← Chapters

တစ်ကျော့ပြန်ဓားပျံ

Vol. 13 Ch. 179

တစ်ကျော့ပြန်ဓားပျံ

Vol. 13 Ch. 179

ဧကရာဇ်မင်ဝူသည် ကောင်းကင်ဝိဇ္ဇာအဆင့်များနှင့် နှစ်ယောက်တစ်ယောက် တိုက်ခိုက်နေရသော်လည်း အောက်စည်းသို့ ရောက်မနေခဲ့ပေ။ သူ၏အရည်အချင်းနှင့် အတွေ့အကြုံက ဤဖိအားကို ကောင်းကောင်းရင်ဆိုင်နိုင်ခဲ့သည်။ ရင်းမျိုးနွယ်က ရှီဝူအင်ပါယာ၏တော်ဝင်မျိုးနွယ်အဖြစ် နှစ်ပေါင်းများစွာ အုပ်စိုးနိုင်ခဲ့သည်မှာ အဆန်းမဟုတ်တော့ပေ။

ရှီဝူအင်ပါယာတွင် နေထိုင်သော ကောင်းကင်ဝိဇ္ဇာလေးယောက်တွင် သုံးယောက်က မင်ရေကန်သို့ ရောက်ရှိနေကြသည်။

မင်ဝူက ရန်ရှုံးနှင့်ရန်ဖုန်းချန်ကို ရင်ဆိုင်တိုက်ခိုက်နေစဥ် ဂိုဏ်းကြီးနှစ်ခု၏ကျင့်ကြံသူများက ရေကန်ကို ကျော်ဖြတ်လာနိုင်ကြသည်။ ရွှမ်းယီ၏လက်အောက်ခံ မြေဝိဇ္ဇာခုနစ်​ယောက်က ချက်ချင်းခုန်ထွက်သွားကာ ရန်သူများကို ရင်ဆိုင်လိုက်ကြ၏။

"ဘန်း ဘန်း ဘန်း"

ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ မြေဝိဇ္ဇာများကြားမှတိုက်ပွဲက အလွန်ပြင်းထန်သောကြောင့် ပတ်ဝန်းကျင်ရှိ သစ်သားအဆောက်အအုံများ ပြိုကျပျက်စီးကုန်သည်။

ထန်းရှင်းတောင်ဂိုဏ်းမှ ကျင့်ကြံသူများသည် ကျွန်းပေါ်သို့ရောက်သောအခါ တစ်ခုခုမှားယွင်းနေကြောင်း သိလိုက်ရသည်။ ကျွန်းပေါ်တွင် ရှီးယန်က ကြိုစောင့်နေရမည်ဖြစ်ကာ တိုက်ပွဲအတွင်း ကူညီရမည်ဖြစ်သည်။ သို့သော် သူက လုံးဝပျောက်ကွယ်နေသဖြင့် ဖော်ထုတ်ခံလိုက်ရပြီး အသတ်ခံလိုက်ရရန် များနေသည်။ ထို့ကြောင့် ထန်းရှင်းတောင်ဂိုဏ်းသားများက ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။

ထန်းရှင်းတောင်ဂိုဏ်းမှ မြေဝိဇ္ဇာရှစ်ယောက်နှင့် ထိုက်ရီဓားဂိုဏ်းမှ မြေဝိဇ္ဇာကိုးယောက်က အပျက်အစီးများ​ကြားမှ ရွှမ်းအဆောင်ထံ ချီတက်လာကြသည်။ ရွှမ်းယီ၏နောက်လိုက် မြေဝိဇ္ဇာခုနစ်ယောက်နှင့် မင်ဝူ၏နောက်လိုက် မြေဝိဇ္ဇာဆယ့်နှစ်ယောက်က အတူတကွပူးပေါင်း၍ ရန်သူကို တားမြစ်လိုက်ကြသည်။ ထို့ကြောင့် ပတ်ဝန်းကျင်က ကောင်းကင်ချီများရိုက်ခတ်မှုကြောင့် အလွန်ဖရိုဖရဲ ဖြစ်နေခဲ့သည်။

ယဲ့ချန်က ကျင့်ကြံနေရာမှ ထရပ်၍ အခန်းတံခါးထံ ဦးတည်လိုက်သည်။

"ယဲ့ချန် အပြင်မှာ မြေဝိဇ္ဇာတွေ တိုက်ခိုက်နေကြတယ်။ မင်းကဝင်ပြီး တိုက်ခိုက်လို့မဖြစ်ဘူး။ အပြင်မထွက်နဲ့"

ယဲ့ချန်၏ရည်ရွယ်ချက်ကို ရိပ်စားမိသော လီရှုက အလျင်အမြန် တားမြစ်လိုက်သည်။ ထျန်းချီအဆင့်တစ်ဆယ်နှင့် မြေဝိဇ္ဇာအဆင့်ကြား အလွန်ကွာခြားသောကြောင့် ရန်သူ၏လက်သီးတစ်ချက်က ယဲ့ချန်ကိုသတ်နိုင်မည်ဟု ထင်နေသော​ကြောင့် ဖြစ်သည်။

ယဲ့ချန်သည် ဆေးပညာ၌ အလွန်ထူးချွန်သည်။ ဆေးဆရာများသည် မည်သည့်အခါတွင်မှ တိုက်ပွဲများတွင် ပါဝင်ခြင်းမရှိပေ။ ဥပမာအားဖြင့် ဆရာရွှမ်းယီ၏ကျင့်ကြံဆင့်က မြေဝိဇ္ဇာ ထိပ်ဆုံးအဆင့်ဖြစ်သော်လည်း ရာစုနှစ်တစ်ခုကျော်ကြာအောင် မတိုက်ခိုက်ဘဲ နေထိုင်ခဲ့သည်။

ယဲ့ချန်သည် ရွှမ်းယီကဲ့သို့ နေထိုင်နိုင်မည်လားဟု ကိုယ့်ကိုကိုယ် မေးခွန်းထုတ်လိုက်သည်။ သူ၏ကျင့်ကြံရေးလမ်းစဥ်က တိုက်ပွဲများအပေါ် မူတည်နေသည်။ သူသာ ဆရာရွှမ်းယီကဲ့သို့ တိုက်ပွဲများကိုရှောင်ရှားနေလျှင် သိုင်းလမ်းစဥ်တွင် ဤအဆင့်မှ ရှေ့ဆက်တိုးနိုင်မည် မဟုတ်ပေ။

လီရှုသည် ပါရမီကောင်းသူတစ်ယောက် ဖြစ်ကာ ဆေးလုံးများစွာ၏ အထောက်အပံ့ကိုလည်း ရထားသည်။ သူက အဆင့်တစ်ဆယ်သို့ ​ချိုးဖျက်နိုင်သင့်သော်လည်း အဆင့်ကိုး၏အလယ်တွင် တစ်ဆို့နေခဲ့သည်။ အကြောင်းအရင်းမှာ လမတိုက်ခိုက်သောကြောင့် ဖြစ်သည်။ သူ့အနေဖြင့် သိုင်းအသိအမြင်ကို မဖမ်းဆုပ်နိုင်လျှင် ဆေးလုံးများ မည်မျှအသုံးပြုပါစေ အဆင့်တက်နိုင်မည် မဟုတ်ပေ။

ယဲ့ချန်က ဆေးဆရာတစ်ယောက်အဖြစ် ဘဝကို အဆုံးမသတ်လိုပေ။ သူက အလွန်အစွမ်းထက်သော ကျင့်ကြံသူတစ်​ယောက် ဖြစ်လာချင်ခဲ့သည်။

"မစိုးရိမ်ပါနဲ့ ဆရာတူအစ်ကိုရှု ကျုပ်က မလိုအပ်ဘဲမစွန့်စားပါဘူး။ အခုလက်ရှိမှာ ကျင့်ကြံဆင့်က မြေဝိဇ္ဇာစဦးအဆင့်ကို ရောက်နေပြီ"

ထို့ကြောင့် ယဲ့ချန်ကတစ်ချက်ပြုံး၍ လီရှု၏စကားကို ငြင်းပယ်လိုက်သည်။

ယဲ့ချန်၏စကားကြောင့် လီရှုက ပါးစပ်အဟောင်းသားဖြစ်သွားခဲ့သည်။ အသက်၁၇နှစ်အရွယ် မြေဝိဇ္ဇာစဦးအဆင့်ဆိုသည်က ဤကမ္ဘာတွင် ဖြစ်နိုင်မည်လားဟူသော အတွေးက သူ၏စိတ်ကို ကြီးစိုးနေသည်။

သူတို့၏စကားကို နားထောင်နေသော ရွှမ်းယီ၏မျက်ခုံးများပင် အထက်သို့ မြင့်တက်သွားခဲ့သည်။ ဆယ်ကျော်သက်အရွယ် မြေဝိဇ္ဇာဆိုသည်က ပါရမီရှင်များပြည့်နှက်နေသော အလယ်အင်ပါယာ၌ပင် အလွန်ရှားပါးပေသည်။

"မင်း သွားလို့ရတယ် ယဲ့ချန်။ဂရုစိုက်ပါ"

ရွှမ်းယီသည် ယဲ့ချန်၏မျက်လုံးထဲမှ တိုက်ပွဲဆာလောင်စိတ်ကို မြင်လိုက်ရသဖြင့် ခွင့်ပြုလိုက်၏။ ယဲ့ချန်သည် ဆေးဆရာတစ်ယောက်အဖြစ်နှင့် ဘဝကိုကျေနပ်နေမည့်သူ မဟုတ်ပေ။

"ဝှစ်"

ယဲ့ချန်က ခေါင်းညိတ်၍ ကောင်းကင်ချီကိုလည်ပတ်ကာ ဆေးဖော်စပ်ခန်းအတွင်းမှ ခုန်ထွက်သွားခဲ့သည်။

"ဆရာ ညီလေးယဲ့ရဲ့ကျင့်ကြံဆင့်က ဘယ်လိုလုပ် ဒီလောက်မြန်နေရတာလဲ"

လီရှုက ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်နေရာမှ ရွှမ်းယီကို ပြန်ကြည့်လိုက်သည်။ သူက မယုံနိုင်ဟန်ဖြင့် မေးခွန်းထုတ်လိုက်၏။

"သိုင်းအသိအမြင်ကိုဖမ်းဆုပ်နိုင်တဲ့ ပါရမီရှင်တစ်ယောက်က သာမန်လူတွေနဲ့ ကွာခြားတယ်။ ဒါက သူ့ရဲ့သိုင်းလမ်းစဥ်ဖြစ်တယ်။ ဒီကလေးက ကြီးကျယ်မြင့်မြတ်ဖို့ မွေးဖွားလာတာ ဖြစ်တယ်။ တစ်နေ့မှာ သူက ကမ္ဘာကြီးကိုကိုင်လှုပ်နိုင်မှာ သေချာတယ်"

ယဲ့ချန်၏ပါရမီက ရေပြင်ကဲ့သို့ တည်ငြိမ်သော ရွှမ်းယီ၏စိတ်ကိုပင် လှိုင်းထသွားစေခဲ့သည်။ သူက ယဲ့ချန်၏အနာဂတ်ကို မသေခင် မြင်သွားချင်မိသည်။ အသက်အရွယ်ရနေသော အဘိုးကြီးတစ်ယောက်အတွက် အစွမ်းထက်ကျင့်ကြံသူတစ်ဦး၏ ကြီးပြင်းလာမှုကို မြင်ရခြင်းသည် ကံကောင်းမှုဟု ဆိုနိုင်သည်။

"သိုင်းအသိအမြင် သိုင်းလမ်းစဥ်"

လီရှုက ခပ်တိုးတိုး ရေရွတ်လိုက်သည်။

သိုင်းအသိအမြင်ကို ဖမ်းဆုပ်နိုင်သူတိုင်းသည် အနာဂတ်တွင် အစွမ်းထက်သူများ လဖြစ်လာကြသည်။ ဧကရာဇ်မင်ဝူသည် အဆင့်တူရန်သူနှစ်ယောက်ကို တစ်ကိုယ်တော်ယှဥ်ပြိုင်နိုင်သည်။ ယဲ့ချန်ရောက်ရှိနိုင်မည့်အဆင့်ကို သူက မြင်တွေ့ရန် မစောင့်နိုင်တော့ချေ။ ဆန်းကျယ်ဝိဇ္ဇာ နတ်ဝိဇ္ဇာ သို့မဟုတ် ပြိုင်ဘက်ကင်းတည်ရှိမှုတစ်ခုပင် ဖြစ်လာနိုင်လေသည်။

ယဲ့ချန်ထွက်ခွာလာချိန်တွင် ရှီးလီသည် ထန်းရှင်းတောင်ဂိုဏ်း၏မြေဝိဇ္ဇာများကို လဦးဆောင်၍ ဆေးဖော်စပ်ခန်းသို့ ချီတက်နေခဲ့သည်။ ရွှမ်းယီ၏လက်အောက်ခံ မြေဝိဇ္ဇာများက အော်ဟစ်ကြုံးဝါး၍ တားမြစ်နေသော်လည်း ရှီးလီ၏အဖော်များကို ရင်ဆိုင်နေရသည်။ ထို့ကြောင့် ရှီးလီကို တားမြစ်မည့်သူ မရှိချေ။

"ခွေးကောင်လေး သေစမ်း"

ရှီးလီသည် သူ့ထံသို့ ဆယ်ကျော်သက်လူငယ်လေးတစ်ယောက် ပြေးဝင်လာနေသည်ကို မြင်လိုက်ရ၏။ သူက အထင်အမြင်သေးစွာဖြင့် အင်္ကျီလက်စကိုယမ်းကာ ရိုက်ထုတ်လိုက်သည်။

"တိမ်နီကောင်းကင်"

ယဲ့ချန်က ရှီးလီ၏ကောင်းကင်ချီများကို အသာအယာချေဖျက်ကာ မီးတောက်ချီများကို ထုတ်ဖော်လိုက်သည်။

သူ၏ကျင့်ကြံဆင့်က မြေဝိဇ္ဇာအဆင့်သို့ရောက်ပြီးနောက် တိမ်နီကောင်းကင်ကလည်း ပိုမိုအစွမ်းထက်လာခဲ့သည်။ ထို့အပြင် သူက ဤတိုက်ကွက်ကြောင့် ကောင်းကင်ချီများ ကုန်ခမ်းမည်ကိုလည်း စိုးရိမ်နေရန် မလိုတော့ပေ။

ယဲ့ချန်၏လက်ဝါးမှ မီးတောက်ချီများက တဟုန်းဟုန်းတောက်လောင်လျက် ထွက်ပေါ်လာသည်။

"ကောင်းကင်ကြယ်အကာအရံ"

ရှီးလီသည် တိမ်နီကောင်းကင်၏ အရှိန်အဝါကိုရသောအခါ ကြောက်စိတ်ကြောင့် ဖြူဖပ်ဖြူရော်ဖြစ်သွားခဲ့သည်။ လက်ရှိတွင် ရှောင်တိမ်းရန်နောက်ကျနေပြီဖြစ်ရာ ထိပ်တိုက်ရင်ဆိုင်လိုက်ရသည်။ သူ၏ကိုယ်တွင်းမှ ကြယ်ရောင်များတောက်ပလာ၍ ကောင်းကင်ချီအလွှာတစ်ခု ကိုယ်ပေါ်တွင် ဖြစ်ပေါ်လာသည်။

"ဘုန်း"

ယဲ့ချန်၏လက်ဝါးနှင့် အတွေ့တွင် ရှီးလီ၏အကာအရံက ချက်ချင်းပြိုကွဲသွားခဲ့သည်။

ရှီးလီသည် ခြောက်မီတာခန့် လွင့်ထွက်သွားပြီး မြေပြင်ပေါ်တွင် အသည်းအသန် ခြေကုပ်ယူလိုက်ရသည်။ သူ၏အတွင်းအင်္ဂါများ ထိခိုက်ကုန်သဖြင့် လည်ချောင်းဝမှ သွေးအန်ထွက်မတတ် ဖြစ်သွားခဲ့သည်။ သူ၏အဝတ်အစားတွင်လည်း အပေါက်များဖြစ်နေကာ အသားပေါ်တွင် မီးလောင်ခံထားရသဖြင့် မည်းနက်နေသည်။

ရှီးလီသည် ယဲ့ချန်ကိုရင်ဆိုင်ရာတွင် ပေါ့ဆမိသဖြင့် အခြေအနေဆိုးသွားခြင်းဖြစ်သည်။ မြေဝိဇ္ဇာတစ်ယောက်၏ ချီအကာအရံက ရွှမ်သံနက်ထက်ပင် ပို၍မာကျောသည်။ အဆင့်တစ်ဆယ်ကျင့်ကြံသူဆိုလျှင် မချိုးဖျက်နိုင်သည့်အပြင် တန်ပြန်ဒဏ်ကြောင့် ထိခိုက်သွားပေလိမ့်မည်။

ပတ်ဝန်းကျင်ရှိ မြေဝိဇ္ဇာတိုင်းက ဤမြင်ကွင်းကြောင့် အံ့သြကုန်သည်။ ဆယ်ကျော်သက်အရွယ် မြေဝိဇ္ဇာတစ်ယောက်ရှိမည်ဟု အိပ်မက်ပင် မမက်ဖူးကြပေ။ လက်ရှိတိုက်ခိုက်နေသူတိုင်းမှာ အနည်းဆုံး အသက်ငါးဆယ်ကျော်ပြီဖြစ်သည်။

"မင်း သေရမယ်"

ရှီးလီက ဒေါသတကြီးဖြင့် ထန်းရှင်းတောင်လက်ဝါးသိုင်းကို ထုတ်ဖော်လိုက်၏။ ယဲ့ချန်ကဲ့သို့ လူငယ်လေးတစ်ယောက်က သူ၏လက်ဝါးကို ခုခံနိုင်မည်ဟု မထင်ပေ။

"တိမ်နီကောင်းကင်"

ယဲ့ချန်ကလည်း မီးတောက်ချီများ ထုတ်ဖော်၍ ပြန်လည်ရင်ဆိုင်သည်။

"ဘုန်း ဘုန်း ဘုန်း"

ယဲ့ချန်နှင့်ရှီးလီက အနီးကပ်တိုက်ခိုက်နေကြသည်။ မီးတောက်နှင့်ကြယ်ရောင်များ ယှက်ဖြာနေကာ တိုက်ကွက်များက တစ်ယောက်ကိုတစ်ယောက် ဦးတည်နေသည်။

ယဲ့ချန်သည် မြေဝိဇ္ဇာစဦးအဆင့် ဖြစ်သော်လည်း ကျင့်ကြံဆင့်အုတ်မြစ်က အလွန်ခိုင်မာသည်။ ထို့ကြောင့် သူ၏အစွမ်းက မြေဝိဇ္ဇာအလယ်အဆင့်နှင့် ညီမျှသည်။ သို့သော် ရှီးလီက သူ့ထက် ဆယ်စုနှစ်များစွာစော၍ မွေးလာသူဖြစ်သဖြင့် တိုက်ပွဲအတွေ့အကြုံ ပိုသာနေခဲ့သည်။ ကောင်းကင်ချီများကို သူက ယဲ့ချန်ထက် ပို၍အသုံးချနိုင်နေသည်။

အချိန်ခဏအတွင်း ရှီးလီက တည်ငြိမ်သွားသည်။ သို့သော် သူ၏စိတ်ထဲတွင် မြေဝိဇ္ဇာအဆင့် ဆယ်ကျော်သက်ကလေးတစ်ယောက်က အလယ်အဆင့်စွမ်းရည်မျိုး ရှိနေသည်ကို မယုံနိုင်ဖြစ်နေသည်။

"မင်းပါလား"

နောက်ဆုံးတွင် ရှီးလီသည် ကျောက်စိမ်းမျှော်စင်တွင် ဘေးတိုက်မြင်ခဲ့ဖူးသော မျက်နှာကို အမှတ်ရလိုက်သည်။ သူက ယဲ့ချန်ကို အသွင်ပြောင်းထားသော ကောင်းကင်သားရဲတစ်ကောင်ဟု ထင်နေသဖြင့် စွမ်းအားနှင့် ကျင့်ကြံအဆင့်အပေါ် မအံ့သြတော့ပေ။

"သေစမ်း"

ယဲ့ချန်က နှာခေါင်းတစ်ချက်ရှုံ့၍ လေပေါ်သို့ ခုန်တက်လိုက်သည်။ထို့နောက် တောင်ခွဲခွန်းလွန်သိုင်းကွက်ဖြင့် ရှီးလီကို ရိုက်ချလိုက်သည်။

"ဝုန်း"

ရှီးလီက လက်နှစ်ဖက်ကို လျင်မြန်စွာမြှောက်၍ ခုခံလိုက်သည်။ မြေပြင်ကတုန်ခါသွားပြီး တောင်ခွဲခွန်းလွန်၏အင်အားက ရန်သူ့အောက်ရှိ မြေပြင်ကို ဒူးအထိရောက်အောင် နိမ့်ကျသွားစေသည်။

ရှီးလီကဲ့သို့ မြေဝိဇ္ဇာအလယ်အဆင့်ကျင့်ကြံသူက ဆက်တိုက်ဖိနှိပ်ခံနေရသောအခါ လူတိုင်း မင်သက်နေကြသည်။

"မင်းကများ ငါ့ကိုသတ်နိုင်မယ် ထင်နေလား"

ရှီးလီက အော်ဟစ်ကြုံးဝါး၍ ဦးခေါင်းထံ တိုးဝင်လာနေသော ယဲ့ချန်၏ညာခြေထောက်ကို ဘယ်လက်ဖြင့် ကာထားလိုက်သည်။ ထို့နောက် သူ၏ညာလက်သီးတွင် တစ်ကိုယ်လုံးရှိကောင်းကင်ချီများကို စုစည်း၍ ယဲ့ချန်၏ ဝမ်းဗိုက်အောက််ပိုင်းသို့ ထိုးချလိုက်သည်။ ဤလက်သီးတွင် ရှီးလီ၏အစွမ်းအပြည့် ပါဝင်နေခဲ့သည်။

ယဲ့ချန်သည် အားကုန်သုံးကာ ကန်ချလိုက်သဖြင့် နောက်ဆုတ်ရန် မဖြစ်နိုင်တော့ပေ။ လက်သီးက ဝမ်းဗိုက်နှင့်ထိခါနီးတွင် ကြယ်တာရာကျင့်စဥ်ကိုးမျိုးကို လည်ပတ်ပြီး ရေခဲချီများ ထုတ်လုပ်လိုက်သည်။ ၎င်းတို့က သူ၏ဝမ်းဗိုက်တွင် ဒိုင်းသဖွယ်ကာရံထားကြသည်။

"ဘုန်း"

ရှီးလီ၏လက်သီးချက်ကြောင့် ယဲ့ချန်က လွင့်ထွက်သွားသည်။

"သေစမ်း ခွေးကောင်လေး။ ငါ ရှီးလီက လူသတ်လာတာ အံတိုနေပြီကွ။ မင်းလိုလူငယ်လေးကသတ်တာ မခံဘူး"

ရှီးလီက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။ သူ၏လက်သီးချက်ဖြင့် ဝမ်းဗိုက်ကို ထိမှန်ခံလိုက်ရလျှင် မြေဝိဇ္ဇာအဆင့် ထိပ်ဆုံးကျင့်ကြံသူပင် သေရမည်ဖြစ်သည်။

"ရွှစ်"

ရှီးလီက ရယ်မောနေစဥ် လေတိုးသံတစ်ချက် ထွက်ပေါ်လာသည်။ သူက အဖြူရောင်အလင်းတစ်ချက်ကို မျက်စိထဲတွင် ရိပ်ခနဲမြင်လိုက်ရချိန်တွင် လည်ပင်းမှ သွေးများပန်းထွက်နေသော အပေါက်ကြီးတစ်ခု ရှိနေပြီဖြစ်သည်။ ရှီးလီမှာ အသံတစ်ချက်ပင် မထွက်နိုင်တော့ဘဲ မြေပြင်ပေါ်သို့ အသက်ဝိညာဥ်ကင်းမဲ့စွာ လဲကျသွားခဲ့သည်။

မီတာအနည်းငယ်အကွာတွင် ယဲ့ချန်သည်လည်း မြေပြင်တွင် လဲကျနေခဲ့သည်။ သူက ထထိုင်ရန် ကြိုးစားလိုက်သောအခါ ကိုယ်တွင်း၌ ကောင်းကင်ချီများ ရှုပ်ထွေးနေသည်။ သူ၏ဒန်တန်က ထိခိုက်သွားသော်လည်း ပမာဏမကြီးမားပေ။ သူက မြေဝိဇ္ဇာအဆင့်များကို အထင်သေးမိခဲ့သည်။ သူ၏ကျင့်ကြံဆင့်ခွန်အားဖြင့် ရှီးလီကို အနိုင်ယူချင်ခဲ့သော်လည်း နောက်ဆုံး၌ ဓားပျံကိုသာ အားကိုးခဲ့ရသည်။

ပတ်ဝန်းကျင်တွင် တိုက်ခိုက်နေကြသော မြေဝိဇ္ဇာများမှာ ဤမြင်ကွင်းကြောင့် တုန်လှုပ်သွားကြသည်။ ရှီးလီကိုသတ်ရန် ယဲ့ချန်သုံးလိုက်သောလက်နက်ကို မည်သူမှမမြင်လိုက်ကြပေ။ ထိုအလင်းက လက်နက်ပုန်းဆိုလျှင်တောင် ရှီးလီ၏အလောင်းတွင် ကျန်ရှိနေခဲ့ရမည်ဖြစ်ပြီး ယခု ပျောက်ကွယ်နေခဲ့သည်။

နှစ်ပေါင်းများစွာ အသက်ရှင်လာသော မြေဝိဇ္ဇာတစ်ယောက်က ဆယ်ကျောက်သက်ကလေးတစ်ယောက်၏ လက်ထဲတွင် ရှုံးနိမ့်ကာ အသတ်ခံလိုက်ရသည်။

ထန်းရှင်းတောင်ဂိုဏ်း၏ ကျင့်ကြံသူများမှာ ဒေါသနှင့်ကြောက်စိတ်ကို တပြိုင်နက် ခံစားလိုက်ရသည်။

"ဖန်ပိုင် ဒီကလေးကို သွားသတ်စမ်း"

ထန်ရှင်းတောင်ဂိုဏ်း၏ မြေဝိဇ္ဇာထိပ်ဆုံးအဆင့်ကျင့်ကြံသူက မြေဝိဇ္ဇာနှစ်ယောက်ကို ရင်ဆိုင်နေရင်း အမိန့်ပေးလိုက်သည်။ ထို့နောက် ထန်းရှန်းတောင်ဂိုဏ်း၏ မြေဝိဇ္ဇာတစ်ယောက်က ယဲ့ချန်ထံ တဟုန်ထိုးပြေးဝင်လာလေသည်။

All Chapters