← Chapters

သေမျိုးတဖန် အပိုင်း(၄)

Vol. 47 Ch. 645

သေမျိုးတဖန် အပိုင်း(၄)

Vol. 47 Ch. 645

အထက်တန်းကျောင်းသားတစ်ယောက်က စာရေးစားပွဲပေါ်မှောက်ကာ အိပ်ပျော်နေသည်။ ကိုယ်ပိုင်လေ့လာချိန်ဖြစ်သည့်အတွက် ဆရာက ရောက်မလာသေးသောကြောင့် ကျောင်းသားများက သူတို့ လွတ်လပ်မှု၏ တစ်စက္ကန့်ချင်းစီကို သေချာ ခံစားနေကြသည်။

စာသင်ခန်းတစ်ခုလုံး ဆူညံပွက်လောရိုက်နေသော်လည်း ပြတင်းပေါက်ဘေးတွင် အိပ်ပျော်နေသည့် ကျောင်းသားက နိုးမလာပေ။ သူငယ်ချင်းကောင်း ဖက်တီးကျွင်းက ဆရာလာနေပြီကို သိသည့်အတွက် အိပ်ပျော်နေလျှင် ပြဿနာတက်သွားနိုင်သည်ကို သိထားသည်။ ထို့ကြောင့် သူက သူ့အကောင်းဆုံးသူငယ်ချင်း ဝမ်ဝေ့ဆီ ရောက်လာကာ နှိုးဖို့ ကြိုးစားလိုက်၏။

သူ မလုပ်ဆောင်ရသေးခင် ထိုသူက သူ့ဘာသာသူ နိုးထလာပြီး စိတ်ရှုပ်ထွေးစွာ ရေရွတ်လိုက်သည်။

“ ကံကြမ္မာ ဆက်နွယ်မှုဖြစ်ရပ်၊ ငါ့ရဲ့ သေဆုံးမှုလား” ဝမ်ဝေ့က ရေရွတ်လိုက်ပြီးသည့်နောက်တွင် ပိုမိုစိတ်ရှုပ်ထွေးလာ၏။ သူက ထိုစကားများ၏ အဓိပ္ပာယ်ကိုပင် မသိပေ။ သူက ငယ်ငယ်ရွယ်ရွယ်တွင် သေဆုံးရလိမ့်မည်ဟု ပြောထားသည့် အိပ်မက်တစ်ခုကို မက်ခဲ့ခြင်း ဖြစ်၏။ ပုံမှန်ဆိုလျှင် ထိုအရာသည် အိပ်မက်တစ်ခုကလွဲပြီး ဘာမှမဟုတ်သည့်အတွက် လျစ်လျူရှုထားမိလိမ့်မည်။ သို့သော် အကြောင်းအရင်းတချို့ကြောင့် သူက ထိုအိပ်မက်ကို ယုံကြည်မိ၏။

“ မင်း အဆင်ပြေရဲ့လား” ဖက်တီး လီကျွင်းက မေးလိုက်သည်။

“ အဆင်ပြေပါတယ်။ အိပ်ပျော်သွားရုံလောက်ပါ”

“ ဟုတ်ပြီ ဟုတ်ပြီ ဆရာလုံ ဒီလာနေပြီ။ အဆင်သင့်ပြင်ထား။ ပြီးတော့ သူက မင်းကို မကြိုက်ဘူးလေကွာ”

ဝမ်ဝေ့က ခေါင်းညိတ်လိုက်ပြီးသည့်နောက်တွင် သူ့ကျောပိုးလွယ်အိတ်ထဲမှ ရေသန့်ဘူးကို ထုတ်ကာ မျက်နှာသစ်လိုက်၏။ သူက သူ့သွင်ပြင်ကြောင့် ပြဿနာ မတက်လိုပေ။

ကိုယ်ပိုင်စာလေ့လာချိန် တစ်လျှောက်လုံးအတွင်း ဝမ်ဝေ့က လေ့လာနေသလိုသာ ဟန်ဆောင်ခဲ့သည်။ သို့သော် သူက ထိုအိပ်မက်ကို တွေးကာ အာရုံထွေပြားနေ၏။ သူ့အတွက် ကံကောင်းသွားသည်က ထိုအတန်းသည် နောက်ဆုံးအတန်းဖြစ်ကာ ကျောင်းဆင်းသည်နှင့် အိမ်ကို အလျင်အမြန် ပြန်ဖို့ ပြင်လိုက်သည်။ သူက ယာဉ်မောင်းကို ခေါ်ကာ အိမ်ကို ပြန်လာခဲ့၏။

သူ ရောက်ရှိလာသည့်အခါ သူ့အမေက သူသည် ကျောင်းလှုပ်ရှားမှုများအတွက် ဘာလို့ မနေတာလဲဟု မေးလာခဲ့သည်။

“ အမေ ကျွန်တော်သေတော့မယ်လို့ ထင်တယ်”

ယုယန်က ချက်ပြုတ်လက်စအား ရပ်တန့်လိုက်ပြီး သူ့သားအား ခြုံငုံကြည့်လိုက်သည်။ အကယ်၍ သူမသားသည် ကျောင်းသားကောင်း တစ်ယောက်ဖြစ်မှန်း မသိထားပါက အဓိပ္ပာယ်မရှိသည့် စကားများကို ပြောဆိုနေသည့်အတွက် ဆူမိလောက်သည်။

“ သား ဘာတွေပြောနေတာတုန်း” သူမ သား၏ ရှင်းပြချက်ကို ကြားပြီးသည့်နောက်တွင် သူမက တကယ်ကို ရိုက်ပစ်ချင်လာသည်။

“ အဲဒါက အိပ်မက်တစ်ခုပါပဲ” သူမက သူ့ကို ဖျောင်းဖျလိုက်၏။

“ အဲလို မဟုတ်ဘူး”

ယုယန်က သူနှင့် ပြန်လည်ချေပလိုသော်လည်း သူ့သားမျက်ဝန်းမှ ဆုံးဖြတ်ချက်ကို မြင်လိုက်ရသည့်အခါ ရပ်တန့်လိုက်သည်။ အကြောင်းအရင်းတချို့ကြောင့် သူမသည် သူ့ကို ယုံကြည်သွား၏။ အနည်းဆုံးတော့ သူ့ကို အလိုလိုက်ဖို့ ဆုံးဖြတ်လိုက်သည်။

“ အဲဒါဆို ဘာလုပ်စေချင်တုန်း”

ဝမ်ဝေ့က သူသည် ထိုမျှအထိ တွေးမထားသည့်အတွက် အံ့အားသင့်သွားသည်။ ခေတ္တမျှတွေးပြီးသည့်နောက်တွင် “ ဆေးရုံသွားရအောင်။ ကျွန်တော့် ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီးတော့ တစ်ခုခုမှားနေတာ ဖြစ်နိုင်တယ်”

“ ကောင်းပြီ” ယုယန်က သူမတို့၏ အထူးကုသမားတော်ကို ဆက်သွယ်လိုက်၏။ သူတို့မိသားစုက ချမ်းသာသည်ဟု ယူဆနိုင်သည့်အတွက် ဈေးအကြီးဆုံး ဆေးဝါးစမ်းသပ်မှုများကို အသုံးပြုဖို့ရာ ကိစ္စကြီးမဟုတ်ပေ။

တစ်နာရီကြာမြင့်ပြီးသည့်နောက်တွင် ယုယန်က သူမ၏ ခင်ပွန်းဖြစ်သူက အခြေအနေကို မက်ဆေ့ချ် ပို့ထားပြီး ဝမ်ဝေ့နှင့်အတူ အနီးဆုံးဆေးရုံဆီ သွားလိုက်သည်။ ဝမ်ဝေ့က ဆရာကို ဖြစ်နိုင်ချေရှိသည့် စမ်းသပ်မှုအားလုံးကို လုပ်ဖို့ ပြောခဲ့ပြီး သူတို့ကလည်း သဘောတူခဲ့သည်။

သူက ဒေါက်တာယန် အလေးအနက်မျက်နှာထားဖြင့် အခန်းအတွင်း ဝင်ရောက်လာသည်ကို မြင်သည့်အခါ သူ့စိတ်ထင်က မှန်ကန်နေကြောင်း သိလိုက်၏။

“ ဒေါက်တာယန် ဒါနဲ့ ပတ်သက်ပြီး တစ်ခုခုများ မှားနေလား” ယုယန်က တစ်ခုခု ထူးဆန်းနေကြောင်း ခံစားမိ၍ မေးလိုက်သည်။

ဒေါက်တာက ပြန်မဖြေခင် သူမ ဆံပင်ကို သပ်လိုက်၏။ ထိုအရာက စိတ်ဖိစီးလွန်းသည့်အခါ သို့မဟုတ် စိတ်ဖိစီးလွန်းဖွယ် အခြေအနေနှင့် ရင်ဆိုင်ရသည့်အခါမျိုးတွင် လုပ်လေ့လုပ်ထရှိသည့် အလေ့အကျင့်တစ်ခု ဖြစ်၏။

“ မဒမ်ယုယန် ဒါကို ဘယ်လိုပြောပြရမယ်မှန်း မသိဘူး” ဒေါက်တာယန်က အားပေးသည့် လေသံဖြင့် ပြောလိုက်သည် “ ကျွန်မတို့တွေ ရှင့်သားဆီမှာ မျိုးရိုးမူမမှန်မှုကို တွေ့ရှိခဲ့တယ်”

“ အဲဒါက ဘာကိုပြောချင်တာလဲ” ယုယန်က သူမဘာသာသူမ ထိန်းချုပ်ဖို့ ကြိုးစားရင်း မေးလိုက်၏။

“ အဲဒါက လတ်တလောလေးမှ ရှာဖွေတွေ့ရှိထားတဲ့ မူမမှန်မှု တစ်ခုပါ။ ပြီးတော့ …”

“ ဒေါက်တာ တဲ့တိုးပဲ ပြောလိုက်ပါ” ဝမ်ဝေ့က ပြောလိုက်သည်။

“ မင်းက အသက်၃၅နှစ် ကျော်အောင် နေရမှာ မဟုတ်ဘူး”

ယုယန်က ရုတ်ချည်းဆိုသလို အရုပ်ကြိုးပျက် ဖြစ်သွားသည်။ သို့သော်လည်း သူမက ထိုသို့လုပ်ရမည့်အချိန် မဟုတ်ကြောင်း သိထားလေသည် “ တတ်နိုင်တဲ့အရာများ တစ်ခုခုရှိလား။

“ဒီမူမမှန်မှုက လတ်တလောလေးမှ ရှာဖွေတွေ့ရှိထားတာ။ ကျွန်မတို့ရဲ့ နည်းပညာနဲ့ ဘာမှတတ်နိုင်တဲ့အရာ မရှိဘူး”

“ အဲဒါဆို မျိုးရိုးစစ်သည်တော်တွေကရော” သူမက အလျင်အမြန် မေးလိုက်၏ “ သူ့အဖေက ကမ္ဘာမှာ တတိယအဆင့် မျိုးရိုးဗီဇစစ်သည်တော်တွေထဲက တစ်ယောက်ပါ။ သူ တစ်ခုခုတော့ လုပ်နိုင်မယ် ထင်တယ်”

ဒေါက်တာယန်က အနည်းငယ် အံ့အားသင့်သွား၏။ သူမအနေဖြင့် ဤလူများ၏ ဆရာဝန်အဖြစ် တာဝန်ယူထားသည်မှာ ကြာမြင့်လှပြီဖြစ်သော်လည်း မျိုးရိုးဗီဇစစ်သည်တော်၏ မိသားစုဝင် ဖြစ်နေလိမ့်မည်ဟု ထင်မထားမိပေ။ အထူးသဖြင့် တတိယအဆင့် ဖြစ်၏။

လွန်ခဲ့သည့် နှစ် ၂၀ခန့်က ဂြိုလ်သားယာဉ်ပျံတစ်စင်းသည် ဂြိုလ်ကို ဝင်တိုက်ခဲ့သည်။ အပျက်အစီးများမှတဆင့် ရေပြာဂြိုလ်ရှိ လူသားများ ဆင့်ကဲပြောင်းလဲပြီး ဖြစ်စဉ်ကို ထိန်းချုပ်နိုင်သည့် နည်းလမ်းဖြစ်သည့် မျိုးရိုးဗီဇစစ်သည်တော်ကို မိတ်ဆက်ပေးခဲ့သည်။ ကံဆိုးစွာဖြင့် ယာဉ်မှတ်တမ်းအများစုကို  ပြန်လည်မယူနိုင်သည့်အတွက် သိပ္ပံပညာရှင်များက ပထမ သုံးဆင့်ကိုသာ ရယူနိုင်ခဲ့သည်။

ထိုနှစ်၂၀အတွင်း အဆင့်(၃) မျိုးရိုးဗီဇစစ်သည်တော် ဖြစ်လာနိုင်သည့်သူများက အင်မတန် ပါရမီထူးကဲ၍ ဖြစ်သည်။

“ ကျွန်မက မျိုးရိုးဗီဇစစ်သည်တော်နဲ့ ပတ်သက်ပြီး အသေးစိတ် မသိဘူး” ဒေါက်တာယန်က ဆက်ပြောလိုက်၏ “ အဲဒါကြောင့် ကျွန်မ အသေအချာ ပြောလို့မရဘူး။ ဒါပေမဲ့ သူ့ရဲ့ မျိုးရိုးသန္ဓေပြောင်းမှုနဲ့ဆိုရင် ပထမအဆင့် ရောက်ဖို့တောင် မဖြစ်နိုင်ဘူးဆိုတာကို သိတယ်”

ယုယန်က မျက်ရည်မဆယ်နိုင်တော့ပေ။ ထိုစဉ် ဝမ်ဝေ့က တိတ်ဆိတ်နေ၏။ ယုယန်က သူ့သားသည် ထိုသတင်းကို လက်ခံဖို့ အခက်တွေ့နေသည်ဟု ထင်ကာ ပိုမိုဝမ်းနည်းမိသွားသည်။ သူမက ဖုန်းကို ထုတ်ကာ သူမ၏ ခင်ပွန်းအား ဆက်သွယ်လိုက်၏။

ငါးမိနစ်ကြာမြင့်ပြီးသည့်နောက်တွင် ဆေးရုံရှိ လူအားလုံးက အပြင်ဘက်တွင် အသံအကျယ်ကြီး ကြားလိုက်ရပြီးသည့်နောက်တွင် အဆောက်အဦးတစ်ခုလုံး တုန်ခါသွား၏။ ထို့နောက် ဝမ်ထျန်းက အခန်းအတွင်း ဝင်ရောက်လာသည်။

“ ရလဒ် ကြည့်ရအောင်” သူက သူ့မိသားစုကို ပွေ့ဖက်ရင်း ပြောလိုက်၏။ မျိုးရိုးဗီဇစစ်သည်တော် အနေဖြင့် သူသည် မျိုးရိုးဗီဇနှင့် ပတ်သက်ပြီး နက်နက်နဲနဲ နားလည်၏။ ထိုအရာကို လေ့လာသုံးသပ်ပြီးသည့်နောက်တွင် သူ့မျက်ဝန်းမှ အကြည့်က အနည်းငယ် ဖျော့တော့သွားသည်။ ကံကောင်းစွာဖြင့် သူသည် ကြိုတင်ပြင်ဆင်ထားခဲ့သည့်အတွက် သူ့ဇနီးနှင့် သားဆီမှ လျှို့ဝှက်ထားနိုင်ခဲ့သည်။

အိမ်သို့ ပြန်ရောက်ပြီးသည့်နောက်တွင် မိသားစုက တိတ်ဆိတ်သည့် ညစာကို စားသုံးခဲ့ကြသည်။ မည်သူကမှ ဘာပြောရမှန်း မသိကြပေ။ ထိုနေ့ညတွင် ယုယန်က သူမသားကို တစ်ကုတင်တည်း အိပ်ဖို့ ဖျောင်းဖျခဲ့၏။ ထိုစဉ် ဝမ်ထျန်းကမူ သူ့အဆက်အသွယ်များကို သုံးဖို့ ထွက်သွားလေသည်။ သူက ဂြိုလ်အနှံ့သွားလာကာ အကောင်းဆုံးသမားတော်၊ သိပ္ပံပညာရှင်နှင့် မျိုးရိုးဗီဇစစ်သည်တော်များနှင့် တွေ့ဆုံခဲ့သည်။ သူက သုံးရက်ကြာမြင့်ပြီးသည့်နောက်တွင် အိမ်သို့ ပြန်ရောက်လာ၏။

“ ဘယ်လိုနေလဲ” ယုယန်က ညစာစားနေစဉ် မေးလိုက်သည်။ တိတ်ဆိတ်နေသည့် ဝမ်ဝေ့က မျှော်လင့်ချက်အရိပ်အယောင်ဖြင့် သူ့အဖေကို ကြည့်လိုက်၏။ ကံဆိုးစွာဖြင့် ဝမ်ထျန်းက ခေါင်းခါလိုက်သည့်အတွက် သူ့မိသားစုက စိတ်ဓာတ်ကျသွားကြသည်။

“ လက်မလျှော့ပါနဲ့ဦး” သူက အလျင်အမြန်ပြောလိုက်၏ “ ငါ တစ်ခုခုရှာနိုင်မလားလို့ ပဝေသဏီကုန်းမြေဆီ သွားမယ်”

အားလုံးက တိတ်ဆိတ်သွားကြသည်။ ဂြိုလ်သား အာကာသယာဉ်သည် လူသားများထံ ဆင့်ကဲပြောင်းလဲမှုမျှသာ ယူဆောင်လာခြင်း မဟုတ်ပေ။ သူ ပထမ ကျရောက်လာရာ ကုန်းမြေတွင် တိရစ္ဆာန်၊ အပင် အပါအဝင် သက်ရှိအားလုံးကို ဆင့်ကဲပြောင်းလဲစေနိုင်သည့် အမျိုးအမည်မသိ အရာတချို့ကို ထုတ်လွှင့်ခဲ့သည်။ ရလဒ်အနေဖြင့် ကုန်းမြေတစ်ခုလုံးသည် နေထိုင်၍ မရတော့ဘဲ ရွှေ့ပြောင်းခဲ့ကြရသည်။

ပဝေသဏီကုန်းမြေတွင် သက်ရှိများစွာရှိပြီး မျိုးရိုးဗီဇစစ်သည်တော်များနှင့် ယှဉ်နိုင်လေသည်။ ကုန်းမြေအနက်ပိုင်းတွင် အဆင့်(၄)သက်ရှိများ ပုန်းအောင်းနေသည်ဟု ကောလဟာလများပင် ရှိ၏။ ကံဆိုးစွာဖြင့် ဂြိုလ်တုက ထိုပုံရိပ်များကို ကောင်းကောင်းမဖမ်းနိုင်သလို ထိုကုန်းမြေ၏ သတင်းအချက်အလက်များကိုလည်း မသိရပေ။

ရေပြာအဖွဲ့အစည်းက ထိုကုန်းမြေအပေါ် နယူးကလီးယားဗုံးများ ချဖို့ ကြိုးစားခဲ့ကြသည်။ ကံဆိုးစွာဖြင့် အားကောင်းသည့် တိုက်ကွက်က ထိုဗုံးများကို ကျရောက်လာခြင်းမှ ကာကွယ်ထား၏။ ထို့အပြင် အားကောင်းသည့် နည်းပညာတစ်ခုက ထိုကုန်းမြေပေါ်တွင် သိသိသာသာ လျှော့ချခံရသည်။

“ အဲဒါက အတော်လေး အန္တရာယ်များလွန်းတယ်” ယုယန်က ပြောလိုက်၏။

“ ငါတို့သားရဲ့ အသက်ကို ကယ်ဖို့ ထိုက်တန်ပါတယ်”

ယုယန်က ထိုကိစ္စနှင့် ပတ်သက်ပြီး ဝန်လေးနေမိသော်လည်း သဘောမတူဘဲ မနေနိုင်ပေ။ ထို့ကြောင့် ပြောလက်စအရာကို ပြန်မျိုသိပ်လိုက်ရ၏ “ ဒီလိုဆိုရင် ကျွန်မလည်း စပြီးတော့ လေ့ကျင့်မယ်။ တကယ်လို့ ကျွန်မလည်း မျိုးရိုးဗီဇစစ်သည်တော် ဖြစ်လာရင် ရှင့်ကို ကူညီနိုင်တာပဲ”

“ အဲဒါဆို ရှောင်ဝေ့နဲ့ ဘယ်သူနေပေးမှာလဲ”

“ ကျွန်တော် အဆင်ပြေမှာပါ” ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။

“ မဟုတ်ဘူး။” ယုယန်က သူမ ခင်ပွန်းဖြစ်သူက မှန်ကန်နေကြောင်း သိသည့်အတွက် ငိုလိုက်သည်။ သူမက သူသည် အန္တရာယ်အားလုံးကို တစ်ယောက်တည်း ဖြတ်ကျော်လိုကြောင်း သိထား၏။

ညစာ စားပြီးနောက် ဝမ်ထျန်းက အလျင်အမြန် ပြန်လည်ထွက်ခွာသွားသည်။ ဝမ်ဝေ့က သူ့အမေကို တစ်ယောက်တည်း စဉ်းစားဖို့ အချိန်တောင်းဆိုလိုက်၏။ ကုတင်ပေါ်တွင် ထိုင်နေရင်း ဝမ်ဝေ့က သူ့ဘဝအကြောင်း စဉ်းစားမိလာသည်။ သူသည် တောက်ပနေသည့် အနာဂတ်တစ်ခု ရှိထားပြီး ဖက်တီးကျွင်းလို ညီအစ်ကိုကောင်း တစ်ယောက်လည်း ရှိကာ ကျောင်း၏ ပန်းပွင့်လေးဖြစ်သည့် ဝူဟုန်ကိုပင် ချစ်မြတ်နိုးကြောင်း ပြောဖို့ရာ မျှော်လင့်ထားခဲ့သည်။

ကံဆိုးစွာဖြင့် အရာအားလုံးက တရေးတမော အိပ်ပြီးသည့်နောက်တွင် ပြောင်းလဲသွားခဲ့၏။

“ ငါပါ ဝင်ပါမှ ဖြစ်မယ်” သူက ရေရွတ်လိုက်ပြီးသည့်နောက်တွင် အိပ်စက်လိုက်၏။ နောက်တစ်ရက်တွင် ဝမ်ဝေ့က စာပေလေ့လာရာတွင် အာရုံစိုက်ထားခဲ့သည်။ သူက ထိပ်တန်းငါးယောက်ထဲ ပါလေ့ရှိ၏။ သို့သော် ယခုတွင် သူက စာဂျပိုးတစ်ယောက် ဖြစ်လာပြီး အမြဲလိုလို လက်ထဲတွင် စာအုပ်ကိုင်ထားလေ့ ရှိသည်။

သူက တခြားသော ကျောင်းလှုပ်ရှားမှုအားလုံးကို လျစ်လျူရှုထားပြီး လူများနှင့် ပေါင်းသင်းဆက်ဆံခြင်းကိုပင် လျှော့ချခဲ့သည်။ သူက စာသာ လေ့လာခဲ့၏။ တစ်နှစ်အတွင်း အသက်၁၆ နှစ် အရွယ်တွင် သူသည် အထက်တန်းကျောင်းမှ ဘွဲ့ရပြီး ကောလိပ်စာမေးပွဲအတွင်း  ထိပ်တန်းအဆင့်ဖြင့် အောင်မြင်ခဲ့သည်။

ဝမ်ဝေ့က ဂြိုလ်ပေါ်တွင် အကောင်းဆုံးဖြစ်သည့် အပြာရောင် ပြည်ထောင်စုတက္ကသိုလ်ကို လျှောက်ခဲ့လေသည်။ ထိုအရာကို အဖွဲ့အစည်းမှ ထောက်ပံ့ပေးထားခြင်း ဖြစ်၏။ သူ့အဓိကမေဂျာက ဇီဝဗေဒဖြစ်ကာ မျိုးရိုးဗီဇအပေါ် လေ့လာမှုကို အာရုံစိုက်ထားသည်။ သူက ၆နှစ်စာ သင်ချိန်ကို ၃နှစ်တည်းဖြင့် ပြီးမြောက်ခဲ့ပြီး ၁၉ နှစ်အရွယ်တွင် ဘွဲ့ရလာခဲ့သည်။

စမ်းသပ်ခန်းအတွင်း ဝမ်ဝေ့က လတ်တလော သွေးစစ်ဆေးမှုရလဒ်များကို ကြည့်လိုက်၏။

ငါက စတင်ပြီးတော့ ယိုယွင်းနေပြီပဲ…

အရေအတွက်က အနည်းငယ်မျှ လျော့ကျသွားဟန်ပေါ်သော်လည်း သူ့အနေဖြင့် ကျဆင်းမှု၏ အစပြုရာဖြစ်ကြောင်း သိနေသည်။ ရုတ်ချည်းဆိုသလို သူ့ဖုန်း မြည်လာ၍ ဖြေလိုက်၏။

“ ရှောင်ဝေ့ ဘယ်တော့အိမ်ပြန်လာမှာလဲ။ သားကို မတွေ့ရတာ သုံးနှစ်တောင်ရှိနေပြီလေ”

“ အမေ ကျွန်တော်လည်း တွေ့ချင်ပါတယ်” ဝမ်ဝေ့က သက်ပြင်းချကာ ပြန်ဖြေလိုက်၏ “ ဒါပေမဲ့ ကျွန်တော်ဆီမှာ အချိန်မရှိသေးဘူး”

ယုယန်က တစ်ဖက်တွင် တိတ်ဆိတ်သွားကာ သူမသားက သူဘာသာသူ ကယ်တင်ဖို့ ကြိုးစားနေသည်ကို အပြစ်မတင်နိုင်ပေ။ သို့သော် အမေတစ်ယောက်အနေဖြင့် သူမ မိသားစုဖြည်းဖြည်းချင်း ကွဲကွာသွားသည်ကိုသာ ကြည့်နေရ၏။ သူမ၏ ခင်ပွန်းဖြစ်သူက အန္တရာယ်များသည့် နေရာများတွင် ဆက်တိုက်ရှာဖွေနေပြီး သူ့သားကလည်း ကြိုးစားနေရသည်။

“ အဲဒါဆို အမေ သားနဲ့အတူတူ လာနေရင်ရော”

“ မရဘူး” ဝမ်ဝေ့က ပြန်ဖြေလိုက်၏။ သူက အေးစက်မနေလိုသော်လည်း သူ့ ယိုယွင်းပျက်စီးမှုသည် မည်မျှအလန့်တကြားဖြစ်မည်ကို တွက်ဆထားပြီးသား ဖြစ်၏။ သူ သေဆုံးသွားသည်ကို သူ့အမေအား ဘေးမှ ကြည့်မနေစေလိုပေ။

“ ကျွန်တော် တောင်းထားတဲ့အရာတွေရော” သူက ခေါင်းစဉ်လွှဲကာ ပြောလိုက်၏။

“ မင်းအဖေက ထိပ်တန်း သုတေသန အဆောက်အအုံကို မင်းအတွက် ပေးထားတယ်။ ဒါပေမဲ့ သူ ပြောသလောက်တော့ မင်းက ကိုယ်ပိုင်လူတွေကို ရွေးချယ်ရမယ်တဲ့”

ဝမ်ဝေ့က စိတ်ထဲ မထားပေ။ ပြောရလျှင် မျိုးရိုးဗီဇပညာရှင်များက ဤမျိုးရိုးဗီဇစစ်သည်တော် ကာလတွင် အင်မတန်အဖိုးတန်လှ၏။ အစိုးရပိုင်းမှ သီးသန့်အဖွဲ့အစည်းများအထိ အားလုံးက ပြန်လည်အားဖြည့်ဖို့ ဘာမဆို လုပ်ကြလိမ့်မည်။ ထိုအရာက လေးဆင့်မြောက် မျိုးရိုးဗီဇစစ်သည်တော်  ဖြစ်စေနိုင်မည့် နည်းလမ်းကို ရှာတွေ့ဖို့ရာ မျှော်လင့်ချက်တစ်ခုကြောင့် ဖြစ်၏။

ဝမ်ဝေ့က သုံးနှစ်အတွင်းရှိထားသည့် စာတမ်းများဖြင့် ဤအသိုင်းအဝိုင်းတွင် သူ့ကိုယ်သူ နာမည်တစ်ခု ရရှိထားသည့်အတွက် လူများကို ခေါ်ယူဖို့ ခက်ခဲမည် မဟုတ်ကြောင်း သိလေသည်။

***

All Chapters