← Chapters

ခရမ်းမီးတောက်ကြယ်ခြင်္သေ့

Vol. 13 Ch. 184

ခရမ်းမီးတောက်ကြယ်ခြင်္သေ့

Vol. 13 Ch. 184

ယဲ့ချန်၏စိတ်အတွင်းမှ ပီရှို့က ပြင်းပြင်းထန်ထန် လှုပ်ခါသွားသည်။ ထို့နောက် ကောင်းကင်ချီများ စီးထွက်လာကာ ယဲ့ချန်၏နားမှ နာကျင်မှုကို ကုသပေးခဲ့သည်။

ကျန်တစ်ဖက်တွင် အမွေးပွလေးသည် ယဲ့ချန်နာကျင်နေသည်ကို ကြည့်ပြီး စိုးရိမ်ထိတ်လန့်နေသည်။ သူမ၏အတွေးတွင် ယဲ့ချန်၏သွေးက အစီအရင်နှင့်ပေါင်းစပ်သွားလျှင် ရတနာရရှိမည်ဖြစ်သည်။ သို့သော် သူမက ယဲ့ချန်ကဲ့သို့ ဂျိုတစ်ချောင်းသားရဲကြီး၏ စကားသံကို မကြားနိုင်ပေ။

"ငါ ခရမ်းမီးတောက်ကြယ်ခြင်္သေ့က ဒီကောင်းကင်ကြယ်တာရာမှော်စည်းထဲမှာ နှစ်ပေါင်းထောင်ချီ အဖမ်းခံထားရတယ်။ ဒီကာလတလျှောက်လုံးက ရှေးခေတ်ဟောင်းကို ပြန်ဆွဲဆန့်နေသလိုပဲ။ ဒါပေမယ့် နှစ်ပေါင်းနှစ်ဆယ်ကြာရင် ငါ လွတ်မြောက်လာတော့မယ်။ မင်းက ငါ့ကို အစောင့်အရှောက်သားရဲအဖြစ် လိုချင်ရင် လုံးဝမဖြစ်နိုင်ဘူးကွ"

ခြင်္သေ့ကြီးက ဒေါသတကြီးနှင့် ကြမ်းပြင်ကို လက်ဝါးဖြင့်ပုတ်လိုက်သည်။ ပတ်ဝန်းကျင်တစ်ခုလုံး တုန်ခါသွားကာ အစီအရင်၏ အမှတ်အသားအချို့ လေပေါ်သို့ မြောက်တက်လာခဲ့သည်။

"ဘုန်း ဘုန်း ဘုန်း"

အစီအရင်ရုန်းများက ခြင်္သေ့ကြီး၏ကိုယ်ထက်တွင် ပေါက်ကွဲဖိနှိပ်လာကြသည်။ သို့သော် ၎င်း၏မျက်လုံးများက ယဲ့ချန်ကို ပမာမခန့်စိုက်ကြည့်နေလေသည်။

အချိန်တစ်ခုအကြာတွင် ယဲ့ချန်က ဒဏ်ရာမှပြန်သက်သာလာခဲ့သည်။ သူက နားမှစီးကျနေသော သွေးများကို သုတ်ပစ်ပြီး ကြမ်းပြင်တွင် တင်ပျဥ်ခွေထိုင်ချလိုက်သည်။ ထို့နောက် ဒဏ်ရာများကိုကုသရန် ကြယ်တာရာဘုံကိုးလွှာကျင့်စဥ်ကို လည်ပတ်လိုက်၏။ ခရမ်းမီးတောက်ကြယ်ခြင်္သေ့၏ စကားများကြောင့် သူက ဤတံဆိပ်တော်အပေါ် ပိုမိုနားလည်လာခဲ့သည်။

ကောင်းကင်ကြယ်တာရာတံဆိပ်တော်ကို ကောင်းကင်ကြယ်တာရာမှော်စည်းဟု ခေါ်သည်။ အတိတ်တွင် တစ်ယောက်ယောက်က ဤသားရဲကြီးကို အကြောင်းတစ်ခုကြောင့် ချုပ်နှောင်ထားသည်။ ထို့နောက် ၎င်းက ယဲ့မျိုးနွယ်၏ရတနာအဖြစ် ယဲ့ချန်လက်ထဲသို့ ရောက်ရှိလာခဲ့သည်။ တစ်စုံတစ်ယောက်က ခရမ်းမီးတောက်ကြယ်ခြင်္သေ့ကို ဖိနှိပ်နိုင်လျှင် ၎င်းက အစောင့်အရှောက်သားရဲ ဖြစ်လာပေလိမ့်မည်။

ခရမ်းမီးတောက်ကြယ်ခြင်္သေ့၏ခွန်အားကို မသိရသော်လည်း ရှောင်ရိထက် နိမ့်ကျမည်မဟုတ်ပေ။ ရှောင်ရိသည် အထွတ်အထိပ်အဆင့်တွင် အနည်းဆုံး မိစ္ဆာဘုရင်အဆင့်သို့ ရောက်မည်ဖြစ်သည်။ ထို့အပြင် ကောင်းကင်ကြယ်တာရာမှော်စည်းက ခြင်္သေ့ကြီးကို ဖိနှိပ်ထားသဖြင့် ၎င်း၏စွမ်းအားက အလုံးစုံထွက်ပေါ်နေမည်မဟုတ်ပေ။

"နှစ်၂၀က မင်းကိုအနိုင်ယူဖို့ လုံလောက်တယ်"

ယဲ့ချန်က အေးစက်စက်ပြုံး၍ ခြင်္သေ့ကြီးကို ပြန်ပြောလိုက်သည်။ သူက ခရမ်းမီးတောက်ကြယ်ခြင်္သေ့ကို ကြောက်လန့်နေခြင်း မရှိပေ။

ယဲ့ချန်နှင့်ခြင်္သေ့ကြီးက ဝိညာဥ်ချင်း စကားပြောနေသဖြင့် အမွေးပွလေးက မကြားနိုင်ခဲ့ပေ။

"မင်းလိုလူတစ်ယောက်ကလား။ မင်းက နိမ့်ကျတဲ့ မြေဝိဇ္ဇာအဆင့် ကျင့်ကြံသူလေးတစ်ယောက်ပါ။ နှစ်၂၀အတွင်း ငါ့ကိုဖိနှိပ်နိုင်ချင်ရင် အိပ်မက်မက်နေလိုက်။ ငါ့စွမ်းအားတွေက ချိတ်ပိတ်ခံထားရပေမယ့် မင်းကိုတော့ ကိုင်တွယ်နိုင်တယ်။ မင်းသာ ငါ့ကိုလွှတ်ပေးရင် အသက်ချမ်းသာပေးမယ်"

ခရမ်းမီးတောက်ကြယ်ခြင်္သေ့က ပြက်လုံးတစ်ခု ကြားလိုက်ရသည့်ပမာ ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ ထို့နောက် ၎င်းက တစ်လုံးချင်းပြော၍ ယဲ့ချန်ကို ကမ်းလှမ်းလိုက်သည်။ ခြင်္သေ့ကြီးက နှစ်ပေါင်းများစွာ ရှင်သန်လာသူပီပီ အလွန်ဉာဏ်များပေသည်။

"ကောင်းကင်ကြယ်တာရာမှော်စည်းကို ဖျက်ဆီးရမယ် ဟုတ်လား။မင်းက ရူးနေတာလား"

ယဲ့ချန်က အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။ အစီအရင်ကိုဖျက်ဆီးပြီး ခြင်္သေ့ကြီးကို လွှတ်ပေးလိုက်ပါက သူ၏အသက်မှာ သေချာပေါက် အဆုံးသတ်ပြီဖြစ်သည်။

ခြင်္သေ့ကြီးက နှစ်ပေါင်းများစွာ ချုပ်နှောင်ခံထားရသဖြင့် နှစ်ပေါင်း၂ဝအကြာတွင် လွတ်မည်ဆိုသည့် အချက်အားလည်း ယဲ့ချန်က မယုံပေ။

သူ၏ဓားပျံ၊ ကောင်းကင်ကြယ်တာရာတံ​ဆိပ်နှင့် ကြယ်တာရာဘုံကိုးလွှာကျင့်စဥ်တို့က တစ်နည်းနည်းဖြင့် ဆက်စပ်နေသည်။ ၎င်းတို့က မည်သည့်လျှို့ဝှက်ချက်ကို ဖုံးကွယ်ထားပါသနည်း။

ကောင်းကင်ကြယ်တာရာတံ​ဆိပ်က နှစ်ခုရှိသည်။ တစ်ခုတွင် ခရမ်းမီးတောက်ကြယ်ခြင်္သေ့ကို ဖမ်းဆီးထားသဖြင့် ကျန်တစ်ခုတွင် မည်သည့်အရာရှိနေမည်ကို ယဲ့ချန်လည်း မခန့်မှန်းတတ်ပေ။ သူက ဖခင်ဖြစ်သူ ပိုင်ဆိုင်သော ရတနာ၏လျှို့ဝှက်ချက်ကိုလည်း ဖော်ထုတ်ချင်နေခဲ့သည်။

"အမွေးပွလေး ငါ အဆင်ပြေပါတယ်"

ထိုအချိန်တွင် ယဲ့ချန်သည် အမွေးပွလေး၏ စိုးရိမ်သောအကြည့်ကို သတိထားမိသဖြင့် နှစ်သိမ့်လိုက်သည်။

သူက ခြင်္သေ့ကြီး၏အသံကို မကြောက်သောကြောင့် မတ်တပ်ရပ်လိုက်သည်။ ခြင်္သေ့ကြီးက မီးဝင်းဝင်းတောက်သော အကြည့်ဖြင့် သူ့ကို စိုက်ကြည့်နေသော်လည်း အစီအရင်၏ချုပ်နှောင်မှုမှ မလွတ်မြောက်နိုင်ခဲ့ပေ။

ယဲ့ချန်က သူ၏ဘယ်လက်ဖဝါးကို တစ်ချက်ကြည့်ကာ ဆုံးဖြတ်လိုက်သည်။ ဤခရမ်းမီးတောက်ကြယ်ခြင်္သေ့က သူ၏အစောင့်အရှောက်သားရဲ ဖြစ်လာရပေလိမ့်မည်။

ကောင်းကင်ကြယ်တာရာတံဆိပ်နှင့် ဆက်သွယ်ပြီးနောက် ယဲ့ချန်က အပြင်လောကကို ပြန်လည်မြင်တွေ့ခဲ့သည်။ ၎င်းက သူ၏ခန္ဓာအတွင်း ပေါင်းစပ်သွားပြီဖြစ်သည်။ ထူးဆန်းသော ခံစားချက်တစ်ခုကြောင့် ဤတံဆိပ်တွင် ခြင်္သေ့ကြီးကိုချုပ်နှောင်ခြင်းအပြင် အခြားစွမ်းရည်များလည်း ရှိပေလိမ့်မည်။ ယဲ့ချန်အနေဖြင့် အချိန်ယူ၍ ရှာဖွေရပေလိမ့်မည်။

ယဲ့ချန်သည် ဤတံဆိပ်တော်၏အဆင့်ကို သိချင်စိတ် ဖြစ်ပေါ်နေခဲ့သည်။ ၎င်းက အနည်းဆုံး အဆင့်ခုနစ်ရှိနိုင်သည်။ သို့သော် ရတနာ၏သက်စောင့်ဝိညာဥ် ရှိပုံမပေါ်သောကြောင့် ၎င်း၏အဆင့်ကို ဆုံးဖြတ်ရန် လမ်းစပျောက်နေခဲ့သည်။

ယဲ့ချန်ကခေါင်းယမ်း၍ အတွေးများကို ရှင်းထုတ်လိုက်သည်။ သူက အခန်းအတွင်းသို့ တစ်ချက်တွေးရုံဖြင့် ပြန်ရောက်သွားပြီး ကောင်းကင်ကြယ်တာရာတံဆိပ်က ပျောက်ကွယ်သွားခဲ့သည်။ ၎င်းက သူ၏လက်ဖဝါးထဲတွင် တံဆိပ်တစ်ခုအဖြစ်တည်ရှိနေသည်ကို ခံစားနိုင်လေသည်။ အမွေးပွလေးသည်လည်း ယဲ့ချန်နှင့်အတူ အပြင်သို့ ထူးဆန်းစွာရောက်လာသဖြင့် အံ့သြနေခဲ့သည်။

လက်ရှိတွင် ယဲ့ချန်သည် ကောင်းကင်ကြယ်တာရာတံဆိပ်တော်အတွင်း အဝင်အထွက်ကို စိတ်ကြိုက်ပြုလုပ်နိုင်သည်။ သူက အစီအရင်၏ပုံစံကိုလည်း အပြည့်အဝတွေ့မြင်နိုင်ပြီဖြစ်သည်။ ၎င်းက သူမြင်ဖူးသော ချီစုဆောင်းခြင်းအစီအရင်အထက် အဆပေါင်းများစွာ ပို၍ရှုပ်ထွေးနေသည်။ ထောင့်ပေါင်းစုံမှ ကြည့်ရှုစစ်ဆေးသည့်တိုင်အောင် ၎င်းကိုနားလည်ရန် များပြားလှသော အသိပညာများ လိုအပ်မည်ဖြစ်သည်။

ကောင်းကင်ကြယ်တာရာတံဆိပ်အတွင်း ခရမ်းမီးတောက်ကြယ်ခြင်္သေ့က ဆက်တိုက်ရုန်းကန်နေသည်။ ထို့နောက် ၎င်း၏ရုန်းကန်မှုကြောင့် အက်ကြောင်းတစ်ခုဖြစ်နေသည်ကို ယဲ့ချန်က မြင်လိုက်ရသည်။ အက်ကြောင်းသာ ပိုမိုကြီးမားလာလျှင် ခြင်္သေ့ကြီး လွတ်မြောက်နိုင်သောကြောင့် ယဲ့ချန်က တုန်လှုပ်သွားခဲ့သည်။ ကြည့်ရသည်မှာ နှစ်ပေါင်းနှစ်ဆယ်ဆိုသည်က သတင်းအမှားတစ်ခု ဟုတ်ဟန်မတူချေ။

ယဲ့ချန်သည် ကောင်းကင်ကြယ်တာရာတံဆိပ်၏ ချီစီးဆင်းမှုကို အာရုံခံလိုက်ပြီး ခဏအတွင်း ရတနာ၏အရာအားလုံးကို သိမြင်နိုင်ခဲ့သည်။ ၎င်းက ခြင်္သေ့ကြီး၏အစွမ်းအများစုကို ချိတ်ပိတ်ထားသည်။ လက်ရှိတွင် ခြင်္သေ့ကြီးသည် ကောင်းကင်အဆင့် မှော်သားရဲတစ်ကောင်၏အစွမ်းမျိုးသာ ရှိပေသည်။ ဆိုလိုသည်မှာ ထိပ်ဆုံးအဆင့် ကောင်းကင်ဝိဇ္ဇာတစ်ယောက်လောက်သာ သန်မာခြင်းဖြစ်သည်။ သို့သော် အက်ကြောင်းက ပိုမိုကြီးမားလာလျှင် ချိပ်ပိတ်ခြင်းလျော့ရဲလာပြီး ခြင်္သေ့ကြီး၏အစွမ်းလည်း တိုးလာမည်ဖြစ်သည်။

စုံစမ်းထောက်လှမ်းပြီးနောက် ယဲ့ချန်သည် ခြင်္သေ့ကြီးမှာ ရှောင်ရိထက် ပို၍ကြောက်မက်ဖွယ်ကောင်းနေနိုင်ကြောင်း သိလိုက်ရသည်။ ၎င်းကလည်း ရှေးဟောင်းသားရဲမျိုးနွယ်တစ်ခုမှ ဆင်းသက်လာပုံပေါ်သည်။

"ဒီကောင်ကြီးရဲ့ ခွန်အားအပြည့်အဝကို ပြန်မရခင် ဘယ်လိုဖိနှိပ်ရမလဲ"

ယဲ့ချန်က မျက်မှောင်ကြုတ်၍ စဥ်းစားလိုက်သည်။ သူ၏လက်ရှိခွန်အားက ဤတာဝန်ကို ထမ်းဆောင်နိုင်မည် မဟုတ်ပေ။

အစီအရင်သာ ပိုမိုပျက်စီးလာလျှင် ယဲ့ချန်အတွက် ခက်ခဲမှုက ပိုကြီးလာမည်ဖြစ်သည်။ လက်ရှိအချိန်တွင်သာ ခြင်္သေ့ကြီးက အားအနည်းဆုံးဖြစ်နေသဖြင့် အကောင်းဆုံးအခွင့်အရေးပင် ဖြစ်သည်။

"အမွေးပွလေး ရှောင်ရိကို ခေါ်လာပေး"

ခဏတာစဥ်းစားပြီးနောက် ယဲ့ချန်ကရှောင်ရိ၏အစွမ်းကို အသုံးချရန် ဆုံးဖြတ်လိုက်သည်။ လက်ရှိတွင် ခြင်္သေ့ကြီးက ကောင်းကင်ဝိဇ္ဇာထိပ်ဆုံးအဆင့် ခွန်အားသာရှိသောကြောင့် ရှောင်ရိက အနိုင်ယူနိုင်ချေရှိသည်။

အမွေးပွလေးက လှစ်ခနဲထွက်ခွာသွားကာ ရှောင်ရိနှင့်အတူ ပြန်ရောက်လာသည်။

"အစ်ကိုကြီး ကျွန်တော့်ကို ရှာနေတာလား"

ရှောင်ရိက ပျော်ရွှင်စွာဖြင့် မေးလိုက်သည်။

ယဲ့ချန်က သူ၏အတွေးဖြင့် ကောင်းကင်ကြယ်တာရာတံဆိပ်အတွင်း ရှောင်ရိကို ခေါ်သွင်းလိုက်သည်။ သို့သော် ယခုတစ်ခေါက်တွင် ၎င်းက အလုပ်မလုပ်ပေ။

ရှောင်ရိက မဝင်နိုင်ဘဲ အမွေးပွလေးသည် ကောင်းကင်ကြယ်တာရာတံဆိပ်အတွင်း ဝင်ရောက်နိုင်သည့် အကြောင်းအရင်းကို ယဲ့ချန်က ခဏအတွင်း နားလည်သွားခဲ့သည်။ ၎င်းက ဝိညာဥ်အသိစိတ်အပေါ် မူတည်နေသည်။ ဝိညာဥ်အသိစိတ်ကို ပိုင်ဆိုင်သူသာလျှင် ဝင်ထွက်သွားလာနိုင်မည် ဖြစ်သည်။

"ဘာမှမဟုတ်တော့ဘူး။ အခန်းကိုပြန်ပြီး ကျင့်ကြံတော့"

ယဲ့ချန်က တစ်ချက်ပြုံး၍ ခေါင်းယမ်းလိုက်သည်။ သူက လက်မောင်းကာအတွင်းမှ ခရမ်းရွှေနတ်ဆေးအချို့ကို ရှောင်ရိအား ပေးလိုက်သည်။

"ဟုတ်ကဲ့"

ရှောင်ရိမှာ ကလေးတစ်ယောက်ပင် ဖြစ်သောကြောင့် များစွာစဥ်းစားမနေခဲ့ပေ။ စားသောက်ရန် ဆေးလုံးများရသောအခါ ပျော်ရွှင်နေခဲ့သည်။

ယဲ့ချန်ကမူ ခရမ်းမီးတောက်ကြယ်ခြင်္သေ့ကိစ္စကို အတွေးနက်နေရသည်။ သူက ရှောင်ရိ၏ခွန်အားဖြင့် သားရဲကြီးကို ရင်မဆိုင်နိုင်ပေ။ အမွေးပွလေး၏ ပုံရိပ်ယောင်စွမ်းရည်ကလည်း အစွမ်းထက်သားရဲကြီးအပေါ် အကျိုးသက်ရောက်မှု မရှိနိုင်ချေ။ ဤကိစ္စတွင် သူက ကိုယ့်ကိုကိုယ် အားကိုးရမည်ဖြစ်သည်။ သူ၏ဝိညာဥ်စစ်သည်တော်က ၎င်းကို အနိုင်ယူနိုင်စွမ်း နည်းပါးသော်လည်း ယဲ့ချန်အနေဖြင့် အလွယ်တကူ လက်မလျှော့လိုပေ။

"အမွေးပွလေး ကောင်းကင်ကြယ်တာရာတံဆိပ်ထဲကို ပြန်သွားကြစို့"

ယဲ့ချန်က အတွေးတစ်ချက်ဖြင့် အမွေးပွလေးကို ခေါ်ကာ ဝင်ရောက်လိုက်၏။

"ကောင်စုတ်လေး မင်း ငါ့ကိုထုတ်မပေးရင် နောင်တရမှာ သေချာတယ်"

ကြမ်းပြင်ကို လက်ဝါးဖြင့် တဘုန်းဘုန်းရိုက်ခတ်နေသော ခြင်္သေ့ကြီးက နှာခေါင်းရှုံ့လိုက်သည်။သူက ရုတ်တရက်ထွက်ပေါ်လာသော ယဲ့ချန်နှင့်အမွေးပွလေးကို စိုက်ကြည့်နေခဲ့သည်။

"အမွေးပွလေး ဘေးထွက်နေလိုက်။ ငါ ဒီကောင်ကြီးကို ဖြေရှင်းလိုက်ဦးမယ်"

"မစိုးရိမ်ပါနဲ့ ငါက ကိုယ့်အကန့်အသတ်ကို သိပါတယ်"

ယဲ့ချန်က အမွေးပွလေးကို ဘေးတွင်ချထားလိုက်သည်။ သူမ၏မျက်ဝန်းထဲမှ စိုးရိမ်သောအမူအရာကြောင့် စကားတစ်ခွန်းပြော၍ နှစ်သိမ့်လိုက်သည်။ ထို့နောက် သူ၏အကြည့်က ခရမ်းမီးတောက်ကြယ်ခြင်္သေ့ထံ စူးရဲစွာ ကျရောက်သွားခဲ့သည်။

"ကောင်စုတ်လေး မင်းက သတ်သေချင်နေတာလား။ ငါ့ကိုတိုက်ခိုက်ရင် မင်းကို တစ်ချက်တည်းဝါးစားပစ်မယ်"

ယဲ့ချန်၏အကြည့်မှ ပြောင်းလဲမှုကို နားလည်ပုံပေါ်သော ခြင်္သေ့ကြီးက လှောင်ပြောင်လိုက်သည်။

"ရလဒ်ကို ဘယ်သူမှ ကြိုမသိနိုင်ဘူး"

ယဲ့ချန်၏ကိုယ်တွင်းမှ ဝိညာဥ်အသိစိတ် ထွက်ပေါ်လာကာ ခြောက်မီတာခန့်မြင့်သော ရွှေသံချပ်ဝိညာဥ်စစ်သည်တော်အဖြစ် ပြောင်းလဲသွားခဲ့သည်။ ဝိညာဥ်စစ်သည်တော်က လက်ထဲတွင် ဓားတစ်လက် ကိုင်ဆောင်ထားခဲ့သည်။

"ဝိညာဥ်ရုပ်သွင်ဖြစ်တည်ခြင်း မိစ္ဆာဘုရင်အဆင့်"

ခြင်္သေ့ကြီး၏မျက်လုံးများ တုန်ခါသွားခဲ့သည်။ သူ၏အထွတ်အထိပ်ဆိုလျှင် မိစ္ဆာဘုရင်တစ်ယောက်ကို မဆိုထားနှင့်။အယောက်တစ်ထောင်ဆိုလျှင်ပင် ခရမ်းရောင်မီးတောက်ဖြင့် သတ်ပစ်နိုင်သည်။ လက်ရှိတွင် ၎င်းက ချိတ်ပိတ်ခံထားရသဖြင့် ခရမ်းရောင်မီးတောက်များကို အသုံးမချနိုင်ပေ။ ကျင့်ကြံဆင့်ကလည်း ကောင်းကင်အဆင့်ကိုသာ အသုံးပြုနိုင်သည်။ ထို့ကြောင့် မိစ္ဆာဘုရင်တစ်ယောက်ကို ယှဥ်နိုင်မည် မဟုတ်ပေ။

"မဟုတ်သေးဘူး။ ဒါက ဘာမိစ္ဆာဘုရင်မှ မဟုတ်ဘူး။ မိစ္ဆာဘုရင်တစ်ယောက်ရဲ့ ဝိညာဥ်အသိစိတ်က အကောင်အထည်ရှိတယ်။ မင်းရဲ့စစ်သည်တော်က ဝိညာဥ်အသိစိတ်တစ်ခု သက်သက်မဟုတ်လား"

သို့သော် ခြင်္သေ့ကြီးက နှစ်ထောင်ချီရှင်သန်လာသောကြောင့် အသိအမြင်ဗဟုသုတများစွာ ရှိနေခဲ့သည်။ ၎င်းက ယဲ့ချန်၏ဝိညာဥ်အသိစိတ်ကို တစ်ချက်ကြည့်ရုံဖြင့် ချက်ချင်းခန့်မှန်းနိုင်လိုက်သည်။

"မှန်တယ်။ ငါ့ရဲ့ဝိညာဥ်စစ်သည်တော်က ဝိညာဥ်အသိစိတ်ဖြစ်တယ်။ ဒါပေမယ့် မကြာခင် ရုပ်သွင်ဖြစ်တည်လာတော့မယ်။ မင်းကို နာခံမှုရှိတဲ့ အစောင့်အရှောက်သားရဲဖြစ်အောင် လုပ်ပေးမယ်"

ယဲ့ချန်က ခြင်္သေ့ကြီးကို စိုက်ကြည့်လိုက်သည်။ မီးများတောက်လောင်နေသော ဝိညာဥ်စစ်သည်တော်က ဓားလွတ်ကိုင်လျက် ခရမ်းမီးတောက်ကြယ်ခြင်္သေ့ထံ လေထဲမှ ချီတက်သွားခဲ့သည်။

"ဟား ဟား မင်းရဲ့ဝိညာဥ်အသိစိတ်လေးနဲ့ ငါ့ကိုရင်ဆိုင်ချင်ရင် မိစ္ဆာဘုရင်အဆင့်ကို ရောက်အောင် တက်လိုက်ဦး။ ဒါကလည်း ရာစုနှစ်ပေါင်းများစွာ ကြာလိမ့်မယ်။ အဲ့အချိန်ကျရင် ငါက လွတ်မြောက်ပြီကွ။ မိစ္ဆာဘုရင်မပြောနဲ့ မဟာအဆင့်ဆိုရင်တောင် ငါ့ကို မယှဥ်နိုင်​တော့ဘူး"

ခြင်္သေ့ကြီးက အေးစက်စက် လှောင်ရယ်လိုက်သည်။

"ဘယ်သူကပိုမြန်မလဲ ကြည့်ရသေးတာပေါ့"

ယဲ့ချန်၏အမိန့်ဖြင့် ဝိညာဥ်စစ်သည်တော်က ခြင်္သေ့ကြီးထံ တဟုန်ထိုးပြေးဝင်သွားခဲ့သည်။

"ကိုယ့်နေရာကိုယ် သိစမ်း"

ခရမ်းမီးတောက်ကြယ်ခြင်္သေ့က ဝိညာဥ်စစ်သည်တော်၏လုပ်ရပ်ကြောင့် နှာမှုတ်လိုက်သည်။ ၎င်းက ခရမ်းရောင်မီးတောက်များ တောက်လောင်နေသော ညာလက်ကို မြှောက်လိုက်၏။ ၎င်း၏ရှည်လျားသော သက်တမ်းတလျှောက်တွင် ဝိညာဥ်အသိစိတ်များစွာကို အနိုင်ယူဖူးသည်။ ၎င်း၏ကျင့်ကြံဆင့်ကသာ ချိတ်ပိတ်ခံထားရသော်လည်း ဝိညာဥ်အသိစိတ်က အထွတ်အထိပ်အခြေအနေအောက် အနည်းငယ်သာ အားနည်းပေသည်။

"ဘန်း"

မြည်သံတစ်ခုနှင့်အတူ ဝိညာဥ်စစ်သည်တော်၏ဓားက ခြင်္သေ့ကြီး၏လက်ဝါးနှင့် တွေ့ဆုံသွားခဲ့သည်။

"ခလွမ်"

ထို့နောက် ဓားက ကျိုးပဲ့သွားလေသည်။

All Chapters