← Chapters

သေမျိုးတဖန် အပိုင်း(၅)

Vol. 47 Ch. 646

သေမျိုးတဖန် အပိုင်း(၅)

Vol. 47 Ch. 646

မျိုးရိုးဗီဇနည်းပညာ၏ ကန့်သတ်ချက်ကို စူးစမ်းရှာဖွေခြင်း

မျိုးရိုးဗီဇ ခွဲဖြာမှု၏ အနာဂတ် စိန်ခေါ်မှု

မျိုးရိုးဗီဇဆိုင်ရာ ဆေးဝါးလမ်းစဉ်

မျိုးရိုးဗီဇမျိုးရိုး အမြုတေကို ရှာဖွေတွေ့ရှိမှု

မျိုးရိုးဗီဇနှင့် စွမ်းအင်သက်ရှိများကြားမှ ဆက်နွယ်မှု

ယခင် ငါးနှစ်အတွင်း မရပ်မနား သုတေသနများဖြင့် ဒေါက်တာဝမ်ဝေ့သည့် လူများစွာ၏ မျိုးရိုးဗီဇနားလည်နိုင်စွမ်းအပေါ် ပြောင်းလဲခဲ့သည်။ သူ၏ မျိုးရိုးဗီဇ ဆေးဝါးတွေ့ရှိခြင်းက မျိုးရိုးဗီဇ စစ်သည်တော် ဖြစ်လာခြင်း၏ အခက်အခဲကို လျှော့ချနိုင်ခဲ့သည့်အတွက် ဂြိုလ်ပေါ်တွင် ဆင့်ကဲပြောင်းလဲမှု ခေတ်သစ်တစ်ခုကို ဆောင်ကျဉ်းလာခဲ့သည်။

ကံဆိုးစွာဖြင့် လူသားမျိုးနွယ်အတွက် ကောင်းချီးဟု ယူဆရသည့် ထိုသို့သော ပါရမီရှင်က ဤသေမျိုးကမ္ဘာတွင် ကြာကြာမနေနိုင်ပေ။ နတ်ဘုရား သို့မဟုတ် ကောင်းကင်ဘုံက သူ့ပါရမီကို အားကျမနာလိုဖြစ်ကာ ဤသို့သော ရောဂါမျိုးဖြင့် ကျိန်စာတိုက်ထားဟန်ပေါ်၏။

အဟွတ် ဟွတ်

ဝမ်ဝေ့က နှုတ်ခမ်းထောင့်မှ သွေးများကို တစ်သျှူးဖြင့် သုတ်လိုက်သည်။

“ ဒေါက်တာဝမ်ဝေ့ အဆင်ပြေရဲ့လား” လက်ထောက်တစ်ယောက်က လာမေးလေသည်။

“ ငါ အဆင်ပြေတယ်” ဝမ်ဝေ့က ပြန်ပြောလိုက်၏။ သူ့အသားအရည်က တစ္ဆေတစ်ကောင်ထက်ပင် ဖြူဖျော့နေသည်။ သူက ကွန်ပျူတာ၏ ရလဒ်ကို ကြည့်နေရင်း စားပွဲပေါ်မှ ဆေးများကို ထုတ်ကာ မျိုချလိုက်သည်။

သူက ထပ်မံ ချောင်းဆိုးလာသော်လည်း ယခင်ထက်စာလျှင် ပိုမိုခြောက်သွေ့နေ၏။ သူ့ဖုန်းက ရုတ်တရက် မြည်လာသည့်အတွက် သူက ဘယ်သူလဲဟု သိသည့်အခါ မျက်မှောင်ကြုတ်လိုက်မိသည် “ အမေ ကျွန်တော် ပြောတယ်လေ…”

“ ရှောင်ဝေ့ …  အဟင့် ဟင့် မင်းရဲ့ အဖေကလေ”

“ အဖေ ဘာဖြစ်လို့လဲ” သူက အလျင်အမြန် မေးလိုက်၏။

“ မင်းအဖေက …”

“ စိတ်တည်တည်ငြိမ်ငြိမ်ထားပါ။ အသက်ပြင်းပြင်းရှူ။ ဘာဖြစ်တာတုန်း ပြောပြ။ အရာအားလုံး အဆင်ပြေသွားမှာပါ”

“ မင်း အဖေ ပျောက်နေတယ်”

“ သူ ပျောက်နေတယ်ဆိုတာ ဘာကို ပြောတာတုန်း”

“ သူက မင်း ရောဂါကို ကုသနိုင်တဲ့ ပန်းပွင့်ရှိတယ်ဆိုတာ ကြားတော့ ပဝေသဏီကုန်းမြေအနက်ထဲကို ဝင်သွားခဲ့တယ်။ ဒါပေမဲ့ ၄ဆင့်မြောက် သက်ရှိလည်း အဲဒီနေရာမှာ ပေါ်လာခဲ့တယ်။ အဲဒီကတည်းက သူ့သတင်းကို မကြားရတော့ဘူး”

ဝမ်ဝေ့က တိတ်ဆိတ်သွား၏။ သူ့ အောင်မြင်မှု၏ အဓိက အကြောင်းအရင်းတစ်ချက်မှာ သူ့အဖေ ထိုငရဲလို နေရာမျိုးမှ ယူဆောင်လာသည့် ထူးဆန်းသော အရာများကြောင့် ဖြစ်၏။

သူက ထိုအရာ၏ ထူးခြားဆန်းကြယ်မှုကို သင်ယူနေရင်း သူ့တစ်စိတ်တစ်ပိုင်းက သူ့အခြေအနေကို ကုသနိုင်သည့် တစ်စုံတစ်ခု ရှိလိမ့်မည်ဟု ယုံကြည်ထားခဲ့သည်။

သို့သော် ယခုတွင် သူ့ မျှော်လင့်ချက်က ကုန်ဆုံးသွားပြီဖြစ်ကာ သူ့အဖေကိုပင် ဆုံးရှုံးသွားခဲ့ရသည်။

“ ကောင်းပြီ။ ကျွန်တော် အိမ်ပြန်လာခဲ့မယ်”

“ သားကို စောင့်နေမယ်”

ဝမ်ဝေ့က ထိုင်ခုံပေါ်မှ ရုတ်တရက် ထရပ်ကာ လက်ထောက်များအား သူ၏ လေယာဉ်ကို အဆင်သင့်ပြင်ခိုင်းဖို့ ပြောဖို့ ပြင်လိုက်သည်။ ကံဆိုးစွာဖြင့် သူ့ စကားမစခင် ရုတ်တရက်ဆိုသလို ပေါ့ပါးသွားကာ အရာအားလုံးက အမှောင်ထု ကြီးစိုးသွားခဲ့၏။

သူ မျက်လုံးပြန်ဖွင့်လာသည့်အခါ ဆေးဝါး ကိရိယာများဖြင့် ချိတ်ဆက်ထားပြီး သူ့ကုတင်ဘေးတွင် တစ်စုံတစ်ယောက်က ရှိနေလေသည်။

“ ရှောင်ဝေ့ နိုးလာပြီလား” ယုယန်က စက်မှ အသံကို ကြားပြီးသည့်နောက်တွင် ငိုလိုက်သည်။ သူမက ဒေါက်တာကို အလျင်အမြန် ပေးခေါ်လေ၏။

“ ကျွန်တော် ဘာဖြစ်သွားတာလဲ” ဝမ်ဝေ့က မေးလိုက်သည်။ သူက မူးဝေနေဆဲ ဖြစ်၏။ သူ မည်မျှပင် ကြိုးစားစေကာမူ ဤသည်က မှန်ကန်သည့် နေရာတွင် မဟုတ်ကြောင်း ဆိုးရွားသည့် ခံစားချက်မျိုး ရရှိနေသည်။

“ ပါမောက္ခဝမ် တောင်းပန်ပါတယ်” ဒေါက်တာက ပြောလိုက်သည် “ ခင်ဗျားရဲ့ မျိုးရိုးပြိုကွဲမှုက အရှိန်မြင့်လာပြီ”

“ အဲဒါကြောင့်  ကျုပ် ခြေထောက်ကို မခံစားမိတော့တာလား” ဒေါက်တာက ခေါင်းညိတ်လိုက်၏။

“ ကျုပ် ဘယ်လောက် နေနိုင်ဦးမလဲ”

“ ၂နှစ်၊ ၃နှစ်လောက်ပဲ” ယုယန်က မျက်ရည်မဆည်နိုင်တော့ပေ။

ငါက ၃၅နှစ်အထိတောင် နေဖို့ မဖြစ်နိုင်ဘူးပဲ…

ဝမ်ဝေ့က တွေးလိုက်မိသည်။ သူက သူ့သေဆုံးမှုကို ပြောပြနေသည့် အိပ်မက်ကို ဘယ်သောအခါမှ မမေ့ခဲ့ပေ။ သူက သူ့အမေကို ကြည့်ကာ မှတ်ပင် မမှတ်မိနိုင်တော့ပေ။ ပြောရလျှင် သူက ယခင် ၈ နှစ်အတွင်း အိမ်မပြန်ခဲ့သည့်အတွက်ကြောင့် မဟုတ်ပေ။ သို့သော် သူ့ရှေ့တွင် ရှိသည့် အမျိုးသမီးက သူ သိထားသည့် အမေ မဟုတ်တော့ပေ။ သူမက ပိန်ပါးပြီး အရေပြားက ညိုညစ်ညစ်ဖြစ်ကာ နှစ်အတော်အတန် ကောင်းကောင်း မအိပ်စက်ခဲ့ရသလိုမျိုး မျက်တွင်းနက်ကြီးများ ရှိနေသည်။ ကွဲပြားမှု အသိသာဆုံးအချက်က သူမ၏ မျက်ဝန်းများ ဖြစ်၏။ သူမ၏ မျက်ဝန်းက အသက်မဝင်ဖြစ်ကာ ဝမ်းနည်းမှုနှင့် မျှော်လင့်ချက်ကုန်ဆုံးမှုတို့သာ ကြီးစိုးနေ၏။

“ ကျွန်တော်ကို ဖုန်းပေးပါဦး” ဝမ်ဝေ့က ပြောလိုက်၏။ သူက အချိန်မဖြုန်းဘဲ သူ့ အဆက်အသွယ်များကို အသုံးပြုကာ သူ့အဖေကို ရှာဖွေဖို့ တောင်းဆိုခဲ့သည်။ သူက သုတေသနထဲမှ မျိုးရိုးဗီဇစစ်သည်တော်ကို မွေးထုတ်ပေးနိုင်သည့် မျိုးရိုးဗီဇဆေးဝါးကိုပင် သူ့အဖေကို ရှာတွေ့သည့်သူအား ဆုလာဘ်အဖြစ် ပေးမည်ဟု ကြေညာခဲ့သည်။

ထိုသို့ အရာများကို လုပ်ပြီးသည့်နောက်တွင် သူ့ ဆေးမှတ်တမ်းအား ကြည့်လိုက်၏။

ငါ ဘာမှမျှော်လင့်ချက်မရှိတော့ဘူးပဲ…

ထိုအရာက ဝမ်ဝေ့၏ နောက်ဆုံးသုံးသပ်ချက် ဖြစ်၏။ သူ့ကံကြမ္မာက တစ်သတ်မှတ်တည်း ဖြစ်နေကာ ဘာမှတတ်နိုင်သည့်အရာ မရှိပေ။ ထို့ကြောင့် သူက ကျန်ရှိနေသည့်အချိန်ကို သူ့အမေနှင့် ကုန်ဆုံးဖို့သာ ဆုံးဖြတ်လိုက်၏။ သူက ၁၆ နှစ်အရွယ်တွင် အိမ်မှ ထွက်လာပြီး သူ့မိသားစုနှင့် ဆက်သွယ်ခဲ့သည်။

နောက်ဆုံးသော အခိုက်အတန့်တွင် သူက ထိုအချက်ကို ပြောင်းလဲဖို့ ဆုံးဖြတ်လိုက်၏။

နှမြောစရာကောင်းလှသည်က သိပ်မကြာခင် ဝမ်ဝေ့က ထိုဆုံးဖြတ်ချက်ကို နောင်တရသွားသည်။ သူ့အမေက သူ့ရှေ့တွင် သူ သေဆုံးသွားသည်ကို ကြည့်နေပြီး သူ့အဖေ၏ ပျောက်ကွယ်သွားမှုကြောင့် ယုယန်သည် ဖြေမဆည်နိုင်ပေ။

အချိန်များစွာ ကျန်သည့်တိုင် ဝမ်ဝေ့က ဤကမ္ဘာရှိ သူ့တည်ရှိမှုကို အဆုံးသတ်ပစ်လို၏။ အနည်းဆုံးတော့ သူက သူ့ကံကြမ္မာသူ ထိန်းချုပ်နိုင်ပြီး ကိုယ်တိုင် ရွေးချယ်နိုင်လိမ့်မည်။ သို့သော် သူ့အမေက သူ့နောက်မှ လိုက်လာမည်ကို စိုးရိမ်သည့်အတွက် ဘာမှမလုပ်ရဲခဲ့ပေ။

ထို့ကြောင့် ၂နှစ်နှင့် ၃လ ကြာမြင့်ပြီးသည့်နောက်တွင် သူက ဆေးရုံကုတင်ပေါ်တွင် သေဆုံးသွားခဲ့၏။ တစ်ကမ္ဘာလုံးက ဤသို့သော ပါရမီရှင်မျိုး သေဆုံးသွားသည့်အတွက် ဝမ်းနည်းနေကြသည်။

“ ငါ ဘယ်ရောက်နေတာလဲ” ဝမ်ဝေ့က ထရပ်ရင်း ရေရွတ်လိုက်ပြီး သူ့အနားရှိ ကျောင်းသားများနှင့် ထိုင်ခုံများကို ကြည့်လိုက်သည်။ သူက သူ့ငယ်ရွယ်ကာ အားကောင်းသည့် လက်ကို ကြည့်ကာ ကျန်းမာသည့် ခန္ဓာကိုယ်ကို ခံစားကြည့်လိုက်သည်။

“ အစ်ကိုကြီး အဆင်ပြေရဲ့လား” ဖက်တီးကျွင်းက လာမေးသည် “ ဆရာ မရောက်လာခင် မအိပ်နဲ့တော့နော်”

ဝမ်ဝေ့က စိတ်လွတ်လက်လွတ်ဖြင့် ခေါင်းညိတ်ပြပြီးနောက် ပြန်ထိုင်လိုက်သည်။ သူ့ရှေ့တွင် ဖြစ်ပျက်ခဲ့သမျှအရာအားလုံးကို ပြန်လည်စဉ်းစားနေ၏။

ငါက အချိန်စက်ဝန်းတစ်ခုအတွင်း ပိတ်မိနေတာလား။ ဒါမှမဟုတ်  အိပ်မက်တစ်ခုလား…

ကျောင်းပြီးသည့်နောက်တွင် သူက ဆေးရုံသို့သွားကာ ခန္ဓာကိုယ်ကို စစ်ဆေးကြည့်ခဲ့သည်။ ထင်ထားသည့်အတိုင်း သူက တူညီသော ရောဂါမျိုး ရှိနေ၏။ သူ့မိဘများက ပထမဘဝ သို့မဟုတ် အိပ်မက်ထဲကကဲ့သို့ တုံ့ပြန်ကြသည်။ သို့သော် ဝမ်ဝေ့ကမူ ကွဲပြားနေ၏။

သူ့စိတ်ထဲမှ တစ်စုံတစ်ခု နိုးထလာဟန်ပေါ်ကာ ထိုကောက်ချက်ချမှုကို စမ်းသပ်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။ သူက သူ့ရောဂါကို ကုသဖို့ မကြိုးစားသလို သူ့အဖေကို သူ့ကို ကယ်တင်ဖို့ရာအတွက် ပဝေသဏီကုန်းမြေဆီ သွားဖို့ရာလည်း ခွင့်မပြုပေ။ ဝမ်ထျန်းက ဖျောင်းဖျဖို့ ကြိုးစားသည့်အခါ ဝမ်ဝေ့က သူ့ကိုယ်ကို ထားခဲ့ပါက သူ့ဘာသာသူ သတ်သေမည်ဟုပင် ခြိမ်းခြောက်ခဲ့၏။

ထို့ကြောင့် သူက နောက်လေးနှစ်တာလုံးကို သူ့မိသားစုနှင့်အတူ ကုန်ဆုံးခဲ့ပြီးသည့်နောက်တွင် ဆေးရုံပေါ်တွင် ဒုတိယအကြိမ် သေဆုံးသွားခဲ့သည်။ ထင်ထားသည့်အတိုင်း သူက ၁၆နှစ်အရွယ်သို့ ပြန်ရောက်သွားပြီး တူညီသည့် နေရာ၊ တူညီသည့် စာသင်ခန်းအတွင်းတွင် ဖြစ်၏။

ငါက တကယ်ကို အချိန်စက်ကွင်းအတွင်း ရောက်နေတာပဲ။ ကြည့်ရတာ ဒီရည်ရွယ်ချက်က ရောဂါကို ကုသဖို့ ဖြစ်မယ်တူတယ်…

ဝမ်ဝေ့က သုံးသပ်လိုက်သည်။

ထို့နောက် သူက အတိတ်ဘဝ နှစ်ခု၏ ယခင်အတွေ့အကြုံများကို အာရုံစိုက်လိုက်သည်။

ပထမဘဝရဲ့ ချဉ်းကပ်မှုက မှားယွင်းနေတယ်။ ငါက ရောဂါကို ကုသဖို့အပေါ် အာရုံစိုက်မထားဘဲနဲ့ ရောဂါလက္ခဏာကို စီမံပြီး အသက်၃၅နှစ်အထိ နေဖို့ လုပ်ခဲ့သင့်တယ်…

ဝမ်ဝေ့က သူ့ရောဂါအခြေအနေသည် အလွန်တရာ ရှုပ်ထွေးပြီး နှစ်အနည်းငယ်မျှဖြင့် အလွယ်တကူ ပျောက်ကင်းသွားမည် မဟုတ်ကြောင်း နားလည်လေသည်။ ထိုအရာက ဆယ်စုနှစ်ပင် ကြာမြင့်သွားနိုင်၏။ ကံကောင်းစွာဖြင့် သူ့တွင် အချိန်ပို ရှိနေလေပြီ။

ကျောင်းပြီးသည့်နောက်တွင် သူက စစ်ဆေးမှု မခံယူသလို မိဘများကိုလည်း ရောဂါအကြောင်း ပြောမပြခဲ့ပေ။ သူက သူ့အမေကို မျိုးရိုးဗီဇစစ်သည်တော် ဖြစ်မည်ဟု အယုံသွင်းကာ သူ့အဖေကိုမူ  မြှုပ်နှံဖို့အတွက် ပိုက်ဆံအမြောက်အများ တောင်းခံခဲ့သည်။

သူက ထိုပိုက်ဆံများဖြင့် စမ်းသပ်ခန်းတစ်ခုကို ဖန်တီးခဲ့၏။ နောက်သုံးနှစ်အတွင်း သူက သုတေသနကို ဆက်လက်လေ့လာခဲ့သည်။

“ မင်းက မင်းရောဂါအကြောင်းကို ဘယ်အချိန်မှ ပြောမှာလဲ” ဝမ်ထျန်းက သူ့ဒေါသကို ဖုံးကွယ်ဖို့ ခက်ခက်ခဲခဲ ကြိုးစားနေရဟန်ပေါ်သည်။

“ တကယ်လို့ ကျွန်တော့် စိတ်တိုင်းကျဆိုရင် ဘယ်တော့မှ ပြောမှာ မဟုတ်ဘူး”

“ မင်းက အခု ဒီလိုလုပ်နေရမဲ့အချိန် မဟုတ်ဘူး။ မင်းအမေကိုလည်း ကြည့်လိုက်ဦး”

“ ကျွန်တော် အမှန်အတိုင်းပြောနေတာ” သူက ပြန်လည်ချေပ၏ “ အဖေတို့ကို ပြောလိုက်တာက ကိစ္စတွေကို ပိုပြီးဆိုးရွားစေမှာ။ ကျွန်တော်ကို ကယ်နိုင်မဲ့ နည်းလမ်းရှာဖို့ အန္တရာယ်များတဲ့ ကုန်းမြေဆီ သွားဖို့ စဉ်းစားနေတာမလား။ ဒါပေမဲ့ အဲဒါက အလုပ်မဖြစ်ဘူး”

“ မင်းက ဘယ်လိုလုပ်သိလဲ”

ဝမ်ဝေ့က ပါးစပ်ဟလိုက်သော်လည်း ဘာမှ မပြောနိုင်ခဲ့ပေ။ ထို့နောက် သူက သူ့မိဘများကို အချိန်စက်ကွင်းအကြောင်း ပြောပြလျှင် မည်သို့ဖြစ်သွားမည်ကို စဉ်းစားလာမိ၏။ သူ့ကို ဤသို့ဖြစ်စေသည်မှာ နတ်ဘုရားလား သို့မဟုတ် မိစ္ဆာလား မသိသော်လည်း သူ့ကံကြမ္မာကို အဆုံးအဖြတ်ပေးခံရသည်ကိုမူ မပျော်ရွှင်ပေ။

ထို့အပြင် သူက လျှို့ဝှက်ချက်ကို ထိန်းသိမ်းထားရသည်ကို မပျော်ရွှင်ပေ။ အဖြစ်မှန်ကို ထုတ်ဖော်ပြလိုက်ခြင်းက သူ့အတွက် ပိုမိုလွယ်ကူလာနိုင်၏။ ထို့ကြောင့် သူက အလောင်းအစား လုပ်ကာ အမှန်အတိုင်းပြောဖို့ ဆုံးဖြတ်လိုက်သည်။ ဝမ်ဝေ့ကို အံ့အားသင့်သွားစေသည်က သူ့မိဘများက သူ့ကို မယုံကြည်သည်မှလွဲ၍ ဘာမှဖြစ်မလာခဲ့ပေ။

သို့သော်လည်း သူက ဖျောင်းဖျဖို့ တခြားနည်းလမ်းများစွာ ရှိ၏။ အနာဂတ်အကြောင်း ဗဟုသုတများပင် အပါအဝင် ဖြစ်သည်။ ထို့နောက် သူ့မိသားစုက နောက်ဘဝများတွင် သူ့ကို အလွယ်တကူ မြန်မြန်ဆန်ဆန် ယုံကြည်စေဖို့ စကားဝှက်တစ်ခုကို ထုတ်ထားခဲ့သည်။

သူ့မိသားစု၏ အကူအညီဖြင့် ကိစ္စများက ပိုမိုချောမွေ့လာ၏။ တတိယဘဝတွင် ဝမ်ဝေ့က နှစ်သုံးဆယ်မျှအထိ နေထိုင်နိုင်ခဲ့ပြီး ပထမဘဝထက် သုံးနှစ် ပို၏။ သို့သော်လည်း သူက သူ့ရောဂါအခြေအနေ ထိန်းထားရာတွင် သုတေသနက အဟန့်အတားအထိ ရောက်ရှိသွားကြောင်း ကောက်ချက်ချလိုက်သည်။

ထိုပြဿနာကို ဖြေရှင်းနိုင်မည့် အမြန်ဆုံးနည်းလမ်းက ပဝေသဏီကုန်းမြေမှ မျိုးစိတ်များဖြင့် ဖြစ်သည်။ မဟုတ်ပါက သူသည် မအောင်မြင်ခင် အသက်ရာချီကို အသုံးပြုနေရနိုင်သည်။ ကံဆိုးစွာဖြင့် ထိုနေရာက အန္တရာယ်များလွန်းလှ၏။ ထို့ကြောင့် သူ့လေးဘဝမြောက်တွင် စတုတ္ထအဆင့် မျိုးရိုးဗီဇစစ်သည်တော် ဖြစ်လာနိုင်သည့် နည်းလမ်းကို ဖန်တီးဖို့ရာ အာရုံစိုက်ထားခဲ့သည်။

ဂြိုလ်သား အာကာသယာဉ်မှ ပြန့်ကျဲနေသော သတင်းအချက်အလက်များဖြင့် ရှစ်ဘဝတွင် အောင်မြင်ခဲ့၏။ တခြားနည်းဖြင့် ပြောရလျှင် သူက ဘဝလေးခုကို နှစ်၃၀မျှ နေထိုင်နိုင်ခဲ့သည်။ သို့သော်လည်း သူက တစ်ခုချင်းစီတွင် ၁၅နှစ်မျှသာ လေ့လာနိုင်ချေရှိသည့်အတွက် စုစုပေါင်း နှစ် ၆၀ မျှသာ ဖြစ်၏။

သူ့မိဘများက လေးဆင့်မြောက် မျိုးရိုးစစ်သည်တော် ဖြစ်လာသည့်အခါ ဝမ်ဝေ့က ပဝေသဏီကုန်းမြေရှိ ရှားပါးအရင်းအမြစ်များကို ရယူဖို့ ပိုမိုလွယ်ကူလာသည်။ သူ့ ဆယ်ဘဝမြောက်တွင် ရောဂါလက္ခဏာအားလုံးကို ဖြေရှင်းပြီး ၃၅နှစ်မတိုင်ခင်အထိ နေထိုင်နိုင်ခဲ့သည်။

၁၁ ဘဝမြောက်မှစ၍ သူသည် ရောဂါလက္ခဏာ၏ ကုထုံးကို ရှာဖွေဖို့ရာ အာရုံစိုက်ထားခဲ့သည်။ သူက ၂၇ ဘဝမြောက်တွင် အောင်မြင်ခဲ့သည်။

***

All Chapters