သန္ဓေပြောင်းဘုရင်
Vol. 5 Ch. 82
သူတို့လေးယောက်သည် ခြေကုန်လက်ပန်းကျနေရာ စွမ်းအင်အဆင့်မှာ လည်း တက်မလာတော့ပေ။ သဘာဝကျကျပင် အန္တရာယ်နီးကပ်လာသည်ကို သတိမထားမိကြပေ။ ထိုအခိုက်အတန့်တွင် နန်ကုန်းချန်ရှီး၏ ကြယ် ၁ ပွင့် ဝိညာဉ်သားရဲ လူမျက်နှာနီရဲပျားသည် တစ်စုံတစ်ခုကိုအာရုံခံမိသဖြင့် ခုန်အုပ် လေသည်။
“မိုးနတ်မင်းရေ ချန်ရှီး အဲဒါသန္ဓေပြောင်းဘုရင်ပဲ ကြယ် ၁ ပွင့်ဝိညာဉ် သားရဲပဲ” ချင်ရှဲလင်နှင့် နန်ကုန်းချန်ရှီးတို့သည် ဘေးချင်းယှဉ်လျက်ရပ်နေ သည်။ သူတို့၎င်းကိုမြင်သောအခါ ကြောက်လန့်မှုကြောင့် မေ့လဲမတတ်ပင်။ မှော်သားရဲအုပ်၏ ခေါင်းဆောင်ဖြစ်သည့် သန္ဓေပြောင်းဘုရင်သည် သူတို့ရှေ့သို့ ပြေးလာပြီဖြစ်ကာ သူ့ဦးခေါင်းမှဦးချိုသည် နန်ကုန်းချန်ရှီး၏ရင်ဘတ်ဆီသို့ ဦးတည်နေပြီဖြစ်သည်။
အဆင့်မြင့်မှော်သားရဲတစ်ကောင်၏ ခွန်အားသည် ဝိညာဉ်သခင်နှင့် ညီမျှကာ ဝိညာဉ်သားရဲ၏ခွန်အားသည် ဝိညာဉ်သခင်ကြီး၏ ခွန်အားနှင့် တူညီ သည်။ သေချာပေါက်.. တိကျသည်တော့မဟုတ်ပေ။ သန္ဓေပြောင်းမှော်သားရဲ အများစုတွင် အထူးဝိညာဉ်စွမ်းအင်များရှိကာ အလွန်အားကောင်းကြသည်။ သန္ဓေပြောင်းသွေးဝက်ရိုင်းကျားသည် အနည်းဆုံးတော့ ကြယ် ၃ ပွင့်ဝိညာဉ် သခင်ကြီးအဆင့်ရှိသည်။
ကြယ် ၃ ပွင့် ဝိညာဉ်သခင်ကြီးသည် သူတို့လေးယောက်ထက် တစ်ဆင့် မြင့်သည်။ သူ့ကိုအနိုင်ယူရန်မှာမဖြစ်နိုင်ပေ။
ထို့အပြင် လူမျက်နှာနီရဲပျား ခုန်မအုပ်ခင်တွင် သန္ဓေပြောင်းဘုရင်သည် ခေါင်းကိုမော့ကာ ချွန်ထက်သောဦးချိုဖြင့် နန်ကုန်းချန်ရှီး၏ ဝမ်းဗိုက်ကို တွန်းထုတ်လိုက်၏ ။ စူးရှသောနာကျင်မှုသည် သူမ၏ဝမ်းဗိုက်ဆီမှ တက်လာ ခဲ့၏။ နန်ကုန်းချန်ရှီးသည် မှင်တက်နေကာ အော်ပင်မအော်နိုင်တော့ပေ။ သေဆုံးတော့မည့်ခံစားချက်သည် သူမ၏စိတ်ထဲတွင်ရှင်းလင်းနေကာ အရိပ် တစ်ခုသဖွယ် ကြီးမားလာသည်။ သူမသည် မြို့တော်မှ သူမ၏မိဘများကိုပင် လွမ်းဆွတ်လာသည်။
သူမ သေတော့မည်။ စွန့်စားသူအများစုသည် သူမကဲ့သို့ ဤတောထဲတွင် မှော်သားရဲများ၏ ခြေသည်းများနှင့် အစွယ်များကြောင့် သေဆုံးခဲ့ကြသည်။
“မဖြစ်ဘူး” နန်စီသည် ထိုနေရာတွင် မူမမှန်သည်ကို သတိထားမိသော အခါ အမြန်ပြေးလာသည်။ သို့သော် သူမ ရောက်လာချိန်တွင် နောက်ကျသွား လေပြီ။ နန်ကုန်းချန်ရှီးသည် အပေါ်သို့မြောက်သွားကာ နောက်အခိုက်အတန့် တွင် သူမ၏ဝမ်းဗိုက်မှသွေးများထွက်လာသည့် သွေးပျက်ဖွယ်မြင်ကွင်းကို မြင် လိုက်ရသည်။
ဤနေရာသည် မှော်သားရဲတောဖြစ်သည်။ ပြောင်းလဲမှုအမျိုးမျိုးဖြစ်နိုင် ကာ အန္တရာယ်များကို အချိန်မရွေးတွေ့နိုင်သည်။ သူတို့ဘေးတွင် အားကောင်းသော ကာကွယ်သူရှိသည့်တိုင်အောင် သူတို့ကို အချိန်မှီမကယ်နိုင် သည့်အချိန်များလည်းရှိခဲ့သည်။
“နန်ကုန်းချန်ရှီး” ရှန်းယန်ဖိုနှင့် ရန့်ရှောင်ကျယ်တို့သည် သူတို့ခေါင်း အထက်တွင် အလျားလိုက်ဖြစ်နေသော နန်ကုန်းချန်ရှီးကို ကြည့်ပြီး အော်ရုံသာ တတ်နိုင်လေသည်။
“အာ.. မဖြစ်ဘူး” ချန်ရှဲလင်သည် နန်ကုန်းချန်ရှီးကို မုန်းသော်လည်း သူမ၏ ပြိုင်ဘက်မှာ မျက်စိရှေ့တွင်သေသွားသည်ကို မမြင်ချင်ပေ။ ထို့အပြင် ရန့်ရှောင်ကျယ် အန္တရာယ်ကျတော့မည့်အချိန်တွင် နန်ကုန်းချန်ရှီး တိုက်ခိုက်ခံ ရခြင်းဖြစ်သည်။
ဖြူစွတ်သောလက်ကောက်ဝတ်တစ်ခု ဆန့်တန်းလာသည်။ သူမ၏ လက်သည် နန်ကုန်းချန်ရှီး၏ဝမ်းဗိုက်ကို ဖက်ကာ နောက်တစ်ဖက်မှာ သွေး ဝက်ရိုင်းကျား၏ ချွန်ထက်သောဦးချိုကို ဆုပ်ကိုင်ထားသည်။ သူမ၏ လက်ဖျံဖြင့် နန်ကုန်းချန်ရှီး၏ဝမ်းဗိုက်ကိုဖိထားသည်။ နူးညံ့သောတွန်းထုတ်မှု နှင့်အတူ နွေးထွေးပြီး နူးညံ့သောအင်အားတစ်ခု သူမ၏ ဝမ်းဗိုက်ဆီသို့ ရောက် လာသည်ကို နန်ကုန်းချန်ရှီးသည်ခံစားလိုက်ရသည်။ နာကျင်မှုပျောက်ကွယ် သွားပြီး သူမ၏ခန္ဓာကိုယ်သည် ဘေးသို့လျှောကျသွားသည်။ တစ်ချိန်တည်းမှာ ပင် အဖြူရောင်ဝိညာဉ်စွမ်းအားဝန်းပတ်ထားသော ဓားမြှောင်အတိုသည် သွေးဝက်ရိုင်းကျား၏ခေါင်းကို ညှာတာမဲ့စွာဖြင့် ထိုးစိုက်သွားလေသည်။ ဆရာ နန်စီသည်လည်း ဓားရှည်နှင့် သွေးဝက်ရိုင်းကျား၏ ခန္ဓာကိုယ်ကို ထိုးစိုက်လိုက် ၏။
ဆရာနန်စီသည် ကြယ်ပွင့်ဝိညာဉ်သခင်ဖြစ်သည်။ သွေးဝက်ရိုင်းကျား၏ အရေပြားမှာ မည်မျှပင်ထူစေကာမူ သူမပစ်လိုက်သော ဓားရှည်သည် သွေးဝက် ရိုင်းကျား၏ ဗိုက်ဆီသို့ထိုးဖောက်သွားလေသည်။ သို့သော် ပေထင်းဟွမ်၏ အားမှာ မည်မျှရှိမည်နည်း။ အသက် ၁၄ နှစ်အရွယ်ဝိညာဉ်သခင်သည် သွေးဝက် ရိုင်းကျား၏ ဦးခေါင်းကိုဓားတိုဖြင့် ဖွင့်ခဲ့သည်။ သူသည် တစ်ချက်တည်းနှင့် ကြီးမားသောမှော်ပြဒါးလုံးကို ထုတ်ယူခိုင်ခဲ့သည်။ အစိမ်းရင့်ရောင်မှော်ပြဒါး လုံးကို လက်ဖြင့်ကိုင်ပြီး လှည့်နေသည်။ ထိုပြဒါးလုံးတွင်ပါသော ပြင်းထန်သော စွမ်းအားကို ရှင်းလင်းစွာမြင်နေရသည်။
“အစ်ကိုရှန်းယန် ကြည့်လိုက်”
ရှန်းယန်ဖိုသည် သူ့ကိုကြည့်နေပြီးသားဖြစ်သည်။ သူ့မျက်လုံးထဲတွင် အစိမ်းရောင်အလင်းတန်း ဖြတ်သွားသည်ကိုမြင်သောအခါ သူ အမြန်ယူလိုက် သည်။ မှော်ပြဒါးလုံး၏အနွေးဓာတ်သည် သူ့လက်ပေါ်ကျရောက်လာသည်။ ပေထင်းဟွမ် သူ့ကိုပြုံးပြသည်ကိုမြင်သောအခါ ရှန်းယန်ဖိုသည် နှလုံးခုန်ရန်ပင် မေ့သွားမတတ်ပင်။ ထိုအခိုက်အတန့်တွင် သူ့စိတ်ထဲတွင် အတွေးတစ်ခုသာ ရှိ သည်။ ရှောင်ကျို့သည် သူ့ကိုမှော်ပြဒါးလုံးပေးခဲ့သည်။ တိုက်ပွဲမှရခဲ့သော အကြီးမားဆုံး အကျိုးအမြတ်ကို သူ့ကိုပေးခဲ့သည်။ ဘယ်လောက်တောင် ကောင်းလိုက်လဲ။ သူ့စိတ်ထဲမှာ သူ့ကိုအရေးအကြီးဆုံးနေရာမှာ ပေးထားတာ ပဲ။
***