← Chapters

အကျပ်ရိုက်ခြင်း၊ ကူညီခြင်း

Vol. 5 Ch. 95

အကျပ်ရိုက်ခြင်း၊ ကူညီခြင်း

Vol. 5 Ch. 95

“ဟိုမှာပါ သခင်ကြီး အဲဒီကိုခေါ်သွားပေးမယ်” ထိုလူသည် တောင်ကြား အပြင်ဘက်ကို ညွှန်ပြလေသည်။ အဝေးမှ ကြက်ပျံများ၏ အော်သံများသည် ထိုနေရာမှထွက်ပေါ်လာသည်။ ၎င်းတို့၏အော်ဟစ်သံများသည် အထက်စီးမှ ရှိနေသကဲ့သို့ ပြင်းထန်လှသည်။ ထိုလူသည် တွေဝေသွားသည် “သခင်ကြီး မသွားတာကောင်းမယ်.. အဲဒီမှာ အဲလိုသားရဲတွေ အကောင် ၇၀ ကျော်ရှိတယ်.. အရမ်းအန္တရာယ်များတယ်.. သခင်ကြီးရဲ့ ကြင်နာမှုကို ကျွန်တော် မှတ်မိနေပါ့ မယ်.. နောက်ကျရင် ပြန်ဆပ်ပါ့မယ်”

ဤလူငယ်သည် သူ၏ကျေးဇူးရှင်ဖြစ်သည်။ သေချာပေါက် ကျေးဇူးရှင်ကို အထိအခိုက်ခံမည်မဟုတ်ပေ။ သူသည် အဖွဲ့နှင့်အတူသေနိုင်သော်လည်း ဤလူငယ်သည် သူတို့နှင့် အသစ်ကိုစွန့်စားရန်အကြောင်းမရှိပေ။

“မိုးကြိုးသွား သွားရအောင်”

အစက စိုးရိမ်နေသောထိုလူသည် ပေထင်းဟွမ် သစ်တတ်ကျားကို ဆင့်ခေါ်ပြီး သူမ၏ခြေထောက်အော်ကတွင် ငွေရောင်အစီအရင်ပုံစံပေါ်လာ သည်ကို မြင်လိုက်ရသည်။ သုံးထောင့်ကြယ်အလယ်တွင် မွန်မြတ်သော ဓား စုစုပေါင်း ကိုးလက်ရှိသည်။ သစ်တတ်ကျား၏ ကြီးမားသောကိုယ်ထည်ပေါ် လာသည်။ ၎င်းသည် ၁၀ မီတာရှည်သော အတောင်ပံဖြန့်ပြီး ညင်သာစွာ ခတ် လိုက်သည်။ ၎င်း၏ သွက်လက်သောခန္ဓာကိုယ်သည် အဝေးသို့ ပျံတက်သွား သည်။ ထိုလူသည် မှင်တက်မိသည် “မိုးနတ်မင်းရေ ငါ ဘာမြင်လိုက်တာလဲ.. ၁၄ နှစ်အရွယ် ကြယ် ၉ ပွင့်ဝိညာဉ်သခင် ဒါက ဒါက.. ဒါက ထင်ယောင်ထင်မှား မဟုတ်ဘူးလား”

ထိုလူသည် သူ့ကိုယ်သူ ခပ်ကြမ်းကြမ်းဆွဲဆိတ်လိုက်သည်။ အလွန် နာကျင်၏။ ဆိုလိုသည်မှာ အရာအားလုံးသည် အမှန်ဖြစ်နေသည်။ နှင်းဝံပုလွေ ကြေးစားအဖွဲ့ကို ကယ်နိုင်တော့မယ်။ ဟား ဟား သူ့အသင်းသားတွေကို ကယ်နိုင်တော့မယ်။

ခေါင်းဆောင်သည် လက်ထဲမှဓားကိုဝှေ့ယမ်းပြီး ကြက်ပျံ၏ခေါင်းကို ဖြတ်လိုက်သည်။ သူ့မျက်နှာသို့ သွေးများလာစင်လေသည်။ သူသည် ချက်ချင်း ပင် သုတ်ပစ်လိုက်သည် “ခေါင်းဆောင်တိုင်နွန် ကျွန်တော်တို့ ခုခံစည်းက ပျက် တော့မယ်.. ဒီလိုသာဆက်သွားရင် နာရီဝက်တောင်ခံတော့မှာမဟုတ်ဘူး”

တိုင်နွန်သည် ဝံပုလွေအဖြူစီးနင်းပြီး သူ့ဆီသို့ ခုန်အုပ်သော ကြက်ပျံကို မြားဖြင့်ပစ်လိုက်ရာ ကြက်ပျံ၏လည်ချောင်းကို ထိမှန်သွားလေသည်။ “ဖွဲ့စည်း ပုံထဲမှာနေပြီး ဆက်တိုက်ခိုက်နေလိုက်.. ငါတို့တွေက ဝိညာဉ်နဂါးမောက်သီး ယူဖို့လာတာပဲ.. ရှင်းထျန်အဖွဲ့အရမခံနိုင်ဘူး.. အစ်ကိုကြီးယွိက ငါတို့ကို မှော်သားရဲခံတပ်မှာစောင့်နေတယ်.. မွန်မြတ်တဲ့ဝိညာဉ်အပျက်အစီးတွေကို အတူစစ်ဆေးဖို့လုပ်ထားတာ.. ငါတို့တွေ သူ့ကိုဆွဲမချနိုင်ဘူး”

“ညီအစ်ကိုတို့ သတ်လိုက်ရအောင်” သခင်လေးသည် မှော်သားရဲခံတပ် တွင်စောင့်နေသည်ကို ခေါင်းဆောင်တွေးပြီးနောက် သူ့တစ်ကိုယ်လုံးတွင် သွေးများထပ်မံဆူပွက်လာသည်။ သူ အော်လိုက်သည်နှင့် စိတ်ဓာတ်ကျနေ သော အခြေအနေသည် ပြန်သွေးပူလာသည်။

ထိုအခိုက်အတန့်တွင် အရိပ်ကြီးတစ်ခုသည် သူတို့ခေါင်းကို အုပ်မိုးလိုက် သည်။ အားလုံးကြည့်လိုက်ရာ သစ်တတ်ကျားကြီးတစ်ကောင်သည် အတောင် ပံဖြန့်ကာ သူတို့ခေါင်းအထက်ရှိ ကောင်းကင်ပြာကြီးကို ကာထားလေသည်။

“ဘုရားရေ ဝိညာဉ်သားရဲပဲ”

သူတို့စိတ်ထဲတွင် စိတ်ပျက်အားငယ်မှုများ တိုးပွားလာသည်။ ဤမျှ ကြီးမားသော ဝိညာဉ်သားရဲသည် အနည်းဆုံး ကြယ် ၇ ပွင့်ဝိညာဉ်သားရဲဖြစ် မည်။ ဤကြက်ပျံအုပ်စုကို ရှင်းရသည်ကပင် သူတို့အတွက် ခက်ခဲနေပြီဖြစ် သည်။ ယခုအဆင့်မြင့်ကြယ်ဝိညာဉ်သားရဲကိုပါ ထပ်ပေါင်းလိုက်လျှင် သူတို့ ဝိညာဉ်ခွဲတောင်တန်း၌ သေရတော့မည်မဟုတ်ပါလား။

သစ်တတ်ကျားသည် အတောင်ပံခတ်ပြီး ကြက်ပျံများကို လွင့်သွားစေ သည်။ သစ်တတ်ကျားပေါ်မှ ကြံ့ခိုင်သည့် အနက်ရောင်ပုံရိပ်တစ်ခု ဆင်းလာ ကာ သူမလက်ထဲမှ ငွေရောင်ဓားပျော့သည် ပြင်းထန်သောအားဖြင့် ဆန့်ထွက် လာသည်။ ထိုဓားသည် ကြက်ပျံ၏ကြီးမားသော ခန္ဓာကိုယ်ကို တိုက်ခိုက်ပြီး အညှာတာမဲ့စွာဖြင့် ခုတ်ချကာ တစ်ချက်တည်းသတ်လိုက်လေသည်။ သူမ၏ တစ္ဆေနှင့်တူသော ပုံရိပ်နှင့် ပေါ့ပါးသောလှုပ်ရှားမှုများသည် သူမ ဖြတ်သွား သည့်နေရာတိုင်း ကြက်ပျံ၏ခေါင်းမှာ ဂေါ်ဖီထုပ်များကို နုတ်နုတ်စင်းသကဲ့သို့ ဖြစ်နေသည်။

ဒါဘယ်လို ခွန်အားမျိုးလဲ။ တိုင်နွန်သည် မှင်တက်နေမိသည် “ဒီလူ.. ဒီလူရဲ့ခွန်အားက သခင်လေးနဲ့အတူတူလောက်ပြဖြစ်မယ်.. ဒါဆို အဆင့်မြင့် ကြယ်ဝိညဉ်သားရဲက သူ့ဟာပဲ”

“ခေါင်းဆောင် ဒီလူက အရမ်းအားကောင်းတယ်.. သူက ကျွန်တော်တို့ အကုန်လုံးပေါင်းတာထက်တောင် ပိုအားကောင်းနေတယ်” အဖွဲ့ဝင်သည် အဖွဲ့ခေါင်းဆောင်ကို ပြောလေသည်။

“ဟုတ်တယ်” အဖွဲ့ခေါင်းဆောင်သည် သတိပြန်ဝင်လာကာ ပျော်ရွှင်နေမိ သည်။ သူသည် လက်ကိုဝှေ့ယမ်းကာ ပြောလိုက်သည် “သူက ငါတို့လူပဲ.. သတ်ကြ”

တစ်ဖွဲ့လုံး၏ စိတ်ဓာတ်များ ထိပ်ဆုံးသို့ရောက်သွားသည်။ သူတို့သည် ဖွဲ့စည်းပုံပြောင်းကာ ပေထင်းဟွမ်၏အနောက်မှလိုက်ကြလေသည်။ ထို့ကြောင့် သူမသည် အဖွဲ့၏ခေါင်းဆောင်ဖြစ်သွားလေသည်။ သတ်ဖြတ်သည့် စက်ကဲ့သို့ပင် သူမသည် ကြက်ပျံ အကောင် ၇၀ ကျော်ကို သတ်ခဲ့လေသည်။

အတန်ကြာအောင်တိုက်ခိုက်ပြီးနောက် နိုင်ရန်အတွက် အဖိုးအခကြီးစွာ ပေးရမည်ဟုထင်ထားသော ကြေးစားများသည် အောင်ပွဲခံကြလေသည်။ အောင်မြင်မှုသည် ရုတ်တရက်ရောက်လာခြင်းကြောင့် အားလုံးသည် တဒင်္ဂ အတွင်း အားလုံးမယုံနိုင်ဖြစ်နေကြသည်။

***

All Chapters