← Chapters

ယန်ယဲ့ရောက်လာပြီ

Vol. 5 Ch. 88

ယန်ယဲ့ရောက်လာပြီ

Vol. 5 Ch. 88

မိုးကြိုးသွားသည် အချိန်တော်တော်များများတွင် မယုံကြည်ရသော်လည်း အရေးကြီးသည့်ကိစ္စမျိုးတွင် ဝါးတားတားမဖြစ်ပေ။ သူသည် ရှင်းထျန်ကြေးစား အဖွဲ့၏ အသေးစိတ်အချက်အလက်များကို သိရုံတင်မကဘဲ ရှင်းထျန်၏ နောက်ကွယ်မှ လှုပ်ရှားမှုများကိုလည်း သိနေသည်။ “သခင် မသွားခင် တစ်ည လောက်တော့ အပြည့်နားလိုက်.. ဒီတစ်ခါ ရှင်းထျန်ကြေးစားအဖွဲ့ရဲ့ ခေါင်းဆောင်က သူတို့ရဲ့သခင်လေးပဲ.. သူတို့တွေက စခန်းချပြီးတော့ မနက်ဖြန် အရုဏ်တက်ကျရင် ထွက်သွားဖို့ ပြင်ဆင်ထားတယ်.. သူတို့နောက် ကနေ လိုက်သွားရုံပဲ”

ပေထင်းဟွမ်သည် စဉ်းစားကြည့်ပြီးနောက် ခေါင်းညိတ်လိုက်သည်။ သူမ သည် လမ်းလည်းမသိပေ။ သူတို့အဖွဲ့နောက်လိုက်သွားလျှင် ပိုအဆင်ပြေလိမ့် မည်။ “ဟုတ်ပြီ ငါ့ပတ်ဝန်းကျင်ကို စောင့်ကြည့်ပေးထား.. ဒီဝိညာဉ်စုဆေး သန့်စင်ပြီးရင် သွားမယ်”

ပေထင်းဟွမ်သည် တင်ပျဉ်ခွေထိုင်ကာ ဝိညာဉ်စွမ်းအင်အပြည့်အဝပါဝင် သည့် ဆေးကိုပါးစပ်အတွင်း ထည့်လိုက်သည်။ ဆေးသည် သူမပါးစပ်အတွင်း ပျော်ဝင်သွားကာ လည်ချောင်းမှတစ်ဆင့် ဝမ်းဗိုက်ထဲသို့ လျှောဆင်းသွားလေ သည်။ သူမ၏ ခြေလက်များနှင့် အရိုးများသို့ အနွေးဓာတ်ပျံ့သွားလေသည်။ သူမ၏ သွေးကြောများကို လည်ပတ်ပြီးနောက် အဆုံးမရှိသော စွမ်းအင်သည် သူမ၏ပင်မအကြောဆီသို့ ဝင်သွားလေသည်။

ပြီးပြည့်စုံသည်ဟု သူမ ခံစားလာရသည်။ သူမ၏ ပင်မအကြောတွင် အစိမ်းရောင်ကစဥ့်ကလျားနတ်အရင်းအမြစ်သည် ကြိတ်ဆုံကဲ့သို့ လျင်မြန်စွာ လည်ပတ်လာသည်။ ဝိညာဉ်စွမ်းအင်အဖြူအားလုံးကို စုပ်ယူလိုက်ပြီး ကစဥ့်ကလျားနတ်အရင်းအမြစ်သည် သန့်စင်ပစ်လိုက်သည်။ သူမ၏ အကြော ဆီသို့ မစုပ်ယူခင်တွင် အစိမ်းရောင်အလင်းအမှုန်အမွှားများနှင့် ရောနှောထား လေသည်။

ဤလုပ်ငန်းစဉ်မှာ အထူးတလည် ရှည်လျားသည်။ နောက်ဆုံးလက်ကျန် ဝိညာဉ်စွမ်းအင်ကို စုပ်ယူပြီးနောက် ပေထင်းဟွမ်သည် သက်ပြင်းချလိုက်၏။ သူမ၏အကြောထဲသို့ ဝိညာဉ်စွမ်းအင်ပြည့်သွားပြီးနောက် ရပ်လိုက်သည်နှင့် ကြယ် ၉ ပွင့် ဝိညာဉ်သခင်အဆင့်သို့ကျော်တက်သွားပြီဖြစ်သည်။ ဆရာနန်စီ ပြောသည်မှာ မှန်သည်။ ဤဝိညာဉ်စုဆေးသည် ဝိညာဉ်သခင်၏ခွန်အားကို ကြယ် ၂ ပွင့်မျှတက်သွားစေသည်။ သူမသာ ဝိညာဉ်သခင်ကြီးအဆင့်သို့ တက် ချင်ပါက ဝိညာဉ်နဂါးမောက်သီးကို မှီခိုရဦးမည်။

သူမသည် ဝိညာဉ်နဂါမောက်သီးကို ရအောင်ယူရမည်။ ဝိညာဉ်သခင်ကြီး ဖြစ်လာပြီး စာချုပ်သားရဲများနှင့် တိုက်ခိုက်မှသာ စစ်မှန်သည့် ဝိညာဉ်သခင် လောကကို တက်လှမ်းနိုင်မည်ဖြစ်သည်။

သူမ စိတ်ပိုင်းဖြတ်ပြီးနောက် ပေထင်းဟွမ်သည် မျက်လုံးဖွင့်လိုက်ရာ ကြီးကျယ်ခမ်းနားပြီး စွဲမက်ဖွယ်ကောင်းသောမျက်နှာတစ်ခုသည် သူမ၏ မြင်ကွင်းထဲတွင် ပေါ်လာသည်။ သူ၏ ခရမ်းရောင်မျက်အိမ်များသည် အမှောင် ထဲတွင် တောက်ပနေပြီး နှင်းနှင့်တူသော ငွေရောင်ဆံပင်များသည် ညလေ အဝှေ့တွင် လှုပ်ရှားနေသည်။ ထိုလူသည် သစ်ပင်တစ်ပင်ကို မှီထားပြီး သူ၏ ခရမ်းရောင်ဝတ်ရုံသည် တစ်လွှာပြီးတစ်လွှာပြန့်သွားကာ ခရမ်းရောင်မန္တလာ ပန်းများသည် လရောက်အောက်တွင် ပွင့်လန်းနေသလိုပင်။

“ခင်ဗျား ဘာလို့ဒီကိုရောက်လာတာလဲ” ထိတ်လန့်မှုနှင့်အတူ ပေထင်းဟွမ် နောက်လှန်လိုက်ရာ သစ်ပင်ပေါ်မှကျသွားလေသည်။

ယန်ယဲ့သည် သူမအား ရှည်လျားသောလက်ဖြင့်ဆွဲပြီး သူ့ရင်ခွင်ထဲသို့ ဆွဲထည့်လိုက်သည်။ သူသည် တအံ့တဩမေးလေသည် “ငါ့ကိုတွေ့တာ ဘာလို့ ဒီလောက်တောင် စိတ်လှုပ်ရှားနေတာလဲ”

ပေထင်းဟွမ်သည် သက်ပြင်းရှည်ကြီးချကာ စိတ်ရှုပ်စွာဖြင့် ဘေးဘက်သို့ မော့ကြည့်လိုက်သည်။ ညကိုကင်းစောင့်နေသော မိုးကြိုးသွားသည် အမှားကြီး လုပ်မိသလို ခံစားလိုက်ရသည်။ ၎င်းသည် ရှေ့လက်နှစ်ဖက်ဖြင့် သူ့မျက်နှာကို ကာထားပြီး နှလုံးခုန်မှာလည်းမြန်နေသည်။ ဒီကိစ္စကြောင့် အပြစ်တင်ခံရတော့ မှာလား။ အပြစ်တင်တော့မှာလား။ ဒီလူက သခင်မင်လိုပဲ အရမ်းကြောက်ဖို့ ကော်ငးတာလေ။ သူကမှ သခင်ကို သတင်းမှမပို့ခိုင်းတာ သူ့ဘာသာသူ မလုပ်ရဲ ပါဘူး။

မိုးကြိုးသွားတွင် အကြောင်းပြချက်မည်မျှရှိနေသည်ကို ပေထင်းဟွမ် ဂရုမစိုက်ပေ။ မည်သို့ပင်ဖြစ်စေကာမူ ၎င်းသည် သူမ၏စာချုပ်သားရဲဖြစ်ကာ ယန်ယဲ့၏သားရဲမဟုတ်ပေ။

ယန်ယဲ့သည် လူနှင့်သားရဲအကြားမှ တုံ့ပြန်မှုကို အံ့အားသင့်မိသည်။ သူသည် ပေထင်းဟွမ်အား သူ့ဘေး၊ သစ်ကိုင်းပေါ်သို့တင်လိုက်ပြီး မိုးပေါ်ကို မော့ကြည့်နေသည်။ ကောင်းကင်တွင် လဆုတ်တစ်စင်း ထွန်းလင်းနေသည်။ လရောက်သည် ရေကဲ့သို့ပင်။ သူသည် ပေထင်းဟွမ်ကို ငုံ့ကြည့်ပြီးမေးလေ‌၏ “ငါ့ကိုပြောစရာရှိလား”

သူ့အသံမှာတိုးသော်လည်း အလွန်ပင်နူးညံ့နေသည်။ သူ၏ခရမ်းရောင် မျက်လုံးများတွင် ပေထင်းဟွမ်၏ ပုံရိပ်ရောင်ပြန်ဟပ်နေသည်။ သူ့မျက်လုံးကို သူမတစ်ယောက်သာ အပိုင်စီးရနေသည်။

ပေထင်းဟွမ်သည် မြန်ဆန်သောပြောင်းလဲမှုကြောင့် သစ်ပင်ပေါ်မှ ပြုတ်ကျသွားသဖြင့် ထိုလူနှင့် သားရဲကို အနည်းငယ်ဒေါသထွက်ခဲ့သည်။ ရှက်ရွံ့သွားသော်လည်း ယန်ယဲ့ကိုမြင်ချိန်တွင် စိတ်လှုပ်ရှားနေဆဲဖြစ်သည်။ သူမ၏မျက်လုံးများသည် ပြုံးရိပ်သန်းနေသည်။ သူမ မည်မျှညစ်ပတ်နေသည် ကို သူမ ဂရုမစိုက်ပေ။ သူမသည် ယန်ယဲ့ဘက်သို့ ကိုယ်ကိုင်းပြီး လှပသော မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည် “ဟီး ဟီး ဘာကြားချင်တာလဲ ပြော ပေးမယ်လေ”

ယန်ယဲ့သည် ခံစားချက်ကောင်းနေသည်။ သူသည် လက်ကိုမြှောက်လိုက် ရာ သူ့လက်ထဲသို့ ဓားပျော့ရောက်လာသည်။ ထိုအခါမှပင် နန်ကုန်းချန်ရှီးဆီမှ မိုးကြိုးသွားလိမ်ယူထားသည့် ဓားပျော့သည် ယန်ယဲ့လက်ထဲရောက်နေသည် ကို ပေထင်းဟွမ်သိလိုက်ရသည်။ မိုးကြိုးသွားသည် ယန်ယဲ့ကို အမှန်တကယ် ကြောက်ပုံပင်။ ၎င်းသည် စစ်ပွဲမှရထားသည့် အကျိုးအမြတ်ကိုပင် လက်လျှော့ နိုင်သည်။ ပေထင်းဟွမ်သည် နားမလည်နိုင်ဖြစ်နေသည်။ ယန်ယဲ့မှာ သန်မာတဲ့ နတ်သားရဲသွေးသားရှိနေလို့များလား။ အဲလိုမဟုတ်ရင် မိုးကြိုးသွား က သူ့ကိုဘာလို့ အဲလောက်ကြောက်နေတာလဲ။

***

All Chapters