သူမနဲ့ဆိုရင် ဘာမှကြောက်စရာမရှိဘူး
Vol. 5 Ch. 94
“သခင် ဝိညာဉ်နဂါးမောက်သီးအနံ့က အဆင့်မြင့်မှော်သားရဲတွေကို ဆွဲဆောင်နိုင်တယ် ငါတို့သတိထားရမယ်” မိုးကြိုးသွားသည် နိုးနိုးကြားကြား ပြောလေသည် “အဆင့်မြင့်ကြယ် ဝိညာဉ်သားရဲတွေနဲ့ မွန်မြတ်တဲ့သားရဲတွေရဲ့ ရောင်ဝါကို အာရုံခံမိထားတယ်.. ဒီတစ်ခေါက် ဝိညာဉ်နဂါးမောက်သီးကို လုရတာ မလွယ်မှာပဲကြောကတယ်”
အဆင့်မြင့်ကြယ်ဝိညာဉ်သားရဲလောက်ကို ရှင်းရသည်မှာ မိုးကြိုးသွား အတွက် ပြဿနာမဟုတ်ပေ။ သို့သော် အဆင့်မြင့်ကြယ်ဝိညာဉ်သားရဲများ တစ်ချိန်တည်း အများအပြားလာရောက်တိုက်ခိုက်သည့်အပြင် မွန်မြတ်သော သားရဲပါထည့်ပေါင်းလိုက်လျှင် မိုးကြိုးသွားအတွက် မလွယ်ကူတော့ပေ။
“ကိစ္စမရှိဘူး.. လမ်းတစ်လျှောက်မှာ ဝိညာဉ်နဂါးမောက်သီးကို လိုက်ရှာ နေတဲ့လူတွေအများကြီးနဲ့ တွေ့ခဲ့တာပဲ.. ငါတို့တွေ သူတို့နောက်က လိုက်သွား မယ်.. လူတွေပိုများလာရင် အခွင့်အရေးပိုများလာလိမ့်မယ်.. ငါတို့တွေ အခွင့်အရေးရှာပြီး တိုက်ခိုက်ရမယ်” ပေထင်းဟွမ်သည် လုံးဝစိတ်မပူပေ။ လူတစ်ဦး၏ ခွန်အားသည် အရေးကြီးသော်လည်း စဉ်းစားနိုင်စွမ်း ညီမျှရန် လည်းအရေးကြီးသေးသည်။ မဟုတ်လျှင် ပေထင်းဟန်သည် သူမ၏လက်ထဲ တွင် အလွယ်တကူသေသွားမည်မဟုတ်ပေ။
“ကယ်ပါဦး ကယ်ပါဦး” အလွန်သောကရောက်နေသော အော်သံသည် တောင်ကြားအပြင်မှထွက်လာသည်။ မည်သည့်ကံဆိုးသူသည် ဤနေရာတွင် ထပ်သေရမည်ကို မသိပေ။
မှော်သားရဲတောသည် ဤအတိုင်းသာဖြစ်သည်။ သတိမထားမိလိုက် သည်နှင့် ထိုလူ့အတွက် သင်္ချိုင်းမြေဖြစ်သွားနိုင်သည်။
ပေထင်းဟွမ်သည် ကြင်နာတတ်သူမဟုတ်ပေ။ အစက ဤကိစ္စကို ဂရုစိုက်ရန် စိတ်ကူးမရှိပေ။ သူမသည် ရှင်းထျန်ကြေးစားအဖွဲ့နောက်ဆက် လိုက်ပြီး စပါတာ မည်သို့ဖြစ်သွားသည်ကို ကြည့်ချင်သည်။ စပါတာသည် ရေနက်ကြေးစားအဖွဲ့မှ ဟွမ်မုန့်အတွက်နှင့် အစ်ကိုကြီးချင်နှင့် မည်သို့ တိုက်ခိုက်မည်ကို ကြည့်ချင်သည်။ ဟွမ်မုန့်သည် မည်မျှလှကြောင်းကို ပေထင်းဟွမ် သိချင်သည်။ အခွင့်အရေးရှိလျှင် သူမ အစ်ကိုကြီးချင်ကို ကူညီရ မည်။
သို့သော် ထိုလူသည် နှင်းဝံပုလွေကြေးစားအဖွဲ့၏ သင်္ကေတဖြစ်သည့် လက်မောင်းတွင် ဝံပုလွေတံဆိပ်နှင့် အဖြူရောင်ခေါင်းစွပ်စစ်သည်ဝတ်စုံ ဝတ် ထားသည်ကို ပေထင်းဟွမ်မြင်လိုက်သည့်အချိန်တွင် နှလုံးခုန်မြန်သွား၏။ တွေဝေခြင်းမရှိ သူမ ခြေလှမ်းသွက်သွက်ဖြင့် ပြေးသွားလေသည်။
နွားပေါက်အရွယ်အစားရှိသည့် ကြက်ပျံသည် ထိုလူ့နောက်ကို လိုက်နေ သည်။ ကြက်ပျံသည် အားနည်းသည့် ဇာမဏီသွေးသားဖြစ်သည်ဟု ပြောကြ သည်။ ထိုသို့ဆိုလျှင်တောင် အဆင့် ၇ ဝိညာဉ်သားရဲသည် အဆင့်မြင့်ကြယ် ဝိညာဉ်သခင်နှင့် ယှဉ်နိုင်သည်။ ၎င်း၏ ကောက်ချိတ်သောနှုတ်သီးသည် အလွန် ပင် ချွန်မြလှသည်။ တစ်ချက်ပေါက်လိုက်သည်နှင့် သံမဏိခေါင်းရှိသော နွားထီး ၏ ခေါင်းပင်ပေါက်သွားနိုင်သည်။
“ကယ်ပါဦး ကယ်ပါဦး ကယ်ပါဦး” စိတ်လှုပ်ရှားနေခြင်းကြောင့် ထိုလူ သည် သစ်ပင်အမြစ်နှင့်တိုက်မိပြီး မြေပေါ်သို့ကျသွားလေသည်။ သူ မျက်လုံး ဖွင့်လိုက်ချိန်တွင် ကြက်ပျံ၏ လုံးဝန်းပြီး ရက်စက်သောမျက်လုံးများသည် သူ့ကို စိုက်ကြည့်နေသည်။ ရှည်လျားပြီးချွန်ထက်သည့် ခြေသည်းများသည် ရုတ်တရက် သူ့ဝမ်းဗိုက်ကို ဆုပ်ကိုင်လိုက်သည်။ သူ၏ အူများပြတ်တောက် သွားနိုင်သည်မှာ မလွဲမသွေပင်။ တံစဉ်နှင့်တူသော နှုတ်သီးသည် သူ့မျက်လုံးထဲ ထိုးဝင်လာသည်။ စိတ်ပျက်အားငယ်မှုသည် သူ့နှလုံးသားထဲ တိုးဝင်လာခဲ့၏။ သူသည် ကြက်ပျံ၏လက်ထဲ၌ သေရတော့မည်။
သည်လို ရက်စက်တတ်သည့်မှော်သားရဲသည် လူများ၏အစာအိမ်နှင့် ဦးနှောက်ကို စားသုံးရသည်ကို နှစ်သက်တတ်ကြသည်။ မှော်သားရဲများထဲတွင် ၎င်းအမျိုးအစားသည် အလောင်းစားနတ်မိစ္ဆာကျီးကန်း ဒုတိယအမျိုးအစား ဖြစ်သည်။
ဝှီး…
ထက်ရှသော ဓားသည် အသားအား ထိုးစိုက်သွားသည့် အသံထွက်ပေါ် လာသည်။ သေဆုံးခြင်းသည် ထင်ထားသလို ရောက်မလာခဲ့ပေ။ သူ့တစ်ကိုယ် လုံးကို အစိမ်းရောင်သွေးများ ပေကျံသွားသည်။ သူ မျက်လုံးဖွင့်လိုက်သည်။ အနက်ရောင်ဝတ်ထားပြီး မျက်နှာတွင်ငွေရောင်မျက်နှာဖုံးတပ်ထားသော လူငယ်ပေါ်လာသည်။ ကြည်လင်သည့် မည်းနက်နေသောမျက်လုံးများကိုသာ မြင်ရလေသည်။ ထိုမျက်လုံးများသည် အေးတိအေးစက်နှင့် တောက်ပနေ၏။ သူ၏လက်ထဲတွင် တောက်ပသောဓားမြှောင်ကိုင်ထားကာ ကြက်ပျံ၏ အမွေး များပေါ်တွင် သွေးများကို သုတ်လိမ်းနေသည်။
ဒီလူငယ်က သူ့ကိုကယ်လိုက်တာပဲ။
ထိုလူသည် ထိတ်လန့်လွန်းသဖြင့် မြေပေါ်မှ ခုန်ထလိုက်သည်။ ဤလူငယ်သည် ၁၄ နှစ် ၁၅ နှစ်အရွယ်သာရှိသေးသော်လည်း ကြက်ပျံကို တစ်ချက်တည်းနှင့် သတ်လိုက်နိုင်သည်။ ဘုရားရေ ဒါက အဆင့် ၇ မှော်သားရဲ လေ။ ပြီးတော့ ခွန်အားက အဆင့်မြင့်ကြယ် ဝိညာဉ်သခင်နဲ့ယှဉ်နိုင်တယ်။ ဒီလူ ကဘယ်လို နတ်ဆိုးမျိုးမို့လို့ ဒီလိုခွန်အားရှိနေတာလဲ။
“ခင်ဗျားတို့ အဖွဲ့ကြီးရဲ့ တည်နေရာကိုပြော” ပေထင်းဟွမ်၏ ဝတ်ရုံနက် သည် တောင်လေအဝှေ့တွင် လွင့်နေသည်။ သူမ၏ ရှည်လျားသောဆံပင်သည် အေးစက်ပြီး ဆွဲဆောင်မှုရှိနေသည်။ သူမသည် ပတ်ဝန်းကျင်တွင် ဘာမှ ကြောက်စရာမရှိသကဲ့သို့ အစွမ်းထက်သည့်ရောင်ဝါကို ပေးစွမ်းနိုင်သည်။
***