← Chapters

ပေါင်းစည်းခြင်း ဆေးလုံး

Vol. 13 Ch. 172

ပေါင်းစည်းခြင်း ဆေးလုံး

Vol. 13 Ch. 172

ချိုးယင်းသည် သိုလှောင်အိတ်အတွင်း မည်သည့်အရာကို ထည့်ထားသနည်း။ ယဲ့ချန်သည်အလွန်သန့်စင်သော ကောင်းကင်ချီကို သားရဲသွားထံမှ ခံစားနေရသည်။

"အမွေးပွလေး ဒီသွား ဘယ်ကလာတယ်ဆိုတာ မင်း သိလား"

ယဲ့ချန်က မေးလိုက်သည်။

အမွေးပွလေးက မသိကြောင်း ခေါင်းယမ်းပြလိုက်သည်။

"ဒါက ဘာလဲဆိုတာ ငါသိချင်တယ်။ ချိုးယင်းတောင် ဒီအရာအကြောင်းကိုမသိလို့ သိမ်းထားတာထင်တယ်"

ယဲ့ချန်သည် ခဏတာစဥ်းစားပြီးနောက် လက်မောင်းကာအတွင်း ၎င်းကို ထည့်သွင်းလိုက်သည်။ လက်ရှိတွင် သူကိုယ်တိုင်မသိသော ရတနာသုံးခုက သူ၏လက်ထဲတွင် ရောက်နေပြီဖြစ်သည်။

သွားတစ်ချောင်း၊ ပုလဲနက်တစ်လုံးနှင့် ယဲ့မျိုးနွယ်၏ ကောင်းကင်ကြယ်တံဆိပ်တော်တို့ ဖြစ်သည်။

ယဲ့ချန်သည် ကောင်းကင်ချီနှင့် ဝိညာဥ်အသိစိတ်ကိုသုံးကာ ပုလဲနက်ကို စစ်ဆေးခဲ့သော်လည်း အကြောင်းမထူးပေ။ ၎င်းက ထူးခြားသည်ဟုသာ သိနိုင်ပြီး မည်သို့ထူးခြားကြောင်း မသိချေ။ ကောင်းကင်ကြယ်တံဆိပ်တော်သည်လည်း ထူးမခြားနားပင်ဖြစ်ကာ ၎င်းက သာမန်ကျောက်တုံးတစ်ခုနှင့်ပင် ဆင်တူနေခဲ့သည်။ သို့သော် ယွင်မျိုးနွယ်၏ရဲတိုက်တွင် ၎င်းက ယဲ့ချန်၏မီးတောက်ချီများကို နှစ်ဆယ်ရာခိုင်နှုန်း အစွမ်းပိုထက်လာစေသောကြောင့် သာမန်မဟုတ်ကြောင်း သိသာနေခဲ့သည်။ လက်ရှိအချိန်အထိ ယဲ့ချန်သည် တံဆိပ်တော်ကို မည်သို့အသုံးချရမည်ဖြစ်ကြောင်း မသိသော်လည်း ခန္ဓာကိုယ်ပေါ်တွင် သေချာစွာဆောင်ထားလိုက်သည်။

"အဖေ့မှာ ပိုကြီးတဲ့ ကောင်းကင်ကြယ်တံဆိပ်တော်ရှိတယ်လို့ ကြားဖူးတယ်။ ဒါတွေက အတိတ်မှာ ဘာအတွက်သုံးခဲ့တာလဲ"

ချိုးယင်း၏ရတနာများကို သိမ်းဆည်းပြီးနောက် ယဲ့ချန်သည် အိပ်ရာပေါ်တွင်ကျင့်ကြံရန် ပြင်ဆင်လိုက်သည်။ ညအမှောင်ကုန်ဆုံး၍ နံနက်အလင်းရောက်သောအခါ သူက မည်သည်မှမဖြစ်ပျက်ခဲ့ဟန်ဖြင့် ဆေးဖော်စပ်ခန်းသို့ ပြန်သွားလိုက်သည်။

အိမ်တော်အတွင်း ဝန်ကြီးချုပ်ချိုးယင်း အသတ်ခံလိုက်ရသောကြောင့် မြို့တော်တစ်ခုလုံး လှုပ်ရှားနေခဲ့သည်။ ထိပ်တန်းအဆင့်တစ်ဆယ်ကျင့်ကြံသူက ကိုယ်ပိုင်စာကြည့်ခန်းအတွင်း အသတ်ခံလိုက်ရသောအခါ လူတိုင်း၏စိတ်ထဲတွင် တရားခံမည်သူနည်းဟူသော အတွေးသာ ကြီးစိုးနေသည်။

ဧကရာဇ်မင်ဝူသည် ချိုးယင်း၏အိမ်တော်ကို ချိတ်ပိတ်ပြီး စုံစမ်းရန် ချက်ချင်းအမိန့်ပေးလိုက်သည်။ သို့သော် လုပ်ကြံသူကို မည်သူမှမမြင်ခဲ့ဘဲ ချိုးယင်းကို မည်သို့သတ်သွားကြောင်း မသိကြပေ။ အလွန်ထူးဆန်းနေပြီး ဝိဇ္ဇာအဆင့်ကျင့်ကြံသူတစ်ယောက်၏ လက်ချက်ဟု သံသယများ ဖြစ်ပေါ်လာသည်။

တစ်ခုတည်းသော သဲလွန်စမှာ ချိုးယင်း၏နဖူးရှိ ဓားဒဏ်ရာဖြစ်ပြီး လုပ်ကြံသူမှာ ဓားသမားဖြစ်သည်မှလွဲ၍ ခြေရာလက်ရာမကျန်ပေ။ အဆင့်တစ်ဆယ်ကျင့်ကြံသူဖြစ်သော ချိုးယင်းမှာ ကျင့်ကြံနေရင်း အသတ်ခံလိုက်ရသဖြင့် လုပ်ကြံသူ၏ဓားချက်က အလွန်လျင်မြန်ကြောင်း ခန့်မှန်းကြသည်။ ကောင်းကင်ဝိဇ္ဇာအဆင့် ကျင့်ကြံသူဖြစ်သော မင်ဝူကိုယ်တိုင်ပင် ချိုးယင်း ထိုင်ရာမှမထခင် ဓားဖြင့် ထိုးနိုင်မည်မဟုတ်ပေ။ တန်ခိုးရှင်ဝိဇ္ဇာတစ်ယောက်က ချိုးယင်းကို ဤမျှဒုက္ခခံပြီး အဘယ်ကြောင့်သတ်ရပါသနည်း။

ချိုးယင်း၏သေဆုံးမှုသည် ဆန်းကျယ်မှုတစ်ခုဖြစ်လာပြီး မြို့တော်တစ်ခုလုံး လုပ်ကြံသူကို အလွန်​ကြောက်လန့်နေကြပြီ ဖြစ်သည်။ လက်ထောက်ဝန်ကြီးများနှင့် အရေးကြီးသောဝန်ကြီးများမှာ လုပ်ကြံခံရမည်ကို လိပ်ပြာလွင့်မတတ် ကြောက်လန့်နေကြသောကြောင့် လျှို့ဝှ​က်ခန်းများသို့ ပြောင်းရွှေ့အိပ်စက်နေကြသည်။ အဆင့်တစ်ဆယ်ကျင့်ကြံသူဖြစ်သော ချိုးယင်းပင် တစ်ချက်မှမလှုပ်နိုင်ခင် သေဆုံးသွားရသောအခါ သူတို့ဆိုလျှင် လုပ်ကြံသူက ချွေးပင်ထွက်မည်မဟုတ်ပေ။ ဝန်ကြီးတိုင်း၏စိတ်ထဲတွင် ချိုးယင်းသည် လူမှားရန်စမိ၍ အသတ်ခံလိုက်ရပြီး လုပ်ကြံသူက မင်းမှုထမ်းများကို ပစ်မှတ်ထားခြင်းမဟုတ်ပါစေနဲ့ ဟူသည့် တူညီသော ဆုတောင်းတစ်ခု ဖြစ်တည်လာသည်။

အချို့က နန်မန်တိုင်းပြည်၏လက်ချက်ဟု ဆိုကြပြီး ချိုးယင်းက ရန်သူများနှင့် ဆက်သွယ်သောကြောင့် မင်ဝူ၏ ရွှေသံချပ်တော်ဝင်အစောင့်များက သတ်လိုက်သည်ဟု ဆိုကြသူများလည်း ရှိသည်။ များစွာသောကောလဟာလများက ရှီဝူအင်ပါယာ၏ မြို့တော်တစ်ခွင် ပျံ့နှံ့နေခဲ့သည်။

ထိုအချိန်တွင် သိမ်းငှက်နက်က တုန်းလင်ပြည်နယ်သို့ ပြန်သွားပြီဖြစ်ကာ ယဲ့ချန်သည် သူ့ကို ကျောက်စိမ်းမျှော်စင်တွင် လိုက်သတ်ခဲ့သော ရန်သူကို လက်စားချေနိုင်ခဲ့သည်။ချိုးယင်း၏ ညစ်ပတ်သောလှည့်ကွက်များကိုလည်း ကြောက်စရာမလိုတော့ပေ။

ယဲ့ချန်ကို မည်သူမှသံယမဝင်သော်လည်း သူက ဆေးပညာနှင့်ကျင့်ကြံခြင်းကို အာရုံစိုက်ပြီး ခွန်အားတိုးတက်စေရန် အစွမ်းကုန်ကြိုးစားနေခဲ့သည်။

"ရှောင်ရိ ဘာလုပ်နေတာလဲ။ငါ ဒီကလေးကိုမမြင်တာ ကြာပြီ"

ယဲ့ချန်က ရှောင်ရိ၏အခန်းသို့ လျှောက်လာခဲ့သည်။

"အစ်ကိုချန် ခင်ဗျားပြန်လာပြီလား။ငါ အိပ်ငိုက်နေတယ်"

အခန်းအတွင်း၌ တစ်ချိန်လုံးအိပ်နေသော ရှောင်ရိသည် အိပ်မှုန်စုံမွှားဖြင့် တံခါးကို ဖွင့်ပေးလိုက်သည်။ ခရမ်းရွှေနတ်ငါးကိုစားပြီးနောက် သူက ဆက်တိုက်အိပ်ချင်နေသဖြင့် ချိုးယင်းကို ယဲ့ချန်သွားသတ်သည်ကို မဆိုထားနှင့် စားသောက်ရန်ပင် မသိတော့ချေ။

"ရှောင်ရိကို ချိုးယင်းအကြောင်း မပြောတာကောင်းမယ်။သူကကလေးဆိုတော့ မတော်တဆ ပေါ်သွားနိုင်တယ်"

"ရှောင်ရိ မင်း နေထိုင်ကောင်းရဲ့လား"

ယဲ့ချန်က စိတ်ထဲမှဆုံးဖြတ်လိုက်ပြီး မိစ္ဆာသားရဲဘုရင်အဆင့်ဖြစ်သော ရှေးဟောင်းတောင်ပံမြွေနဂါးသည် အဘယ်ကြောင့် ဤမျှအိပ်စက်နေရကြောင်းကို သိလိုခဲ့သည်။

"ကျွန်တော် အဆင်ပြေတယ်။ တစ်ခါတလေကျရင် တစ်ကိုယ်လုံးညောင်းညာနေပြီး အိပ်ချင်တယ်"

ရှောင်ရိက သမ်းဝေရင်း ဖြေလိုက်သည်။

"မင်းအိပ်ချင်ရင် အိပ်လို့ရပါတယ်"

ယဲ့ချန်က ရှောင်ရိ၏ကျောကိုပုတ်၍ ပြောလိုက်သည်။

"ရွှေခရမ်းနတ်ငါးကြောင့် သူက အိပ်ချင်တာဆိုရင် ဒီအခြေအနေကကောင်းတာလား။ ဆိုးတာလား။ ဒါပေမယ့် ခရမ်းရွှေနတ်ငါးက လောကအဆင့် စိတ်ဝိညာဥ်သားရဲတစ်ကောင်ဆိုတော့ ဆိုးကျိုးမရှိလောက်ပါဘူး"

ယဲ့ချန်က ရှောင်ရိ၏အိပ်ချင်စိတ်သည် ခရမ်းရွှေနတ်ငါးနှင့် ပတ်သက်နေမည်ဖြစ်ကြောင်း စဥ်းစားနေစဥ် မြွေနဂါးကောင်လေးသည် အိပ်ရာထက်တွင် အိပ်မောကျသွားပြီဖြစ်သည်။

"မင်းအိပ်တာကလည်း မြန်လိုက်တာ"

ယဲ့ချန်က ခပ်တိုးတိုးရယ်မော၍ ရှောင်ရိ၏အခန်းအတွင်းမှ လှည့်ထွက်လိုက်စဥ် ကောင်းကင်ချီလှုပ်ခတ်မှုကို ရုတ်တရက်ခံစားလိုက်ရသည်။ ရှောင်ရိ အသက်ရှူလိုက်တိုင်း ပတ်ဝန်းကျင်ရှိ ကောင်းကင်ချီများက သူ၏ကိုယ်တွင်းသို့ ဝင်ရောက်သွားကြသည်။

ရှောင်ရိ၏အိပ်စက်ခြင်းက ကျင့်ကြံသူများ ဆယ်စုနှစ်တစ်ခုစာ ကျင့်ကြံခြင်းထက်ပင် ပို၍အကျိုးရှိနေသောအခါ ယဲ့ချန်သည် အနည်းငယ်အံ့သြသွားခဲ့သည်။ ခရမ်းရွှေနတ်ငါးစွပ်ပြုတ်သည် အ သက်ငါးနှစ်အရွယ် ရှေးဟောင်းသားရဲ၏ခန္ဓာကိုယ်ကို တစ်နည်းနည်းဖြင့် တိုးတက်စေခဲ့သည်။

ယဲ့ချန်က ရှောင်ရိ၏အခန်းထံမှ ကိုယ်ပိုင်အခန်းသို့ ပြန်ရောက်သောအခါ အမွေးပွလေးလည်း ကျင့်ကြံနေသည်ကို တွေ့လိုက်ရသည်။

လက်ရှိတွင် ယဲ့ချန်သည် အဆင့်တစ်ဆယ်၏ ထိ ပ်ဆုံးသို့ရောက်ရှိနေကာ ကောင်းကင်ချီများကိုစုပ်ယူခြင်းဖြင့် မြေဝိဇ္ဇာအဆင့်သို့ ရောက်လုနီး​ပါးပင်ဖြစ်သည်။ ကျင့်ကြံဆင့်အတားအဆီး လျော့ရဲလာသည်ကို သူက ခံစားနေရပြီး ထျန်းချီအဆင့်တစ်ဆယ်နှင့် မြေဝိဇ္ဇာအဆင့်၏ကွဲပြားမှုက စတင်ဖြစ်ပေါ်လာသည်။

ကျင့်ကြံသူတစ်ယောက်သည် မြေဝိဇ္ဇာအဆင့်သို့ရောက်သွားလျှင် ရုပ်ခန္ဓာက ပိုမိုအစွမ်းထက်လာသည်။ ရုပ်ခွန်အားက ဆင်အကောင်တစ်ရာ၏အားနှင့်ညီမျှကာ ကောင်းကင်ချီများ စီးထွက်မှု ရပ်တန့်သွားမည် ဖြစ်သည်။

ဆေးဆရာရွှမ်းယီကို ကြည့်လိုက်လျှင် ကောင်းကင်ချီစီဆင်းမှုမရှိသော သာမန်လူတစ်ယောက်ဟု ထင်ရသော်လည်း မြေဝိဇ္ဇာတစ်ယောက်၏လက်ဝါးက သံမဏိကိုပင် ထိုးဖောက်နိုင်သည်။ ထျန်းချီအဆင့်တစ်ဆယ်အောက် ကျင့်ကြံသူများဆိုလျှင် ဆိုဖွယ်ရာ မရှိချေ။

ယဲ့ချန်သည် မြေဝိဇ္ဇာအဆင့်သို့ရောက်ရန် ခြေတစ်လှမ်းသာလိုသော်လည်း ဤတစ်ဆင့်က

အလွန်ခက်ခဲနေသည်။ ထျန်းချီအဆင့်တစ်ဆယ်ကျင့်ကြံသူများစွာမှာ ဤအဆင့်တွင် တစ်ဆို့တတ်ကြပြီး အများစုမှာ တစ်သက်လုံး အဆင့်မတက်နိုင်ကြပေ။ ယဲ့ချန်သည် ကျင့်ကြံဆင့်အကန့်အသတ်ကို အားသုံးထိုးဖောက်ခြင်းထက် တာအိုကိုသာ ဆက်လက်ဆင်ခြင်ရင်းဖြင့် အလိုလိုထိုးဖောက်ရန် ဆုံးဖြတ်လိုက်သည်။

ကံကောင်းသည်မှာ ယဲ့ချန်၏ကိုယ်ထဲတွင် ပိရှို့ရှိနေပြီး များစွာသောဆေးများကို သောက်သုံးခဲ့သော်လည်း သန့်စင်ယန်ခန္ဓာကိုယ်က မစွန်းထင်းခဲ့ပေ။ထို့ကြောင့် အဆင့်တက်နိုင်ရန် သာမန်ကျင့်ကြံသူများထက် အဆပေါင်းများစွာ အခွင့်အရေးရှိလေသည်။

ထိုအချိန်တွင် ရွှမ်းယီသည် ဆေးဖော်စပ်ရာတွင်အရေးကြီးသောအခြေအနေသို့ ရောက်ရှိနေကာ ငါးရက်ခြောက်ရက်အတွင်း ဆေးလုံး ထွက်ပေါ်လာတော့မည်ဖြစ်သည်။ ယဲ့ချန်ကိုယ်တိုင်သည် လူသားအဆင့်ဆေးတစ်လုံးက သူ့ကို အဆင့်တက်နိုင်စေမည်လားဟု သိချင်စိတ် ဖြစ်ပေါ်နေခဲ့သည်။

သူ၏ကိုယ်တွင်းရှိ ဝိညာဥ်စုစည်းခြင်းဆေးလုံး၏ စွမ်းအင်များ ကုန်ခမ်းသွားသောအခါ ယဲ့ချန်သည် နောက်တစ်လုံးသောက်လိုက်သည်။ ဒုတိယမြောက်ဆေးလုံး၏ အာနိသင်က ပထမဆေးလုံးလောက် မပြင်းထန်သောကြောင့် သူက ဆေးစွမ်းအင်ကို လျင်မြန်စွာစုပ်ယူနိုင်ခဲ့သည်။ ထို့နောက် ယဲ့ချန်သည် ဝိညာဥ်ပေါင်းစည်းခြင်းဆေးလုံးကို ဖြည်းညှင်းစွာထုတ်ယူလိုက်သည်။

ပေါင်းစည်းခြင်းဆေးလုံးသည် စုစည်းခြင်းဆေးလုံးထက် လေးငါးဆ ပို၍အစွမ်းထက်ပြီး အဖိုးတန်လွန်းသောကြောင့် သိမ်းငှက်နက်နှင့်အတူ ယဲ့မျိုးနွယ်သို့ ပြန်မပေးလိုက်ရဲချေ။ ထျန်းချီအဆင့်တစ်ဆယ် ကျင့်ကြံသူတစ်ယောက်ပင် ဤဆေးလုံး၏ပြင်းထန်မှုကို အနိုင်နိုင်ခုခံရမည်ဖြစ်သည်။

ယဲ့ချန်က သောက်သုံးရဲခြင်းအကြောင်းမှာ သူ၏ကျင့်ကြံခြင်းအုတ်မြစ်က အလွန်ခိုင်မာကာ မြေဝိဇ္ဇာများအောက် မနိမ့်ကျသောကြောင့်ပင်။

ယဲ့ချန်၏ပါးစပ်အတွင်းသို့ ဆေးလုံးက ရောက်ရှိသွားသည်နှင့်တပြိုင်နက် ပိုမိုအစွမ်းထက်သော ဆေးစွမ်းအင်များက လှိုင်းများသဖွယ် ထွက်ပေါ်လာကြသည်။ ဝမ်းဗိုက်တွင် ပူလောင်မှုတစ်ခု ဖြစ်ပေါ်လာသဖြင့် ယဲ့ချန်၏တစ်ကိုယ်လုံး အပူပေးခံရသော သံကဲ့သို့ ရဲရဲနီလာခဲ့သည်။

ယဲ့ချန်က အံတင်းတင်းကြိတ်ပြီး ဝိညာဥ်ပေါင်းစည်းခြင်းဆေးလုံး၏ စွမ်းအင်များကို ဖြည်းဖြည်းချင်းစုပ်ယူလိုက်သည်။ အပူလှိုင်းများက သွေးကြောများတလျှောက် ဖြတ်သန်းသွားပြီး နာကျင်မှုကြောင့် ဝိညာဥ်နှင့်စိတ်က ပေါက်ထွက်သွားတော့မယောင် ခံစားနေရသည်။

ပီရှို့က ပြင်းထန်စွာလှုပ်ယမ်းလာပြီး များစွာသောကောင်းကင်ချီများကို ရေပူစမ်းတစ်ခုပမာ ထုတ်လုပ်ပေးခဲ့သည်။ ယဲ့ချန်သည် စျာန်ဝင်စားသော အခြေအနေတစ်ခုသို့ ဝင်ရောက်သွားကာ ကောင်းကင်ချီပင်လယ်ကြီးထက်တွင် ရောက်ရှိနေခဲ့သည်။ ပင်လယ်တွင် ချီများက လှိုင်းလုံးသဖွယ်လှုပ်ရှားနေပြီး အနီရောင်နေတစ်စင်းကလည်း ထွန်းလင်းတောက်ပနေသည်။ ယဲ့ချန်က သူ၏အသိစိတ်ဖြင့် နေကိုထိရန် ကြိုးစားသော်လည်း လုံးဝမရပေ။

အချိန်တစ်ခုအကြာတွင် သူ၏နားထဲသို့ ရှေးကျသောစကားသံတစ်ခု ဝင်လာသော်လည်း အဓိပ္ပါယ်ကို မဖမ်းဆုပ်နိုင်ခဲ့ပေ။ ခရမ်းရွှေနတ်ငါး၏စွမ်းအင်များလည်း ထွက်ပေါ်လာကာ ယဲ့ချန်၏သွေးကြောများတွင် ပေါင်းစပ်သွားသည်။ သူက ကြယ်တာရာဘုံကိုးလွှာကျင့်စဥ်ကို လည်ပတ်ကာ စက်ဝိုင်းကိုးခု၏ အလယ်တွင် ဆန်စေ့အရွယ် စွမ်းအင်ပုလဲများကလည်း ကြီးထွားလာကြသည်။

ဤအရာက ဒဏ္ဍာရီလာ ဝိညာဥ်ပေါင်းစည်းခြင်းဆေးလုံး၏ အစွမ်းပင်ဖြစ်သည်။ ခရမ်းရွှေနတ်ငါးနှင့် ဝိညာဥ်ပေါင်းစပ်ခြင်းဆေးလုံး၏ အစွမ်းများက ယဲ့ချန်၏ခန္ဓာကိုယ်ကို ပြောင်းလဲတိုးတက်စေခဲ့သည်။ ပုလဲကိုးခုက စက်ဝိုင်းတစ်ပတ်ပြည့်အောင် လည်ပတ်လိုက်ချိန်တွင် သူ၏ကိုယ်တွင်းရှိ ကောင်းကင်ချီများက မြင့်တက်လာလေသည်။

All Chapters