← Chapters

ဝိညာဉ်ခွဲတောင်ကြား

Vol. 5 Ch. 91

ဝိညာဉ်ခွဲတောင်ကြား

Vol. 5 Ch. 91

ပေထင်းဟွမ်သည် သူ့ရင်ခွင်ထဲရောက်နေ၏။ ထိုလူ၏ ဝင်သက်ထွက်သက်သည် သူမနှာခေါင်းထဲသို့ဝင်လာရာ ထူးဆန်းသောခံစား ချက်ထွက်ပေါ်လာသည်။ သူမ အရင်ကတစ်ခါမှမကြုံဖူးသည့် အတွေ့အကြုံပင် ဖြစ်သည်။ သို့သော် ထိုခံစားချက်သည်သူမကို မသက်မသာမဖြစ်စေပေ။ သူမ ထင်ထားသည့် ညှဉ်းပန်းမှုထက် ကွာခြားသည်။ တကယ်တော့ သူမသည် သူ့ ရင်ခွင်ထဲတွင် အလွန်လုံခြုံသည်။ သူမသည် လက်မြှောက်ကာ ယန်ယဲ့၏ ကျောပြင်ကိုသိုင်းဖက်လိုက်သည်။ သူမသည် သူ့ကို ညင်သာစွာပုတ်ပေးနေ‌၏ “ယဲ့ ကျွန်တော် သန်မာလာရင် အဲလူကိုကူရှာပေးမယ်”

ယန်ယဲ့ တဒင်္ဂမျှ မှင်တက်သွားသည်။ ထိုအခါမှပင် ပေထင်းဟွမ်သည် သူမနှင့်တူသည်ဟု ပြောခဲ့ဖူးသည်ကို အမှတ်ရသွားသည်။ သူ ခါးသက်စွာပြုံး လိုက်သည်။ ထိုအချိန်က သူမ ပြန်လာသည်ကို သူ မသိခဲ့ခြင်းဖြစ်သည်။ သူသည် နှစ်ပေါင်းများစွာ မျှော်လင့်ခဲ့သည်။ ပင်လယ်သည် ပိုးစာခင်းအဖြစ်ပင် ပြောင်းသွားပြီဖြစ်သည်။ သူ သံသရာကို ဘယ်နခါကျော်ဖြတ်ခဲ့ရသလဲ။ သူသည် သူမကို ရှာခဲ့သည့်နေရာမှာ မရေမတွက်နိုင်လောက်အောင်ပင်။ သူမကို မစောင့်နိုင်တော့ဟု ထင်လိုက်သည့်အချိန်တွင် သူမ ပြန်လာခဲ့သည်။

“ကျွန်တော်က သူမနေရာကို အစားမထိုးချင်တာမဟုတ်ဘူး.. ဘယ်သူကမှ သူမနေရာအစားထိုးလို့မရဘူးဆိုတာ သိပါတယ်” ပေထင်းဟွမ် သည် ပြောရင်းနှင့် သူ့ရင်ခွင်မှခွာလိက်သည်။

သူမ၏ အေးစက်သော်လည်း မေတ္တာများပါနေသည့်မျက်နှာကိုကြည့်ပြီး ယန်ယဲ့ခေါင်းခါလိုက်သည် “မင်းက တခြားလူရဲ့အစားထိုး ဖြစ်ဖို့မလိုပါဘူး.. ပြီးတော့ မင်းက အစားထိုးလူဖြစ်တာကိုလည်း ခွင့်မပြုနိုင်ဘူး.. ၉ ရောင်နဂါး ဇာမဏီမွေးဖွားလာတဲ့အချိန်မှာ သခင်တစ်ယောက်ကို အမြဲသစ္စာရှိရတယ်.. ရှောင်ကျို့ အခုချိန်မှာ မင်းမသိသေးတဲ့ကိစ္စတွေရှိတယ် ဒါပေမဲ့ အနာဂတ်မှာ သိလာမှာပါ”

ယန်ယဲ့ ပြောပြီးနောက် သူမကို ညင်သာစွာတွန်းထုတ်ပြီး တိုက်တွန်းလေ သည် “မင်းအရင်သွားလိုက်”

ပေထင်းဟွမ်သည် ရှုပ်ထွေးသွားသည်။ သူမသည် ၂၁ ရာစုတွင် သေဆုံး ပြီးနောက် ဤတိုက်သို့ရောက်လာခဲ့သည်။ ဤအရာသည် ရိုးရှင်းသော သေဆုံး ခြင်း၊ ပြန်လည်မွေးဖွားခြင်းများ ဟုတ်ပုံမရပေ။ တစ်နေရာရာတွင် ကံကြမ္မာကို စီစဉ်ထားသည့်ပုံပေါ်သည်။ သူမ ယခုမေးလိုက်လျှင်လည်း ယန်ယဲ့ပြောပြမည် မဟုတ်သည်ကို သူမ ကောင်းကောင်းသိသည်။ သူမ၏ သရုပ်မှန်နှင့် ယန်ယဲ့၏ လစဉ်ကြုံရသည့်ဒုက္ခများသည် သူတို့ကိုစောင့်မျှော်နေကြသည်။ သူမ၏လက်ရှိ ခွန်အားသည် အလွန်အားနည်းရာ သူမသိလျှင်တောင် အသုံးမဝင်နိုင်ပေ။

သူမသည် မင်နိုးလာပြီးမှ မေးရမည့်ပုံပင်။

မင်သည် သားပေါက်ပြီး မွေးကင်းစအရွယ်သာရှိသေးသည်။ သူသည် အချိန်အတော်ကြာအိပ်နေကာ မည်သည့်အချိန်မှနိုးထမည်ကို မသိနိုင်ပေ။

ပေထင်းဟွမ်သည် မဝေခွဲတတ်သည့်လူမဟုတ်ပေ။ သူမသည် ယန်ယဲ့ အား စူးစိုက်စွာကြည့်ပြီး လှည့်ထွက်ခဲ့သည်။ သူမသည် တည်ငြိမ်စွာပင် သူ့ကို ကျောခိုင်းခဲ့သည်။ ဤကမ္ဘာပေါ်မှလူတိုင်းမှာ သူမကို သစ္စာဖောက်ပြီး ထိခိုက် စေနိုင်သော်လည်း ယန်ယဲ့မှာ ဘယ်သောအခါမှ လုပ်မည်မဟုတ်ကြောင်းကို ယုံကြည်သည်။

ပေထင်းဟွမ်အဝေးသို့ ရောက်သောအခါ ချုံချီသည် လျှောက်လာပြီး ယန်ယဲ့အနောက်မှ အသာဦးညွှတ်လေသည်။ “သခင် ကမ္ဘာဦးနတ်ရှေးပစ္စည်း လေးခုကို စုပြီးတာကြာပါပြီ ဘယ်တော့ သွားတိုက်ခိုက်မလဲ”

ပေထင်းဟွမ် တောထဲတွင်‌‌ ပျောက်ကွယ်သွားသည်အထိ ယန်ယဲ့ကြည့် နေသည်။ အတန်ကြာပြီးနောက် သူစိတ်ပိုင်းဖြတ်လိုက်သည် “ခဏလောက် စောင့်လိုက် သူမ သန်မာလာရင် ဒီတိုက်ကြီးကနေ ထွက်သွားနိုင်မှာ”

“ဒါပေမဲ့ သခင်.. သခင့်ရဲ့ လစဉ်ဒုက္ခက…” တခြားသူများ မသိလျှင်မသိ မည်။ သို့သော် လပြည့်ညတွင် ယန်ယဲ့ကြုံတွေ့ရသည့် နာကျင်မှုကို ချုံချီနှင့် တခြားသုံးယောက်သိကြသည်။

သို့သော် ယန်ယဲ့လက်ကိုခါယမ်းလိုက်သည် “တခြားဟာပြောဖို့မလိုဘူး.. နှစ်ပေါင်းသောင်းချီကြာသွားပြီ.. နောက်ထပ်နှစ်နည်းနည်းလောက် စောင့်ရမှာ ကိုကြောက်နေတာလား”

ပေထင်းဟွမ်သည် ရှင်းထျန်ကြေးစားအဖွဲ့နောက်မှ ငါးရက်နီးနီးလိုက် သွားရာ နောက်ဆုံးတွင် မှော်သားရဲတောအနက်ပိုင်းတွင်ရှိသည့် ဝိညာဉ်ခွဲ တောင်ကြားအနားရောက်လာသည်။ မှော်သားရဲတောတွင် တောင်တန်းကြီး တစ်ခုရှိသည်။ မှော်သားရဲတောတွင် ဝိညာဉ်ခွဲတောင်တန်းဟုခေါ်သည့် အန္တရာယ်အများဆုံးနေရာရှိသည်။ ဝိညာဉ်ခွဲတောင်ကြားသည် ဤကြီးမား သည့် တောင်ကြားနှစ်ခုကြားတွင် ကန်တစ်ကန်ကို ဖြစ်ပေါစေသည်။ အထဲမှ ရာသီဥတုသည် နွေးကာ ဝိညာဉ်စွမ်းအင်မှာ တခြားနေရာထက် အနည်းငယ် ထူထဲသည်။ ရလဒ်အနေနှင့် သဘာဝရတနာလည်း များစွာရှိသည်။ ဝိညာဉ် နဂါးမောက်သီးသည် ထိုထဲမှတစ်ခုအပါအဝငဖြစ်သည်။

သဘာဝရတနာရှိသည့်နေရာတွင် အဆင့်မြင့်ဝိညာဉ်သားရဲများလည်း စောင့်ကြပ်နေသည်။

လော့ပေမြို့တွင် မွန်မြတ်သောသားရဲများ ရာယာအင်ပါယာ၏ အင်အားစုအများအပြားကို ဆွဲဆောင်နိုင်သည်မှာ ညအရှင်အိမ်တော်သည် မွန်မြတ်သောသားရဲကို ထိန်းကျောင်းရာတွင် ကူညီပေးမည်ဟု ကမ်းလှမ်းခြင်း ကြောင့်ဖြစ်သည်။ မှော်သားရဲတောထဲတွင် နက်လေလေ အဆင့်မြင့်မှော်သားရဲ များ မရှားပါးတော့ပေ။ နတ်သားရဲများပင်ရှိတတ်ကြသည်။

***

All Chapters