← Chapters

စီမံချက်များ

Vol. 5 Ch. 92

စီမံချက်များ

Vol. 5 Ch. 92

အဆင့်မြင့်မှော်သားရဲများကို အောင်နိုင်ရန် သားရဲထိန်းများသည် ဝိညာဉ် သခင်များ အောင်မြင်စွာစာချုပ်တည်ထောင်နိုင်ရန် ကူညီထိန်းကျောင်းရသည်။ သို့သော် သာမန်နတ်သားရဲများကို ထိပ်တန်းသားရဲထိန်းသခင်ကြီးမားသာ ထိန်းကျောင်းနိုင်သည်။ ရာယာအင်ပါယာတစ်ခုလုံးတွင် အထွတ်အမြတ်သားရဲ နှင့် နတ်သားရဲများကို ထိန်းကျောင်းနိုင်သည့် သားရဲထိန်းသခင်ကြီးနှစ်ဦးသာ ရှိသည်။

အထွတ်အမြတ်သားရဲကို ထိန်းကျောင်းနိုင်သည့် အကြီးမြင့်ဆုံးသော သားရဲထိန်းကို သူမ သမိုင်းမှတ်တမ်းများထဲတွင်သာ မြင်ဖူးခဲ့သည်။ ယခုအချိန် ထိ တစ်ခါမှမကြားဖူးပေ။

မိုးကြိုးသွား၏ သတင်းမှာမမှားပေ။ ရှင်းထျန်ကြေးစားအဖွဲ့၏ ခေါင်းဆောင်မှာ အသက် ၂၀ ကျော်အရွယ်လူငယ်ဖြစ်သည်။ သူသည် ကြယ် ၇ ပွင့်ဝိညာဉ်သခင်ဖြစ်သည်။ တခြားအဖွဲ့ဝင်များ၏ အင်အားသည် ကြယ် ၃ ပွင့် ဝိညာဉ်သခင်အောက် ကျသည်။ ဘာမှကြောက်ရန်မလိုပေ။ သူ့အနားတွင် အမြဲရှိနေသည့် အစိမ်းရောင်တာအိုဝတ်ရုံဝတ်ထားသည့် အဘိုးကြီးသည် ကြယ် ၃ ပွင့် ဝိညာဉ်သခင်ကြီးဖြစ်သည်။

“အကြီးအကဲ ဒီတစ်ခါ ကျွန်တော်တို့ ဝိညာဉ်နဂါးမောက်သီးကို ရမှဖြစ် မယ်.. အဲဒါမှ ဒီတစ်ခါနဲ့ဆို အေအဆင့်တာဝန် သုံးခုပြီးမှာ ကျွန်တော်တို့သာ အေအဆင့် ကြေးစားအဖွဲ့အဖြစ် အဆင့်တက်သွားရင် နှင်းဝံပုလွေကြေးစား အဖွဲ့နဲ့ ငွေရင်းပြိုင်လို့ရသွားမယ်.. နှင်းဝံပုလွေကို ကျွန်တော့်ခြေဖဝါးအောက် မှာ နင်းချေပြီး အဲကောင်ချင်ယွိကို ကျွန်တော့်ရှေ့မှာ ဒူးထောက်ပြီးကန်တော့ ခိုင်းရမယ်.. အဲအချိန်ကျရင် ချင်ယွိက ကျွန်တော်နဲ့ပြိုင်ပြီး ရေနက်ကြေးစား အဖွဲ့ကဟွမ်မုန်ကိုရဖို့ ဘာအရည်အချင်းရှိလဲဆိုတာ ကြည့်ရမယ်” အဖွဲ့ကို ဦးဆောင်လာသောလူငယ်သည် အားပါပါပြောလေသည်။

အစိမ်းရောင်ဝတ်ထားသောအဘိုးကြီးသည် မေးစေ့မှမုတ်ဆိတ်ကို ပွတ်သပ်ကာ ခေါင်းညိတ်လေသည်။ သူ၏မလိုတမာမျက်လုံးများမှ ကြမ်းတမ်း သောအကြည့်တစ်ချက်ထွက်ပေါ်လာသည်။ “ဟုတ်တယ် သခင်လေး စိတ်မပူ ပါနဲ့.. ဒီတစ်ခေါက် နှင်းဝံပုလွေကြေးစားအဖွဲ့က အဖွဲ့ငယ်တစ်ဖွဲ့ကိုပဲ လွှတ်လိုက်တယ်လို့ သခင်လေးရဲ့အဖေ မီးပွားဆီက ကြားထားတယ်.. သူတို့ အကုန်လုံးရဲ့အားက ဝိညာဉ်သခင်အဆင့်ပဲရှိသေးတာဆိုတော့ ကျုပ်ရဲ့ဝိညာဉ် သခင်ကြီးအဆင့်ရောက်ဖို့ တစ်ဆင့်လိုသေးတယ်.. စိတ်မပူပါနဲ့ ဒီလူတွေကို ကိုင်တွယ်ရတာ ကျုပ်အတွက် ပြဿနာမဟုတ်ပါဘူး.. ပြီးတော့ ဒီရှီဟို့အမှုန့်နဲ့ ဆိုရင် သူတို့ကိုနည်းနည်းထိလိုက်တာနဲ့ ဝိညာဉ်ခွဲတောင်ကြားတစ်ခုလုံးက မှော်သားရဲတွေက သူတို့ကို ဝိုင်းလာကြမှာ… ကျုပ်တို့ ဘာမှတောင်လုပ်စရာ မလိုဘူး”

ရှီဟို့အမှုန့်ဟုတ်လား။ ရှီဟို့အမှုန့်သည် မှော်သားရဲများကို ရူးသွပ်သွား အောင်သွေးဆောင်နိုင်သည့် အထူးအပင်မှရလာသည့်အမှုန့်ဖြစ်သည်။

ပေထင်းဟွမ်သည် မိုးကြိုးသွား၏ တင်ပြချက်ကို ကြားပြီးနောက် ရယ်ချင်သွားသည်။ သူမသည် ပြောင်သလင်းခါနေသော မေးစေ့ကိုပွတ်ပြီး စဉ်းစားနေ၏။ သူတို့၏ ရည်ရွယ်ချက်များကို သူမ ကြိုသိထားသဖြင့် စိတ်ပူရန် မလိုတော့ပေ။ ဟီး ဟီး.. သူမရဲ့ မျက်စိအောက်မှာ သူတို့တွေ လှုပ်ရှားချင်တယ် ဆိုရင် သူမ သဘောတူပါ့မလားဆိုတာ သူတို့တွေ အရင်ကြည့်ရမှာပေါ့။ ရှီဟို့ အမှုန့်နည်းလမ်းကတော့ သူမအတွက်ဖြစ်သွားပြီ။

သူမသည် ရှင်းထျန်ကြေးစားအဖွဲ့၏ ခပ်ဝေးဝေးမှ တစ်လျှောက်လုံး လိုက်လာခဲ့သည်။ သူတို့ ဝိညာဉ်ခွဲတောင်ကြားသို့ နီးကပ်လာသည်နှင့် ရှန်းထျန် မှလူများ သူမကို ရှာတွေ့သွားလေသည်။

“မင်း ဘယ်သူလဲ ဘာလို့ငါတို့နောက်ကို လိုက်လာတာလဲ” ဦးဆောင်လာ သောလူငယ်သည် သခင်လေးဟုခေါ်သူဖြစ်သည်။ သဘာဝကျကျပင် သူသည် ခေါင်းဆောင်မီးပွား၏ သားဖြစ်သည်။ သူသည် အသက် ၂၈ နှစ်အရွယ်ဖြစ်ကာ နာမည်မှာစပါတာဖြစ်သည်။ သူသည် မျက်လုံးကျဉ်းမြောင်းပြီး ပေထင်းဟွမ်ကို အကဲခတ်လေသည်။

ပေထင်းဟွမ်သည် သူ့ကို မျက်လုံးထောင့်မှကြည့်ပြီး လျစ်လျူရှုလေ၏။ သူမသည် အစိမ်းရောင်ဝတ်အဘိုးကြီးကို လက်ခုပ်တီးပြီးပြောလေသည် “ကျွန်တော်က ဟွမ်ကျို့ပါ ဝိညာဉ်ခွဲတောင်ကြားမှာ ဝိညာဉ်နဂါးမောက်သီးရှိ တယ်လို့ကြားလို့ လာကြည့်ချင်လို့ပါ.. ခင်ဗျားတို့အဖွဲ့နောက်ကို တမင်လိုက် တာမဟုတ်ပါဘူး.. ပြီးတော့ ကျွန်တော်က အဲလောက်လည်း မသန်မာဘူး.. ခင်ဗျား.. အဘိုးကြီးက ကျွမ်းကျင်သူပဲ.. ကျွန်တော်က သေရမှာကို မကြောက်ရ လောက်အောင် မတုံးအပါဘူး”

ပေထင်းဟွမ်၏ လက်ချောင်းများ လှုပ်ရှားလိုက်သည်နှင့် အမှုန့် အနည်း ငယ်သည် အစိမ်းရောင် ဝတ်အဘိုးကြီး၏ အင်္ကျီလက်ဆီသို့ လွင့်သွားပြီး သူ့ ခန္ဓာကိုယ်ပေါ်တင်သွားသည်ကို မည်သူမှမမြင်လိုက်ရပေ။

ထိုမြှောက်ပင့်ခြင်းသည် အစိမ်းရောင်ဝတ်အဘိုးကြီးကို ပြုံးသွားစေ သည်။ သူသည် ခေါင်းခါကာ ပြောလေသည် “ကျုပ်က ကျွမ်းကျင်သူလို့ မပြော ထိုက်ပါဘူး.. ဒီတိုက်ကြီးမှာ အစွမ်းအစရှိတဲ့သူတွေ အများကြီးပါ.. ကျုပ်က မပြောပလောက်ပါဘူး”

“ခင်ဗျားက မရေးမပါဘူးလို့ ပြောနေရင် တခြားသူတွေနဲ့ ကျွန်တော်တော့ ဒီတိုက်ကြီးမှာ မျက်နှာတောင်ပြရဲတော့မယ်မထင်ဘူး” ပေထင်းဟွမ် ထိုအဘိုး ကြီးကို တလေးတစားကြည့်လိုက်ချိန်တွင် အစိမ်းရောင်နှင့်အဘိုးသည် အပျော် လွန်နေသည်။ သူသည် ချက်ချင်းပင် ပေထင်းဟွမ်ကို ဝိညာဉ်ခွဲတောင်ကြားသို့ ခေါ်သွားချင်နေသည်။

“အကြီးကဲ ဒီတာဝန်က ကျွန်တော်တို့ ကြေးစားအဖွဲ့အတွက် ဘယ်လောက် အရေးကြီးလဲဆိုတာ မမေ့လိုက်ပါနဲ့” စပါတာသည် ပေထင်းဟွမ် ကို သဘောမကျပေ။

***

All Chapters