အလိမ်ခံလိုက်ရတယ် အလိမ်ခံရမှုကြီးပဲ
Vol. 5 Ch. 93
အစိမ်းရောင်နှင့်အကြီးအကဲ၏မျက်နှာသည် မည်းနက်သွားသည် “ကျုပ် သိပါတယ် ကျုပ်ရှိရင် သခင်လေး အဲဒီဝိညာဉ်နဂါးမောက်သီးရမှာကို အာမခံ တယ်”
“သခင်လေး စိတ်မပူပါနဲ့.. ဒီတစ်ခေါက် ဝိညာဉ်နဂါးမောက်သီးလုဖို့ လာကြတဲ့အဖွဲ့တွေက အရမ်းမသန်မာဘူးလို့ ကျွန်တော်ကြားပါတယ်.. အကြီးအကဲသာရှိရင် သခင်လေး ဘာစိုးရိမ်စရာလိုလို့လဲ.. ကျွန်တော်သာ သခင်လေးဆိုရင် တစ်လမ်းလုံး ကောင်းကောင်းစား ကောင်းကောင်းသောက် လိုက်လာမှာပဲ.. ဒီအတိုင်း ခရီးထွက်သလိုပဲနေနေမှာ.. ဘာစိတ်ပူစရာရှိလဲ” ပေထင်းဟွမ်သည် စပါတာဆီသို့လျှောက်သွားကာ လက်မြှောက်ပြီး ပုတ်လေ သည်။ သူမလက်ထဲမှအမှုန့်သည် စပါတာ၏ပခုံးပေါ်ကျသွားလေသည်။
ဒီကောင်လေးက ဘာကောင်လဲ။ သူက ဝိညာဉ်သခင်အဆင့်တောင် မရောက်သေးဘဲ သူ့ကိုအထင်လာသေးနေတယ်။ အကြီးအကဲမရှိတဲ့အချိန်ကျ ရင် သူ့ကိုရှင်းပစ်ရမယ်။
ဝိညာဉ်သခင်အစည်းအရုံးဆီသို့ ခွန်အားအဆင့်ကို အကဲဖြတ်ခံရသည့် ဝိညာဉ်သခင်တိုင်းသည် အဖြူရောင်ဝိညာဉ်သခင်ဝတ်ရုံကို လက်ခံရရှိကြ၏။ ထိုအဖြူရောင်ဝိညာဉ်သခင်ဝတ်ရုံသည် ဝိညာဉ်ပစ္စည်းတစ်ခုဖြစ်သည်။ ကြံ့ခိုင် ပြီး အလိုလိုသန့်ရှင်းပြီးသားဖြစ်၏။ ခန္ဓာကိုယ်တွင်ဝတ်ဆင်ပြီး တိုက်တစ်ခွင် သွားလာလျှင် အလွန်အမင်းဂုဏ်ရှိ၏။ ဝိညာဉ်သခင်၏ အကဲဖြတ်ခြင်းကို လူတကာဖြတ်ကျော်နိုင်သည်ဟု စပါတာမထင်ပေ။
တစ်ဖက်တွင် ပေထင်းဟွမ်သည် စိတ်ထဲမှရေရွတ်နေသည်။ သူသည် အဓိကကြေးစားအဖွဲ့ထဲမှ တစ်ဖွဲ့၏ သခင်လေးဖြစ်သည်။ အစ်ကိုကြီးချင်သည် ကြယ် ၇ ပွင့်ဝိညာဉ်သခင်ကြီးဖြစ်ကာ စပါတာသည် ကြယ် ၇ ပွင့်ဝိညာဉ်သခင် သာဖြစ်သည်။ သူတို့ကြားတွင် တစ်ဆင့်ပင်ကွာခြားသည်။ ဤလူသည် အစ်ကိုကြီးချင်နှင့် မည်သို့ရင်ဆိုင်မည်ကို သူမ တကယ်မသိတော့ပေ။
သူတို့အဖွဲ့သည် ဝိညာဉ်ခွဲတောင်ကြားဆီသို့ လျှောက်သွားကြသည်။ လမ်းတစ်လျှောက်တွင် မိုးကြိုးသွား၏ သတိပေးမှုကြောင့် အဆင့်နိမ့် မှော်သားရဲအုပ်များစွာကို ရှောင်ရှားနိုင်ခဲ့ကြသည်။ တဖြည်းဖြည်းနှင့် ရနံ့သင်း သင်းကလေး ပျံ့လွင့်လာသည်။ ထိုရနံ့သည် ဝိညာဉ်နဂါးမောက်သီး၏အနံ့ပင် ဖြစ်သည်။
“အသီးက မရင့်မှည့်သေးဘူး.. အချိန်မှီရောက်လာမိတဲ့ပုံပဲ” အစိမ်းရောင် နှင့် အဘိုးကြီးသည် ဤနေရာသို့ ပထမဆုံးလာရောက်ခြင်း ဖြစ်ဟန်မတူပေ။ သူသည် ဝိညာဉ်နဂါးမောက်သီး ရင့်မှည့်ပုံကို ကောင်းကောင်းနားလည်သည်။ သူသည် ပေထင်းဟွမ်ကို ကြည့်ပြီးပြောလေသည် “ကောင်လေး ဒီလောက်ထိပဲ မင်း ငါတို့နောက်ကိုလိုက်စရာမလိုတော့ဘူး.. ငါတို့တွေ ဒီဝိညာဉ်နဂါးမောက် သီးကို ရအောင်ယူရမယ်.. ငါတို့နောက် ထပ်လိုက်ရင် ရိုင်းပြတဲ့အတွက် အပြစ် မတင်နဲ့တော့”
“အာ.. မဟုတ်တာ မဟုတ်တာ” ပေထင်းဟွမ်သည် အလျင်အမြန်ပင် လက်ကိုဝှေ့ယမ်းကာ ပြောလိုက်သည် “ကျွန်တော်က ဒီကိုအပျော်လာတာပါ.. အနံ့ရှူရုံနဲ့တင်ကို ကျေနပ်ပါတယ်.. ကျွန်တော် အထွတ်အမြတ်သားရဲ နှစ်ကောင်သွားဖမ်းလိုက်ဦးမယ်.. အဘိုးကြီး နှုတ်ဆက်ပါတယ်”
အလောင်းစားနတ်မိစ္ဆာကျီးကန်းများ၏ အနံ့အသက်ဆိုးများသည် ပျံ့လွင့် လာသည်။ အစိမ်းဝတ်အဘိုးကြီးသည် သူမကို နှင်မထုတ်သော်လည်း သူမ ဘာသာ အခွင့်အရေးရှာပြီး ခွဲထွက်လာခဲ့လိုက်သည်။ အလောင်းစားနတ်မိစ္ဆာ ကျီးကန်းများသည် အဆင့် ၆ မှော်သားရဲပျံများဖြစ်ကြသည်။ ၎င်းတို့သည် သဘာဝအားဖြင့် ရက်စက်ကြမ်းကြုတ်ကြပြီး ယခင်ကတွေ့ဖူးသည့် မှော်သားရဲ အုပ်များနှင့် နှိုင်းယှဉ်၍ပင်မရပေ။ ပေထင်းဟွမ်သည် မစောင့်နိုင်တော့ပေ။
“အနည်းဆုံးတော့ မင်းအတွက် ဘာကောင်းလဲဆိုတာ သိသားပဲ ကောင်စုတ်လေး ငါတို့နဲ့ထပ်မတွေ့စေနဲ့” စပါတာသည် ပေထင်းဟွမ်ကို လက်သီးမြှောက်ပြလေသည်။ ပေထင်းဟွမ်သည် ပြုံးပြီး ဘာမှမပြောလိုက်ပေ။ သူမသည် အလွန်နှိမ့်ချပြီး သူ့ကိုပင် လက်ဝှေ့ယမ်းပြလေသည်။ သူမဘာသာ လည်းတွေးလိုက်မိသည်။ ခင်ဗျား နောက်ဆို ကျုပ်ကိုတွေ့ချင်တော့မှာမဟုတ် ဘူး။
စပါတာလှည့်လိုက်သည်နှင့် ပေထင်းဟွမ်သည် လက်မလျော့သေးပေ။ သူမ၏လက်ချောင်းကိုလှုပ်ခါလိုက်သည်နှင့် ခပ်ဖျော့ဖျော့ဖုန်မှုန့်သည် သူ့ ကျောပြင်ပေါ်သို့ကျသွားလေသည်။
“သခင် ရှီဟို့အမှုန့်တင်ကို တော်တော်များနေပြီ.. ခုနက ငါ့အသက်ကို မစွန့်စားလိုက်ဘူးဆို အဲဒီအဆင့်နိမ့် မှော်သားရဲတွေကို ဖိနှိပ်နိုင်မှာတောင် မဟုတ်ဘူး.. ရှီဟို့အမှုန့်အများကြီးဆိုတော့ ဝိညာဉ်ခွဲတောင်ကြားက မှော်သားရဲ တွေက အနံ့ရတာနဲ့ ရူးသွပ်ကုန်ကြတာ” မိုးကြိုးသွားသည် သူ၏ နုနယ်သော ရင်ဘတ်ကိုပုတ်လေသည်။ သူ့သခင်က နှလုံးသားမဲ့လွန်းတာမဟုတ်ဘူးလား။
လမ်းတစ်လျှောက်တွင် အစိမ်းရောင်ဝတ်အဘိုးကြီးနှင့် စပါတာတို့ကို မှော်သားရဲမည်မျှ ခုန်အုပ်မည်ကို တွေးကြည့်ရန်ပင်မလိုတော့ပေ။ ဝိညာဉ်ခွဲ တောင်ကြားမှ သူတို့နှစ်ယောက် အသက်ရှင်လျက် မည်သို့ထွက်လာမည်ကို တွေးကြည့်၍ပင်မရတော့ပေ။
“ကောင်းတယ် မှော်သားရဲတွေ အနံ့မခံမိမှာစိုးနေတာ” ပေထင်းဟွမ် သည် လက်ခုပ်တီးလိုက်၏။ အလောင်းစားနတ်မိစ္ဆာကျီးကန်းများသည် သူတို့ ခန္ဓာကိုယ်မှ ရှီဟို့အမှုန့်၏ ဖြားယောင်းခြင်းကို ခံနေရပြီဟု သူမ တွေးကြည့်၍ ရသည်။ အလောင်းစားနတ်မိစ္ဆာသားရဲတွေက မီတာ ၃,၀၀၀ ကနေ မြေပြင်က အလောင်းကိုတောင် အနံ့ခံမှတော့ သူတို့ခန္ဓာကိုယ်က ရှီဟို့အမှုန့်ကို အနံ့မခံနိုင် စရာအကြောင်းမရှိဘူးလေ။
ဟင်း.. သူက သူမနဲ့ တိုက်ခိုက်ချင်နေသေးတယ်။ သူတို့က သေတွင်းတူး နေတာပဲ။
***