← Chapters

ဝိညာဉ်နဂါးမောက်သီးမစ်ရှင်

Vol. 5 Ch. 87

ဝိညာဉ်နဂါးမောက်သီးမစ်ရှင်

Vol. 5 Ch. 87

သူမ အဖွဲ့ဆီမှ ခွဲထွက်ရန် မလွယ်ကူခဲ့ပေ။ မိုးလည်းချုပ်နေပြီဖြစ်ရာ ပေထင်းဟွမ်သည် အနီးအနားမှ အကြီးဆုံးသစ်ပင်ကို ရှာလိုက်သည်။ အစက အဆင့် ၉ မှော်သားရဲ စပါးအုံးမြွေသည် သစ်ပင်ကိုရစ်ပတ်နေသည်။ ပေထင်းဟွမ် ထိုမြွေကိုသတ်ပြီးနောက် ၎င်း၏ပိုင်နက်ကိုသိမ်းပိုက်လိုက်သည်။ မည်သည့်မှော်သားရဲမှ ထိုနေရာကို ရောက်မလာတော့ပေ။

ပေထင်းဟွမ်သည် သစ်ကိုင်းတစ်ခုပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ မိုးကြိုး သွားကို ဆင့်ခေါ်လိုက်သည်။ မိုးကြိုးသွားသည် ကြောင်လေးတစ်ကောင် အသွင်ပြောင်းကာ ဓားပျော့ကို သူ့ခါးတွင်ပတ်လာသည်။ ၎င်းသည် ထိုဓားကို လက်မှချချင်ပုံမပေါ်ပေ။ ပေထင်းဟွမ်သည် သူ့နဖူးကို ပုတ်ပြီးပြောလိုက်သည် “အဲလိုလက်နက်ကြိုက်တဲ့ မှော်သားရဲကို ငါမြင်တောင်မမြင်ဖူးဘူး”

မှော်သားရဲများသည် ကိုယ်ပိုင်ဝိညာဉ်အရည်အချင်းများကို အမွေဆက်ခံ ကြသည်။ မည်သည့်ဝိညာဉ်ပညာကမှ လက်နက်မသုံးရပေ။

“သခင် မင်းနားမလည်ပါဘူး.. ပြီးတော့ ဒါက ငါ ပထမဆုံး စစ်နိုင်ရာ ကနေ ရလာတာပဲ” မိုးကြိုးသွားသည် ပေထင်းဟွမ်အား ကျဉ်းမြောင်းသော မျက်လုံးများဖြင့် ကြည့်လေသည်။ ၎င်းသည် လုံးဝပင်ချေငံနေသည်။

“ဟီး ဟီး” ပေထင်းဟွမ်သည် ၎င်းကို မျက်စိထောင့်မှ ကြည့်လိုက်သည်။ “မင်းက ဂုဏ်သရေရှိ မွန်မြတ်တဲ့သားရဲပဲ.. ချစ်စရာကောင်းအောင်လုပ်တာက စစ်ပွဲကနေ ရလာတဲ့ ဆုလား”

မိုးကြိုးသွားသည် သူ၏ရှေ့လက်သည်းများကို အလျင်အမြန်မြှောက်ကာ မျက်လုံးများကိုကာပြီး မျက်လုံးထောင့်များကိုသာ ဖော်ထားလေသည်။ “သခင် ကြောင်မည်းတွေ ကြောင်ဖြူတွေက ကြွက်ဖမ်းရင် ကောင်းတယ်လို့ ပြောကြ တယ်မလား.. သူတို့ဘယ်နည်းလမ်းပဲသုံးသုံး ဖမ်းနိုင်တယ်ဆိုရင် အဲဒါဆုပဲလေ”

“ဟုတ်လား” ပေထင်းဟွမ်သည် ကဲ့ရဲ့ရှုတ်ချခြင်း၏ နက်နဲမှုကို ခံစား လိုက်ရသည်။ သူမ၏ စာချုပ်သားရဲကို ဆုံးမရာတွင် ပေါ့လျော့နေသည်လား။ ၎င်းသည် သူမ၏ခေါင်းပေါ်တက်ထိုင်ရုံသာမက မှားသည်မှန်သည်ကိုလည်း ပြောနေသေးသည်။ ဘာ ကြောင်မည်း ကြောင်ဖြူလဲ။ ဒီကောင် သူ့ကိုယ်သူ ကြောင်လို့တွေးနေတာလား “မင်းက ကြောင်ဖြစ်ဖြစ် ကျားသစ်ဖြစ်ဖြစ် ငါဂရု မစိုက်ဘူး.. မင်း ရှင်းထျန်ကြေးစားအဖွဲ့ဆီကကြားလာကိုပဲ မြန်မြန်ပြော”

အရေးကြီးကိစ္စများတွင် မိုးကြိုးသွားသည် အလွန်စိတ်ချရသည်။ ၎င်း သည် နောက်ခြေထောက်ပေါ်တွင်ရပ်ပြီး ဓားပျော့ကို ခါးတွင်ပါချည်ထားလေ သည်။ ၎င်းသည် စကားအနည်းငယ်နှင့်ပင် ခိုးထောင်ခဲ့သည့် အခြေအနေကို ရှင်းပြလေသည် “သခင် စိတ်ပူဖို့မလိုပါဘူး.. သူတို့ထဲမှာ ကြယ် ၃ ပွင့် ဝိညာဉ်သခင်ကြီး တစ်ယောက်ပဲပါတယ်.. သူက သူတို့အဖွဲ့ရဲ့အကြီးကဲပဲ ကျန်တဲ့သူတွေက ကြယ် ၇ ပွင့်နဲ့ အောက် ဝိညာဉ်သခင်တွေပဲ.. အားလုံးပေါင်း အယောက် ၆၀ တော့ရှိတယ်.. သူတို့ကိုနိုင်ဖို့ အခွင့်အရေးမများပေမဲ့ မင်းရဲ့ ဉာဏ်များပုံနဲ့ဆိုရင် သူတို့ကို အနိုင်ယူဖို့ ပြဿနာမရှိပါဘူး”

ပေထင်းဟွမ်သည် ဒေါသထွက်သွားသည် “မင်း ဘာပြောလိုက်တယ် ငါ့ရဲ့ ဉာဏ်များပုံဟုတ်လား ထပ်ပြောစမ်း”

“သခင် ငါမှားသွားပါတယ် ငါပြောတာက မင်းရဲ့ ယုတ်မာမှုနဲ့ ကောက်ကျစ်မှု..” ပေထင်းဟွမ်၏ မျက်နှာပိုမည်းမည်းလာသည်ကို ကြည့်ပြီး မိုးကြိုးသွားသည် ခေါင်းစောင်းကာ အကြံကုန်ထုတ်လေသည်။ သူ၏ရှေ့လက် များသည် ခေါင်းကိုကုတ်လွန်းသဖြင့် အမွေးများပင် ပြောင်တော့မလိုပင် “သခင် မဟုတ်ဘူး မဟုတ်ဘူး မင်းရဲ့ဉာဏ်ကောင်းပုံနဲ့ဆို…”

“တော်တော့.. သူတို့တွေ အခုဘယ်မှာလဲ နှင်းဝံပုလွေကြေးစားအဖွဲ့ရော ဘယ်လိုနေလဲ” ပေထင်းဟွမ်သည် ဤနှလုံးမဲ့သည့်ကောင်လေးကို ကန်ချချင် နေကာ ပင်စည်ကိုပုတ်နေသည်။

အရင်က ဤကောင်လေးသည် မင်ကိုသစ္စာရှ်သဖြင့် အလွန်ပင်သစ္စာရှိပြီး ရိုးသားသည့်မှော်သားရဲဖြစ်လိမ့်မည်ဟု ထင်ထားခဲ့သည်။ ၎င်း မင်၏စကားကို နာခံရပြီး သူမကို ဖြားယောင်းရန် နေဝင်တောအစပ်ထိ စွန့်စားလာရသည်မှာ မင်၏ ကြီးမားသောစွမ်းအားကြောင့်ဖြစ်သည်ကို နောက်မှသိခဲ့ရသည်။ မင်သည် မည်သည့်မှော်သားရဲမျိုးဖြစ်သည်ကို မသိပေ။ သူသိသည်မှာ သူသည် မင်အား အသွေးအသားထဲမှ နက်ရှိုင်းစွာကြောက်ရွံ့ခြင်းဖြစ်သည်။

၎င်းမှာ မှော်သားရဲများအကြားမှ သွေးသားဖိအားဖြစ်သည်။

“ဝိညာဉ်နဂါးမောက်သီးက ဝိညာဉ်ခွဲတောင်ကြားမှာပေါက်တာ.. အခု အဖွဲ့တွေဒါဇင်နဲ့ချီပြီး အဲဒီကိုသွားနေကြတယ်.. ပြီးတော့ နှင်းဝံပုလွေကြေးစား အဖွဲ့က အကြီးဆုံးပဲ… ရှင်းထျန်ကြေးစားအဖွဲ့ အဲဒီကိုသွားရတဲ့ အကြောင်းအရင်းကတော့ သူတို့ကို လူတစ်ယောက်က အေအဆင့်တာဝန်ပေး လိုက်တာပဲ.. အဲတာဝန်ကလည်း ဝိညာဉ်နဂါးမောက်သီးပဲ.. အခု ရှင်းထျန် ကြေးစားအဖွဲ့က အေအဆင့်တာဝန်နှစ်ခုပြီးသွားပြီ.. ဝိညာဉ်နဂါးမောက်သီးကို သာရရင် အေအဆင့်တာဝန် ၃ ခုပြီးမြောက်သွားရင် ရှင်းထျန်ကြေးစားအဖွဲ့က ဘီအဆင့်ကြေးစားအဖွဲ့ကနေ အေအဆင့်ကြေးစားအဖွဲ့ဖြစ်သွားမှာပဲ”

***

All Chapters