← Chapters

စည်းမျည်းများကို ပြောင်းလဲခြင်း

Vol. 70 Ch. 966

စည်းမျည်းများကို ပြောင်းလဲခြင်း

Vol. 70 Ch. 966

“ အများဆုံး ငါ အဲဒီ နတ်ဘုရားကျောက်တွေကိုပဲ ဆုံးရှုံးလိုက်ရမှာလေ ” မိုဝူကျိက ထိုသို့ပြောပြီးနောက် ရွိုက်ကောထံ ဆိုင်းဘုတ်တချို့ ပေးကာ  “ ရွိုက်ကော … ဒီဆိုင်းဘုတ်တွေကို အပြင်မှာ ချိတ်ထားလိုက်။ အကြွင်းမဲ့ ကုထုံး ဆေးခန်းဆိုတာကို မဖြုတ်ရင် ရပြီ ”

အမွှေးတိုင် တစ်ဝက်စာကြာပြီးနောက် အကြွင်းမဲ့ ကုထုံး ဆေးခန်း အပြင်ပိုင်းမှာ လုံးဝ ပြောင်းလဲသွားတော့သည်။

အထင်ရှားဆုံးအရာမှာ ဆိုင်းဘုတ် ဖြစ်ပြီး ဖင်းဖန် ဆေးလုံး - ပန်းပဲ ဆိုင်ဟု ပါရှိသည်။ ထိုဆိုင်းဘုတ်အောက်တွင် ဆိုင်၏ ဝန်ဆောင်မှုအမျိုးမျိုးကို မိတ်ဆက်ထား၏။ ဆေးလုံး ဖော်စပ်ပေးခြင်း၊ နတ်ဆေးလုံး ရောင်းချခြင်း၊ နတ်ဆေးပင် ဝယ်ယူခြင်း၊ ပစ္စည်းများ ထုလုပ်ခြင်း … အစရှိသဖြင့် ပါဝင်ပေသည်။

ညာဘက် အောက်ခြေ၌ “ အကြွင်းမဲ့ ကုထုံး ဆေးခန်း” ဟု နာမည်သုံးလုံးသာ ရှိသော ဆိုင်းဘုတ်လည်း ရှိနေသည်။ မိုဝူကျိက အခြေအနေကို လိုက်နာထားပြီး ထိုအကြွင်းမဲ့ ကုထုံး ဆေးခန်း ဆိုင်းဘုတ်အား မဖယ်ပစ််ပေ။ ဤနေရာက ယခင်နှင့် လုံးဝ ကွဲပြားသွားခြင်းသာ ဖြစ်၏။

……………

ချီခွန်းနှင့် ယွီလောတို့ ဂိုဏ်းခန်းမဆီ ရောက်လာသည့်အချိန် လူများစွာ ရှိနှင့်နေပြီးသား ဖြစ်၏။ မိုးကောင်းကင်ဂိုဏ်း၏ ဂိုဏ်းချုပ် ရှင်းဝမ် သာမက တောင်သခင်များနှင့် အကြီးအကဲများလည်း ရောက်ရှိနေကြလေပြီ။

ထိုကျင့်ကြံသူများအားလုံးက အရေးကြီးသည့် အခမ်းအနားအတွင်းသာ စုစည်းကြလေ့ ရှိကြသည်။

“ ဂိုဏ်းချုပ် … တောင်သခင်များနဲ့ အကြီးအကဲများကို ဂါရဝပြုပါတယ် ” ဤနေရာတွင် ချီခွန်း၏  ကျင့်ကြံဆင့်မှာ အားအနည်းဆုံး ဖြစ်ရုံသာမက သူ့အဆင့်အတန်းသည်လည်း အနိမ့်ဆုံး ဖြစ်နေသည်။ အကယ်၍ သူသာ သီးသန့်တာဝန်၌ မပါဝင်ခဲ့ရလျှင် ဤနေရာ၌ ရှိနေခွင့်ပင် မရှိချေ။

ယွီလောလည်း လေးလေးစားစား ဦးညွှတ်လိုက်လေ၏။ သူမက လေးစားပြသော်လည်း ချီခွန်းလောက် ကြောက်လန့်နေခြင်း မရှိပေ။

ဂိုဏ်းချုပ် ရှင်းဝမ်၏ ခက်ထန်ထန် မျက်နှာက ချီခွန်းနှင့် ယွီလောတို့ဘက် ရောက်လာသည့်အခါ အနည်းငယ် ပြေလျော့သွားပြီး  “ ချီခွန်း မင်းလည်း ခရီးအကြာကြီး ထွက်ခဲ့ရတော့ ပင်ပန်းနေလောက်ပြီ။ အရင်ဆုံး ထိုင်ပြီး ပြောကြတာပေါ့။ လောအာက ငါ့ဘေးနား လာထိုင်လေ ”

“ ဟုတ်ကဲ့ ”ယွီလောက နာနာခံခံ တုံ့ပြန်လိုက်ပြီး ရှင်းဝမ်ဘေးနား ဝင်ထိုင်လိုက်သည်။

တစ်ဖက်တွင် ချီခွန်းက မထိုင်ဘဲ လေးလေးစားစား ပြောလိုက်သည်  “ ဒီတပည့်လေးရဲ့ ခရီးက အောင်မြင်ခဲ့တဲ့အတွက် ပင်ပန်းတယ်လို့ မယူဆပါဘူး ”

ရှင်းဝမ်က ချီခွန်းအား ထပ်ထိုင်ဖို့ရာ မပြောပေ။ သူက အလေးအနက် အမူအယာဖြင့် “ မင်း နှင်းစက်စိမ်းဆန် ပညာရှင်ကို တွေ့လာပြီလား ”

ချီခွန်းက ကျောက်စိမ်းပန်းကန်လုံးလေးကို ယုံကြည်ချက်ရှိရှိ ထုတ်လိုက်သည်။ သူ လက်တစ်ချက် အဝှေ့ဖြင့် ပန်းကန်လုံးလေးက ရွှေရောင်သင်္ကေတများ ရှိနေသည့် နှင်းစက်စိမ်းဆန်များနှင့် ပြည့်နှက်သွားသည်။

သူက ပန်းကန်လုံးကို ဂိုဏ်းချုပ် ရှင်းဝမ်ဆီ ပေးလိုက်ပြီး စိတ်အားတက်ကြွစွာ ပြောလိုက်သည်  “ ဒီတပည့်လေးက နှင်းစက်စိမ်းဆန် စိုက်ပျိုးတဲ့နေရာမှာ ဆရာတစ်ဆူ ဖြစ်တဲ့ ပညာရှင်ကို ရှာတွေ့ခဲ့ပါတယ်။ ဒါက သူ စိုက်ပျိုးထားတဲ့ ဆန်ပါ။ အဆင့်မြင့် နှင်းစက်စိမ်းဆန်ကြားမှာတောင် အကောင်းဆုံးဆိုတာ သေချာပါတယ်။ ဂိုဏ်းချုပ် တစ်ချက် ကြည့်ပါဦး ”

အဆင့်မြင့် နှင်းစက်စိမ်းဆန်၏ ရနံ့သင်းသင်းလေးက ခန်းမတစ်လျှောက် ပျံ့နှံ့သွားသည်။ ခန်းမအတွင်းရှိ လူတိုင်းက သက်တောင့်သက်သာ ဖြစ်သွားသလို ခံစားလိုက်မိကြ၏။

“ ဒါက တကယ့်ကို အဆင့်မြင့် နှင်းစက်စိမ်းဆန်တွေပဲ ” အကြီးအကဲ တစ်ဦးက ရေရွတ်လိုက်လေ၏။

ရှင်းဝမ်က နှင်းစက်စိမ်း ဆန်စပါးခွံ့အား ခွာလိုက်သည့်အခါ ပြီးပြည့်စုံသည့် ဆန်စေ့လေး ထွက်ပေါ်လာလေ၏။ သူက ထောက်ခံသည့်အနေနှင့် ခေါင်းညိတ်ကာ  “ ဒါက တကယ့်ကို အဆင့်မြင့် နှင်းစက်စိမ်းဆန်ပဲ။ ချီခွန်း ပြောတာ မှန်တယ်။ ဒါကို စိုက်ပျိုးတဲ့သူက သေချာပေါက် ပညာရှင်ပဲ ”

“ ချီခွန်း … အဲလူရဲ့ ကျင့်ကြံဆင့်ကရော ဘယ်လိုလဲ ” ရှင်းဝမ် စကားအဆုံးတွင် သူ့လက်ဝဲဘက်ရှိ အကြီးအကဲ တစ်ဦးက စိတ်ပူပင်စွာ မေးလိုက်လေ၏။

ချီခွန်းက အံ့အားသင့်သွားမိသည်။

ဘာလို့များ ဒီအကြီးအကဲက ဆန်စိုက်ပျိုးတဲ့ သူရဲ့ ကျင့်ကြံဆင့်ကို မေးနေရတာလဲ ….

ဆန်စိုက်ပျိုးခြင်းနှင့် လုံးဝ မသက်ဆိုင်ပေ။ မေးမြန်းလိုက်သူမှာ လက်ဝဲ မိုးကောင်းကင်တောင်သခင် လောင်ယွီ ဖြစ်နေသောကြောင့် ချီခွန်းက လေးလေးစားစား ပြန်ဖြေပေးလိုက်သည် “ သူ့ဝိညာဉ်ကြောတွေက အတော်လေး ဆိုးရွားတယ်ဆိုတော့ သူ့ကျင့်ကြံဆင့်ကလည်း အားနည်းတယ်။ သူ့စွမ်းဆောင်ရည်က သာမာန်အဆင့်လောက်ပဲ ရှိတယ်ဆိုပေမဲ့ နောက်ထပ် ထူးချွန်တာ တစ်ခုက သူက အဆင့် ၄ နတ်ဆေးဆရာတစ်ယောက်ပါ ”

ချီခွန်းက စကားပြောခြင်းကို ရပ်တန့်လိုက်သည့်အခါ လေထုမှာ နည်းနည်း လွဲမှားနေကြောင်း သတိထားလိုက်မိ၏။

သူက လူမှားလာတာများလား ….

ရှင်းဝမ်က သက်ပြင်းချကာ ချီခွန်းအား ပြောလိုက်၏  “ အရင်ဆုံး ထိုင်လိုက်ပါဦး။ အကြီးအကဲ ရန်ဖေးက မင်းကို ရှင်းပြပေးလိမ့်မယ် ”

“ ဟုတ်ကဲ့ ” ချီခွန်း စိတ်ထဲ တွေဝေမှုများနှင့် ပြည့်နှက်နေကာ အဝေးဆုံး ထောင့်တစ်နေရာ၌ ထိုင်လိုက်၏။

အကြီးအကဲ ရန်ဖေးက နတ်ဘုရားဘုရင် အဆင့် ၂ ဖြစ်ပြီး ပုတိုတို ပုံစံ  ဖြစ်၏။ သူက ချီခွန်းအား ခေါင်းညိတ်ပြကာ  “ နိဗ္ဗာန် အသိပညာရပ်ကျောင်းတော်ရဲ့ စစ်ဆေးမှုကို သတ်မှတ်လိုက်ပြီ … ”

“ အာ ” ချီခွန်းနှင့် ယွီလောတို့က အံ့အားသင့်မိသွားကြသည်။ သူတို့က စစ်ဆေးမှု အချိန် ကြာမြင့်နေမည်ကို စိုးရိမ်နေမိခဲ့သည်။ ထို့အပြင် မိုဝူကျိက မိုးကောင်းကင်ဂိုဏ်းကို ဝင်ဖို့ သဘောမတူသေးပေ။

ရန်ဖေးက သက်ပြင်းချကာ  “ ဒီတစ်ကြိမ် နိဗ္ဗာန် အသိပညာရပ်ကျောင်းတော်က ဆုလာဘ်တွေကို တိုးမြင့်လိုက်တယ်။ ထိပ်ဆုံး ဆယ်ဂိုဏ်းက နိဗ္ဗာန်ရောက် မြစ်ကို ဝင်ခွင့် ရရုံတင် မကဘူး။ သူတို့က သဟဇာတ နတ်ဘုရားဆီက တာအိုအကြောင်း ဟောပြောပို့ချတာ နားထောင်နိုင်ခွင့်လည်း ရလိမ့်မယ်။ ပြီးတော့ ပြောကြတာကတော့ နိဗ္ဗာန် အသိပညာရပ်ကျောင်းတော်ထဲက တာအိုအသီးပင်က တာအိုအသီးတွေက ရင့်မှည့်လာတော့မှာတဲ့ …. ဒီစစ်ဆေးမှု ပြီးသွားရင် နိဗ္ဗာန် အသိပညာရပ်ကျောင်းတော်က ထိပ်ဆုံး ငါးဂိုဏ်း ဒါမှမဟုတ် ထိပ်ဆုံး ငါးယောက်ကို တာအိုအသီး ငါးလုံး ပေးလိမ့်မယ် ”

ချီခွန်းက လေအေးများ မှုတ်ထုတ်လိုက်မိသည်။ ဂိုဏ်းက အရမ်းစဉ်းစားနေသည်မှာ မထူးဆန်းတော့ပေ။ ထိုဆုလာဘ်များက အတော်လေးကို ရက်ရောလွန်းလှသည်။ သဟဇာတနတ်ဘုရား၏ ဟောပြောချက် နားထောင်ခွင့်ကို မဆိုထားနှင့် တာအိုအသီးနှင့်ပင် ဂိုဏ်း၏ အားစိုက်ထုတ်မှု ထိုက်တန်နေပြီ ဖြစ်၏။ တာအိုအသီးက နတ်ဘုရားကုန်းမြေအတွင်းမှ ဒဏ္ဍာရီလာ ပစ္စည်းတမျိုး ဖြစ်၏။ နိဗ္ဗာန် အသိပညာရပ်ကျောင်းတော် အတွင်းရှိ တာအိုအသီးသည်  အစစ်အမှန် တာအိုအသီး ဖြစ်သည်။ ကြုံရာကျပန်း အသီးအား တာအိုအသီးဟု ခေါ်ဆိုထားခြင်း မဟုတ်ပေ။

အကယ်၍ သူတို့သာ ထိပ်ဆုံး ငါးယောက်အတွင်း ဝင်နိုင်လျှင် ဒဏ္ဍာရီလာ သဟဇာတ နတ်ဘုရားအဆင့်သို့ ဝင်နိုင်ခြေ ရှိနိုင်သည်။

“ သတင်းကောင်းပဲ ” ချီခွန်း၏ မိုဝူကျိ၏ စွမ်းဆောင်ရည်အကြောင်း တွေးမိသွားသည်။

မိုဝူကျိ၏ ဆန်စိုက်ပျိုးနိုင်စွမ်းဖြင့် ပထမနေရာ မရလျှင်ပင် ထိပ်ဆုံး ငါးယောက်ထဲ မဟုတ်သေးဘူး ထိပ်ဆုံး သုံးယောက်ထဲ ပါဖို့ရာ ကိစ္စကြီး မဟုတ်ပေဘူးလား ….

ရန်ဖေးက သက်ပြင်းချကာ  “ တကယ်ကို သတင်းကောင်းပေါ့။ ဒါပေမဲ့ စစ်ဆေးမှု နည်းလမ်းကို ပြောင်းလဲထားတယ်။ အရင်တုန်းက တစ်ယောက်ချင်းစီ ဖြစ်ခဲ့တဲ့ နှင်းစက်စိမ်းဆန် စိုက်ပျိုးရတာက အခု စစ်ဆေးမှုအတွဲလိုက်ထဲ ပါလာတယ်လေ။ တကယ်လို့ တပည့်တွေက သူတို့ရဲ့ ဦးဆုံး စစ်ဆေးမှုတွေမှာ အမှတ်မရရင် သေချာပေါက် ပြုတ်သွားမှာ  … အမှတ်လုံးဝ ရတော့မှာ မဟုတ်ဘူး ”

ချီခွန်းက ရုတ်ချည်း နားမလည်နိုင်အောင် ဖြစ်သွားရသည်။ ထို့နောက် သူက မရေမရာ မေးလိုက်သည်  “ အဲဒါက ဘာအဓိပ္ပါယ်များလဲ ”

ရန်ဖေးက စိတ်မရှည်သော်လည်း အချက်ကျကျ ပြန်ရှင်းပြပေးနေသည်  “ အရင်တုန်းက  မှော်ပညာရပ် စစ်ဆေးမှုမှာ ပါဝင်တဲ့ တပည့်တွေက မှော်ပညာရပ်အတွက် အမှတ်ရတယ်။ အစီအရင် စစ်ဆေးမှုမှာ ပါတဲ့သူကလည်း သူတို့အစီအရင်အတွက် အမှတ်ရကြတယ်။ အဲလိုမျိုးပဲ နှင်းစက်စိမ်းဆန် စိုက်ပျိုးရေး စစ်ဆေးမှုမှာ ပါဝင်တဲ့သူတွေကလည်း အဲဒီအတွက် အမှတ်ရကြတယ်။ အဲဒီ ရမှတ်တွေ အကုန်ပေါင်းပြီးတော့ ဂိုဏ်းရဲ့ ရမှတ် ဖြစ်လာတယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်ကျ မတူတော့ဘူး။ လာမဲ့ စစ်ဆေးမှုက ရှုံးထွက် ပွဲစဉ် လုပ်မယ်တဲ့ … နမူနာအနေနဲ့ဆိုရင် ပထမစစ်ဆေးမှုက အစီအရင် စစ်ဆေးမှု ဖြစ်နေတယ် ထားပါတော့။ တကယ်လို့ မင်းက မအောင်မြင်ရင် နောက်ပိုင်းက မှော်ပညာရပ် နဲ့ နှင်းစက်စိမ်း ဆန် စိုက်ပျိုးရေး စစ်ဆေးမှုတို့မှာ ဝင်ပြိုင်လို့ မရတော့ဘူး ”

ဤတစ်ကြိမ်၌ ချီခွန်းက နားလည်သဘောပေါက်သွားတော့သည်။ သူက သူ့ဘာသာ ရေရွတ်လိုက်၏  “ အဲလိုဆိုရင် ဂိုဏ်းက အကုန်တတ်ကျွမ်းတဲ့ ပါရမီရှင် မရှိရင် အားလုံး ပြုတ်ကုန်မှာပေါ့ ”

ရန်ဖေးက တုံ့ပြန်လိုက်သည်  “ အမှန်ပဲ။ အစတုန်းက မင်း ဒီပညာရှင် ရှာတွေ့လာတာက ဂိုဏ်းအတွက် အထောက်အကူ အကြီးကြီး ဖြစ်နိုင်တယ်။ အခုတော့ကွာ နိဗ္ဗာန် အသိပညာရပ် ကျောင်းတော်က စည်းမျည်းတွေ ပြောင်းလဲလိုက်တော့ မင်း ရှာတွေ့လာတဲ့ သူက နှင်းစက်စိမ်းဆန်ကို စိုက်နိုင်ရင်တောင် အသုံးဝင်မှာ မဟုတ်လောက်ဘူးကွာ ”

ချီခွန်းအနေနှင့်  လက်ဝဲ မိုးကောင်းကင်တောင်သခင်က မိုဝူကျိ၏ စွမ်းဆောင်ရည်နှင့် ကျင့်ကြံဆင့် အကြောင်း မေးမြန်းလိုက်သည့် အကြောင်းအရင်းအား တွေးမိသွားသည်။ အမြင်နှင့်တင် ထိုအရာများက လိုအပ်ချက်များ၏ အခြေခံအကျဆုံး ဖြစ်နေပေသည်။ လာမည့် စစ်ဆေးမှု၌ အားကောင်းရုံသာမက အစီအရင် တာအို၊ အဆောင် တာအိုနှင့် အခြားသော အကူ တာအိုများ၌လည်း ကျွမ်းကျင်နှံ့စပ်ရန် လိုအပ်နေ၏။

ဂိုဏ်းအနေနှင့် စစ်ဆေးမှု၌ ဝင်ရောက်ယှဉ်ပြိုင်ရန် အားအကောင်းဆုံးလူကို ပို့လွှတ်မည့် အကြောင်းကိုတော့ ချီခွန်းက မမေးလိုက်ပေ။ နိဗ္ဗာန် အသိပညာရပ်ကျောင်းတော်၏ စစ်ဆေးမှုသည် ကောင်းကင်နတ်ဘုရားအဆင့်အောက်ရှိ ကျင့်ကြံသူများသာ ဝင်ခွင့်ပြုထားကြောင်း သိထား၏။ နိဗ္ဗာန် အသိပညာရပ်ကျောင်းတော်၏ အမြင်အရ လူတစ်ယောက်က ကောင်းကင်နတ်ဘုရားအဆင့် ရောက်သွားသည်နှင့် သူတို့၏ အနာဂတ် အလားအလာကို  သတ်မှတ်ပြီးသွားပြီ ဖြစ်သည်။

“ ချီခွန်း … ဒါက ငါတွေးကြည့်တာပါ။ မင်း ဖိတ်ကြားလာတဲ့သူက သေချာပေါက် နိဗ္ဗာန် အသိပညာရပ်ကျောင်းတော်မှာ ဝင်ပြိုင်ပြီး ငါတို့ဂိုဏ်းကို ကိုယ်စားပြုပေးလို့ ရမှာ မဟုတ်ဘူး။ မင်း သူ့ကို ငါတို့ ဂိုဏ်းရဲ့ ပင်မတပည့်တွေကို နှင်းစက်စိမ်းဆန် စိုက်ပျိုးရေးအကြောင်း သင်ခိုင်းပေးရင်ရော  … ငါတို့တွေ သူ့အနေနဲ့ အကုန်သင်ပေးဖို့ မလိုဘူး။ သူက ငါတို့တပည့်တွေကို အလယ်အလတ်အဆင့် နှင်းစက်စိမ်းဆန်  စိုက်ပျိုးတာကို သင်ပေးနိုင်တာနဲ့ ငါတို့တွေ အဲဒီနယ်ပယ်မှာ အမှတ်လျော့မှာ မဟုတ်တော့ဘူး ” ချီခွန်း၏ စိတ်ပျက်လက်ပျက် အနေအထားကို ကြည့်ကာ ရှင်းဝမ်က အရင်ဦးစွာ ပြောလိုက်သည်။

ချီခွန်းက မျှော်လင့်ချက် ကင်းမဲ့သွားသလို ခံစားမိသွားသည်။ သူက နတ်ဘုရားမြေနိမ့်သို့ သွားကာ မိုဝူကျိကို မိုးကောင်းကင်ဂိုဏ်းကို လိုက်လာဖို့အတွက် များစွာ ကြိုးစားခဲ့ရသည်။ ယခု ဂိုဏ်းချုပ်က သူ့အား သူ လုပ်ခဲ့သမျှအရာများက အသုံးမဝင်ကြောင်း ပြောနေလေ၏။ သူက ဂိုဏ်းချုပ် ပြောလိုသည့် အဓိပ္ပါယ်ကို မည်သို့ နားမလည်ဘဲ နေမည်နည်း။ ဂိုဏ်းက သူတို့ပင်မတပည့်များကို နောက်ဆုံးအချိန်အထိ တာအိုအမျိုးမျိုးကို အကောင်းဆုံး သင်ကြားပေးလိုသည်။ ဤအသစ် ချမှတ်လိုက်သည့် စည်းမျည်းက သူတို့ မိုးကောင်းကင်ဂိုဏ်းကို ပစ်မှတ်ထားနေခြင်း မဟုတ်ဘဲ ဂိုဏ်းအားလုံးကို ဖြစ်၏။ အကယ်၍ မိုးကောင်းကင်ဂိုဏ်းက တာအိုမျိုးစုံကို သင်ယူနိုင်သည့် ပါရမီရှင်တစ်ယောက်ကို အချိန်တိုလေးအတွင်း ရှာတွေ့ခဲ့လျှင် သူတို့အနေနှင့် ထိပ်ဆုံး ဆယ်ယောက်ထဲ ပါနိုင်ခြေ ရှိ၏။

“ ဂိုဏ်းချုပ် ကျွန်မမှာ နောက်ထပ် အကြံတစ်ခု ရှိတယ် ” တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သည့် ယွီလောက ရုတ်ချည်း ဖွင်ဟပြောလာသည်။

အားလုံး၏ အကြည့်က သူမဆီ ရောက်ရှိလာပြီးနောက် ယွီလောက တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်  “ စီနီယာတို့ … ကျွန်မတို့ မိုးကောင်းကင်ဂိုဏ်းက လာမဲ့ စစ်ဆေးမှုအတွက် အနည်းဆုံး နေရာဆယ်ခု ရသင့်ပါတယ်။ ကျွန်မတို့တွေ မိုဝူကျိကို စိုက်ပျိုးနည်းအကြောင်း သင်ခိုင်းလို့ ရတယ်။ ဒါပေမဲ့ မိုဝူကျိကလည်း စစ်ဆေးမှုမှာ ပါဖို့ ခွင့်ပြုပေးသင့်ပါတယ်။  ပြီးတော့ မိုဝူကျိက နှင်းစက်စိမ်းဆန်ပဲ စိုက်ပျိုးနိုင်တာ မဟုတ်ဘဲနဲ့ အဆင့် ၄ နတ်ဆေးဆရာလည်း ဖြစ်တယ်။ ဆေးလုံးတာအိုက နိဗ္ဗာန် အသိပညာရပ်ကျောင်းတော်ရဲ့ စစ်ဆေးမှုမှာ သေချာပေါက် ပါမယ်ဆိုတာလည်း သေချာတယ် ”

ရှင်းဝမ်က အသာပြုံးကာ  “ စစ်ဆေးမှုမှာ ဝင်ပြိုင်ခွင့် နေရာတွေက အရမ်းအဖိုးတန်တာကို မပြောနဲ့ဦး။ တကယ်လို့ အဲဒီ မိုဝူကျိက အသုံးဝင်နေတယ်ဆိုရင် သူ့ကို နေရာတစ်နေရာစာ ပေးဖို့ စိတ်ထဲ ထားမနေဘူး။ ဒါပေမဲ့ နိဗ္ဗာန် အသိပညာရပ်ကျောင်းတော်ရဲ့ ပထမဆုံး စစ်ဆေးမှုက ဘာလဲဆိုတာ သိလား။ ပထမစစ်ဆေးမှုက လျို့ဝှက်တိုက်ကွက် စစ်ဆေးမှုပဲ …. တကယ်လို့ မိုဝူကျိရဲ့ စိုက်ပျိုးနည်းက အရမ်း အံ့ဩဖို့ ကောင်းပြီး ဆေးလုံးပညာရပ် အရမ်းထူးချွန်နေမယ်ဆိုရင်တောင် ပထမစစ်ဆေးမှုမှာတင် ပြုတ်နိုင်တယ် ”

ထိုစကားကို ကြားပြီး ယွီလောက ဆက်မပြောတော့ပေ။ သူမက မိုဝူကျိ၏ အမှိုက်သရိုက်လို ကျင့်ကြံဆင့်အကြောင်း သိထား၏။ မိုဝူကျိ၏ အရည်အချင်းဖြင့် လျိုု့ဝှက်တိုက်ကွက် စစ်ဆေးမှုကို အောင်သွားမှသာ ထူးဆန်းနေပေလိမ့်မည်။

“ ဂိုဏ်းချုပ် …. အကြီးအကဲနဲ့ တောင်သခင်တို့ …  ကျုပ်က မိုဝူကျိကို ဖိတ်ကြားလာတာပါ။ သူ့ရဲ့ နှင်းစက်စိမ်းဆန် စိုက်ပျိုးနိုင်စွမ်းက မေးခွန်းထုတ်စရာကို မလိုပါဘူး။ ပြီးတော့ အဲဒီလူက တည့်တိုးဆန်ပြီးတော့ သဘောထားကောင်းတယ်။ သူ့ကို ကျုပ်တို့ တပည့်တွေကို သင်ကြားခိုင်းရင်လည်း ပြဿနာ မရှိလောက်ဘူးလို့ ထင်ပါတယ်။ ကျုပ် အခု သူ့ကို သွားရှာလိုက်ပါ့မယ် ” ချီခွန်းက ကိစ္စများသည် ဤအခြေအနေ ရောက်ရှိနေပြီ ဖြစ်၍ ဂိုဏ်းချုပ် ရှင်းဝမ် စကားကိုသာ နားထောင်ပြီး မိုဝူကျိကို သင်ကြားခိုင်းဖို့ သဘောတူ ဆုံးဖြတ်လိုက်တော့သည်။

………..…

အကြွင်းမဲ့ ကုထုံး ဆေးခန်း

မိုဝူကျိက ဘေးပတ်လည်ကို ကြည့်လေလေ ပို၍ ပြောစရာမဲ့လာလေလေ ဖြစ်၏။ ဆံဖြူ အဘိုးကြီးက ဆိုင်အတွင်းရှိ အရာအားလုံးကို ပေးမည်ဟု ပြောခဲ့သောအခါ ရက်ရောလွန်းလှသည်ဟု ထင်မှတ်မိခဲ့သည်။ လက်တွေ့၌ ဤနေရာရှိ ပစ္စည်းများမှာ အမှိုက်သရိုက်များ … အမှိုက်ဟုပင် ယူဆ၍ မရတော့ချေ။

မိုဝူကျိက ဤနေရာရှိ ပစ္စည်းများအားလုံးကို လွှင့်ပစ်ရန် တွေးလိုက်မိစဉ် တံခါးဝမှ မချင့်မရဲ အသံတစ်သံ ထွက်ပေါ်လာလေ၏  “ သမားတော်များ ရှိလားဗျ ”

ဆေးခန်း အဝင်ဝ၌ မိန်းမအိုကြီး တစ်ယောက် ရပ်နေပြီး ပြောလိုက်သူမှာ သူမကို တွဲပေးထားသူ လူငယ်လေး ဖြစ်နေသည်။ ထိုလူငယ်လေးကို ကြည့်ခြင်းအားဖြင့် သူက ကနဦး နတ်ဘုရား အလယ်အလတ်အဆင့်သာ ရှိသေးကြောင်း သိလိုက်သည်။ သူ ပြောဆိုပုံအရ သူက ကြောက်ရှက်တတ်သော လူငယ်လေး ဖြစ်ဟန် ပေါ်သည်။

ရွိုက်ကောက ခွန်းတုံ့ပြန်လိုက်သည်  “ မင်းမှာ မျက်စိမပါဘူးလား။ ဒီမှာ ဆေးလုံး ရောင်းတယ်။ ဆေးလုံး အမှာလက်ခံတယ်။ ဆေးပင်တွေ ဝယ်တယ်။ တကယ်လို့ မှော်ရတနာ လိုရင်တော့ မင်း အလိုကို ကျေနပ်စေလိမ့်မယ် ”

“ အဲဆို ဒီနေရာက ဆေးခန်း မဟုတ်တော့ဘူးလား ” နောက်ထပ် အသံတစ်သံ ထွက်ပေါ်လာသည်။ လူငယ်လေး၏ အသံနှင့် ယှဉ်လျှင် ဤအသံက ပို၍ ဩရှရှ နိုင်ပေသည်။

မိုဝူကျိက ထိုလူကို ကြည့်လိုက်သည်။ ဤသူမှာ ကောင်းကင်နတ်ဘုရား နောက်ပိုင်းအဆင့်ရှိ မျက်နှာနီ ကျင့်ကြံသူ တစ်ဦး ဖြစ်၏။ သူ့ဝတ်ရုံအရ သူသည် မိုးကောင်းကင်မြို့၏ တာဝန်ခံ ဖြစ်ပေလိမ့်မည်။

*

All Chapters