← Chapters

ဧကရာဇ်မင်ဝူနှင့် တွေ့ဆုံခြင်း

Vol. 13 Ch. 176

ဧကရာဇ်မင်ဝူနှင့် တွေ့ဆုံခြင်း

Vol. 13 Ch. 176

ယဲ့ချန်သည် ရွှမ်းယီ၏လက်အောက်ခံ မြေဝိဇ္ဇာသုံးယောက် ထွက်ခွာသွားသည်ကို ဝိညာဥ်အသိစိတ်ဖြင့် အာရုံခံလိုက်သည်။

ထို့နောက် သူက ဝိညာဥ်သိစိတ်ကို ရုတ်သိမ်းကာ ကိုယ်ပိုင်ခြံဝန်းထံ ပြန်သွားခဲ့သည်။ ရှီးယန်၏သေဆုံးမှုသည် ရောက်ရှိလာမည့် မုန်တိုင်းကြီး၏အစ လေပြေတိုက်ခတ်ခြင်းသာ ဖြစ်သည်။ ထန်းရှင်းတောင်ဂိုဏ်းမှ ကျင့်ကြံသူများ မည့်သည့်အချိန်တွင် ထပ်မံရောက်ရှိလာမည်ကို သူလည်း မသိပေ။ ထို့ကြောင့် ခွန်အားကိုသာ ပိုမိုတိုးပွားလာစေရန် ကျင့်ကြံလိုက်သည်။ ရှီးယန်နှင့်တိုက်ပွဲတွင် ယဲ့ချန်သည် ဝိညာဥ်စစ်သည်တော်နှင့် ဓားပျံအပေါ် နားလည်မှုများ တိုးပွားလာခဲ့သည်။

ဝိညာဥ်စစ်သည်တော်ဖြင့် တိုက်ခိုက်ခြင်းသည် သာမန်နှင့်မတူ ကွဲပြားပေသည်။ တိုက်ပွဲအတွင်းရှိစွမ်းအင်များက ၎င်း၏တိုက်ခိုက်နိုင်စွမ်းကို သက်ရောက်မှုရှိသောကြောင့် ဝိညာဥ်စစ်သည်တော်ကို တည်ငြိမ်စေရန် တိုက်ပွဲများများ ရင်ဆိုင်ပေးရမည် ဖြစ်သည်။

ယဲ့ချန်သည် ဓားပျံ၏အသုံးဝင်ပုံ နောက်တစ်မျိုးကို အမှတ်မထင်သိလိုက်ရသည်။ ၎င်းက ပစ်မှတ်၏ခန္ဓာကိုယ်အတွင်း ကောင်းကင်ချီများ ချန်ထားရစ်နိုင်သည်။ ယဲ့ချန်က ထိုစွမ်းအင်များကို စိတ်ဖြင့်ထိန်းချုပ်၍ ဖောက်ခွဲနိုင်သဖြင့် တိုက်ပွဲများတွင် အလွန်အသုံးဝင်ပေသည်။ ဓားပျံက ရန်သူ၏ခန္ဓာကိုယ်ကို ထိမှန်လိုက်ရုံဖြင့် ချိန်ကိုက်ဗုံးတစ်လုံး တပ်ဆင်ပေးလိုက်သည်နှင့် မခြားပေ။

ယဲ့ချန်သည် ရှီးယန်၏သိုလှောင်အိတ်ကို စစ်ဆေးလိုက်သောအခါ ဝိညာဥ်စုစည်းခြင်းဆေးလုံး နှစ်သောင်း၊ ချီဖြိုခွဲဆေးလုံး နှစ်ရာနှင့် အဆင့်တစ်ဝိညာဥ်လက်နက် ဓားရှည်တစ်လက်ကို တွေ့ခဲ့ရသည်။ သူက ၎င်းတို့ကို လက်မောင်းကာ၏ နေရာလပ်အတွင်း သိမ်းဆည်းလိုက်၏။ သတင်းပို့ကြွက်ကိုမူ လက်ရှိတွင် အသုံးမလိုသောကြောင့် ကျွန်းပေါ်တွင် လွတ်လွတ်လပ်လပ် သွားလာခွင့် ပြုထားလိုက်သည်။

ထို့နောက် ယဲ့ချန်သည် မင်သေသေမျက်နှာထားဖြင့် ဆေးဖော်စပ်ခန်းသို့ ပြန်ရောက်လာခဲ့သည်။

ရွှမ်းယီနှင့်လီရှု၏ မျက်နှာများက ထူးထူးခြားခြား လေးနက်နေကြသည်။ ကောင်းကင်ဝိဇ္ဇာတစ်ယောက် ထွက်ပေါ်လာခြင်းက သူတို့ကို ဖိအားများ ခံစားရစေသည်။ လူသားအဆင့် ဆေးလုံးဖော်စပ်ခြင်း အောင်မြင်ရန် တစ်ရက်အလိုတွင် မည်သို့သောမုန်တိုင်းမျိုး တိုက်ခတ်လာနိုင်သည်ကို မည်သူမှ တိတိကျကျမပြောနိုင်ပေ။

"လီရှု မင်ဝူကို သွားရှာလိုက်။ ငါ သူနဲ့ ဆွေးနွေးစရာရှိတယ်"

နောက်ဆုံးတွင် ရွှမ်းယီက ဆုံးဖြတ်ချက်တစ်ခုချကာ ညွှန်ကြားလိုက်သည်။ ဧကရာဇ်မင်ဝူသည် လူသားအဆင့်ဆေးကို လိုချင်နေသော်လည်း သူနှင့်ရွှမ်းယီကြားရှိ မိတ်ဆွေဆက်ဆံရေး​ကြာင့် ဓားပြတိုက်လုယူမည် မဟုတ်ပေ။

ရွှမ်းယီ၏လက်အောက်တွင်ရှိသော မြေဝိဇ္ဇာခုနစ်ယောက် စုပေါင်းလိုက်လျှင် ကောင်းကင်ဝိဇ္ဇာတစ်ယောက်ကို ရင်ဆိုင်နိုင်သည်။ သို့သော် အရာရာတိုင်းတွင် မတော်တဆဖြစ်တတ်ပြီး အဘိုးကြီးငါးနှင့်ခြောက်၏စကားအရ ဆန်းကျယ်သည့် ကောင်းကင်ဝိဇ္ဇာက အလွန်အစွမ်းထက်နေခဲ့သည်။ ထိုလူက ဧကရာဇ်မင်ဝူအောက် မနိမ့်ကျဟု ဆိုနိုင်သောအခါ ရွှမ်းယီအနေဖြင့် မပေါ့ဆရဲပေ။

"ကောင်းပါပြီ ဆရာ"

လီရှုကခေါင်းညိတ်၍ ချက်ချင်းထွက်ခွာသွားခဲ့သည်။ တစ်နာရီအကြာတွင် ဧကရာဇ်မင်ဝူက လီရှုနှင့်အတူ လိုက်ပါလာခဲ့သည်။

ဤကမ္ဘာတွင် ဧကရာဇ်များသည် ယဲ့ချန်၏စိတ်ကူးထဲမှ ပုံစံနှင့် အလွန်ကွာခြားနေသည်။ များပြားလှသော သက်တော်စောင့်များနှင့် အစေခံများ ဝန်းရံနေသည့် ဧကရာဇ်များကဲ့သို့မဟုတ်ဘဲ မင်ဝူက တစ်ကိုယ်တော်ရောက်ရှိလာခြင်း ဖြစ်သည်။ သူ ဝတ်ဆင်ထားသော ရွှေရောင်သံချပ်ဝတ်နှင့် ပိုင်ဆိုင်ထားသော အုပ်ချုပ်သူတစ်ယောက်၏ အရှိန်အဝါမှလွဲလျှင် သာမန်ကျင့်ကြံသူတစ်ယောက်နှင့် မကွဲပြားချေ။

မင်ဝူက အခန်းတွင်းသို့ ရောက်သောအခါ ရွှမ်းယီကို ခေါင်းညိတ်ပြလိုက်ပြီး ယဲ့ချန်ထံ အကြည့်ရောက်လာခဲ့သည်။ ယဲ့ချန်၏ သူရဲကောင်းဆန်သော အသွင်အပြင်နှင့် ကြယ်များပမာ လင်းလက်နေသောလမျက်လုံးများက သူ့ကို အခြားလူငယ်များကြားမှ ကွဲထွက်နေစေသည်။ ဤလူငယ်လေးမှာ ရွှေခရမ်းနတ်ငါးကို ဖမ်းဆီးပြီး မြို့တော်တစ်ခုလုံးကို မတည်မငြိမ်ဖြစ်စေသော လက်သည်ဟူ၍ မင်ဝူက ချက်ချင်းသိနိုင်ခဲ့သည်။

"ဆေးဆရာရွှမ်းက ကျုပ်ကို ဘာကြောင့်တွေ့ချင်တာလဲ"

မင်ဝူက အကြည့်ကို ရွှမ်းယီထံ ပြောင်းလိုက်ပြီး တည်ငြိမ်စွာမေးလိုက်သည်။

"မနေ့ညက ကိစ္စတစ်ခု ဖြစ်သွားတယ်။ ထန်းရှင်းတောင်ဂိုဏ်းအကြီးအကဲ ရှီးယန်က အကြောင်းအရင်းမသိရဘဲ ကျွန်းပေါ်မှာ အသတ်ခံထားရတယ်။ နောက်ကွယ်ကလက်သည်ဟာ ကောင်းကင်ဝိဇ္ဇာတစ်ယောက် ဖြစ်နိုင်တယ်။ လူသားအဆင့်ဆေးလုံးကလည်း တစ်ရက်အတွင်း အောင်မြင်တော့မယ်ဆိုတော့ မင်းက ငါတို့ကို တစ်ရက်လောက် ကွယ်ပေးနိုင်မလား"

ရွှမ်းယီက ရှီဝူအင်ပါယာ၏ဧကရာဇ်ကို လေးနက်စွာမေးလိုက်သည်။

"ကောင်းကင်ဝိဇ္ဇာ ဟုတ်လား။ ထိုက်ရီဓားဂိုဏ်းချုပ်များလား"

ရွှမ်းယီ၏စကားကြောင့် မင်ဝူက အနည်းငယ် မျက်နှာပျက်သွားခဲ့သည်။

"ရှီးယန်ရဲ့ဒဏ်ရာတွေက အတော်ထူးဆန်းတယ်။ တရားခံက ဓားရှည်ကိုရော ဓားပျံကိုရော အသုံးချတယ်။ ကြည့်ရတာ ဂိုဏ်းကြီးသုံးဂိုဏ်းရဲ့လက်ချက် မဟုတ်ဘူး"

ရွှမ်းယီက ခေါင်းယမ်း၍ မင်ဝူ၏စကားကို ငြင်းဆန်လိုက်သည်။

"ဓားရှည်ရော ဓားပျံရော အသုံးပြုတဲ့သူလား။ ဆေးလုံးအောင်မြင်ဖို့ တစ်ရက်သာလိုတော့တယ်ဆိုရင် ငါ့အနေနဲ့ ဒီမှာနေပြီး ကာကွယ်ပေးနိုင်ပါတယ်။ အခွင့်အရေးရှိရင် အဲ့ဒီကောင်းကင်ဝိဇ္ဇာနဲ့လည်း တွေ့ရတာပေါ့"

မင်ဝူကခေါင်းညိတ်၍ အတွေးနက်သွားခဲ့သည်။ ရှီဝူအင်ပါယာတွင် ဓားအမျိုးအစားနှစ်ခု အသုံးပြုသော ကောင်းကင်ဝိဇ္ဇာဟူ၍ သူက မကြားဖူးခဲ့ပေ။ ထိုလူက အခြားတိုင်းပြည်များမှလာရောက်သော ရန်သူဖြစ်နိုင်ချေ များသည်။ နန်းမြို့တော်တွင် သူကိုယ်တိုင်နှင့် ဂိုဏ်းချုပ်သုံးယောက်မှလွဲလျှင် ထန်းတုကုန်သည်အသင်း၌သာ ကောင်းကင်ဝိဇ္ဇာတစ်ယောက် ရှိသည်။ သို့သော် ထန်းတုအသင်းသည် စီးပွားရေးကိုသာ ဇောက်ချလုပ်ကိုင်၍ မည်သည့်အရေးကိစ္စတွင်မှ ဝင်မပါဖူးချေ။ ဆေးလုံးကို ခိုးယူရမည့်အလုပ်ဆိုလျှင် ထန်းတုကုန်သည်အသင်း မပါဝင်ဟု သတ်မှတ်နိုင်သည်။

"ဒီနေရာက ရိုးရှင်းပြီးကြမ်းတမ်းလို့ တော်ဝင်နန်းတော်လောက် ကောင်းမယ် မထင်ဘူး။ အရှင်မင်းကြီး စိတ်ကြိုက်သာနေပါ"

ရွှမ်းယီသည် မင်ဝူကို များစွာရိုသေလေးစားနေခြင်းမရှိဘဲ ပေါ့ပေါ့ပါးပါးပြောလိုက်သည်။ ထို့ကြောင့် သူတို့နှစ်ဦးကြားတွင် ဆက်ဆံရေးကောင်းတစ်ခုရှိကြောင်း လူတိုင်း သိနိုင်သည်။

"စကားမစပ် ဆေးဆရာရွှမ်း ကျုပ် မင်းကို ပေးစရာတချို့ ရှိတယ်"

မင်ဝူက ပြောပြောဆိုဆိုနှင့် စာလိပ်အချို့ကို ရွှမ်းယီအား ပေးလိုက်သည်။

"ဒါတွေက ဘာတွေလဲ"

ရွှမ်းယီသည် စာများကိုဖွင့်လိုက်သောအခါ လေ့ရီ၊ ဟောင်ဖုန်းနှင့် ရန်ချန်းတို့ ရေးထားကြောင်း သိလိုက်ရသည်။ အချို့စာများက ဟောင်မျိုးနွယ်အား ထိုက်ရီဓားဂိုဏ်းနှင့်ဆက်သွယ်ရန် အမိန့်များဖြစ်ကာ အချို့က မျိုးနွယ်သို့ ပြန်လည်ဆက်သွားထားခြင်း ဖြစ်သည်။

"မင်ရေကန်ကို ချိတ်ပိတ်လိုက်တဲ့ညမှာ ထွက်ပေါ်လာတဲ့ သတင်းပို့သိမ်းငှက်တွေကို ငါ့လက်အောက်ငယ်သားတွေက ဖမ်းမိခဲ့တယ်။ ဒီစာတွေက အဲ့ဒီငှက်တွေ သယ်ဆောင်လာတာပဲ"

မင်ဝူက စာများရရှိလာပုံကို ရှင်းပြလိုက်သည်။

ဆေးဆရာရွှမ်းယီသည် သစ္စာဖောက်ခံလိုက်ရသဖြင့် ဒေါသအလွန်ထွက်သွားပြီး လက်နှစ်ဖက်လုံး တဆတ်ဆတ်တုန်ယင်နေခဲ့သည်။ သူက တပည့်များအပေါ် ကြင်ကြင်နာနာ ဆက်ဆံခဲ့သော်လည်း ဤလူမိုက်သုံး​ယောက်က လောဘအတွက် သူ့ကိုရင်ဆိုင်ရန် အပြင်လူများနှင့် အချိန်းအချက်ပြုလုပ်နေကြသည်။ သူကိုယ်တိုင်က လေ့ရီအပေါ် သံသယများရှိထားသော်လည်း မလုပ်နိုင်ဟု ယုံကြည်ထားမိသည်။ သို့သော် သက်သေများ ခိုင်လုံစွာထွက်ပေါ်လာသောအခါ ရွှမ်းယီအနေဖြင့် မယုံ၍ မရတော့ပေ။

"ဆေးဆရာရွှမ်းယီ ဒီကျေးဇူးမသိတတ်တဲ့ ကောင်တွေကို မသတ်ရင်တောင် တပည့်အဖြစ်က မြန်မြန်စွန့်ပစ်လိုက်ပါ။ မင်းကိုယ်တိုင်မလုပ်ချင်ရင် ကျုပ် ကိုယ်စားလုပ်ပေးမယ်"

အလွန်နူးညံ့ကာ စိတ်သဘောထား ပျော့ပြောင်းသော ရွှမ်းယီကို အားမရဟန်ဖြင့် မင်ဝူက တိုက်တွန်းလိုက်သည်။ သူ၏ လက်အောက်ခံအရာရှိများသာ သစ္စာဖောက်ခဲ့လျှင် ချက်ချင်းခေါင်းပြုတ်မည် ဖြစ်သည်။

"ငါ စဥ်းစားပါရစေဦး"

ရွှမ်းယီက မည်းနက်နေသော မျက်နှာထားဖြင့် စာများကိုသိမ်းဆည်းပြီး လက်ကာပြလိုက်သည်။ သူ၏ဆေးဖော်စပ်မှုကို အနှောင့်အယှက်ဖြစ်မည် စိုးရိမ်သဖြင့် မင်ဝူကလည်း ထပ်မံမတိုက်တွန်းတော့ပေ။ သို့သော် ရွှမ်းယီ၏ လက်ရှိဆေးပညာအဆင့်အတန်းအရ ခံစားချက်အပြောင်းအလဲများက ဆေးဖော်စပ်ခြင်းကို မထိခိုက်ချေ။

ရွှမ်းယီနှင့် စကား​ပြောဆိုပြီးနောက် ဧကရာဇ်မင်ဝူက အပြုံးတစ်ခုဆင်မြန်းကာ ယဲ့ချန်ထံ တစ်လှမ်းချင်း လျှောက်လာခဲ့သည်။

လက်ရှိတွင် ယဲ့ချန်က ကျင့်ကြံနေသော်လည်း မင်ဝူ၏အရှိန်အဝါ နီးကပ်လာသဖြင့် မျက်လုံးများ ဖွင့်ကြည့်လိုက်သည်။ မင်ဝူက ပြုံးနေသော်လည်း ဧကရာဇ်တစ်ပါး၏အရှိန်အဝါကို အပြည့်အဝထုတ်ဖော်ထားသည်။ သို့သော် သူ၏ဧကရာဇ်ဆိုသော အဆင့်အတန်းက မိဘနှင့် ကောင်းကင်ကိုသာ ဒူးထောက်မည်ဟု ဆုံးဖြတ်ထားသော ယဲ့ချန်၏စိတ်ကို မပြောင်းလဲနိုင်ပေ။

သို့သော် ယဲ့ချန်သည် လောကဝတ်ကို ပစ်ပယ်ထား၍ မရပေ။ မည်သို့ပင်ဆိုစေကာမူ တော်ဝင်ရင်းမျိုးနွယ်သည် ရှီဝူအင်ပါယာ၌ အကြီးဆုံးမျိုးနွယ်ဖြစ်သောကြောင့် သူ့အနေဖြင့် လေးစားမှုပြရမည်ဖြစ်သည်။ ထို့ကြောင့် သူက မတ်ရပ်မည့် ဟန်ဆောင်လိုက်သည်။

"မလိုအပ်ဘူး။ ဒါက တော်ဝင်နန်းတော်မဟုတ်ပါဘူး။ ဓလေ့ထုံးတမ်းတွေ မလိုအပ်ဘူး"

မင်ဝူကလက်ကာပြ၍ ယဲ့ချန်ကို တားမြစ်လိုက်သည်။ သူက ပြုံးနေသော်လည်း မျက်လုံးများက အေးစက်စက်တောက်ပနေသည်။ ဧကရာဇ်တစ်ပါးအနေဖြင့် ယဲ့ချန် ဟန်ဆောင်နေခြင်းကို ချက်ချင်းသိမြင်ခဲ့သည်။ ဆယ်ကျော်သက်အရွယ် လူငယ်လေးတစ်ယောက်က မည်သည့်အားကိုးစရာရှိနေသဖြင့် သူ၏ရှေ့မှောက်တွင် တည်ငြိမ်နေရကြောင်းကို သိလိုခဲ့သည်။ ကောင်းကင်ဝိဇ္ဇာတစ်ယောက်ကို မျက်နှာချင်းဆိုင်ရဲသော ထျန်းချီအဆင့်တစ်ဆယ့် ကျင့်ကြံသူ လူငယ်လေးဆိုသည်ကို အခြားလူများက လျှော့တွက်ခဲ့ကြခြင်း ဖြစ်ပေလိမ့်မည်။

"ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး"

ယဲ့ချန်က မော့ကြည့်လိုက်သောအခါ အသက်လေးဆယ်အရွယ် ယောကျ်ားမျက်နှာတစ်ခုကို မြင်လိုက်ရသည်။ မင်ဝူ၏မျက်နှာသွင်ပြင်က သူရဲကောင်းဆန်ပြီး ထက်ရှသော အရှိန်အဝါတစ်ခုလည်း ရှိနေသည်။

ထိုအချိန်တွင် မင်ဝူသည် သူ၏ဝတ်ရုံကိုမပြီး ယဲ့ချန်ရှေ့ရှိ ဖျာတစ်ချပ်ပေါ်တွင် ထိုင်နေပြီဖြစ်သည်။

"ဦးရီးတော်ရင်းက မင်းဟာ ထူးချွန်တဲ့ လလူငယ်လေးတစ်​ယောက်လို့ ချီးကျူးထားတယ်။ ငါ မင်းကိုမြင်ရတော့ သူပြောတာ မှန်တယ်ထင်တာပဲ"

မင်ဝူက တစ်စုံတစ်ခုကိုရှာဖွေနေဟန်ဖြင့် ယဲ့ချန်အား စေ့စေ့စပ်စပ်ကြည့်ကာ ပြောလိုက်ခြင်းဖြစ်သည်။

"ကျွန်တော်က မခံယူဝံ့ပါဘူး"

ရင်းမုန့်ထန်း၏အမည် ပါလာသောကြောင့် ယဲ့ချန်၏စိတ်က အနည်းငယ် ပြေလျော့သွားခဲ့သည်။

"ဟား ဟား ဦးရီးတော်ရင်းက ဒီလိုပြောထားမှ​တော့ အကြောင်းရှိလို့ဖြစ်မယ်။ ငါတောင် မင်းအရွယ်တုန်းက ဒီလိုချီးကျူးတာမခံဖူးဘူး။ နှိမ့်ချမနေစမ်းပါနဲ့"

မင်ဝူက ခေါင်းယမ်း၍ ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သည်။

"အရှင်မင်းကြီး အခုလာတာ ဒီအကြောင်းကိုပြောဖို့ မဟုတ်ဘူးထင်ပါတယ်။ ကျွန်တော်အနေနဲ့ မင်းကြီး ဘာလိုချင်တယ်ဆိုတာ သိခွင့်ရှိမလား"

ယဲ့ချန်က ပုံမှန်လေသံမျိုးဖြင့် မင်ဝူ၏ရည်ရွယ်ချက်ကို တိုက်ရိုက်မေးမြန်းလိုက်သည်။

"ဘာကိစ္စထွေထွေထူးထူးမှ မရှိဘူး။ မနက်ဖြန်ကျရင် ဆေးလုံးဖော်စပ်တာ ပြီးပြီဆိုတော့ ငါက မင်းတို့ကို ကာကွယ်ပေးမလို့ပါ။ သိပ်မကြာခင်က စာအုပ်အချို့ ဖတ်ခဲ့မိတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင်က ယဲ့မျိုးနွယ်ဟာ ရှီဝူအင်ပါယာရဲ့ မျိုးနွယ်ကြီးတစ်ခုဖြစ်ပြီး တော်ဝင်မျိုးနွယ်နဲ့တော​င် ရွှေလမ်းငွေလမ်း ဖောက်ခဲ့ကြဖူးတယ်။ ကံမကောင်းတာက ယဲ့မျိုးနွယ် ကျဆင်းသွားရတယ်။ အခုတော့ ယဲ့မျိုးနွယ်ဂုဏ် ပြန်တက်လာမယ့်အရေးကို ငါကိုယ်တော် မြင်နေတယ်။ ရှီဝူအင်ပါယာအတွက် ကောင်းချီးတစ်ခုပေါ့လေ"

မင်ဝူက ယဲ့ချန်၏ရိုင်းပျမှုကို စိတ်ထဲမထားဟန်ဖြင့် သူပြောလိုသည်များကို ဆက်ပြောနေခဲ့သည်။

ဧကရာဇ်မင်ဝူက လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်မှ မျိုးနွယ်နှစ်ခုကြား ဆက်နွှယ်မှုကို ထုတ်ပြောလာသဖြင့် ယဲ့ချန်မှာ အံ့သြနေခဲ့သည်။ သူက ယဲ့ချန်နှင့် အမှန်တကယ်ပူးပေါင်းလိုလျှင် အဘယ်ကြောင့် ဒုက္ခရောက်နေစဥ်က လက်မကမ်းခဲ့ပါသနည်း။ ယဲ့ချန်သာ ဤကမ္ဘာတွင် မွေးဖွားလာသူဖြစ်ပါက မင်ဝူ၏ရာဇပရိယာယ်အောက်တွင် နစ်မျောသွားမည်ဖြစ်သည်။ သို့သော် လက်ရှိယဲ့ချန်က မျက်စိစုံမှိတ် ယုံကြည်တတ်သူ မဟုတ်ပေ။

"အရှင်မင်းကြီးက မြှောက်ပြောနေပါပြီဲ။ ယဲ့မျိုးနွယ်ဆိုတာက တုန်းလင်ပြည်နယ်ရဲ့ မျိုးနွယ်လေးတစ်ခုဖြစ်လို့ တိုင်းပြည်အတွက် ဂုဏ်မဆောင်ပေးနိုင်ခဲ့ပါဘူး။ ယဲ့မျိုးနွယ်က အသက်ရှင်သန်ဖို့ ခက်ခက်ခဲခဲရုန်းကန်ရပြီး တုန်းလင်ပြည်နယ်မှာတောင်​ ခြေကုပ်ရယူနိုင်ဖို့ ခဲယဥ်းပါတယ်။ မင်းကြီးရဲ့ချီးကျူးစကားအတွက် ကျွန်​တော်ကမျိုးနွယ်ကိုယ်စား ကျေးဇူးတင်ပါတယ်"

ယဲ့ချန်က တစ်ချက်တွေးဆကာ ပြန်ပြောလိုက်သည်။ တစ်ဖက်လူက ဧကရာဇ်ဖြစ်သော်လည်း သူ့ထံတွင် ဆေးဆရာရွှမ်းယီဟူသော နောက်ခံအပြင် ကောင်းကင်ဝိဇ္ဇာစဦးအဆင့်ကဲ့သို့ အစွမ်းထက်သော ဝိညာဥ်စစ်သည်တော်လည်း ရှိသောကြောင့် အောက်ကျမခံခဲ့ပေ။

မင်ဝူသည် ယဲ့ချန်မှာ ငယ်ရွယ်သော်လည်း သူထင်ထားသည်ထက် ကိုင်တွယ်ရန် ခက်ခဲကြောင်းသိလိုက်ရသဖြင့် အံ့သြသွားခဲ့သည်။ အကယ်၍ သူသာ ဧကရာဇ်အဆင့်အတန်းကို ဆက်လက်ဖက်တွယ်နေလျှင် ဤစကားဝိုင်းက ရှေ့ဆက်နိုင်မည် မဟုတ်ပေ။ ယဲ့ချန်ကဲ့သို့ ပါရမီရှင်တစ်ယောက်က အနာဂတ်တွင် ကောင်းကင်ဝိဇ္ဇာတစ်ယောက် ဖြစ်လာနိုင်သောကြောင့် သူက ယဲ့ချန်ကို ချည်နှောင်မထားနိုင်လျှင်ပင် မိတ်ဆွေဆက်ဆံရေးကို ထိန်းသိမ်းထားရပေလိမ့်မည်။

ထိပ်တန်းကျင့်ကြံသူများအတွက် ဧကရာဇ်ဟူသော အဆင့်အတန်းက ပြောပလောက်စရာမဟုတ်ပေ။ အမှန်တကယ်ဆိုလျှင် ရှီဝူအင်ပါယာသည်လည်း ကြီးမားသော မျိုးနွယ်ကြီးတစ်ခုမျှသာ ဖြစ်ပေသည်။

"ခေါင်းစဥ် ပြောင်းလိုက်ကြတာပေါ့။ လက်ရှိမှာ မြို့တော်က မတည်မငြိမ်ဖြစ်နေလို့ ငါကိုယ်တော်ကို စိုးရိမ်စေတယ်။ ဝန်ကြီးချုပ် ချိုးယင်း လုပ်ကြံခံလိုက်ရပြီး ရှီဝူအင်ပါယာကို အရှက်ရစေတယ်။ ငါကိုယ်တော်ကြားတာကတော့ ဝန်ကြီးချုပ်ချိုးက မင်းနဲ့ဦးရီးတော်ရင်းအပေါ် သမိုင်းတချို့ ရှိခဲ့တယ်တဲ့"

ဧကရာဇ်မင်ဝူက မျက်လုံးများ ကျဥ်းမြောင်းသွားကာ ခပ်ဖျော့ဖျော့အပြုံးတစ်ခုနှင့်အတူ ပြောလာခဲ့လေသည်။

All Chapters