နေရခက်သောနန်ကုန်းချန်ရှီး
Vol. 5 Ch. 86
နန်ကုန်းချန်ရှီးသည် အကြောင်းမဲ့ပြဿနာရှာမည်ကို သူတို့သုံးယောက် ကြောက်သည်။ ဤဝိညာဉ်စုဆေးကြောင့် သူတို့မျက်နှာမပျက်ချင်ပေ။ ထိုသို့ဆို လျှင် သူတို့ မယဉ်ကျေးသည့်အတွက် အပြစ်လာမတင်လေနှင့်။
“ဘာလို့ငါ့ကို လာကြည့်ကြတာလဲ” နန်ကုန်းချန်ရှီးက သူတို့အတွေးကို မသိဘဲ ဘယ်နေမလဲ။ သူမသည် ပို၍ဒေါသထွက်လာသည် “ငါလက်မခံဘူးလို့ ထင်နေတာလား.. ငါက ဘယ်တုန်းက အဲလောက် အကျိုးအကြောင်းမသင့်လို့ လဲ.. မင်းတို့က.. အကျိုးအကြောင်းမသင့်လိုက်တာ”
ရှန်းယန်ဖိုသည် မျက်နှာကိုပွတ်သပ်ကာ ရန့်ရှောင်ကျယ်သည် မျက်နှာလွှဲ သွားသည်။ ချင်ရှဲလင်သည် ခေါင်းငုံ့သွား၏။ ဟုတ်ယ်လေ သူတို့ ဒီတစ်ခါတော့ အကျိုးအကြောင်းမသင့်ဘူး။
နန်ကုန်းချန်ရှီးသည် ခြေထောက်ဆောင့်လေသည်။ သူမ လက်ကောက် ဝတ်ကို လှန်လိုက်သည်နှင့် သံမဏိမည်းနှင့် ပြုလုပ်ထားသည့် ဓားတို တစ်ချောင်းသည် သူမ လက်ပေါ်တွင်ပေါ်လာသည်။ သူမသည် ပေထင်းဟွမ် ဆီသို့ သွားကာပြောလိုက်သည် “ငါ မင်းနဲ့ အရင်က ပြဿနာတွေရှိခဲ့တယ်.. ငါ့အမှားပါ… ငါ့ရဲ့ဓားပျော့ကို လိမ်သွားတဲ့ မွန်မြတ်တဲ့သားရဲက မင်းဟာ ဟုတ်ဟုတ်မဟုတ်ဟုတ်.. ငါအရင်မှားသွားတာပါ… အဲဒီမှော်သားရဲက မင်းဟာ ဖြစ်ဖို့ စိတ်ရင်းနဲ့မျှော်လင့်ပါတယ်.. ဒီသံမဏိဓားမည်းက အဆင့်မြင့်ဝိညာဉ် လက်နက်ပဲ.. တောင်းပန်တဲ့အနေနဲ့ မင်းကိုပေးမယ်..”
ထိုသို့ပြောပြီးနောက် သူမ ခေါင်းငုံ့သွားကာ ခေတ္တမျှစောင့်သည်။ လှုပ်ရှား မှုမရှိလာသဖြင့် အနည်းငယ် ဝမ်းနည်းသွားမိသည်။ သူမသည် ဓားတိုကို ပေထင်းဟွမ်၏လက်ထဲထည့်ပြီး လှည့်ပြေးလာခဲ့မိသည်။
“အာ…” ပေထင်းဟွမ်သည် အနည်းငယ် မှင်တက်သွားသည်။ ဘာက ဘာမှန်း မသိတော့ပေ။ ဤမိန်းကလေးကို ဓားပျော့ဖြင့် နှိပ်စက်မည့်ကိစ္စလည်း ဘာမှမဖြစ်လာတော့ပေ။ ပေထင်းဟွမ်သည် လက်ထဲမှဓားတိုကိုကြည့်လိုက် သည်။ ဓားတိုသည် လုံးဝကိုမည်းနက်နေကာ ဓားသွားမှာ နှင်းကဲ့သို့ဖြူစွတ်နေ သည်။ အမှန်တကယ်ပင် သံမဏိနက်ဖြင့် ပြုလုပ်ထားသည်။ သူမ အစောက သုံးသည့် ဓားမြှောင်ထက် အနည်းငယ်သေးပြီး ပိုသင့်တော်သည်။ ဒါပေမဲ့ သူမ လက်ခံသင့်ရဲ့လား။
နန်ကုန်းချန်ရှီးသည် ခြေနှစ်လှမ်းမျှပြေးပြီးနောက် ခေါင်းလှည့်ကြည့်လေ သည်။ ပေထင်းဟွမ်သည် လက်ထဲမှဓားတိုကို အထင်သေးစွာကြည့်နေသည်ကို မြင်သောအခါ သူမ၏မျက်လုံးထဲတွင် မျက်ရည်များလှိမ့်တက်လာသည်။ သူမ နှုတ်ခမ်းဆူပြီး မကျေမနပ်ဖြင့် ကြည့်လေသည် “မင်း မလိုချင်လည်း ငါ ငါ..”
သူမ ငိုတော့မလိုဖြစ်နေသည်ကို ကြည့်ပြီး ပေထင်းဟွမ် ပျာယာခတ်သွား သည်။ သူမသည် မိန်းကလေးများငိုသည်ကို မုန်းသည် “မငိုပါနဲ့ ငါယူမယ်”
ပေထင်းဟွမ်သည် ဤဓားတိုကို သဘောကျသည်။ သူမ အစောက သုံးခဲ့ သည့် ဓားနှင့်ယှဉ်လျှင် ပို၍ယောက်ျားဆန်သည်။ သူမသည် လက်ကိုဝေ့ယမ်းပြ ပြီး ပြုံးကာ ပြောလိုက်သည် “ကျေးဇူးတင်ပါတယ်”
“ဟင်း” နန်ကုန်းချန်ရှီးသည် နှာမှုတ်ပြီး ပြေးသွားလေသည်။ သို့သော် သူမ မျက်နှာမှ ပျော်ရွှင်သောအပြုံးကိုတော့ မည်သူမှ မမြင်လိုက်ကြပေ။
“ရှောင်ကျို့ အဲဒါကသူမအကျင့်ပဲ.. သူမက နန်ကုန်းမိသားစုရဲ့ မျိုးဆက် ၃ ဆက်မှာ မိန်းကလေးတစ်ယောက်တည်းပါတော့ သခင်ကြီးက အလိုလိုက် ထားတော့ သူမအကျင့်ကလည်းဆိုးနေတာလို့ ပြောလို့ရတယ်.. ဒါပေမဲ့ ပင်ကိုယ်စရိုက်ကတေ့း မဆိုးပါဘူး နည်းနည်း ကြောက်တတ်တာပါ” ရန့်ရှောင်ကျယ်သည် ရှေ့တိုးကာ ခေါင်းကုတ်လေသည် “သူမ ဒီလိုနှိမ့်ချတာ ရှားတယ်.. သူမအဆင့်နဲ့လိုက်မညှိနဲ့နော်”
နန်ကုန်းချန်ရှီး ခြေလှမ်းနှေးသွားသည်ကို မြင်သောအခါ သူတို့ ပြောနေ သည့်စကားများကို နားစွင့်နေသည်မှာ ပေထင်းဟွမသေချာသွားသည်။ သူမ သည် နှုတ်ခမ်းတွန့်ကာ ပြောလေသည် “ငါ သူမကိုသာ ဆန့်ကျင်နေမယ်ဆို သူမ လက်ဆောင်ကို လက်ခံပါဦးမလား”
ပေထင်းဟွမ်၏ စကားများကို ကြားပြီးနောက် နန်ကုန်းချန်ရှီးသည် ခြေလှမ်းများကို ပြန်သွက်လိုက်သည်။ သူမ၏ခြေလှမ်းများသည် ပေါ့ပေါးနေ ကာလက်များကို ပျော်ရွှင်စွာပင် လွှဲယမ်းနေသည်။ ပေထင်းဟွမ်သည် သူမ၏ ကျောပြင်ကိုကြည့်ပြီး ခေါင်းခါကာ ပြုံးလိုက်သည် “ဟုတ်ပြီ နောက်ကျနေပြီ မင်းတို့ တောထဲကနေ မြန်မြန်ထွက်သွားကြတော့”
နန်စီသည် ပေထင်းဟွမ်အား ပို၍လေးစားစွာပင် ကြည့်လိုက်သည်။ နန်ကုန်းချန်ရှီးသည် ပေထင်းဟွမ်ကို မည်သို့ပစ်မှတ်ထားသည်ကို သူမ၏ မျက်လုံးဖြင့် ကိုယ်တိုင်မြင်လိုက်ရသည်။ နန်ကုန်းချန်ရှီးသည် တခြားလူကို ကယ်လိုက်သည်နှင့် ထိုကယ်လိုက်သူမှာ သူမဟုတ်သော်ငြား သူမနှင့် ရှိခဲ့သည့် ရန်ငြိုးကို အဆုံးသတ်ရန်ဆန္ဒရှိသည်။ ဤကဲ့သို့သဘောထားကြီးတတ်သဖြင့် အနာဂတ် ဤတိုက်ကြီးတွင် သူ မည်သည့်နေရာထိ ပျံတက်သွားမည်ကို သူမ သိချင်မိသည်။
“ရှောင်ကျို့ပြောတာ ဟုတ်တယ် ငါတို့တွေ ဖြစ်နိုင်သလောက် မြန်မြန် ဒီနေရာကနေ ထွက်သွားရမယ်” နန်စီသည် ဝိညာဉ်စုဆေးလုံးကို ပေထင်းဟွမ် ဆီပေးပြီး သတိပေးပြီးရင်းပေးလိုက်သည် “သတိထားပါ မင်း မြို့တော်ကိုပြန် ရင် အဲဒီဖိတ်စာကိုယူပြီး အဲလူကိုသွားရှာလိုက်ပါ.. သူက မင်းကိုအမြဲတမ်း စောင့်နေမှာ”
“ဟုတ်ကဲ့ပါ” ပေထင်းဟွမ် ခေါင်းညိတ်ပြလိုက်သည်။ သူမ၏ အေးစက် နေကျ မျက်နှာပေါ်တွင် ရှားပါးသော တွန့်ဆုတ်သည့်အကြည့် ဖြစ်ပေါ်လာ သည် “ကျွန်တော် ဖြစ်နိုင်သလောက် မြန်မြန် မြို့တော်ကိုလာပါ့မယ်”
***