ခင်ဗျားတို့အဖွဲ့ကနေ သင်ထားတာပဲ
Vol. 5 Ch. 99
“ဟဟုတ်တယ် ကောင်စုတ်လေး မင်း ငါနဲ့တစ်ယောက်ချင်း တိုက်နိုင်တဲ့ အရည်အချင်းရှိရင် အနောက်ကနေ ချောင်းတိုက်ခိုက်ဖို့ ဘယ်လိုမလဲ” စပါတာ သည် ဒေါသထွက်လွန်းသဖြင့် ဘာပြောရမည်ကိုပင် မသိတော့ပေ။ သူ ပေထင်းဟွမ်အနောက်မှ နှင်းဝံပုလွေကြေးစားအဖွဲ့ကို ကြောက်နေခြင်းကြောင့် သာမဟုတ်လျှင် သူသည် ပေထင်းဟွမ်အား ခုန်အုပ်ပြီး လည်ပင်းကိုလှီးဖြတ် လိုက်မည်ဖြစ်သည်။ နှင်းဝံပုလွေအဖွဲ့လား.. စပါတာသည် ဒေါသထွက်လွန်း သဖြင့် ရှုပ်ထွေးသွားသည်။ ထိုအခါမှပင် ပေထင်းဟွမ်၏အနောက်မှ အဖွဲ့ကို ကြည့်မိသည် “မင်း မင်း မင်းက နှင်းဝံပုလွေကြေးစားအဖွဲ့ကပဲ”
သို့သော် ပေထင်းဟွမ်၏ အဝတ်အစားသည် တစ်ခုခုလွဲမှားနေသည်။
ပေထင်းဟွမ်သည် ပြုံးပြီးခေါင်းခါလိုက်သည်။ သူမသည် တည်ငြိမ်ပြီး အေးဆေးပုံရသည်။ သူမသည် လက်ညှိုးထောင်ပြီး ညင်သာစွာခါယမ်းလိုက် သည်။ သူမသည် တခြားသူများ သူမကိုမည်သို့တွေးသည်ကို စိတ်မဝင်စားပေ။ “သခင်ကြီး ကျွန်တော့်ကို စိတ်ရင်းနဲ့ဆက်ဆံတယ်လို့ပြောရအောင် ဝိညာဉ်ခွဲ တောင်ကြားအဝင်ပေါက်ကနေ လှည့်ပြန်ဖို့ ပြောတာဘယ်သူလဲ.. ရှီဟို့အမှုန့်ကို ဖြူးတာ ကျွန်တော်ပဲ အဲတော့ ဘာဖြစ်လဲ.. အဲဒါကလည်း ခင်ဗျားတို့အဖွဲ့ဆီက ပဲ ပြန်သင်ထားတာပဲ.. ကျွန်တော်သာ အရင်မတိုက်ခိုက်ရင် ခင်ဗျားတို့က တခြားသူကိုအဲလိုလုပ်မှာပဲ”
အဲတော့ဘာဖြစ်လဲ ဟုတ်လား။ ဒီကမ္ဘာမှာ ဒီလိုအရှက်မရှိတဲ့လူရှိသေး တာလား။
တခြားသူများဆိုလျှင် သူများသိသွားမည်ကိုစိုးသဖြင့် ဝန်မခံချင်ကြပေ။ သို့သော် ဤကောင်လေးသည် ပွင့်ပွင့်လင်းလင်းပင် ဝန်ခံကာ အရှက်မရှိသည့် စကားများကိုပင် ပြောနေသေးသည်။
ထိုစကားကိုကြားသောအခါ ခေါင်ဆောင်နှင့်တခြားသူများသည် ဒေါသ ကြောင့် ဆံပင်များပင်ထောင်ကာ မျက်နှာများပင်နီရဲလာသည်။ ဝိညာဉ်နဂါး မောက်သီးကို လုရန်ပါဝင်ကြသည့် ကြေးစားများထဲတွင် နှင်းဝံပုလွေ၏ အင်အားကသာ ရှင်းထျန်နှင့် ယှဉ်နိုင်သည်။ ရှင်းထန်သည် ဤနည်းလမ်းကို သုံးပြီး သူတို့ကိုဖြေရှင်းမည်မှာ သေချာသည်။ သို့သော် အကြောင်းအရင်းတချို့ ကြောင့် ပေထင်းဟွမ်သည် သူတို့ကို ပြန်လုပ်နိုင်ခဲ့သည်။
အဲကောင်တွေ အဲဒါနဲ့ပဲ ထိုက်တန်တယ်။
ထိုအဖွဲ့မှာ တောင်ကြားထဲတွင် မှော်သားရဲများ၏ လက်ထဲမှ ကြွက်များ ကဲ့သို့ထွက်ပြေးခဲ့ပုံကို သူ တွေးကြည့်၍ရသည်။ ခေါင်းဆောင်နှင့်တခြားသူများ သည် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာရာ နှစ်သိမ့်မှုရသွားသည်။ ဤခံစား ချက်သည် နက်ပြာညှို့ယူတစ်ခွက်သောက်လိုက်သည်ထက်ပင် ပိုကောင်း သည်။
“မင်း..” အစိမ်းရောင်ဝတ်အဘိုးကြီး၏ မျက်လုံးများ ထိတ်လန့်ပျာပျာဖြစ် သွားသည်။ သူသည် ပေထင်းဟွမ်ကို ဒေါသဖြစ်၍ သေတော့မည်။ ဒီကောင်လေးရဲ့ လျှာစောင်းက ခွင့်မလွှတ်နိုင်လောက်အောင်ကို ထက်နေတာ။ စကားနဲ့တင် လူသတ်နိုင်တယ်။ “အပိုတွေမပြောနဲ့တော့.. မင်းက နှင်းဝံပုလွေ ကြေးစားဘက်မှာ ရပ်တည်တော့ လာလေ မင်းရဲ့အစွမ်းအစကိုကြည့်တာပေါ့”
အစိမ်းရောင်ဝတ်အဘိုးကြီးသည် လက်မြှောက်လိုက်သည်နှင့် ထောင့် လေးထောင့်ကြယ်ဖွဲ့စည်းပုံသည် သူ့ခြေထောက်အောက်တွင် ပေါ်လာသည်။ မွန်မြတ်သောကြက်ခြေခတ်ဓားသုံးလက်သည် အတန်းလိုက်ပေါ်လာ၏။ သူ့အနောက်တွင် စိမ်းဖန့်နေသောမျက်နှာနှင့် ချွန်ထက်သောအစွမ်၊ ဦးချိုများရှိ သည့် နွားရိုင်းတစ်ကောင်ပေါ်လာသည်။ ၎င်း၏ ကြေးဝါချပ်ဝတ်တန်ဆာသည် အသက်ဝင်နေသော ဝိညာဉ်စွမ်းအောက်တွင် တောက်ပစွာထွန်းလင်းနေသည်။ သူသည် တိုးညင်းစွာမာန်ဟိန်းကာ လက်ထဲမှမှိန်းဖြင့် ပေထင်းဟွမ်အား တိုက်ခိုက်သေလည်။ လေနှင့်အတူပါလာသော ဖုန်မှုန့်များသည် ပေထင်းဟွမ် ၏ မျက်နှာကိုဖြတ်သွားရာ နာကျင်သွား၏။
၎င်းမှာ ဝိညာဉ်သခင်ကြီး၏ ခွန်အားဖြစ်သည်။ မှော်သားရဲချပ်ဝတ် တန်ဆာအဖြစ် အသွင်ပြောင်းနိုင်ပြီး ဝိညာဉ်သခင်နှင့်မှော်သားရဲတို့၏ ပေါင်းစပ်မှုထက်ပင် အားကောင်းလျသည်။
ပေထင်းဟွမ်သည် အလွန်ပင် အားကျမိသည်။
“သခင်ကြီး သတိထား” ပေထင်းဟွမ် အတန်ကြာသည်အထိ မလှုပ်မယှက်ဖြစ်နေသည်ကို ကြည့်ပြီး ပေထင်းဟွမ်ကြောက်နေပြီဟု ခေါင်းဆောင်ထင်လိုက်သည်။ သူသည် ဝိညာဉ်သားရဲကိုပင် ဆင့်ခေါ်ရန် အချိန်မရလိုက်ဘဲ ပေထင်းဟွမ်ဆီပြေးသွားကာ အဘိုးကြီး၏တိုက်ခိုက်မှုကို ကာလိုက်သည်။
“ပြန်ဆုတ်” ပေထင်းဟွမ် အော်လိုက်သည်။ သူမသည် ခေါင်းဆောင်၏ ပခုံးကိုဆုပ်ကိုင်ပြီး သူ့ကိုအနောက်သို့ပို့လိုက်သည်။ သူမသည် ခါးမှ ဓားပျော့ကို ဆုပ်ကိုပြီး ဖြည်ကာ ရှေ့သို့အပြေးသွားသည်။
လေသည် သူမ၏ဝတ်ရုံနက်ကိုတိုက်သွားကာ သူမ၏ဆံပင်သည် အနောက်တွင် လှုပ်ယမ်းနေသည်။ လက်ထဲမှဓားပျော့သည် အဖြူရောင်ဓား တစ်လက်လိုပင်။ ဝိညာဉ်စွမ်းအင်ထည့်လိုက်သည်နှင့် ၎င်းသည် ကမ္ဘာကြီးကို နှစ်ခြမ်းခွဲနိုင်သကဲ့သို့ တောက်ပစွာ ထွန်းလင်းလာသည်။ သူမလက်ထဲမှ ဓားပျော့သည် နှင်းဖြူရောင်အလင်းလက်သွားကာ အစိမ်းရောင်ဝတ်အဘိုးကြီး ကို လွှဲခုတ်လိုက်သည်။
“မင်းက သေလမ်းရှာနေတာပဲ”
ပေထင်းဟွမ်သည် သူမ၏စာချုပ်သားရဲကို ဆင့်မခေါ်ဘဲ တစ်ယောက် တည်းတိုက်ခိုက်နေသည်ကို မြင်သောအခါ အစိမ်းရောင်ဝတ်အဘိုးကြီးသည် နှာမှုတ်လေသည်။ ၎င်းသည် ဝိညာဉ်စွမ်းအင် နောက်တစ်လွှာကို အသက်သွင်း လိုက်ကာ နောက်တစ်ကြိမ် လူဝင်စားသည့်တိုင်အောင် မထိသင့်သည့်လူကို မထိရဲအောင် ဤနားမလည်သည့် ကောင်လေးကို သင်ခန်းစာပေးမည်။
***