နန်ကုန်းချန်ရှီး၏ပြောင်းလဲမှု
Vol. 5 Ch. 84
ယခုအချိန်၌ပင် ပေထင်းဟွမ်သည် လူတစ်ယောက်ကို အကြောင်းအရင်း မရှိ ကယ်ရလောက်အောင် စိတ်သဘောထားနူးညံ့သူဖြစ်လိမ့်မည်ဟု နန်ကုန်း ချန်ရှီးမထင်ပေ။ အရင်ကဆိုလျှင် နန်ကုန်းချန်ရှီးသည် သူ့ကို မည်သည့်ပုံစံနှင့် မျှ သဘောမကျနိုင်ကာ အဘက်ဘက်မှပင် ပစ်မှတ်ထားခဲ့သည်။ ပေထင်းဟွမ် သည်လည်း သူမကို ပြီးစလွယ်ဆက်ဆံခဲ့ကာ ရန်စပြီး ကြယ် ၉ ပွင့်မှော်သားရဲ အပင်၏ တိုက်ခိုက်ခံရအောင်လုပ်ခဲ့သည်။ သူမသည် မှော်သားရဲ၏ခံတွင်းဝသို့ ကျလုနီးပါးဖြစ်ကာ ဘာမှမတတ်နိုင်သည်အထိ ဖြစ်ခဲ့သည်။ သူသည် အေးစက် သောလူဖြစ်သောကြောင့် ဆရာနန်စီရှိနေရုံနှင့်တင် ကမ္ဘာကြီးအပေါ် သူမ၏ ထင်မြင်ချက်ကို ပြောင်းပစ်မည်မဟုတ်ပေ။
ထိုလူသည် အသိအမှတ်ပြုခံရသည်ကို တန်ဖိုးထားနေမည့်သူမဟုတ်ပေ။
ဆရာနန်စီသည် မျက်လုံးများကို အနည်းငယ်ကျဉ်းမြောင်းကာ သူငယ်ချင်းသုံးယောက် ဝိုင်းနေသည့် ပေထင်းဟွမ်ကိုကြည့်လိုက်သည်။ သူ၏ ချောမောသောမျက်နှာတွင် အပြုံးပင်မရှိနေပေ။ သို့သော် သူ၏ မည်းနက်နေ သော မျက်လုံးများတွင် အပြုံးဖြင့်ပြည့်နေသည်ကို နန်စီမြင်နိုင်သည်။ သူသည် သူ့ကို လက်ခံသူများအပေါ်တွင် အလွန်ကောင်းပေးသည် “ချန်ရှီး ခုနက ရှောင်ကျယ် သွေးတက်ရိုင်းကျားကြောင့် ခိုက်မိမလိုဖြစ်တုန်းက မင်း အရင် တိုက်ခိုက်ခဲ့တာကို မှတ်မိလား.. အဲတုန်းက သူကြည့်နေခဲ့တာ မင်းကိုကယ်ခဲ့ တာ သူ့သူငယ်ချင်းကို မင်းကကယ်ခဲ့လို့ဖြစ်မယ်.. တောထဲမှာ လျှောက်သွား တာဖြစ်ဖြစ် အပြင်မှာ လှည့်လည်သွားနေတာပဲဖြစ်ဖြစ် သူငယ်ချင်းနဲ့ အပေါင်းအဖော်တွေကို မစွန့်ပစ်တဲ့လူကသာ စစ်မှန်တဲ့မိတ်ဆွေတဲ့.. အဲဒါမှ အန္တရာယ်ကျတဲ့အချိန်ဆို မင်းကို ကယ်မယ့်သူရှိမှာ”
နန်ကုန်းချန်ရှီး၏ မျက်နှာသည် ရုတ်တရက်နီရဲသွားကာ ပူရှိန်းသွား သဖြင့် မသက်မသာခံစားရလေသည်။ သဘာဝကျကျပင် သူမ၏ အပေါင်းအဖော်များ အစွယ်ကွေးကျားတိုက်ခိုက်ခံရစဉ်က အပေါင်းအဖော်များ ၏ သေရေးရှင်ရေးကိုဂရုမစိုက်သလို မတိုက်ခိုက်ဘဲထွက်ပြေးခဲ့သည်ကို မှတ်မိ သည်။ ထိုအချိန်က ပေထင်းဟွမ်သည် သူမကို အလွန်မုန်းတီးခဲ့သည်။ သို့သော် သူသည် သွေးဝက်ရိုင်းကျားကို တိုက်ခိုက်ပြီး ကာပေးခဲ့သည်။ ထိုလူငယ်သည် ချင့်ချိန်စွာ တိုက်ခိုက်ပြီး သူမ၏အသက်ကို ကယ်ခဲ့သည် “အဲဒါကြောင့်လား”
နန်ကုန်းချန်ရှီး ရှုံးသွားလေပြီ။
“ဘာလို့မဟုတ်ရမှာလဲ” နန်စီသည် တက်ကြွစွာပြောလေသည် “သူ့ ကြည့်ရတာ အေးစက်ပြီး ကျိုးကြောင်းမသင့်ပေမဲ့ သူနဲ့ရင်းနှီးသွားရင် သူက အရမ်းကိုနွေးထွေးတဲ့သူဆိုတာ ခံစားမိလိမ့်မယ်.. သူက ဆက်ဆံရေးကို တန်ဖိုး ထားပြီး အရမ်းဂရုစိုက်တယ်.. ရန်ငြိုးကိုလည်း ခွဲခြားသိတယ်.. မင်းမှားတယ် ဆိုပေမဲ့ အမှားမလုပ်တဲ့လူဆိုတာ ဘယ်မှာရှိလို့လဲ.. ပြောင်းလဲတယ်ဆိုတာ လည်း ရှားပါးတဲ့ သတ္တိပဲ.. ကြည့်လေ သူက မင်းရဲ့လှုပ်ရှားမှုသေးသေးလေးကို တောင်မှတ်မိတယ်.. မင်း အန္တရာယ်အများဆုံးအချိန်မှာလည်း သူက ပထမဆုံး ရပ်တည်ပေးတဲ့သူပဲ”
အတန်ကြာသည်အထိ နန်ကုန်းချန်ရှီးသည် မည်သို့ပြောရမည်ကို မသိ ပေ။ သူမသည် မျက်လုံးများ ပူလောင်လာသည်ကိုသာ ခံစားမိသည်။ အစက ရွံရှာသောခံစားချက်သည် ယခုအခါ ရင်ထဲထိသွားစေသည်။ နန်ကုန်းချန်ရှီး သည် ကြိုးစားပြီး သူ၏အသိအမှတ်ပြုခြင်းကိုရယူမည်ဟု တိတ်တိတ်လေး စိတ်ပိုင်းဖြတ်မိသည်။ တစ်နေ့ သူမသည် သံမဏိသွေးအဖွဲ့၏ အဖွဲ့ဝင်ဖြစ်လာ နိုင်ရမည်။ တစ်နေ့ သူမသည် သူ့ကို “ရှောင်ကျို့” ဟုခေါ်နိုင်သည်အထိ အရည်အချင်းပြည့်မှီလာရမည်။
နန်စီသည် နန်ကုန်းချန်ရှီး၏စိတ်ထဲမှ ပြောင်းလဲမှုကို အာရုံခံမိသည်။ သူမသည် အလွန်ရင်ထဲထိမိသည်။ ဤလူငယ်သည် သူ၏ခွန်အား သို့မဟုတ် တင့်တယ်မှုကို အသုံးချပြီး တခြားသူကို ရင်ထဲထိအောင်လုပ်သူမဟုတ်ပေ။ သူသည် အားကောင်းသောဩဇာရှိနေခြင်းပင်။
ဤသည်မှာ ကြိုးစားအားထုတ်သမျှ အောင်မြင်မည်ဟု ဆိုလိုခြင်းဖြစ်၏။
ကောင်းကင်မှာ မှောင်မိုက်လာသည်။ သူတို့အဖွဲ့သည် မြို့သို့ အမြန် ခရီးမနှင်ခင် အနားယူကြသည်။ ပေထင်းဟွမ်သည် တောထဲတွင် ညကိုကုန်ဆုံး ရသည်မှာ ကျင့်သားရနေသည်။ သို့သော် သူတို့လေးယောက်သည် ငယ်စဉ်က တည်းကပင် ဤကဲ့သို့ မနေခဲ့ဖူးပေ။ သူတို့သည် တစ်နေကုန်ကြောက်ရွံ့နေရ ကာ သေမင်းခံတွင်းဝသို့ရောက်ခဲ့သည်။ ရှင်သန်ခဲ့ပြီးနောက် ယခုအချိန် သူတို့ အတောင့်တဆုံးမှာ ရေချိုးပြီး နူးညံ့သောခေါင်းအုံးကိုဖက်ကာ နေမြင့်သည် အထိ အိပ်ရန်သာဖြစ်သည်။
“ဆရာ ငါ ရှန်းထျန်ကြေးစားအဖွဲ့နဲ့တွေ့ခဲ့တယ်.. သူတို့က ဝိညာဉ် နဂါး မောက်သီးလုတုန်းက နှင်းဝံပုလွေ ကြေးစားအဖွဲ့ကိုတိုက်ခိုက်မလို့ စီစဉ်နေကြ တယ်” မိုးကြိုးသွားသည် တိတ်တဆိတ်ပြေးထွက်လာကာ ပေထင်းဟွမ်အား မနီးမဝေးမှ အသံဖြင့်ကူးပြောင်းပြောလေသည်။
***