← Chapters

မျက်နှာချင်းဆိုင်

Vol. 5 Ch. 98

မျက်နှာချင်းဆိုင်

Vol. 5 Ch. 98

“သောက်ကောင်.. ဒီဝိညာဉ်နဂါးမောက်သီးတာဝန်ပြီးတာနဲ့ တစ်တိုက် လုံးရှာရင်ရှာရပါစေ အဲကောင်ကို သတ်ပစ်မယ်” စပါတာသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ ထိုကောင်လေး သူတို့ မည်သို့ လုပ်လိုက်သည်ကို ယခုအချိန်ထိမသိသော်လည်း သူသည် အလောင်းစား နတ်မိစ္ဆာကျီးကန်းအုပ်ကြီးကို ရန်စကာ သူတို့နောက်သို့လိုက်စေပြီး သူတို့မှာ တော့ ကြွက်များကဲ့သို့ ထွက်ပြေးနေရသည်။ ယခုအခါ အယောက် ၅၀ ကျော် သောသူတို့အဖွဲ့သည် ၁၀ ယောက်သာကျန်ခဲ့သည်။ စပါတာသည် အိပ်ပင်မအိပ်နိုင်တော့ပေ။

“ဟင်း ဒီတောင်ကြားကို ငါတို့တွေစောင့်ကြပ်နေသရွေ့ သူ ငါတို့လက်ထဲ ကနေ မလွတ်နိုင်ပါဘူး” အစိမ်းရောင်ဝတ်အကြီးအကဲ ပြောလေသည်။ သူသည် နှစ်ပေါင်းများစွာနေလာခဲ့ရာ ဤကဲသို့ဆုံးရှုံးမှုကြီးကို တစ်ခါမှ မခံစား ဖူးပေ။ ထိုကလေးသည် အသက် ၁၄ နှစ်၊ ၁၅ နှစ်အရွယ်ဖြစ်သော်လည်း သူ ခံလိုက်ရ၏။ သူသည် စကားချိုကာ တိုက်ခိုက်ရန်မတွေဝေတတ်ပေ။

သူပြောလိုက်သည်နှင့် အရိပ်မည်းတစ်ခုသည် သူ့ရှေ့တွင်ပေါ်လာသည်။ အစိမ်းရောင်ဝတ် အဘိုးကြီးသည် ထခုန်လေသည် “အဲကလေး ရောက်လာပြီ”

စပါတာသည် ဝိညာဉ်နဂါးမောက်သီးကိုပင် စိတ်မဝင်စားတော့ဘဲ အစိမ်းရောင်ဝတ်အဘိုးကြီး၏ အနောက်သို့ပြေးလာခဲ့သည်။ အချိန်အတော် ကြာအောင် ပြေးလာပြီးနောက် သူ၏စိတ်ထဲတွင် အကြိမ်ပေါင်းများစွာ ကျိန်ဆဲဖူးသည့် ပုံရိပ်တစ်ခုကိုမြင်လိုက်ရ၏။  အနက်ရောင်ဝတ်ရုံသည် လေထဲတွင်လွင့်နေပြီး ပိန်ပါးသောပုံရိပ်သည် မတ်တတ်ရပ်နေသည်။ သူသည် သူတို့လာနေသည်ကိုမြင်ရာ တောင်ကမူငယ်တစ်ခုပေါ်တွင်ရပ်ပြီး သူတို့ကို စောင့်နေ၏။

အစိမ်းရောင်ဝတ်အဘိုးကြီးကြည့်သော အကြည့်ကိုမြင်သည်နှင့် ထိုအဘိုးကြီးသည် သူမနောက်ကိုလိုက်နေခြင်းဖြစ်သည်ကို ပေထင်းဟွမ်သိ လိုက်သည်။ သူ လိုက်သည်ကိုခံနေရသည်ထက် မျက်နှာချင်းဆိုင်လိုက်သည်က ပိုကောင်း၏။ ကြယ် ၂ ပွင့်အဆင့်တက်ပြီးနောက် သူမ၏ ခွန်အားမှာ မည်သည့် အဆင့်သို့ရောက်နေပြီကို သူမလည်းသိချင်သည်။ ပေထင်းဟွမ်သည် လက်ထဲတွင် ဓားရှည်ကို ကိုင်ကာရပ်နေသည်။ ခေါင်းဆောင်နှင့် တခြားသူများ သည် သူမ၏အနောက်၌ ရပ်နေကြသည်။ သူတို့သည် ရန်လိုနေသော အဘိုးကြီးကိုမြင်သောအခါ နိုးကြားမှုကို မြှင့်တင်ကာ ပြင်းထန်သည့်တို က်ပွဲဆင်နွှဲရန် အသင့်ပြင်ထားကြသည်။

အဓိကကြေးစားအဖွဲ့ကြီး သုံးဖွဲ့ထဲမှ တစ်ခုအနေနှင့် ရှင်းထျန်ကြေးစား အဖွဲ့နှင့် နှင်းဝံပုလွေကြေးစားအဖွဲ့တို့သည် အမြဲတစေတစ်ဦးနှင့်တစ်ဦး ရန်ငြိုး များရှိခဲ့သည်။ ပဋိပက္ခများ မကြာခဏဆိုသလိုဖြစ်ခဲ့သည်။ သဘာဝကျကျပင် ရှင်းထျန်၏တာဝန်မှာ ဝိညာဉ်နဂါးမောက်သီးကို ယူရန်ဖြစ်သည်ကို ခေါင်းဆောင်သိသည်။ ယခုအခါ အဖွဲ့နှစ်ဖွဲ့သည် မျက်နှာချင်းဆိုင်တွေ့လေပြီ။ သူတို့သည် အစိမ်းရောင်ဝတ်ထားသော အဘိုးကြီး၏ခွန်အားကို မမြင်နိုင်လျှင် တောင် နှင်းဝံပုလွေကြေးစားအဖွဲ့၏ ဂုဏ်သိက္ခာသည် သူတို့ကို နောက်ဆုတ် ခွင့်မပြုပေ။

“သခင်ကြီး အဲဒါက ရှင်းထျန်ကြေးစားအဖွဲ့ပဲ.. သူတို့က ကျုပ်တို့ကို လာတားတာဖြစ်မယ်.. ရှေ့က အစိမ်းရောင်ဝတ်ထားတဲ့ အဘိုးကြီးက အားမနည်းဘူး.. သခင်ကြီး ဒါက ကျုပ်တို့ကြေးစားအဖွဲ့နှစ်ခုကြးက စစ်ပွဲပဲ.. သခင်ကြီးအတွက် တိုင်နွန်ကို ဝိညာဉ်နဂါးမောက်သီးသွားယူခိုင်းလိုက်မယ်.. သခင်ကြီးက သူတို့မရောက်ခင် သွားလိုက်ပါ” ခေါင်းဆောင်သည် စိတ်ရင်းနှင့် ပြောလေသည်။

“မဟုတ်သေးဘူး ခေါင်းဆောင်.. ခေါင်းဆောင်ပဲ ဝိညာဉ်နဂါးမောက်သီး သွားယူလိုက်ပါ ကျွန်တော် ဒီမှာနေမယ်” တိုင်နွန်သည် ဆန့်ကျင်နေသည်။ အစိမ်းရောင်ဝတ်အဘိုးကြီး၏ ခွန်အားမှာ ကြည့်လိုက်သည်နှင့် သိသာသည်။ သူ့အပေါင်းအဖော်တွေကို ပစ်ထားပြီး သူတစ်ယောက်တည်း ဘယ်လိုလုပ် ထွက်ပြေးနိုင်မလဲ။

ပေထင်းဟွမ် အဝတ်ကိုခါပြီး ထွက်သွားသည်အထိ သူတို့နှစ်ယောက်မှာ စကားနိုင်လုနေတုန်းပင်။ သူမ၏ ကြည်လင်သောမျက်လုံးများသည် ကျဉ်းမြောင်းသွားပြီး အစိမ်းရောင်ဝတ်အဘိုးကြီးနှင့် စပါတာကို အကဲခတ်နေ သည်။ သူမ ပြုံးပြီးပြောလိုက်သည် “သခင်ကြီး သခင်စပါတာ ဘာဖြစ်လို့လဲ”

သူတို့နှစ်ယောက်သည် သူဖုန်းစားများကဲ့သို့ ဝတ်ဆင်ထားကာ ဝတ်ရုံများ မှာလည်း အပိုင်းပိုင်း စုတ်ပြဲနေသည်။ သူတို့သည် အလောင်းစားနတ်မိစ္ဆာ ကျီးကျန်းများ၏ လက်ထဲမှ ထွက်ပြေးရင်းမှ များစွာခံစားခဲ့ရသည်မှာ ထင်ရှား လွန်းသည်။ အစိမ်းရောင်ဝတ်အဘိုးကြီးသည် ပေထင်းဟွမ်အား အေးစက်သော မျက်လုံးတစ်စုံဖြင့် ကြည့်လေသည်။ ထိုအကြည့်သာ လူသတ်နိုင်လျှင် ပေထင်းဟွမ်သည် အကြိမ်ပေါင်းထောင်ချီသေနိုင်လောက်သည်။ သူသည် လက်ကိုမြှောက်လိုက်ရာ သူ၏လက်ဖျံတွင် သွေးအမှတ်အသားများစွာရှိနေ လေသည်။ ထိုဒဏ်ရာများသည် အလောင်းစားနတ်မိစ္ဆာကျီးကန်းများကြောင့် ရလာသည်မှာ ထင်ရှားလွန်းသည် “ကောင်စုတ်လေး ငါ မင်းကို စိတ်ရင်းနဲ့ ဆက်ဆံပေးတာကို ငါ့နောက်ကျောကို ဓားနဲ့ထိုးသွားတယ်.. ငါ့ကို အမှန်အတိုင်းပြော မင်း ငါ့ပေါ်ကို ရှီဟို့အမှုန့်ဖြူးသွားတာလား”

***

All Chapters