← Chapters

နှင်းဝံပုလွေ

Vol. 5 Ch. 96

နှင်းဝံပုလွေ

Vol. 5 Ch. 96

တစ်ယောက်နှင့်တစ်ယောက် ပွေ့ဖက်၊ အောင်ပွဲခံ အားပေးပြီးနောက် အားလုံးသည် မနီးမဝေးမှ လူနှင့်သစ်တတ်ကျားကို ကြည့်လိုက်ကြသည်။

ပေထင်းဟွမ်သည် လက်ထဲမှဓားပျော့ကို ညင်သာစွာလှုပ်ယမ်းလိုက်၏။ ဓားအစွန်းမှာ နှင်းဖြူဖြစ်သည်။ သူမ ခါးတွင်ပတ်လိုက်ရာ ဓားပျော့သည် ဝိညာဉ်လက်နက်အဖြစ် ပြန်ပြောင်းသွားလေသည်။ သူမ၏ ခါး၌ ခါးပတ်သဖွယ် ဖြစ်သွားလေသည်။

မိုးကြိုးသွားသည် သခင်ဖြစ်သူကို အတုယူကာ အတောင်ပံခတ်လိုက် သည်။ ၎င်း၏ခန္ဓာကိုယ်သည် တဖြည်းဖြည်းချင်း ကျုံ့သွားလေ၏။ နောက်ဆုံး တွင် ၎င်းသည် သာမန်ကျားသစ်အဖြစ်ပြောင်းကာ ပေထင်းဟွမ်၏ဘေးတွင် ရပ်လိုက်သည်။ ၎င်းသည် ရွှေရောင်မျက်လုံးများကို ကျဉ်းမြောင်းပြီး သစ်တတ် ကျား၏ ပျင်းရိပြီးမြင့်မြတ်သော ပုံစံအဖြစ် ပြန်ပြောင်းသွားလေသည်။

ကောင်လေးနှင့် သစ်တတ်ကျားတို့ လျှောက်လာသည်။ သူတို့၏ ထူးခြား သည့် ဝတ်ရုံသည် လေထဲတွင် တိမ်တိုက်များသဖွယ် လွင့်နေသည်။ အားလုံး၏ အကြည့်သည် သူတို့ဆီသို့ရောက်လာကာ လေးစားသမှုများပါနေသည်မှာ ထင်ရှားလှသည်။ အကျပ်အတည်းနှင့်ကြုံနေသည့် အခိုက်အတန့်တွင် သူသည် စစ်ပွဲနတ်ဘုရားကဲ့သို့ ဆင်းသက်လာခဲ့သည်။ သူ၏ ကြောက်မက်ဖွယ်ကောင်း သော ရောင်ဝါသည် လူတိုင်း၏နှလုံးသားတွင် ဖျက်ဆီးမရသည့် အမှတ်အသား တစ်ခုအဖြစ် ကျန်ရစ်ခဲ့လေသည်။

ခေါင်းဆောင်နှင့် တိုင်နွန်တို့သည် ပေထင်းဟွမ်ကိုကြည့်ပြီး မျက်ခွံများ လှုပ်သွားလေသည်။ သူတို့သည် ထိတ်လန့်မှုကို မဖုံးကွယ်နိုင်ကြပေ။ ဤလူငယ်သည် ငယ်ရွယ်ကာ ချောမောလှသည်။

ခေါင်းဆောင်သည် နှစ်ပေါင်းများစွာ ခရီးသွားလာခဲ့သဖြင့် သူ့ဘေးမှ ကျားသစ်သည် မွန်မြတ်သောသားရဲ၏ ပုံစံငယ်ဖြစ်ကြောင်းကို သဘာဝကျကျ ပင် သူပြောနိုင်သည်။ ထူးခြားသည့်အရည်အချင်းရှိသော ၁၄ နှစ်အရွယ် ကောင်လေးသည် မွန်မြတ်သောသားရဲကို စာချုပ်သားရဲအဖြစ်ပိုင်ဆိုင်ထား သည်။ ဒီသခင်လေးက ဘယ်မိသားစုကြီးကလာတာလဲ။

ဒီနေ့ သူနဲ့တွေ့တာ နှင်းဝံပုလွေကြေးစားအဖွဲ့က တကယ်ကံကောင်းတာ ပဲ။

အဖွဲ့မှထွက်လာပြီး ခေါင်းဆောင်သည် ညာဘက်လက်သီးဆုပ်ကို ဘယ်ဘက်ရင်အုံရှေ့တွင်ထားလိုက်သည်။ သူသည် ပေထင်းဟွမ်ကို အရိုအသေ ပြုကာ ပြောလိုက်သည် “သခင်ကြီး ကျုပ်တို့အသက်ကို ကယ်လို့ကျေးဇူးတင်ပါ တယ်.. ကျုပ်တို့က နှင်းဝံပုလွေကြေးစားအဖွဲ့ရဲ့ အဖွဲ့ငယ်တစ်ခုပါ.. ကျုပ်တို့ အဖွဲ့ဝင်တွေ စိတ်ရင်းနဲ့ အရိုအသေပေးတာကို ခွင့်ပြုပေးပါ”

ပေထင်းဟွမ်သည် အသာခေါင်းညိတ်ကာ အားလုံးကိုထရန် လက်ဝှေ့ယမ်းပြလိုက်သည် “စစ်ပွဲကရတဲ့လက်ကျန်တွေ သွားယူလိုက်ကြ” သူမသည် တောင်ကြားအနက်ပိုင်းကိုကြည့်လိုက်သည် “ဒီကသွေးနံ့က အရမ်း ပြင်းတယ်.. တခြားအဆင့်မြင့်ကြယ် မှော်သားရဲတွေကို ဆွဲဆောင်နိုင်တယ်”

အဖွဲ့သည် ထပ်မံအားပေးပြန်သည်။ ပေထင်းဟွမ်သည် ဤမျှ သဘော ထားကြီးလိမ့်မည်ဟု သူတို့ထင်မထားကြပေ။ စစ်ပွဲမှရသည့်အကျိုးအမြတ်များ သည် သူတို့အတွက် အလွန်အရေးကြီးသည်။ ကြက်ပျံ၏တစ်ကိုယ်လုံးသည် ရတနာတစ်ပါးဖြစ်သည်။ ၎င်းတွင်အမွေးများ၊ ရှည်လျားသောနှုတ်သီး ချွန်ထက် သော ခြေသည်းများနှင့် ကြည်လင်သောအလယ်အူတိုင်ရှိသည်။ အပိုင်းတိုင်းကို ရွှေဒင်္ဂါးအများအပြားနှင့် လဲလှယ်နိုင်သည်။ ၎င်းသည် အဖွဲ့ပုံမှန်လည်ပတ်ရန် အတွက်အလွန်အရေးကြီးသည်။

ပေထင်းဟွမ်အတွက် ထိုအရာသည် ဘာမှမဟုတ်ပေ။ အဆင့် ၇ မှော်သားရဲသည် သူမအတွက် ဘာမှမဟုတ်ပေ။ ထို့အပြင် ဤအသင်းသည် ချင်ယွိ၏အဖွဲ့ဖြစ်သည်။ သူမကို ယုံကြည်သော၊ ချစ်ခင်သော၊ မရင်းနှီးသော တိုက်သို့ ပထမဆုံးရောက်လာချိန်တွင် ကာကွယ်ပေးသောလူဖြစ်သည်။ နောက်ပိုင်းတွင် သူသည် သူ၏လက်အောက်သို့ခေါ်သွင်းခဲ့သည်။

မကြာမီတွင် အားလုံးသည် ကြက်ပျံများဆီမှ ယူလို့ရသည်များ အကုန်ယူ ပြီး ပေထင်းဟွမ်နောက်မှလိုက်ကာ တောင်ကြားသို့သွားကြသည်။ ဤအသင်း သည် နှင်းဝံပုလွေကြေးစားအသင်း၏ ၇ ဖွဲ့မြောက်ဖြစ်သည်ကို သွားရင်းနှင့် ပေထင်းဟွမ်သိခဲ့ရသည်။ သူတို့သည်လည်း ဝိညာဉ်နဂါးမောက်သီးယူရန် ဝိညာဉ်ခွဲတောင်ကြားသို့ သွားနေခြင်းဖြစ်သည်။

“ဝိညာဉ်နဂါးမောက်သီးနားမှာ စောင့်ကြပ်နေတဲ့ အဆင့်မြင့်ဝိညာဉ် သားရဲနဲ့ မွန်မြန်တဲ့သားရဲတွေ အများကြီးရှိတယ်.. ဒီလောက်လူနည်းနည်းလေး နဲ့ ဝိညာဉ်နဂါးမောက်သီးသွားယူတာ သေလမ်းရှာတာပဲမဟုတ်ဘူးလား” ပေထင်းဟွမ်သည် အဖွဲ့ကိုကြည့်လိုက်သည်။ တိုင်နွန်သည် ကြယ် ၇ ပွင့် ဓားသခင်ဖြစ်ကာ ခေါင်းဆောင်သည် ကြယ် ၇ ပွင့်ဝိညာဉ်သခင်ဖြစ်သည်။ သူ့ ခွန်အားသည် သူမနှင့်ပင် ယှဉ်မရပေ။ မွန်မြတ်တဲ့သားရဲလက်ထဲကနေ ဘယ်လိုလုပ် ဝိညာဉ်နဂါးမောက်သီးကို လုနိုင်မှာလဲ။

“သခင်ကြီး တကယ်တော့ ဒီတောင်ကြားမှာ ဝိညာဉ်နဂါးမောက်သီး တစ်လုံးပဲသီးတာမဟုတ်ဘူး.. နှစ်တိုင်း ဝိညာဉ်နဂါးမောက်သီးယူဖို့ ဒီတောင်ကြားကို လာနေကျပဲ.. တခြားအကြောင်းတွေလည်းသိတယ်.. ဒီအချိန် လောက်ဆို မှည့်ပြီလား.. ဘယ်နလုံးလောက်မှည့်မှာလဲ ပုံမှန်ဆို နှစ်လုံးမှည့် တယ် အဲလိုမျိုးပေါ့” ခေါင်းဆောင်ပြောလေသည်။

“နှစ်လုံးမှည့်တယ်ဟုတ်လား” ပေထင်းဟွမ်သည် အံ့ဩသွားသလို ပျော်ရွှင်သွားသည် “ကောင်းတယ် အမှန်အတိုင်းပြောရရင် ဝိညာဉ်နဂါးမောက် သီးက ကျွန်တော့်အတွက်လည်း အရေးကြီးတယ်.. တစ်လုံးတည်းဆိုရင် အညီအမျှခွဲမရမှာကို စိုးရိမ်နေတာ”

***

All Chapters