က ဝန်ကြီးချုပ်ချိုးယင်း၏အလောင်းကို မြင်သွားခဲ့သည်။

"လုပ်ကြံသူ ရှိတယ်ဟေ့"

ကျယ်လောင်သော အော်သံက အမှောင်တွင်တိတ်ဆိတ်နေသည့် ဝန်ကြီးချုပ်အိမ်တော်ကို လှုပ်နှိုးလိုက်သည်။

"ပြည့်စုံတယ်။ ယောကျ်ားတစ်ယောက်က တာဝန်ကိုပြီးဆုံးတဲ့အခါ ကျော်ကြားမှုနဲ့ကံကြမ္မာက အရေးမပါတော့ဘူး။ ဒါကဒဏ္ဍာရီထဲက လုပ်ကြံသူတွေရဲ့ ခံစားချက်မျိုးပေါ့"

ကောင်းကင်ထက်မှချန်ဖုန်းသည် ရုတ်ရုတ်သဲသဲဖြစ်နေသော အိမ်တော်ကြီးကို တစ်ချက်ပြုံး၍ ကြည့်လိုက်သည်။ ချိုးယင်းကဲ့သို့ ဉာဏ်နီဉာဏ်နက်များသော ရန်သူတစ်ယောက် သေဆုံးသွားခြင်းက ယဲ့ချန်၏စိုးရိမ်မှုများကို အတိုင်းအတာတစ်ခုအထိ လျော့ကျသွားစေသည်။

ယဲ့ချန်သည် သူ၏ခြံဝန်းသို့ပြန်ရောက်သောအခါ အဝတ်အစားများပြောင်းလဲလိုက်ပြီး အနက်ရောင်အဝတ်ကို လက်မောင်းကာ၏နေရာတွင် သိမ်းဆည်းလိုက်သည်။ အမွေးပွလေးသည်လည်း မင်များကို ရေဖြင့်ဆေးကြောလိုက်သည်။ ယဲ့ချန်သည် ချိုးယင်းကိုလုပ်ကြံရန် အချိန်ဆယ့်ငါးမိနစ်သာယူခဲ့ပြီး ဆေးဖော်စပ်ခန်းသို့ တစ်လှမ်းချင်းပြန်လာခဲ့သည်။

"ယဲ့ချန် မင်း ဘာလို့စောစောပြန်လာတာလဲ"

လီရှုက ကြိုဆိုလို​က်သည်။

"ကျွန်တော်က အခန်းထဲမှာကျင့်ကြံနေတုန်း ဆေးပညာမှာ သိချင်တာတွေ ပေါ်လာလို့ပါ။ ဒါကြောင့် စာအုပ်တွေလာရှာတာ"

ယဲ့ချန်က တည်ငြိမ်စွာဖြေလိုက်ပြီး ဆေးပညာစာအုပ်အချို့ကိုရွေးချယ်ကာ သူ၏ခြံဝန်းထံ ပြန်လာခဲ့သည်။ အကြောင်းအရင်းမှာ ဆေးဖော်စပ်ခန်းအတွင်း သူတစ်ချိန်လုံးရှိနေသည်ဟူသော အလီဘိုင်ကို ဆရာရွှမ်းယီနှင့်လီရှုတို့ သက်သေပြစေလိုသောကြောင့်ဖြစ်သည်။ ဤသို့ဖြင့် မင်ဝူ၏သံသယကို ရှောင်လွှဲနိုင်ပေမည်။

အခန်းသို့ပြန်ရောက်သောအခါ သူ၏စားပွဲပေါ်တွင် ချိုးဟူသောနာမည် ရေးထွင်းထားသည့် သိုလှောင်အိတ်တစ်လုံးကို မြင်လိုက်ရသောကြောင့် ယဲ့ချန်၏မျက်နှာတွင် အပြုံးတစ်ခုဖြစ်ပေါ်လာသည်။

အမွေးပွလေးသည် ယဲ့ချန်က ချိုးယင်းကိုလုပ်ကြံနေစဥ် ရန်သူ၏ပိုင်ဆိုင်မှုကို ရှာဖွေယူဆောင်လာရန် မမေ့ခဲ့ချေ။

ထို့ကြောင့် ယဲ့ချန်သည် အမွေးပွလေးက အပြန်လမ်းတွင် တစ်စုံတစ်ရာကိုကိုက်ချီလာကြောင်း ခံစားနေရခြင်းဖြစ်သည်။သူက သိုလှောင်အိတ်ကိုဖွင့်လိုက်သောအခါ ရတနာများစွာ ထွက်ပေါ်လာခဲ့သည်။ဝိညာဥ်စုစည်းခြင်းဆေးလုံးနှစ်သောင်းကျော်၊ ဝိညာဥ်ပေါင်းစည်းခြင်းဆေးလုံးငါးရာ၊ ဝိညာဥ်အဆင့်တစ်ဆေဘာတစ်လက်နှင့် ကျင့်စဥ်များထွက်ပေါ်လာသည့်အပြင် ပိုင်ဆိုင်မှုစာချုပ်အချို့လည်း ပါဝင်နေခဲ့သည်။

လက်ဝဲဝန်ကြီးချုပ်ချိုးယင်းက တုန်းလင်၏ဒုတိယမင်းသား လျိုရွှင်းထက် များစွာပို၍ချမ်းသာသည်။

"နေပါဦး ဒါက ဘာများလဲ"

ယဲ့ချန်သည် ရန်သူ၏ရတနာများကို လက်မောင်းကာ၏နေရာလပ်အတွင်း ထည့်သွင်းနေရင်း သိုလှောင်အိတ်၏ထောင့်တစ်နေရာတွင် သားရဲတစ်ကောင်၏သွားတစ်ချောင်းကို တွေ့လိုက်ရသည်။၎င်းက လက်မအရွယ်အစားရှိပြီး ဖြူဖွေးထက်ရှနေကာ ချောမွေ့သောမျက်နှာပြင်ထက်တွင် ဆန်းကျယ်သောအက္ခရာအချို့ ရှိနေခဲ့လေသည်။

All Chapters