← Chapters

ဘုရင် ဂုဏ်ပုဒ်

Vol. 70 Ch. 969

ဘုရင် ဂုဏ်ပုဒ်

Vol. 70 Ch. 969

အမြဲလိုလို တိတ်ဆိတ်နေတတ်သည့် ယွီလောက မိုဝူကျိအား ခေါင်းညိတ်ပြလိုက်သည်။ မိုဝူကျိ စိတ်ထဲ လေးလံမိသွားတော့သည်။ သူက ထိုအရာနှင့် ပတ်သတ်၍ ခံစားချက် ဆိုးနေမိသည်။ အကြောင်းမှာ ယွီလော၏ မျက်ဝန်းထဲ၌ အားနာမှုကို မြင်တွေ့လိုက်ရ၍ ဖြစ်သည်။ ချီခွန်း မျက်ဝန်း၌လည်း မြင်တွေ့လိုက်ရသေးသည်။

အစပိုင်းတွင် ချီခွန်းက သူ့အား ဆိုင်ကောင်းကောင်း မရှာပေးနိုင်သည့်အတွက် အောင်းမျိုးနွယ်စုနှင့် ပတ်သတ်စေရသည်ဟု အားနာနေခြင်း ဖြစ်မည်ဟု ထင်မှတ်ထားခဲ့သည်။ သို့သော် ကိစ္စများကို ခြုံငုံကြည့်ပါက ချီခွန်းနှင့် ယွီလောတို့၏ အပြစ်ရှိစိတ်က ဆိုင်ကြောင့် မဟုတ်လောက်ပေ။

“ နတ်ဘုရားဘုရင် ရှန်းမင် … ဒါပြောဖို့ ရောက်လာတာလား ” အောင်းမျိုးနွယ်၏ နတ်ဘုရားဘုရင် ကွမ်းမိ၏ လေသံက တည်ငြိမ်လှ၏။ ကျင့်ကြံဆင့်အားဖြင့် သူနှင့် နတ်ဘုရားဘုရင် ရှန်းမင်တို့သည် အတူတူလောက် ဖြစ်ကြပြီး နှစ်ယောက်လုံးမှာ နတ်ဘုရားဘုရင် အဆင့် ၄ ဖြစ်ကြသည်။

သို့သော်လည်း အောင်းမျိုးနွယ်နှင့် မိုးကောင်းကင်ဂိုဏ်းကြားရှိ ခြားနားချက်မှာ ထိုမျှ မရိုးရှင်းပေ။ ထို့အပြင် အောင်းမျိုးနွယ်စုနှင့် မိုးကောင်းကင်ဂိုဏ်းသည် ခွဲမရအောင် ဆက်နွယ်နေသေး၏။ အောင်းမျိုးနွယ်စု မျိုးနွယ်စုဝင် အများစုက မိုးကောင်းကင်ဂိုဏ်း၏ ထိပ်သီးပိုင်းများ ဖြစ်ကြသောကြောင့် မိုးကောင်းကင်ဂိုဏ်းအတွင်း အောင်းမျိုးနွယ်စုသည် အင်အားစု တစ်ခု အဖြစ် ယူဆ၍ ရပေသည်။

ချီခွန်းက မိုဝူကျိအား မျက်စပစ်ပြလိုက်၏။ မိုဝူကျိက နတ်ဘုရားဘုရင် ရှန်းမင်အား မြန်မြန် နှုတ်ဆက်ကာ ဖြစ်စဉ် အပြည့်အစုံကို ရှင်းပြလိုက်သည်။

မိုဝူကျိ စကားကို ကြားပြီးနောက် နတ်ဘုရားဘုရင် ဟွမ်းမိက မထူးမခြားနား ပြောလိုက်သည်  “ မင်းရဲ့ အဌားစာချုပ်ကိ ထုတ်စမ်း ”

အဆင့်မြင့် ကျင့်ကြံသူတစ်ယောက်အနေနှင့် လူအိုကြီး ရှင်း တွေးနေသည့်အရာများကို မည်သို့ မသိဘဲ နေမည်နည်း။ လူအိုကြီးရှင်းက ထွက်သွားချင်သည်မှာ ကြာမြင့်လှလေပြီ။ သို့သော်လည်း သူက အကြောင်းပြချက် ရှာမတွေ့နိုင်သောကြောင့် ကြားနေ အချောင်ခံရမည့်သူကို ရှာလိုက်ခြင်း ဖြစ်၏။

အောင်းမျိုးနွယ်စုက လူအိုကြီးရှင်းကို လွတ်ပေးလိုက်သည့် အကြောင်းအရင်းမှာ သူတို့အနေနှင့် လူအိုကြီးရှင်းဆီမှ အသက်ဓာတ်စွတ်ပြုတ် ထပ်၍ မရနိုင်တော့မှန်း သိ၍ ဖြစ်သည်။ ထို့ကြောင့် သူတို့က လူအိုကြီးရှင်းအား နတ်ဘုရားဘုရင် ဂုဏ်သိက္ခာကို ထောက်ထားရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

အကယ်၍ လူအိုကြီးရှင်းသာ အသက်ဓာတ်စွတ်ပြုတ်အတွက် ဆေးပင် ရှိနေသေးပါက ကြားခံရမည့်သူက မည်သူ ဖြစ်နေစေကာမူ အောင်းမျိုးနွယ်စုက လွတ်ပေးမည် မဟုတ်ပေ။

မိုဝူကျိက သဘောတူစာချုပ်ကို ထုတ်လိုက်သော်လည်း နတ်ဘုရားဘုရင် ကွမ်းမိဆီ မပေးဘဲ ချီခွန်းဆီသာ ပေးလိုက်၏။ ချီခွန်းက နတ်ဘုရားဘုရင် ရှန်းမင်ဆီ ပေးလိုက်သည်။

နတ်ဘုရားဘုရင် ဟွမ်းမိ မျက်ဝန်းထဲ  ပဓာနမထားသည့် အရိပ်အယောင် ပေါ်လာသည်။ အကယ်၍ လူအိုကြီးရှင်းသည် သင့်တော်သည့် သဘောတူစာချုပ်ကို မပြင်ဆင်ထားနိုင်ခဲ့လျှင် သူက နှစ်အကြာကြီး အလကားသပ်သပ် ဖြုန်းမိသွားခြင်းသာ ဖြစ်ပေသည်။

နတ်ဘုရားဘုရင် ရှန်းမင်က ကျောက်စိမ်းပေလွှာကို အကြိမ်များစွာ ဖတ်ရှုပြီးနောက် ရိုးရိုးရှင်းရှင်း ထုတ်ပြောလိုက်သည်  “ မိုဝူကျိက အောင်းမျိုးနွယ်စုကို အသက်ဓာတ်စွတ်ပြုတ်ပေးဖို့ တာဝန် မရှိဘူး ”

“ မဖြစ်နိုင်တာ ” နတ်ဘုရားဘုရင် ကွမ်းမိ၏ မျက်နှာထားက အကြီးအကျယ် ပြောင်းလဲသွားတော့သည်။

နတ်ဘုရားဘုရင် ရှန်းမင်က လက်ထဲမှ ကျောက်စိမ်းပေလွှာကို နတ်ဘုရားဘုရင် ကွမ်းမိဆီ ပေးလိုက်ပြီး “ ခင်ဗျားကိုယ်တိုင် ကြည့်ကြည့် …. ကျုပ် မျက်လုံးတွေက အသက်ကြီးပေမဲ့ ကောင်းကောင်း အလုပ်လုပ်တုန်းဆိုတာ သေချာတယ် ”

နတ်ဘုရားဘုရင် ကွမ်းမိ၏ စိတ်စွမ်းအားက ကျောက်စိမ်းပေလွှာပေါ် ရောက်ရှိလာသည်နှင့် ချက်ချင်းဆိုသလို သူ့အမူအယာ ပျက်ယွင်းသွားတော့သည်။ ကျောက်စိမ်းပေလွှာပေါ်၌ မည်သည့် မသမာသည့် နည်းလမ်းမျိုး ရှိမနေသလို အောင်းမျိုးနွယ်စုအား အသက်ဓာတ်စွတ်ပြုတ် ပေးရန်အကြောင်းလည်း မပါရှိပေ။ အောင်းမျိုးနွယ်နှင့် ပတ်သတ်၍ တစ်ခုတည်းသော ပြောထားသည့် အကြောင်းမှာ ဆိုင်သည် အောင်းမျိုးနွယ် အပိုင် ဖြစ်ကြောင်းသာ ဖြစ်၏။

“ အရမ်းကောင်းတယ် ရှင်းပိုင်ရှန်း …. ငါ့အောင်းမျိုးနွယ်က မင်းအရိုးတွေကို တစစီ လုပ်ပြီးတော့ အမှုန့်ဖြစ်အောင် လုပ်ပစ်မယ် ”  နတ်ဘုရားဘုရင် ကွမ်းမိက လက်သီးဆုပ်ကာ ကျောက်စိမ်းပေလွှာအား ပြာအဖြစ် လောင်ကျွမ်းပစ်လိုက်၏။

နတ်ဘုရားဘုရင် ရှန်းမင်က အေးစက်စွာ ပြောလိုက်သည်  “ ကွမ်းမိ ဒါက ဘာသဘောလဲ ”

နတ်ဘုရားဘုရင် ကွမ်းမိက တည်တည်ငြိမ်ငြိမ်ဖြင့်  “ အောင်းမျိုးနွယ်က ဆိုင်လေးတစ်ခုအတွက် နောင်တရနေမှာ မဟုတ်ဘူး။ ဒီနေ့ကစပြီးတော့ ဒီဆိုင်ရဲ့ တစ်နှစ်တာ လုပ်ပိုင်ခွင့်က မိုဝူကျိ အပိုင်ပဲ။  ငါ့အောင်းမျိုးနွယ်ကို ဘာမှပေးစရာ မလိုတော့ဘူး ”

ထိုသို့ပြောပြီးနောက် သူက မိုဝူကျိအား အေးစက်စွာ ကြည့်လိုက်ရင်း “ တစ်နှစ်ကြာပြီးရင်တော့ မင်း တတ်နိုင်သမျှ ဝေးဝေးသာ ပြေးပေတော့ ”

မိုဝူကျိ၏ အောင်းမျိုးနွယ်အပေါ် အမြင်မှာ နိမ့်ကျသွားတော့သည်။ အကယ်၍ သူသာ လုံလုံလောက်လောက် အားကောင်းနေပါက ထိုခွေးသားအား တစ်ချက်တော့ ဘယ်ပြန်ညာပြန် ချပစ်လိုက်မည်။

ထိုနတ်ဘုရားဘုရင် ရှင်းပိုင်ရှန်းလည်း အောင်းမျိုးနွယ်၏ အလိမ်အညာ မိသွားခြင်းသာ ဖြစ်ပြီး အသက်ဓာတ်စွတ်ပြုတ်များစွာ ပေးခဲ့ရခြင်း ဖြစ်လိမ့်မည်။ ယခု သူက ထွက်သွားပြီ ဖြစ်သော်လည်း  အောင်းမျိုးနွယ်က သူ့အရိုးများအား အမှုန့်လုပ်ပစ်လိုနေဆဲ ဖြစ်သည်။ ဤအောင်းမျိုးနွယ်ကား စိတ်ထား ယုတ်မာလှသည်မှာ သိသာလှသည်။

လူအိုကြီးက သူ့အား လိမ်ညာခဲ့သော်လည်း သူ့အနေနှင့် မသက်မသာ ခံစားမိနေဆဲ ဖြစ်သည်။ သူတို့ကြားရှိ အကြီးဆုံး အမှိုက်သရိုက်မှာ အောင်းမျိုးနွယ်သာ ဖြစ်၏။

မိုဝူကျိအား စိတ်ပျက်သွားစေသည်က မိုးကောင်းကင်ဂိုဏ်းသည်လည်း နတ်ဘုရားဘုရင် လွှတ်လိုက်၍ အောင်းမျိုးနွယ်က လူအိုကြီးကို ပြန်ဖမ်းမည့်အစား သူ့အား ဆိုင်စီမံခွင့် တစ်နှစ်တာ ပေးလိုက်ရခြင်း ဖြစ်ပေသည်။ အကယ်၍ သူတို့သာ လူအိုကြီးကို ပြန်မဖမ်းလာလျှင် မိုဝူကျိအနေနှင့် အဆင့် ၅ ဆေးပင် ရရှိဖို့ အခွင့်အရေးကိုလည်း လက်လွှတ်လိုက်ရမည် ဖြစ်၏။

တချို့သော အကြံအစည်များက စိတ်ကူးများ၌သာ အောင်မြင်တတ်သည်။ သူ့အကြံအစည် အရှေ့ပိုင်းသာ အဆင်ပြေပြေ ဖြစ်နေသော်လည်း နတ်ဆေးပင် တစ်ပင်မှ မရလိုက်ချေ။

နတ်ဘုရားဘုရင် ကွမ်းမိနှင့် အောင်းမျိုးနွယ်မှ အစောင့်များက ထွက်သွားကြတော့သည်။ နတ်ဘုရားဘုရင် ရှန်းမင်က မိုဝူကျိအား ခေါင်းညိတ်ပြလိုက်ပြီးနောက် ယွီလောနှင့်အတူ ထွက်ခွာသွားတော့သည်။ သူက ချီခွန်းကြောင့် ရောက်ရှိလာခြင်း မဟုတ်ဘဲ ယွီလောက သူ့အကူအညီ တောင်းခံနေ၍သာ ဖြစ်၏။

အားလုံး ထွက်သွားပြီးနောက် ချီခွန်းက လက်နှစ်ဖက် ယှက်ကာ  “ ဆေးလုံးဆရာမို တကယ်တော့ ကျုပ် ခင်ဗျားကို လာတောင်းပန်တာပါ ”

မိုဝူကျိက ဤသို့ ဖြစ်လာနိုင်ခြေအား မှန်းဆထားပြီးသား ဖြစ်၏။ သို့သော်လည်း သူက ပြန်ပြောလိုက်သည်  “ အစ်ကိုချီက ကျုပ်ကို အကြီးကြီး ကူညီပေးထားတာပါ။ ကျုပ်က ခင်ဗျားကို ကျေးဇူးတင်ရမှာပါဗျာ ”

ချီခွန်းက ခေါင်းခါကာ နိဗ္ဗာန် အသိပညာရပ်ကျောင်းတော်၏ စစ်ဆေးမှု ပုံစံ ပြောင်းလဲသွားသည့် အကြောင်းနှင့် သူ့ဂိုဏ်းအကြောင်း ရှင်းပြလိုက်သည်။ ထို့နောက် သူက မိုဝူကျိ၏ တုံ့ပြန်မှုကို တိတ်တဆိတ် စောင့်ဆိုင်းနေလိုက်၏။ အကယ်၍ မိုဝူကျိက ဂိုဏ်း၏ တပည့်များအား နှင်းစက်စိမ်းဆန် စိုက်ပျိုးနည်းအကြောင်း မဝေမျှပေးလိုလျှင် မိုဝူကျိအား တိတ်တဆိတ် ထွက်သွားဖို့ ကူညီပေးဖို့ရာသာ တတ်နိုင်မည်။

သူနှင့် မိုဝူကျိကြားရှိ ဆက်ဆံရေးမှာ မဆိုးလှသော်လည်း သူ့မိုးကောင်းကင်ဂိုဏ်းက မိုဝူကျိအား အလွယ်လေး ထွက်သွားခွင့် ပေးမည် မဟုတ်ပေ။

မိုဝူကျိက တိတ်ဆိတ်သွားလေ၏။ နှင်းစက်စိမ်းဆန် စိုက်ပျိုးခြင်းသည် သူ့အတွက် အဓိပ္ပါယ်များစွာ မရှိသော်လည်း သူ့နည်းလမ်းကို မည်သို့ သင်ပေးရမည်နည်း။ သူက ထိပ်တန်းအဆင့် နှင်းစက်စိမ်းဆန် စိုက်ပျိုးနိုင်သော်လည်း သူ့တွင် သင်ပေးရန် နည်းလမ်း မရှိပေ။ အကယ်၍ သူက တပည့်များကို စပါးအား အရွက်ငါးလွှာမြက်နှင့် ကိုင်းကူးစိုက်ကြောင်း သင်ပေးပြီးလျှင်ပင် နောက်ဖြစ်စဉ်အား မည်သို့ သင်ပေးရမည်နည်း။

နှင်းစက်စိမ်းဆန်အား အရွက်ငါးလွှာမြက်နှင့် ကိုင်းကူးစိုက်ပျိုးပြီးသည့်နောက်တွင် နှင်းစက်စိမ်းဆန်အား အကြိမ်များစွာ ရွေ့ပြောင်းစိုက်ပျိုးရဦးမည် ဖြစ်သည်။ ဤရွေ့ပြောင်း စိုက်ပျိုးသည့် လုပ်ငန်းစဉ်ကား အပင်တစ်ပင်ချင်းစီ၏ သဘာဝငါးမျိုး အပေါ် မူတည်နေကာ သူ တစ်ယောက်တည်းသာ ထိုလိုအပ်ချက်များကို အာရုံခံနိုင်ပေသည်။ အကြောင်းမှာ သူ့တွင် စိတ်ဝိညာဉ် မျက်လုံး ရှိပြီး နှံစပါးပင် တစ်ခုချင်း၌ လိုအပ်နေသော သဘာဝဓာတ်ကို အလွယ်တကူ အာရုံခံနိုင်၍ ဖြစ်သည်။ သူက တခြားလူများကို ဤနည်းလမ်းအား မည်သို့ သင်ပေးရမည်နည်း။

“ ဆေးလုံးဆရာမို တကယ်လို့ အရမ်းခက်နေရင်လည်း  … ”

မိုဝူကျိက ချီခွန်း စကားကို ဖြတ်ပြောလိုက်သည်  “ အစ်ကိုချီက ကျုပ်ကို အများကြီး ကူညီပေးထားတာပါ။ ကျုပ်က နှင်းစက်စိမ်းဆန် စိုက်ပျိုးနည်းကို ဝေမျှပေးရမှာပေါ့ဗျာ ”

“ ဆေးလုံးဆရာမို ကျေးဇူးပါ ” ချီခွန်းက လက်နှစ်ဖက် ယှက်လျက် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်  “ ဆေးလုံးဆရာမို တကယ်လို့ တစ်ခုခု လိုတာ ရှိရင် ကျုပ် အကောင်းဆုံး ကြိုးစားပြီး ဂိုဏ်းကနေ တောင်းဆိုပေးပါ့မယ် ”

မိုဝူကျိ စိတ်ထဲ လှုပ်လှုပ်ရှားရှား ဖြစ်လာမိသည်။ သူက မြန်မြန် ပြောလိုက်၏  “ ကျုပ်က အဆင့် ၅ ဆေးပင် လိုအပ်နေတာ။ ခင်ဗျားတို့ဂိုဏ်းဆီက တချို့ တောင်းဆိုပေးလို့ ရမလား။ ခင်ဗျား ဘယ်လောက်ပဲ ရရ ကိစ္စမရှိပါဘူး။ အဲဒါတွေက ကျုပ်အတွက် အရမ်းကို အရေးကြီးလို့ပါ ”

အဆင့် ၅ နတ်ဆေးပင်များသည် မိုးကောင်းကင်ဂိုဏ်းအတွက် အလွန်အရေးကြီးသောအရာများ ဖြစ်၏။ မိုဝူကျိ လိုအပ်သော ဆေးပင်များက ဈေးနှုန်းမြင့်မားမနေလျှင်ပင် မိုးကောင်းကင်ဂိုဏ်းအနေနှင့် အားလုံးကို ပေးဖို့ရာကား ရိုးရှင်းသည့် ကိစ္စရပ် မဟုတ်ချေ။

ထိုသို့ဆိုလျှင်ပင် ချီခွန်းက ပြောလိုက်၏  “ ဆေးလုံးဆရာမို စိတ်ချနေပါ။ ကျုပ် ဂိုဏ်းကနေ အဆင့် ၅ ဆေးပင်တချို့ တောင်းဆိုပေးပါ့မယ်။ ဒါပေမဲ့ သူတို့က အဆင့် ၅ အစွန်းအဖျားနားက ဆေးပင်တွေ ဖြစ်ဖို့များတယ်။ သူတို့ဈေးနှုန်းက သိပ်မမြင့်လောက်ဘူး ”

မိုဝူကျိက အဆင့် ၅ နတ်ဆေးပင်များကို လေ့ကျင့်ရန် လိုအပ်နေခြင်း ဖြစ်၏။ ဈေးနှုန်းကို အဘယ်ကြောင့် ဂရုစိုက်နေရမည်နည်း။ သူက ထိုစကားများ ကြားလိုက်သောအခါ လက်နှစ်ဖက် ယှက်၍  “ အစ်ကိုချီကို ကျေးဇူးတင်ပါတယ်။ တကယ်လို့ အစ်ကိုဆီမှာ သွေးကြောမြစ်၊ မီးတောက်လှိုင်းဝါးနဲ့ အဖူးအပွင့် …. ”

ဤတစ်ကြိမ်၌ မိုဝူကျိ စကားမဆုံးခင်  သူ့အစ်မအား ကုသပေးရန် ခေါ်ဆောင်လာသည့် လူငယ်လေးက ဝင်ပြောလိုက်သည်  “ သမားတော်ကြီး … ကျုပ် အဲဒီဆေးပင်တွေကို ပြင်ဆင်ထားပြီးပါပြီ။ ကျုပ်က ဆေးလုံး ဖော်စပ်ပေးဖို့ ဆေးလုံးဆရာကို ရှာမတွေ့လို့ပါ။ နောက်ထပ် အဆင့် ၅ ဆေးပင်တွေလည်း  ကျုပ်ဆီမှာ တော်တော်များများ ရှိပါတယ် ”

မိုဝူကျိက ထိုစကားများ ကြားသောအခါ စိတ်ထဲ ဝမ်းသာမိသွား၏။ မကြာခင် သူက အကြောင်းအရာကို နားလည်သွားတော့သည်။ လူငယ်လေး၏ ကျင့်ကြံဆင့်မှာ သာမာန် ဖြစ်နေသော်လည်း အစ်မဖြစ်သူသည် သာမာန်နှင့် အလှမ်းကွာလွန်းလှပြီး လောကနတ်ဘုရား အထွတ်အထိပ်အဆင့် မဟုတ်ပါလော။ ဤသို့မျိုး အဆင့်မြင့် ကျင့်ကြံသူ၌ အဆင့် ၅ ဆေးပင်များစွာ ရှိနေသည်မှာ ပုံမှန်သာ ဖြစ်၏။

“ ဆေးလုံးဆရာမို တခြားဘာလိုသေးလဲ။ တကယ်လို့ ကိစ္စမရှိတော့ရင် နောက်သုံးရက်ကြာရင် ကျုပ်တို့ မိုးကောင်းကင်ဂိုဏ်းဆီ လာပြီး သင်ခန်းစာ ပို့ချပေးပါဦး။ ခင်ဗျားကို ခေါ်ဖို့ လူလွှတ်လိုက်ပါ့မယ်။ အဲလိုဆိုရင်ရော ဘယ်လိုလဲ ” ချီခွန်းက မိုဝူကျိဆီမှ မကျေမချမ်း ဖြစ်မှုကို မခံစားမိသောကြောင့် စိတ်သက်သာရာ ရသွားတော့သည်။

နှင်းစက်စိမ်းဆန်သည် အခြားသော အပင်များနှင့် မတူပေ။ အကယ်၍ လူတစ်ယောက်၏ စိတ်နှလုံး၌ မကျေနပ်မှုများနှင့် စိုက်ပျိုးလိုက်လျှင် ဒါမှမဟုတ် ထိုသို့ ခံစားချက်မျိုးနှင့် သင်ကြားပေးလိုက်လျှင် အစစ်အမှန် အနှစ်သာရကို ရရှိမည် မဟုတ်ပေ။

မိုဝူကျိက အနည်းငယ် မလိုလားဟန်ဖြင့် မေးလိုက်သည်  “ အစ်ကိုချီ … နိဗ္ဗာန် အသိပညာရပ်ကျောင်းတော်ကို ဝင်ဖို့ ဂိုဏ်းကို ကိုယ်စားပြုတာ အပြင် တခြားနည်းလမ်း မရှိတော့ဘူးလား ”

ချီခွန်းက သူ့အား မိုးကောင်းကင်ဂိုဏ်းသည် စစ်ဆေးမှု၌ ပါဝင်ရန် တပည့်ဆယ်ယောက် ရွေးချယ်ထားကြောင်းနှင့် ထိုဆယ်ယောက်မှာ ဂိုဏ်း၏ ပင်မတပည့်များ ဖြစ်ကြောင်း ပြောပြထားခဲ့သည်။ ထို့ကြောင့် သူ မိုဝူကျိက နှင်းစက်စိမ်းဆန်ကို အံ့အားသင့်ဖွယ် စိုက်ပျိုးနိုင်လျှင်ပင် မိုးကောင်းကင်ဂိုဏ်းအား ကိုယ်စားပြုနိုင်မည် မဟုတ်ချေ။

ချီခွန်းက စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ မိုဝူကျိ တစ်ယောက် နိဗ္ဗာန် အသိပညာရပ်ကျောင်းတော်၏ သေမျိုးနယ်မြေအား စိတ်ဝင်စားသည့် အကြောင်းအရင်းမှာ သူ့စကားများကြောင့် ဖြစ်၏။ ကံမကောင်းသည်က သူ့အနေနှင့် မိုဝူကျိအား များစွာ မကူညီပေးနိုင်ပေ။

ယခု မိုဝူကျိက ထုတ်မေးလိုက်၍ သူက ရှင်းပြလိုက်ရသည်  “ တကယ်တော့ နောက်ထပ် နည်းလမ်း နှစ်ခု ရှိသေးတယ်။ တစ်ခုက ရေရှည် နည်းလမ်းပေါ့ … အရင်ဆုံး နိဗ္ဗာန် အသိပညာရပ်ကျောင်းတော်ရဲ့ အပြင်စည်းဂိုဏ်းကို ဝင်လိုက် ပြီးရင် အမှတ်တွေစုဆောင်းပြီးတော့ တကယ့် တပည့်အစစ် ဖြစ်လာအောင် လုပ်ရမယ်။ ဆေးလုံးဆရာမိုက ဆေးလုံးတာအိုနဲ့ နှင်းစက်စိမ်းဆန် စိုက်ပျိုးတာမှာ ကျွမ်းကျင်တာဆိုတော့ နှစ်တစ်ထောင်အတွင်းမှာ ဂိုဏ်းရဲ့ ရမှတ်တွေနဲ့ တပည့်အစစ် တစ်ယောက် ဖြစ်လာနိုင်တယ် ”

“ အဲဆို ဒုတိယနည်းလမ်းကရော ” ပထမနည်းလမ်းကို ချက်ချင်း ပယ်ချလိုက်သည်။

နှစ်တစ်ထောင်တဲ့လား …. ထားလိုက်ပါတော့ …..

“ ဒုတိယနည်းလမ်းက အခုလာမဲ့ စစ်ဆေးမှုကို ပါဖို့ နည်းလမ်းကို ရှာရမယ်။ ခင်ဗျားက ဂိုဏ်းကို ကိုယ်စားမပြုနိုင်ပေမဲ့ နယ်လှည့်ကျင့်ကြံသူအနေနဲ့ ဝင်ပြိုင်လို့ ရတယ် ” ချီခွန်းက ဒုတိယနည်းလမ်းကို ရှင်းပြလိုက်သော်လည်း ဤနည်းလမ်းသည် မိုဝူကျိအတွက် ပိုခက်ခဲမည် ဖြစ်ကြောင်း သိပေသည်။

“ နယ်လှည့်ကျင့်ကြံသူ အနေနဲ့ ဘယ်လို ဝင်ပြိုင်နိုင်တာလဲ ” မိုဝူကျိက စိတ်အားတက်ကြွစွာ မေးလိုက်သည်။

ချီခွန်းက စိတ်ရှည်လက်ရှည် ရှင်းပြလိုက်သည်  “ နယ်လှည့်ကျင့်ကြံသူအနေနဲ့ ဝင်ပြိုင်နိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းက  နောက်သုံးလကြာရင် ကျင်းပမဲ့ မှော်ပညာရပ် တိုက်ပွဲမှာပဲ။ ထိပ်ဆုံး ဆယ်ယောက်က နိဗ္ဗာန် အသိပညာရပ်ကျောင်းတော်မှာ နယ်လှည့်ကျင့်ကြံသူတွေကို ကိုယ်စားပြု ဝင်ပြိုင်နိုင်လိမ့်မယ်။ ဒုတိယတစ်ခုက ဆေးလုံး၊ ပန်းပဲ၊ အစီအရင် ဒါမှမဟုတ် အဆောင်တာအိုတစ်ခုခုမှာ ဘုရင်ဂုဏ်ပုဒ် ရဖို့ပဲ။ နမူနာအနေနဲ့ဆိုရင် တကယ်လို့ ခင်ဗျားက အဆင့် ၅ ဆေးလုံးဘုရင် ဒါမှမဟုတ် အဆင့် ၅ အစီအရင်ဘုရင် ဖြစ်နေရင် စစ်ဆေးမှုမှာ နယ်လှည့်ကျင့်ကြံသူအနေနဲ့ ကိုယ်စားပြု ပြိုင်နိုင်လိမ့်မယ်

နယ်လှည့်ကျင့်ကြံသူတွေ အများကြီး ရှိတော့ သူတို့လည်း စစ်ဆေးမှုမှာ နေရာများများ ရနိုင်တာပေါ့။ စုစုပေါင်း နေရာသုံးဆယ်ပဲ … ဒါပေမဲ့ အဲဒီ နေရာသုံးဆယ်စာကို အထင်မသေးနဲ့။ နယ်လှည့်ကျင့်ကြံသူတွေကြားက ပြိုင်ပွဲက ဂိုဏ်းအတွင်းထက်တောင် ပိုပြင်းထန်သေးတယ် ”

“ အဲဆို ကျုပ်က ဘုရင်ဂုဏ်ပုဒ်ကို ဘယ်လိုရနိုင်လဲ ” မိုဝူကျိက မြန်မြန် မေးလိုက်သည်။

ချီခွန်းက ပြန်ဖြေလိုက်၏  “ နိဗ္ဗာန် အသိပညာရပ်ကျောင်းတော်က မိုးမြေအောက်က တာအိုအမျိုးမျိုးကို ထောက်ပံ့ပေးထားတာဆိုတော့ ကျင့်ကြံရေး တာအိုတင် မကဘူး။ ဆေးလုံးတာအို၊ ပန်းပဲတာအို၊ အဆောင်တာအို၊ အစီအရင် တာအိုနဲ့ တာအိုအမျိုးမျိုးကို နိဗ္ဗာန် အသိပညာရပ်ကျောင်းတော်က အသိအမှတ် ပြုပေးထားတယ်။ အဲဒါကြောင့်မလို့ နိဗ္ဗာန် အသိပညာရပ်ကျောင်းတော်က နိဗ္ဗာန်တာအိုမြို့ထဲမှာ တာအိုဂုဏ်ထူးဆောင် မျှော်စင်တွေ တည်ဆောက်ထားတယ်။ တကယ်လို့ အဲဒီ မျှော်စင်မှာ စိမ်ခေါ်ရင် ဘုရင်ဂုဏ်ပုဒ် ရဖို့ အခွင့်အလမ်း ရှိတယ် ”

“ အစ်ကိုချီ ကျေးဇူးပါ။ ကျုပ် အခု နားလည်သွားပြီ ” မိုဝူကျိက ချီခွန်းအား ကျေးဇူးစကားဆိုလိုက်သည်။ ချီခွန်း၏ စကားများအရ နိဗ္ဗာန် အသိပညာရပ်ကျောင်းတော် စစ်ဆေးမှု စတင်ရန် တစ်နှစ်မျှ အချိန် ရှိသေး၏။ ဤတစ်နှစ်တာက သူ့အနေနှင့် အဆင့် ၅ ဆေးလုံးဘုရင်အဆင့်သို့ တက်လှမ်းရန် လုံလောက်ပေသည်။ အကယ်၍ သူက အဆင့် ၅ ဆေးလုံးဘုရင် မဖြစ်လာနိုင်လျှင် အဆင့် ၅ နတ်ဘုရား အစီအရင်ဘုရင်အဖြစ် စိမ်ခေါ်ဖို့ ကြိုးစားကြည့်ရမည်။

***

All Chapters