← Chapters

ဝိညာဉ်လက်နက်

Vol. 5 Ch. 89

ဝိညာဉ်လက်နက်

Vol. 5 Ch. 89

သေချာသည်မှာ ယန်ယဲ့သည် နတ်သားရဲလားဟု ပေထင်းဟွမ်မေးမည် မဟုတ်ပေ။ သူသည် အလွန်အားကောင်းနေခြင်းသာ။ သူဒေါသထွက်လျှင် သူမ အသက်ရှူကြပ်ပြီး ပြာကျသွားနိုင်သည်။

“ငါ့ကိုပေးလေ” ယန်ယဲ့သည် ပေထင်းဟွမ်ဆီသို့ လက်ဆန့်ထုတ်လိုက် သည်။

“ဘာလဲ” ပေထင်းဟွမ်သည် မှင်တက်သွားသည်။ သူသဘောကျတဲ့ဟာ သူမဆီမှာရှိလို့လား။ ဝိညာဉ်ဓားတိုရထားတယ်ဆိုတာ မိုးကြိုးသွားက သူ့ကို ပြောပြလိုက်တာလား။ သူမ လက်ကောက်ဝတ်ကိုလှန်လိုက်သည်နှင့် နန်ကုန်းချန်ရှီးပေးထားခဲ့သည့် ဓားတိုသည် သူမ၏လက်ထဲတွင်ပေါ်လာသည်။ “ဒါကို ပေးစေချင်နေတာတော့ မဟုတ်ပါဘူးနော်”

“ဘာလို့လဲ မင်း မပေးချင်လို့လား” ယန်ယဲ့သည် မျက်ခုံးများကို ပင့်ကာ မေးလေသည်။

“ဘယ်ဟုတ်ပါ့မလဲ” ပေထင်းဟွမ်သည် သစ်ပင်ပင်စည်ကိုမှီပြီး မျက်လုံး ထဲတွင် လှည့်ဖြားသောအကြည့်များဖြင့်ကြည့်နေသည်။ “ညအရှင်က ကျွန်တော့်လို ကောင်လေးဆီကိ ပစ္စည်းလေးကို မကြိုက်လောက်ဘူးဆိုတာ သိပါတယ်.. ကြိုက်ရင်တောင် အဆတစ်ရာ တန်ဖိုးရှိတဲ့ဟာနဲ့ပဲ လဲလိမ့်မယ်”

ယန်ယဲ့သည် ခေါင်းလှည့်ပြီး သူမကိုကြည့်လေသည်။ လရောင်အောက် တွင် လူငယ်လေး၏မျက်နှာသည် ကျောက်စိမ်းကဲ့သို့ပင် ထူးခြားနေသည်။ ကောင်းကင်သည် သူ့ကို အထူးတလည် နှစ်သက်ပုံပင်။ သူ့မျက်နှာမှ ကောက်ကြောင်းများသည် အလွန်တရာလှပသည်။ သူ့တွင် ကြည့်ကောင်းပြီး နှစ်မြို့ဖွယ်ကောင်းသည့် မျက်ခုံးများရှိသည်။ မည်းနက်နေသော မျက်လုံးများ သည် လည်နေခဲ့သည်။ သူမ စိတ်ထဲတွင် တစ်ခုခုမကောင်းကြံနေလျှင် ထိုပုံစံ အတိုင်းဖြစ်သည်။ သူ အကြိမ်ပေါင်းများစွာ မှတ်မိနေသည့်အကြည့်ဖြစ်သည်။

သူတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် ကြည့်မိကြသည်။ ယန်ယဲ့သည် နှလုံးသားထဲမှ ခံစားချက်ကို အောင့်အီးကာ လက်မြှောက်ပြီး သူမ၏ လှပသောနှာတံကို ညင်သာစွာကုတ်ခြစ်လိုက်၏။ ပေထင်းဟွမ်သည် အမြန်ပင် တစ်ဖက်လှည့်ကာ သူ့လက်ကိုရှောင်လိုက်သည်။ ယန်ယဲ့သည် အနည်းငယ် မှင်တက်ကာ စိတ်ပျက်သွား၏။ သူမ၏ နားရွက်ထိပ်ကလေး ရဲ သွားသည်ကို သူ မြင်သောအခါ နှလုံးသားအတွင်းထဲမှ အပျော်လုံးသည် ဆို့တက်လာသည်။

“အချိန်တစ်ခုလောက်တော့ မင်း ဒါကိုသုံးလို့ရမှာမဟုတ်ဘူး ဒါပေမဲ့ မင်း သေချာပေါက်ကြိုက်မယ့်ဟာရှိတယ်”

ယန်ယဲ့သည် ဓားနှစ်ချောင်းကို အတူယှဉ်လျက်ထားလိုက်သည်။ တစ်ချောင်းမှာ အရှည်ဖြစ်ပြီး ကျန်တစ်ချောင်းမှာအတိုဖြစ်သည်။ သူသည် လက်မနှင့် လက်ညှိုးကို ညင်သာစွာလိမ်လိုက်ရာ လက်ဖဝါးမှ မီးတောက်လုံး တစ်လုံးတောက်လာလေသည်။ မီးတောက်၏အရောင်မှာ အနက်ရောင်ဖြစ် ကာ ညထက်ပင် မည်းနက်လေသည်။ အပူချိန်မှာနိမ့်ကျသွားပြီး ပေထင်းဟွမ် သည် ခုခံနိုင်ရန် ခန္ဓာကိုယ်ထဲမှ ဝိညာဉ်စွမ်းအားကိုပင် မလှည့်ပတ်နိုင်တော့ ပေ။ သူမ၏ဝိညာဉ်မှာ အေးခဲသွားတော့မလိုပင်။

“ငါ့နောက်ကိုဝင်လိုက်” ယန်ယဲ့သည် မီးတောက်မှ ထုတ်လွှတ်သော အအေးဓာတ်ကို ခွဲထုတ်ရန် သူ့လက်ကိုဆုပ်ကိုင်ထားသည်။ ပေထင်းဟွမ် သည် သူ့အနောက်ကိုဝင်ပုန်းလိုက်သည်နှင့် သူသည် ဓားနှစ်လက်ကို မီးတောက်အထက်သို့ ပစ်လိုက်သည်။ မီးကို မီးဖိုအဖြစ်သုံးပြီး ဆက်တိုက် သန့်စင်လေသည်။ သံမဏိအမည်းနှင့် သံမဏိအေးတို့ဖြင့် ပြုလုပ်ထားသော ဓားနှစ်လက်သည် အရည်အပျော်သွားကာ အကြွင်းအကျန်များကို ဖယ်ရှားလေ သည်။ အကြွင်းအကျန်များ ကုန်သွားသည်နှင့် ချော်ရည်လုံးသည် ဓားတိုတစ် ချောင်းအသွင် ပုံပေါ်လာသည်။ ၎င်းဓားသည် အနက်ရောင်ဖြစ်ပြီး လက်ကိုင် မှာတိုသည်။ ဓားသွားသည် ၄ စင်တီမီတာခန့်ရှဉ်ကာ ထိပ်ပိုင်းမှာ အထူးချွန်ရှ လှသည်။

ပေထင်းဟွမ်သည် နှလုံးခုန်မြန်လာသည်။ လက်နက်သည် တစ်လမတို လျှင် တစ်လမပိုအန္တရာယ်များလေဖြစ်သည်။ ဓားရှည်ပျော့သည်လည်း သူ့ အားသာချက်များရှိသည်။ ယန်ယဲ့ ပေါင်းစပ်ပြီးရင် ဓားရှည်တစ်ချောင်းရဲ့ အားသာချက်က ဘယ်လိုဖြစ်နိုင်ဦးမှာလဲ။

ယန်ယဲ့သည် သူမကိုကြည့်ပြီး သူမ၏မျက်နှာထားကို အကဲခတ်နေသည်။ သူသည် တိုးတိတ်စွာပြုံးပြီး မီးတောက်များကို ပြန်သိမ်းလိုက်သည်။ သူသည် ပြုပြင်ထားသည့်ဓားတိုကို သူမဆီသို့ ပေးလိုက်သည် “မင်း သွေးကိုချပြီးရင် ကြည့်ကြည့်လိုက်”

ဝိညာဉ်လက်နက်များကို အဆင့်အမျိုးမျိုးခွဲခြားထားသည်။ အဆင့်နိမ့် ဝိညာဉ်လက်နက်တွင် အရည်အချင်းတစ်မျိုးသာရှိသည်။ သူမလက်ထဲမှ သိုလှောင်လက်စွပ်တွင် သိုလှောင်သည့် လုပ်ဆောင်ချက်တစ်မျိုးသာလုပ်နိုင် သည်။ ထိုပစ္စည်းများထက် အနည်းငယ်ပိုကောင်းသည့် အလယ်အလတ်အဆင့် ဝိညာဉ်လက်နက်များတွင် အရည်အချင်း နှစ်မျိုးရှိသည်။ အကောင်းဆုံးမှာ အရည်အချင်းသုံးမျိုးရှိသည့် အဆင့်မြင့်ဝိညာဉ်လက်နက်များပင်ဖြစ်သည်။ အထွတ်အမြတ်ဝိညာဉ်လက်နက်များတွင် အရည်အချင်းလေးမျိုးရှိသည်။

ယန်ယဲ့ထိုသို့ပြောလာသဖြင့် ဝိညာဉ်လက်နက်များကို အသက်သွင်းလိုက် သည်နှင့် သူတို့၏အရည်အချင်းများကို ထုတ်ဖော်ပြောတတ်သည်ကို ပေထင်းဟွမ် နားလည်လိုက်သည်။ သူမသည် ဓားဖြင့် လက်ချောင်းကို အမြန် ပင်ဖြတ်ပြီး ဓားပေါ်သို့ သွေးစက်ချလိုက်သည်။ နတ်အာရုံသည် ဓားနှင့်ပူးပေါင်း လိုက်သောအခါ သူမ၏ဝိညာဉ်သည် ဓားနှင့်ပို၍ဆက်သွယ်လာနိုင်လာသည်။

***

All Chapters