← Chapters

နှင်းဝံပုလွေကြေးစားအဖွဲ့က အန္တရာယ်ရှိနေပြီ

Vol. 5 Ch. 85

နှင်းဝံပုလွေကြေးစားအဖွဲ့က အန္တရာယ်ရှိနေပြီ

Vol. 5 Ch. 85

ရှင်းထျန်ကြေးစားအဖွဲ့ဟုတ်လား။ ရှင်းထျန်ကြေးစားအဖွဲ့၏ ခေါင်းဆောင်မှာမီးပွားဟုခေါ်သည်ကို ပေထင်းဟွမ်မှတ်မိသည်။ သူသည် ပိန်ပါးပြီး မျက်နှာရှည်ကာ တြိဂံပုံသဏ္ဍာန်မျက်လုံးနှင့်ဖြစ်သည်။ ထိုလူမှာ လူကောင်းမဟုတ်သည်မှာ ထင်ရှားသည်။ သူ လော့ပေမြို့တွင်ရှိစဉ်က ကြေးစားများနှင့်တွေ့ခဲ့ကာ နှင်းဝံပုလွေကြေးစားအဖွဲ့သည် သူ့ကို ကောင်း ကောင်းဆက်ခံပေးသဖြင့် နားဝင်ချိုလောက်သည့် စကားများကို ပြောပေးခြင်း ဖြစ်သည်။

သူမသည် ဝိညာဉ်နဂါးမောက်သီးကိုရမှဖြစ်တော့မည်။ ဝိညာဉ်သခင်ကြီး အဆင့်သို့တက်နိုင်မှသာ သူမ၏မှော်သားရဲကို ချပ်ဝတ်တန်ဆာအဖြစ်ပြောင်း နိုင်မည်ဖြစ်ကာ စာချုပ်သားရဲ၏ အားအင်အမှန်လည်းပေါ်လာမည်ဖြစ်သည် “သူတို့ကို ဆက်စောင့်ကြည့်နေလိုက် ငါ မကြာခင် အဲဒီကိုသွားမယ်”

ပေထင်းဟွမ်သည် မိုးကြိုးသွားကို အမိန့်ပေးပြီးနောက် မှော်သားရဲခံတပ် သို့ သွားမည်ဟု ရှန်းယန်ဖိုနှင့် တခြားသူများ ဆွေးနွေးနေကြသည်ကို ကြား လိုက်ရသည်။ “ကုန်သွယ်ရေးအဖွဲ့မှာ နေကြတာပေါ့.. အဲဒါက မှော်သားရဲခံတပ်မှာ အကောင်းဆုံး တည်းခိုရာပဲ.. အဲဒီမှာ နေဖို့ထိုင်ဖို့ ငှားလို့ရ တယ်.. ကံကောင်းရင် ငါတို့ စစ်ပွဲကရလာတဲ့ အကျိုးအမြတ်တွေကို ရောင်းခိုင်း လို့ရတယ်”

မှော်သားရဲတောထဲမှ အသက်ရှင်လျက်ထွက်လာနိုင်လျှင် စွန့်စားသူများ အတွက် နတ်ပြည်သဖွယ်ဖြစ်သည်။ ပေါကြွယ်ဝမှု၊ အသက်ဝင်မှုနှင့် ပွက်ပွက် ညံမှုမှားသည် မှော်သားရဲတောထဲမှ အေးစက်မှုနှင့် ကြောက်ရွံ့မှုများကို မောင်းထုတ်နိုင်သည်။ သူတို့သည် နက်ပြာညှို့ယူတစ်ခွက်လောက်သောက်ပြီး ဖြည်းဖြည်းချင်း အရသာခံချင်သည်။ စဉ်းစားလိုက်သည်နှင့် သွားရည်ယိုစရာ ပင်ဖြစ်သည်။

“ရှောင်ကျို့ မင်းကို တစ်ခွက်တိုက်မယ်” ရှန်းယန်ဖိုသည် ပေထင်းဟွမ်၏ ပခုံးကို သိုင်းဖက်လိုက်သည်။

နက်ပြာညှို့ယူသည် ပတ္တမြားမှထုတ်ယူထားသည့် အဆီအနှစ်များဖြင့် ရောနှောထားသည်။ ဝိညာဉ်စွမ်းအင်များပြည့်ဝကာ အရောင်ကြည်လင်ပြီး အရသာထူးခြားလွန်းသည်။ ထိပ်တန်းမင်းမျိုးမင်းနွယ်များသာ သောက်နိုင်သည့် သေရည်ကောင်းတစ်ခုဖြစ်သည်။ နက်ပြာညှို့ယူသည် ပတ္တမြား ၁၀ တုံးတန်ကြေးရှိသည်။ ရှန်းယန်ဖိုသည် ပေထင်းဟွမ်ကို တိုက်မည် ဟုပြောသည့်စကားမှာ နောက်ပြောင်နေခြင်းမဟုတ်ပေ။

“ဟုတ်တယ် အစ်ကိုကြီးရှန်းယန်က ကျွန်တော့်ကိုတိုက်မှတော့ သေချာပေါက်သောက်ရမှာပေါ့.. ဒါပေမဲ့ အင်ပါယာမြို့မှပဲသောက်တော့မယ်” ပေထင်းဟွမ်သည် နှမြောတသဖြင့်ပြောလေသည် “အခုချက်ချင်းထွက်သွားရ တော့မယ်ထင်တယ်.. မှော်သားရဲတောမှာ ကိစ္စတချို့ရှင်းစရာရှိသေးတယ်.. ပြီးတော့ မင်း ဝိညာဉ်နဂါးမောက်သီးလိုချင်ရင် အဲဒါရှာလာခဲ့မယ်”

သွေးဝက်ရိုင်းကျားအုပ်လိုက် သတ်ပြီးနာက် သူတို့ လေ့ကျင့်ရေးမှာလည်း အောင်မြင်စွာပြီးဆုံးသွားပြီဖြစ်သည်။ မှော်သားရဲတောသည် သူတို့အတွက် အမှတ်ရစရာကြီးတစ်ခုအဖြစ် ကျန်ရှိနေတော့မည်။ သူတို့သည် ဝိညာဉ်နဂါး မောက်သီးကို ဦးစွာလက်လျော့ပြီး သန်မာလာသည့် နောက်နှစ်မှ ယူရန် ဆုံးဖြတ်ထားကြသည်။ မည်သို့ပင်ဖြစ်စေကာမူ ဝိညာဉ်နဂါးမောက်သီးသည် ၁ နှစ်ကြာမှ ရင့်မှည့်မည်ဖြစ်ရာ သူတို့လည်း အလျင်လိုစရာမရှိပေ။ ဝိညာဉ်နဂါး မောက်သီးသည် သူတို့အတွက် အလွန်တရာအဖိုးတန်နေသည်လည်း မဟုတ် ပေ။

“ရှောင်ကျို့ မှော်သားရဲတောမှာ ဘာဖြစ်နေတာလဲ အကူအညီလိုသေး လား” ဆရာနန်စီသည် ပေထင်းဟွမ်၏ အင်္ကျီများစုတ်ပြတ်နေပြီး မှော်သားရဲ တောနှင့် အကျွမ်းတဝင်ရှိသည်ကိုမြင်သောအခါ မေးလေသည်။ သူသည် တော ထဲတွင် အချိန်အတော်ကြာအောင် လှည့်ပတ်သွားလာပြီးဖြစ်သည်ကို သူမ ခန့်မှန်းပြီးသားဖြစ်ရာ သူ့ကို စိတ်ပူခြင်းတော့မဖြစ်မိပေ။

“မလိုတော့ပါဘူး ဆရာနန်စီ ကျွန်တော် ဒီကိစ္စတွေကို ကိုင်တွယ်နိုင်ပါ တယ်.. လိုတာရှိရင် ကျွန်တော်လည်း ယဉ်ကျေးမနေတော့ပါဘူး” နန်စီသည် သူမကို အထူးတလည် ဂရုစိုက်ပေးနေသည်ဟု ပေထင်းဟွမ်ခံစားရသည်။ သူမသည် နန်စီကိုပြုံးပြပြီး သူမ၏ စေတနာကောင်းများကို မှတ်ထားလိုက်၏။

နန်စီသည်လည်း ပေထင်းဟွမ်အပေါ်တွင် ထင်မြင်ချက်ကောင်းများရှိ သည်။ အစ်ကိုဖြစ်သူ၏ တပည့်မှာလည်း သူမ၏တပည့်လို တွေးပြီးသားဖြစ် သည်။ သူမသည် ဆုအဖြစ်ပေးမည့် ဝိညာဉ်စုဆေးထုတ်ပြီး မြှောက်ပေးလိုက် သည် “ဒါက ငါပြောခဲ့တဲ့ဆုပဲ.. ရှောင်ကျို့က ဒီတာတန်မှာ ပထမရခဲ့တယ်.. ဒီဝိညာဉ်စုဆေးကို သူ့ကိုပေးတာ ကန့်ကွက်စရာရှိကြလား”

သူတို့သုံးယောက်သည် နန်ကုန်းချန်ရှီးကို တစ်ချိန်တည်း ကြည့်လိုက်ကြ သည်။ ရှန်းယန်ဖိုနှင့်တခြားနှစ်ယောက်မှာ ပေထင်းဟွမ် ပထမရသည့်အပေါ် ကန့်ကွက်မှုမရှိသည်မှာ ထင်ရှားသည်။ ပေထင်းဟွမ်၏ ခွန်အားကို ပြောရန်ပင် မလိုပေ။ သူသည် သူတို့လေးယောက်ပေါင်း သတ်သည်ထက် မှော်သားရဲပေါင်း ၁၀ ဆမျှသတ်ခဲ့သည်။ နောက်ဆုံးတိုက်ကွက်မှာ သန္ဓေပြောင်းဘုရင် လက်ထဲမှ နန်ကုန်းချန်ရှီးကိုကယ်ခဲ့သည်။

***

All Chapters