ကောင်လေး ငါ့ကိုထပ်ရိုက်ချင်သေးတာလား
Vol. 5 Ch. 100
“ဟားဟား စာချုပ်သားရဲမရှိတဲ့ ဝိညာဉ်သခင်က ဝိညာဉ်သခင်ရော ဟုတ်ရဲ့လား ကောင်စုတ်လေး မင်းဒီနေ့ကတော့ အသားတုံးဖြစ်မယ်” စပါတာ သည် ခါးထောက်ကာ ရှေ့ကိုခါးကိုင်းသည်အထိ ရယ်မောလသည်။ ဤကောင်လေးနှင့် စာရင်းရှင်းပြီးသည်နှင့် နှင်းဝံပုလွေကြေးစားအဖွဲ့အားလုံး ကို သတ်ရန် အကြီးအကဲကိုခိုင်းမည်။ မဟုတ်လျှင် သည်တစ်ခေါက် ဝိညာဉ် နဂါးမောက်သီးကိုရလျှင်တောင် စိတ်ထဲမှ အမုန်းတရားကိုဖြေဖျောက်နိုင်မည် မဟုတ်ပေ။
မိုးကြိုးသွားသည် မြေကြီးပေါ်တွင် ဝပ်နေသည်။ ၎င်းသည် စပါတာအား သနားသလိုကြည့်ပြီးနောက် မျက်လုံးပြန်မှေးကာ ဆက်ငိုက်မြည်းနေလေ၏။
ခေါင်းဆောင်နှင့်တခြားသူများသည် စပါတာအား ငတုံးသဖွယ်ကြည့်လေ သည်။ စာချုပ်မရှိတဲ့ ဝိညာဉ်သခင်ဆိုတာ ဒီသခင်ကြီးလား။ ဒီနှစ်မှာ ဒီလောက် ရယ်ရတဲ့ဟာသရှိပါဦးမလား။ သို့သော် မိုးကြိုးသွား အသွင်မပြောင်းသည်ကို ကြည့်ပြီး ခေါင်းဆောင်နှင့်တခြားသူများသည် ပေထင်းဟွမ်ကို ပိုစိုးရိမ်လာ၏။
ဘုန်း…
ကြီးမားသောလှိုင်းလုံးကြီးသည် နေရာအနှံ့ပျံ့နှံ့သွား၏။ တိုက်ပွဲအလယ် တွင် မြေပြင်ပေါ်ရှိ မြေဆီလွှာများပျံတက်လာပြီး သစ်ကိုင်းကျိုးများသည် လေဆင်နှာမောင်းသဖွယ် လွင့်နေကာ ကမ္ဘာကြီးသည် တုန်ခါသွားလေသည်။
အားလုံး၏မျက်လုံးများတွင် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားလေ၏။ ပေထင်းဟွမ်သည် ကြယ် ၉ ပွင့်ဝိညာဉ်သခင်ဖြစ်သည်ကို ခေါင်းဆောင်နှင့် တခြားသူများသိကြသည်။ သူတို့နှစ်ယောက်ကြားတွင် အဆင့်ကြီးတစ်ဆင့် ကွာခြားနေသော်လည်း ထိုကွာခြားမှုကို မည်သူမှမမြင်နိုင်ပေ။
ဓားပျော့နှင့် မှိန်းတို့သည် ပြင်းထန်စွာတိုက်မိသွားသည်။ ကြီးမားသော ရိုက်ခတ်မှုအောက်တွင် ပေထင်းဟွမ်သည် ခြေတစ်လှမ်း နောက်ဆုတ်သွား၏။ သို့သော် ကြယ် ၃ ပွင့်ဝိညာဉ်သခင်ကြီး အဆင့်ရှိသည့် အစိမ်းရောင် ဝတ်ထားသောအဘိုးကြီးသည် ခြေလှမ်း ဆယ်လှမ်းနောက်ရောက်သွားလေ၏။ သူပင်လျှင် ပေထင်းဟွမ်ကို မယုံကြည်စွာဖြင့် ကြည့်လိုက်သည်။ သူသည် ပေထင်းဟွမ်အား ခြိမ်းခြောက်ရန် အားအကုန်သုံးခဲ့သည်။
ကြယ် ၃ ပွင့်ဝိညာဉ်သခင်ကြီးသည် အားကုန်သုံးကာ တိုက်ခိုက်ခဲ့သည်။ သို့သော် ဝိညာဉ်သခင်တစ်ယောက်ထံတွင် ရှုံးသွားသည်။ ဤကဲ့သို့ ကောင်းကင်ဘုံကို အံတုသည့်အရာမျိုး သူ့ကြုံလိုက်ရသည်ကို မည်သူမှ ယုံမည် မဟုတ်ပေ။
စပါတာ၏မျက်လုံးများသည် ပြုတ်ကျမတတ်ပင်။ ဘာလဲ အကြီးအကဲက အဲကောင်လေးထက် အသာစီးရရမှာမဟုတ်ဘူးလား။ ဒါဘယ်လိုလုပ် ဖြစ်နိုင် မှာလဲ။ စပါတာသည် လက်ထဲမှဓားရှည်ကိုဆွဲကာ စစ်မြေပြင်သို့ အမြန်ပြေး သွားရန် ဟန်ပြင်လေသည်။ ပေထင်းဟွမ်တိုက်ခိုက်သည်နှင့် သူမသည် ကြယ် ၉ ပွင့်ဝိညာဉ်သခင်ဖြစ်ပြီး သူသည် ကြယ် ၇ ပွင့်ဝိညာဉ်သခင်ကြီးဖြစ်သည်ကို သိလိုက်ရသည်။ ပေထင်းဟွမ် မည်မျှပင် အလွန်ကြောက်စရာကောင်းပါစေ သူသည် သူမနှင့် တိုက်ခိုက်နိုင်စွမ်းရှိတုန်းပင်ဖြစ်သည်။
ဝါး
မိုးကြိုးသွားသည် ဖြည်းဖြည်းချင်းထကာ ရှေ့သို့တစ်လှမ်းချင်းသွားပြီး စပါတာရှေ့တွင်ရပ်လိုက်သည်။ သူသည် ဖြည်းဖြည်းချင်းမော့လိုက်ရာ သူ၏ လူမျက်လုံးနှင့်တူသော မျက်လုံးများသည် အထင်သေးသည့်အမူအရာကိုပြသ နေသည်။ ပေထင်းဟွမ်သာ ဤနေရာတွင်ရှိပါက ထိုအကြည့်၏အဓိပ္ပာယ်ကို သေချာပေါက်သိမည်ဖြစ်သည်။ ဤအခိုက်အတန့်တွင် မိုးကြိုးသွားသည် စိတ်ထဲမှ ပြောလိုက်သည် “ကောင်လေး မင်းက အုပ်စုဖွဲ့ပြီး ငါ့ကိုတိုက်ခိုက်ချင် နေတာလား.. ငါရှိနေရင် စဉ်းတောင်မစဉ်းစားနဲ့”
သူ၏ရွှေရောင်မျက်အိမ်မှ ဖိအားခပ်ဖျော့ဖျော့ထွက်လာသည်။ ထိုအခိုက် အတန့်တွင် သူ၏စာချုပ်နေရာမှ မှော်သားရဲသည် ကြောက်လန့်မှုကြောင့် တုန်ယင်သွားသည်ကို စပါတာ ခံစားလိုက်ရသည်။ တတိယအကြီးဆုံး ကြေးစားအဖွဲ့၏ သခင်လေးတစ်ယောက်အနေနှင့် ထိုအရာသည် မွန်မြတ် သောသားရဲ၏ ဖိအားဖြစ်သည်ကို စပါတာမသိစရာအကြောင်းမရှိပေ။
မွန်မြတ်တဲ့သားရဲ.. မွန်မြတ်တဲ့သားရဲ…
စပါတာပင် စတင်တုန်ယင်လာသည်။ သူသည် ရုတ်တရက်ခေါင်းမော့ ကာ စစ်မြေပြင်အလယ်ကိုကြည့်လိုက်သည်။ ပိန်ပါးသောလူငယ်သည် လက်ထဲတွင် နှင်းဖြူရောင်ဓားကိုကိုင်ထားကာ အကြီးအကဲ၏ ခန္ဓာကိုယ်အား လှည့်ပတ်ပြီး လှုပ်ရှားနေသည်။ အကြီးအကဲ၏ မှိန်းသည် လေသဖွယ်ကနေပြီး လူငယ်၏ ထောင်ချောက်ထဲမဝင်ပေ။ သူသည် ထိုလူငယ်၏ အော်သံကို ကြား လိုက်ရသည် “ချိုးဖျက်လိုက်”
ဓားပျော့သည် ရုတ်တရက် ဓားရှည်သဖွယ်ဖြောင့်တန်းသွားပြီး အကြီးအကဲ၏ပခုံးပေါ်တင်လိုက်သည်။ ကျယ်လောင်သောအော်သံနှင့်အတူ ကြေးဝါရောင်ချပ်ဝတ်တန်ဆာမှ အစိမ်းရောင်အလင်းတန်းတစ်ခု ပေါ်လာ၏။ မီးပွားများမှာ နေရာအနှံ့လွင့်သွားကာ တစ်ချိန်တည်းမှာပင် မိုးပေါ်သို့ပျံတက် သွားသည်။
“အာ.. ကောင်စုတ်” ပြင်းထန်သောနာကျင်မှုရောက်လာသည်။ ပခုံးပေါ် မှ နာကျင်မှုကို လျစ်လျူရှုကာ အစိမ်းရောင်ဝတ်အဘိုးကြီးသည် လက်ထဲမှ မှိန်းဖြင့် ပေထင်းဟွမ်၏မျက်နှာကို ထိုးလိုက်သည်။ နာကျင်မှုသည် သူ့ကို ဆင်ခြင်တုံတရားပျောက်သွားစေသည်။ ဤကဲ့သို့ စည်းမျဉ်းများကို လျစ်လျူရှု ခြင်းသည် ကြောက်စရာအကောင်းဆုံးပင်ဖြစ်သည်။
***