တခြားသူတွေထက် ကျော်ကြားတဲ့သူ
Vol. 5 Ch. 81
ပေထင်းဟွမ်သည် မှော်သားရဲအုပ်အလယ်တွင်ရှိနေသည်မှာ ထင်ရှားနေ သည်။ သို့သော် ပိန်ပါးသော်လည်း ပေါက်ကွဲမတတ်ဖြစ်နေသည့် ပုံရိပ်ကိုသာ နန်စီမြင်နေရသည်။ သူမသည် တခြားဘာကိုမှမမြင်ရပေ။ သူမ၏ လှပပြီး သွက်လက်သောခြေလှမ်းများသည် ဇာမဏီငှက်တစ်ကောင်ပျံနေသကဲ့သို့ ဖြစ် နေကာ အရှိန်မှာမြန်ဆန်လွန်းသဖြင့် တစ္ဆေတစ်ကောင်နှင့်ပင်တူနေသည်။ အကယ်၍ နန်စီသာ ကောင်းကင်အဆင့်ဝိညာဉ်သခင်မဟုတ်လျှင် တစ္ဆေလား သူမ၏ ခန္ဓာကိုယ်အစစ်လားဆိုသည်ကိုပင် ပြောနိုင်တော့မည်မဟုတ်ပေ။
“ဒီကောင်လေးရဲ့ လှုပ်ရှားမှုတွေက အရမ်းထူးဆန်းတယ်.. ထပ်ပြီး တိုးတက်လာသလိုပဲ.. ဒီကောင်လေးက ခြေလှမ်းကွက်အသစ်တွေကိုများ နားလည်သွားတာလား” နန်စီသည် သူမဘာသာရေရွတ်မိသည်။ အကယ်၍ ထိုသို့သာဆိုလျှင် ပေထင်းဟွမ်၏အရည်အချင်းမှာ ကြောက်မက်ဖွယ်ပင်။ နန်စီသည် တိုက်ခိုက်ရောင်ဝါဒိုင်းကာထဲတွင် ထိုင်ပြီး ဘာမှမလုပ်ဘဲ ပေထင်းဟွမ်ကို အေးအေးလူလူကြည့်နေသည်။ သူမ သူ့ကိုကြည့်လေလေ ပိုထိတ်လန့်လေ ဖြစ်သည်။
သူမသည် သွေးဝက်ရိုင်းကျားအနားကပ်လာသည်ကို စိတ်ပူရန်မလိုပေ။ သေရမည်ကိုမကြောက်သည့် သွေးဝက်ရိုင်းကျားများ တိုက်ခိုက်ရောင်ဝါ ဒိုင်းကာကို ဝင်တိုက်သည်နှင့် ပြန်ကန်ထွက်မည်ဖြစ်သည်။
“အစ်ကိုက ကံကောင်းလိုက်တာ.. ငါသာ သူ့ကိုအရင်တွေ့ရင် ငါ့ တပည့် အဖြစ် ဆွဲလုမှာပဲ.. အဲလိုမျိုးတပည့်ကိုလာလက်ခံရရင် သေသွားရင် တောင် ပျော်လို့ ပြန်ထလာမှာပဲ” နန်စီသည် သူမ၏အစ်ကိုဖြစ်သူကို တိတ်တိတ်လေး စောဒကတက်မိသည်။ တခြားသူများ၏ အစ်ကိုများသည် အရာအားလုံးကို ညီမဖြစ်သူကိုပေးကြသည်။ သို့သော် ဤမျှတော်သည့်ကျောင်းသားကို သူမ၏ အစ်ကိုဖြစ်သူမှ သူမကိုပေးလိမ့်မည်ဟု မမျှော်လင့်ထားပေ။
ဇာမဏီအရိပ်ကို နားလည်သွားပြီးနောက် ပေထင်းဟွမ်သည် များစွာ တိုးတက်လာခဲ့သည်။ ကျေနပ်သွားသဖြင့် သွေးဝက်ရိုင်းကျားများကို သတ်ရန် အလျင်မလိုတော့ပေ။ သူမသည် သွေးဆာသည့်လူမျိုးမဟုတ်ပေ။ မှော်သားရဲ အုပ်တိုင်းတွင် ခေါင်းဆောင်တော့ပါစမြဲပင်။ အဖွဲ့လိုက်ကို အနိုင်ရလိုလျှင် ခေါင်းဆောင်ကို အရင်ဖမ်းရမည်။ သူမသာ ခေါင်းဆောင်ကို သတ်နိုင်လျှင် သွေးဝက်ရိုင်းကျားများကို မတိုက်မခိုက်ဘဲနှင့် အနိုင်ရလိမ့်မည်။
သူမသည် သွေးဝက်ရိုင်းကျားများအကြား ရောနှောပြီး သားရဲ ခေါင်းဆောင်ကို ရှာနေသည်။ သူမ၏ စူးရှသောမျက်လုံးများသည် မနက်ပိုင်း ကြယ်များကဲ့သို့ တောက်ပါနေပြီး များပြားလှသော သွေးဝက်ရိုင်းကျားများကို ဝေ့ဝဲကြည့်နေသည်။ သူမသည် တောထဲတွင်လျှောက်သွားနေသကဲ့သို့ မျက်လုံး များမှာ တည်ငြိမ်လှသည်။
တ်စဖက်တွင် ရှန်းယန်ဖိုနှင့် တခြားသူများသည် မျက်ရည်များကျမတတ် ပင်။ သူတို့သည် အကောင်းဆုံးကြိုးစားပြီး မှော်သားရဲများကို သတ်သည်။ သို့သော် သွေးဝက်ရိုင်းကျား၏ ချွန်ထက်သောဦးချိုများနှင့် အကြိမ်ပေါင်း များစွာ ထိုးမိမလိုဖြစ်ခဲ့သည်။ မှော်သားရဲများသည် တစ်သုတ်ပြီးတစ်သုတ် သူတို့ကိုတိုက်ခိုက်ခဲ့ကြသည်။ တစ်ဖက်တွင် ပေင်းဟွမ်သည် မှော်သားရဲများ ကို အသတ်နိုင်ဆုံးဖြစ်သည်။ သို့သော် မှော်သားရဲများအကြား သူမ လျှောက်နေ ချိန်တွင် မှော်သားရဲများသည် သူမကို ကြည့်ပင်မကြည့်ရဲကြပေ။ သူတို့သည် သူမကို အေးအေးလူလူဈေးဝယ်ထွက်သလိုပင် သွားခွင့်ပြုထားကြသည်။
ဒါကတခြားသူတွေအတွက် စိတ်တိုစရာကောင်းလိုက်တာ။
“သွေးဝက်ရိုင်းကျားတွေ ဘာလို့များများလာတာလဲ” ဓားသွားပေါ်မှ အေးစက်သော အလင်းရောင်ကြောင့်သာမဟုတ်လျှင် သူကိုင်ထားသည်မှာ မီးဖိုချောင်သုံးဓားဟုပင် ရန့်ရှောင်ကျယ်ထင်မိတော့မည်။ ဓားသွားက ပဲ့နေလို့ လား။ မဟုတ်ရင် ဘာလို့ သွေးဝက်ရိုင်းကျားရဲ့ အရေပြားကိုတောင် ပေါက် အောင်မဖောက်နိုင်တာလဲ။
သူ အားကုန်နေလို့ဖြစ်မယ်။ ရန့်ရှောင်ကျယ်သည် လက်ကောက်ဝတ်ကို ခါယမ်းပြီး သက်ပြင်းချလိုက်သည်။
မှော်သားရဲတောသည် ဘာကြောင့် ကြောက်မက်ဖွယ်ကောင်းသည်ကို သူတို့လေးယောက်လုံး နောက်ဆုံးတွင် နားလည်သွားကြသည်။ အဆင့်နိမ့် ကြယ်မှော်သားရဲများသည် အနိုင်ကျင့်ရန်လွယ်ကူသည်ဟုထင်ရသော်လည်း အုပ်လိုက်နေထိုင်ပြီး အုပ်လိုက်ရောက်လာတတ်သည်။ လူ့စွမ်းအင်ဆိုသည်မှာ အကန့်အသတ်ရှိသည်။ ဒီမှော်သားရဲတွေနဲ့ ဘယ်လောက်ကြာကြာ တိုက်ခိုက် နိုင်မှာလဲ။
“ငါမခံနိုင်တော့ဘူး ခဏနောက်နားပြီး အားပြန်ပြည့်တဲ့အထိစောင့်ပြီးမှ ဆက်တိုက်ခိုက်ရင်ရော” ချင်ရှဲလင်သည် သူမ၏ အပေါင်းအဖော်များ၏ ထင်မြင်ချက်ကိုမေးလေသည်။
“ငါလည်း ကန့်ကွက်စရာမရှိဘူး” ပထမဆုံးအကြိမ်အနေနှင့် နန်ကုန်း ချန်ရှီးသည် သူမကို မဆန့်ကျင်ပေ။ သူမသည်လည်း ပင်ပန်းနေသည့်ပုံပင်။
“ဒါဆို အဲလိုပဲဆုံးဖြတ်လိုက်ပြီ” ရှန်းယန်ဖို ခေါင်းညိတ်လိုက်သည်။ သူတို့သည် တိုက်ခိုက်ရေးစွမ်းရည်လေ့ကျင့်ရန် မှော်သားရဲတောသို့လာခြင်းဖြစ် ကာ မှော်သားရဲများနှင့် ကစားရန်မဟုတ်ပေ။ ထိုမှော်သားရဲများသည် သူတို့ကို သနားကြင်နာမည့်ပုံမရှိပေ။ သူတို့သာ သတိလွတ်ပြီး ဒဏ်ရာရသွားလျှင် မတန် ပေ “ဆရာနန်စီရဲ့ တိုက်ခိုက်ရောင်ဝါဒိုင်းကာဆီ ပြန်ရအောင် ဒီနေ့တာဝန်က တော့ပြီးတော့မှာပါ”
သူတို့လေးယောက်သည် ဝိုင်းထားသည်မှ ဖောက်ထွက်ပြီး ဆရာနန်စီ ဆီသို့ ချည်းကပ်ရန် ကြိုးစားနေရာ သွေးဆာနေသောမျက်လုံးများ၊ မည်းနက် နေသောအရောင်၊ ကြီးမားသောကိုယ်ထည်နှင့် ရှည်လျားချွန်ထက်သည့် ဦးချိုရှိသည့် သွေးဝက်ရိုင်းကျားတစ်ကောင်သည် သူတို့ဆီသို့ချဉ်းကပ်လာသည် ကို သတိမထားမိကြပေ။
***