ရှီဟို့အမှုန့်
Vol. 5 Ch. 97
တိုင်နွန်သည် မရယ်ဘဲမနေနိုင်တော့ပေ။ သူသည် ပေထင်းဟွမ်၏ ကိုယ်ရည်ကိုယ်သွေးကို သဘောကျသည်။ သူမသည် သန်မာကာ ပွင့်လင်းသည်။ ဝိညာဉ်နဂါးမောက်သီးသည် အမှန်တကယ်ပင် ပစ္စည်းကောင်း ဖြစ်သည်။ အားလုံးလိုချင်ကြသည်။ သူမ၏ ရိုးသားသောစကားများသည် အဖွဲ့ဝင်များအားလုံးကို လေးစားသွားစေသည်။ “စိတ်မပူပါနဲ့ သခင်ကြီး အနည်းဆုံးတော့ ဝိညာဉ်နဂါးမောက်သီးက နှစ်လုံးမှည့်တယ်.. တစ်လုံးထဲရှိရင် တောင် သခင်ကြီးယူလိုက်ပါ.. သခင်လေးက ကျုပ်တို့ကယ်တင်ရှင်ပဲ.. ကျုပ်တို့ က ဘယ်လိုလုပ်လုနိုင်မှာလဲ”
ပေထင်းဟွမ်သည် ခေါင်းခါလိုက်သည် “ကျွန်တော်က လူကောင်းမဟုတ် ပေမဲ့ ကြင်နာမှုကို ပြန်ယူရလောက်အောင် ဘာမှလုပ်ခဲ့တာလည်းမဟုတ်ဘူး”
ပေထင်းဟွမ်၏ တိုက်ကွက်တိုင်းမှ သူမ၏အားကောင်းသော တိုက်ခိုက်မှု စွမ်းရည်ကို ခေါင်းဆောင်သိသည်။ ပေထင်းဟွမ်သည် မှော်သားရဲတောနှင့် အလွန်ရင်းနှီးသည်။ သူမသည် မှော်သားရဲတောတွင် အချိန်အတော်ကြာအောင် လေ့ကျင့်ထားသည်ကို သူ ပြောနိုင်သည်။ မှော်သားရဲတောတွင် ရှင်သန်နိုင်သူ သည် ဘာကြောင့် ကြင်နာပြီး ကျိုးနွံနေသည်ကို မသိပေ။ ပေထင်းဟွမ်ကဲ့သို့ အေးစက်သောလူကို ချန်လှပ်ထား၍မရပေ။
ပေထင်းဟွမ်သည် သူတို့အပေါ် ဘာကြောင့် ကောင်းပေးနေသည်ကို သူ မသိသော်လည်း ဤလူငယ်သည် သူတို့စိတ်ကိုအောင်နိုင်သွားသည်မှာ အမှန်ပင်။ သူသည် ပေထင်းဟွမ်အား ထပ်မံအရိုအသေပြုကာ ပြောလိုက်သည် “သခင်ကြီး ကျုပ်တို့ ဝိညာဉ်နဂါးမောက်သီးရှာတယ်ဆိုတာက အပြင်က အေ အဆင့်တာဝန်ပေးလိုက်လို့ပါ.. ကျုပ်တို့ ဒီတာဝန်ကို မလုပ်လည်းရပါတယ် ကြက်ပျံ အကောင် ၇၀ သတ်တာနဲ့တင် ကျန်တဲ့တာဝန်တွေကို လွှဲပေးဖို့ လုံလောက်နေပါပြီ.. ကျုပ်တို့က ခင်ဗျားထက် အားနည်းပါတယ်.. ခင်ဗျား လမ်းကိုဦးဆောင်ပေးတာနဲ့တင် ကျုပ်တို့အတွက်ဂုဏ်ယူစရာဖြစ်နေပါပြီ”
ခေါင်းဆောင် နောက်နေခြင်းမဟုတ်သည်ကို ပေထင်းဟွမ်သိသည်။ သူမ သည် စိတ်ထဲမှ သက်ပြင်းချမိသည်။ တကယ့်ကို အစ်ကိုကြီးချင်ယွိရဲ့ အဖွဲ့ပဲ။ သူတို့သည် သူ့ကို သစ္စာရှိကြသည် “ဟုတ်ပြီ အတူသွားပြီး အရင်ဆုံး ဝိညာဉ် နဂါးမောက်သီးကိုရအောင်ယူမယ်.. နောက်တစ်လုံးရှိရင် တာဝန်အတွက် ခင်ဗျားတို့ကိုပေးပါမယ်”
အားလုံးရင်းနှီးကြသည့် ဝိညာဉ်နဂါးမောက်သီးကို မှော်သားရဲများ၊ စွန့်စားမှုများနှင့် ကြေးစားအဖွဲ့တို့မှ ဝန်းရံထားကြသည်။ ရှင်းထျန်ကြေးစား အဖွဲ့တွင် အယောက် ၅၀ ကျော်သည်။ သို့သော် ဒါဇင်မျှသာလူသည် အဝေးမှ ထောက်လှမ်းနေသည်။ အစိမ်းရောင်ဝတ်အဘိုးကြီးနှင့် စပါတာတို့သည် ကျောက်တုံးခပ်မြင့်မြင့်ပေါ်တွင် ရပ်ကာ အစိမ်းရောင်သစ်ရွက်များအကြား၌ ဖုံးကွယ်နေသည့် ဝိညာဉ်နဂါးမောက်သီးကို စိုက်ကြည့်နေကြသည်။ သစ်ရွက်များသည် တဖြည်းဖြည်းဖွင့်ဟလာပြီး ထူးခြားသောရနံ့များပျံ့လွင့်လာ ရာ ပတ်ပတ်လည်မှ မှော်သားရဲများသည် မာန်ဟိန်းကြလေသည်။
လူ အယောက် ၅၀ ကျော်ဝင်လာခဲ့ကြသော်လည်း ဒါဇင်မျှသာ အသက်ရှင်ခဲ့သည်။ သူတို့တောင်ကြားသို့ဝင်သည်နှင့် အလောင်းစားနတ်မိစ္ဆာ ကျီးကန်းများသည် သူတို့ကို ဝိုင်းထားကြသည်။ အလောင်းစားနတ်မိစ္ဆာ ကျီးကန်းများသည် မှော်သားရဲများထဲတွင် အလွန်ရက်စက်သည့် မှော်သားရဲ များဖြစ်ကြသည်။ သူတို့သည် လူကိုသတ်ပြီး နည်းနည်းချင်းစီစားသုံးသည်။ သူတို့သည် အလောင်းများကို တစ်နှစ်ပတ်လုံးစားသောက်ကြသဖြင့် သူတို့ ခန္ဓာကိုယ်မှ အနံ့အသက်များကို အဝေးမှပင်ရနိုင်သည်။ ဤအရာကပင် အလောင်းစားနတ်မိစ္ဆာကျီးကန်းများကို ရှောင်ရှားရန် အဆင်ပြေစေသည်။
ရှင်းထျန်ကြေးစားအဖွဲ့သည် ဂရုတစိုက်နှင့် ရှောင်ရှားခဲ့ကြသည်။ သူတို့ မည်မျှပျံသန်းပါစေ အလောင်းစားနတ်မိစ္ဆာကျီးကန်းများ ရှာတွေ့လိမ့်မည်ဟု မည်သူထင်မိမည်နည်း။ လမ်းတစ်လျှောက်တွင် မှော်သားရဲများသည် သူတို့ကို ပစ်မှတ်ထားကာ တိုက်ခိုက်သည်ကိုတော့ ထည့်ပြောရန်မလိုတော့ပေ။
အစိမ်းရောင်ဝတ်အဘိုးကြီးသည် ဗဟုသုတစုံသောလူဖြစ်သည်။ သူသည် ဤပုံမှန်မဟုတ်သော အပြုအမူကြောင့် ထူးဆန်းသည်ဟု ခံစားနေရသည်။ ထပ်ပေါင်းပြောရလျှင် ထိုပုံမှန်မဟုတ်ခြင်းများသည် ပေထင်းဟွမ်နှင့် လမ်းခွဲ လိုက်ကတည်းက စတင်ခဲ့သည်။ ဂရုတစိုက်စစ်ဆေးပြီးနောက် သူတို့ခန္ဓာကိုယ် မှ ရှီဟို့အမှုန့်အနံ့ကို ရခဲ့သည်။ ထိုအမှုန့်နည်းနည်းကလေးကပင် မှော်သားရဲ အုပ်ကြီးကို ဒေါသထွက်စေပြီး ရက်စက်စေကာ သွေးဆာသွားစေသည်။
လမ်းတစ်လျှောက်တွင် သူတို့သည် ပေထင်းဟွမ်နှင့်သာ အပတ်အသက် ရှိခဲ့သည်။ သူမအပြင် တခြားလူမရှိပေ။
အစိမ်းဝတ်အဘိုးကြီးနှင့် စပါတာတို့သည် သေတွင်းမှလွတ်ခဲ့သည်။ သူတို့စိတ်ထဲမှ နာကြည်းမှုသည် ဒီရေကဲ့သို့တိုးလာသည်။ သူတို့နှစ်ယောက် သည် ပေထင်းဟွမ်အား မုန်းတီးစွာဖြင့် အံကြိတ်လိုက်ကြသည်။
***