← Chapters

ကစားပွဲ

Vol. 47 Ch. 649

ကစားပွဲ

Vol. 47 Ch. 649

ကံကြမ္မာရဲ့ ဝိရောဓိဖြစ်မှုပဲ…

ဝမ်ဝေ့က တွေးလိုက်မိသည်။ ဤသည်က ယခုအတွေ့အကြုံမှ သင်ယူခဲ့ရသည့် အရေးကြီးဆုံးအရာထဲမှ တစ်ခု ဖြစ်ပေသည်။ မိမိကံကြမ္မာကို မဖန်တီးနိုင်ဟု ယုံကြည်ထားမှုတစ်ခု ဖြစ်၏။ သို့သော် ထိုအရာက ထိန်းချုပ်မှုအောက် ရှိနေသည့်သူများအတွက် ကန့်သတ်ချက်မဲ့ ဖြစ်နိုင်ချေများနှင့် ထိုအတားအဆီးမှ လွတ်မြောက်နိုင်ချေရှိမှုကို ဖြစ်စေလိုသည်။

ဝမ်ဝေ့က ခေါင်းမော့လိုက်ကာ ခဲဖြူရောင် ကြယ်တာရာတစ်ခုကို ဖွဲ့စည်းဖို့ စိုက်ကြည့်လိုက်သည်။ ကျင့်ကြံရေးက ကံကြမ္မာ၏ ထိန်းချုပ်မှုမှ ဖြည်းဖြည်းချင်း လွတ်မြောက်သည့် ဖြစ်စဉ်တစ်ခု ဖြစ်၏။ အင်အားက မြင့်မားလေလေ လူတစ်ယောက်တွင်ရှိသည့် ရွေးချယ်စရာက ပိုမိုများလေလေဖြစ်ကာ သူတို့၏ အပြုအမူများအတွက် တာဝန်ယူနိုင်ဖို့ရာ ပိုမိုတတ်စွမ်းလာနိုင်လေလေ ဖြစ်၏။

ထို့နောက် မွေးဖွားကတည်းက ကံကြမ္မာ၏ ထိန်းချုပ်မှု မခံရသည့် ကံကြမ္မာမဲ့လူများလည်း ရှိကြသည်။ သူတို့က ကောင်းချီးခံ လူတချို့သာ ဖြစ်ပြီး ကံကြမ္မာမြစ်ကြောင်း၌ သူတို့အကြောင်း မပါဝင်ပေ။

နောက်ဆုံးတွင် သူ လတ်တလောလေးမှ သင်ယူထားသည့် နောက်ထပ် အုပ်စုတစ်ခု ရှိနေပြီး ထိုသူများက ကံကြမ္မာကြယ်ကို ဖွဲ့စည်းထားသည့်သူများ ဖြစ်၏။ သေမျိုးတစ်ယောက်က ပြင်ပလွှမ်းမိုးမှု မရှိဘဲ သူတို့၏ ကံကြမ္မာမှ လွတ်မြောက်သွားသည့်အခါတွင် ဖြစ်ပေါ်၏။ ထိုလွှမ်းမိုးမှုက ကျင့်စဉ်တစ်ခုကို ရှာဖွေခြင်းနှင့် ပိုမိုအားကောင်းလာခြင်းလည်း ပါဝင်သည်။ ကံကြမ္မာကြယ်ကို ဖန်တီးဖို့ရာအတွက် သူတို့က သေမျိုးတဖန် ဝမ်ဝေ့ကဲ့သို့ အသိဉာဏ်၊ အရင်းအမြစ်နှင့် စိတ်စွမ်းအားကို အသုံးပြုကာ သူတို့၏ ဘဝရှိ ဖြစ်ရပ် သို့မဟုတ် သီးသန့်အကြောင်းအရာတစ်ခုကို အခြေခံအားဖြင့် ပြောင်းလဲပစ်လိုက်ခြင်း ဖြစ်သည်။

ဒီလိုဖြစ်ဖို့က မလွယ်ကူဘူးပဲ…

ဝမ်ဝေ့က သိပ္ပံနှင့် နည်းပညာ ကမ္ဘာ့ထောင့်တစ်နေရာတွင် ဤသေမျိုးတဖန်အတွက် ဖန်တီးထားသည့် ဂြိုလ်ကို ကြည့်ကာ တွေးလိုက်မိသည်။

ငါက လူအားလုံးရဲ့ ကံကြမ္မာကို ကြောက်မက်ဖွယ်ကောင်းတဲ့ အနေအထားအထိ ထိန်းချုပ်နိုင်နေပြီ…

သူက လမ်းမပေါ်တွင် လမ်းလျှောက်လာသည့် စုံတွဲအား ကြည့်ကာ တွေးလိုက်မိ၏။ အကယ်၍ သူသာ အလိုရှိပါက ထိုစုံတွဲ၏ ယခုမှစ၍ နောက်နှစ်သန်းချီကြာ ထိုစုံတွဲ၏ မျိုးဆက်မှ မျိုးရိုးဗီဇ အစိတ်အပိုင်းများကို ဆုံးဖြတ်ပေးနိုင်သည်။

သူက ယခုမှစ၍ ၂၃၄၉၆၇ နှစ်တွင် သူတို့မျိုးဆက်ရှူသွင်းမည့် လေထုကိုပင် ထိန်းချုပ်နိုင်သည်။ ဝမ်ဝေ့က ဤဂြိုလ်ပေါ်တွင် တည်ရှိသည့် သေမျိုးတစ်ဦးချင်းစီအတွက် မော်လီကျူး ဖွဲ့စည်းပုံကိုပင် ဆုံးဖြတ်ပေးနိုင်၏။ သူက သူတို့၏ အကျင့်စရိုက်၊ ရွေးချယ်မှု၊ စိတ်ဒဏ်ရာ၊ အောင်မြင်မှု၊ ကျရှုံးမှုနှင့် တခြားအရာများကိုလည်း ဆုံးဖြတ်ပေးနိုင်သည်။

ကံကြမ္မာမြစ်ကြောင်းက ငါထင်ထားတာထက် ပိုပြီးကြောက်ဖို့ကောင်းနေတာပဲ…

သေမျိုးတစ်ယောက်အတွက် သူတို့ ကံကြမ္မာကြယ်ကို ဖွဲ့စည်းဖို့ ဘယ်လောက်တောင် ခက်ခဲလိုက်မလဲ…

ဝမ်ဝေ့က ဤသို့အရာမျိုးကို ရယူမည့် ခက်ခဲမှုကို တွေးမကြည့်နိုင်ပေ။ သူအနေနှင့် ကံကြမ္မာကို အနိုင်ပိုင်းထားရုံမျှ တတ်နိုင်သည်မှာ သူ့တွင် အကန့်အသတ်မဲ့အချိန် ရှိနေ၍ ဖြစ်သည်။

အောင်မြင်သွားတဲ့ လူတချို့တော့ ရှိမှာပဲ။ တကယ်လို့ အဲဒီလူတွေက ကျင့်ကြံရေးခရီးစဉ်ကို လျှောက်လှမ်းသွားကြရင် သူတို့က တကယ်ကို ကြောက်ဖို့ ကောင်းလာလိမ့်မယ်…

သူက ခေါင်းအသာယမ်းလိုက်ပြီးသည့်နောက်တွင် ကံကြမ္မာကြယ်သည် အစစ်အမှန် မဟုတ်သည့်အတွက် ပယ်ဖျက်လိုက်သည်။

မည်သို့ပင်ဆိုစေကာမူ သူက ကံကြမ္မာမဲ့ ဖြစ်နေဆဲဖြစ်ကာ သူ သိထားသလောက် ထိုကြယ်ကလည်း တူညီသည့် စွမ်းဆောင်ရည်ကို ချီးမြှင့်ပေးထား၏။ ထို့နောက် ဝမ်ဝေ့က သူ ဉာဏ်အလင်းပွင့်ခဲ့သည့် ကမ်းခြေသို့ ရောက်ရှိလာသည်။ သူက သဲသောင်ပြင်ကို ကြည့်ရင်း အတွေးနက်နေမိ၏။

လှည့်စားမှုထဲမှာ ကံကြမ္မာက သက်ရှိတွေကို လွတ်မြောက်နိုင်ချေ ပေးထားတာ အဓိပ္ပာယ်မရှိဘူး။ ဒါက အကြွင်းမဲ့ထိန်းချုပ်မှု သဘောတရားရဲ့ ဗဟိုချက်ကနေ လှိုက်စားနေတာပဲ။ တစ်ယောက်ယောက်က အဲ့လိုလုပ်ဖို့ မလိုအပ်သရွေ့ပေါ့…

“ မဟာတာအို” သူက သဲသောင်ပြင်မှ စာလုံးကို ရေးချပြီးသည့်နောက်တွင် ရေရွတ်လိုက်သည်။

ဟွင်သွမ်းစကြဝဠာတစ်ခုလုံးက ဂိမ်းတစ်ခုလိုပဲ။ ကျင့်ကြံရေးက အဆင့်တက်ဖို့ နည်းလမ်းတစ်ခု… ကစားသမားရဲ့ တည်နေရာအပေါ် မူတည်ပြီးတော့ သူတို့က ကွဲပြားတဲ့ လမ်းစဉ်တွေကို ရွေးချယ်နိုင်တယ်။

 ဧကရာဇ်၊ တာအိုနဲ့ ထာဝရ…

တချို့နေရာတွေမှာ ဧကရာဇ်ကဏ္ဍကို မရရှိနိုင်ဘူး…

ဝမ်ဝေ့က ကံကြမ္မာအပေါ် နားလည်နိုင်စွမ်းသည် နက်နဲလာကြောင်း ခံစားမိလိုက်သည်။ အထူးသဖြင့် သူ့ အစီအစဉ်ကျမှု၊ မကျမှု စည်းမျဉ်း ဖြစ်၏။

ဒီကစားပွဲမှာ သဘောတရားအရ အဆင့် ၁၂ ဆင့်ရှိတယ်။ ဒီမှာ ဂိမ်းမာစတာ(ကောင်းကင်တာအို)က ချမှတ်ထားတဲ့ စည်းမျဉ်းတွေ၊ ဥပဒေသတွေ ရှိတယ်။ ကစားသမားတစ်ယောက်က ဂိမ်းရဲ့ ပြင်ပကနေ တစ်ခုခုလုပ်တာမျိုး ဒါမှမဟုတ် ပျက်စီးသွားစေတာမျိုးဆိုရင် ဂိမ်းမာစတာက သူတို့အပေါ် ကန့်သတ်ချက်တွေ ထားရှိလိမ့်မယ်။

တစ်ချိန်တည်းဆိုသလို ကစားသမားရဲ့ အဆင့်က မြင့်မားလာလေလေ သူတို့သင်ယူပြီး ချိုးဖောက်နိုင်တဲ့ စည်းမျဉ်းတွေက များပြားလာလေလေပဲ။ ဘာပဲဖြစ်ဖြစ် အဆင့်အမြင့်ဆုံး ကစားသမားက အကြွင်းမဲ့ဂိမ်းမာစတာ (မဟာတာအို)လောက်တော့ ရောက်ရှိနိုင်မှာ မဟုတ်ဘူး…

ဝမ်ဝေ့၏ အကြည့်များက တောက်ပလာသည်။

ဂိမ်းထဲမှာရှိတဲ့အားလုံးက ကစားသမား ဖြစ်နိုင်တာတော့ မဟုတ်ဘူး။ လူတချို့က NPC ဖြစ်ရမယ်။ တကယ်လို့ အဲဒီ NPCက ကစားသမားဖြစ်လာတဲ့အခါ သူတို့ရဲ့ ကံကြမ္မာကြယ်ကို မွေးဖွားနိုင်တဲ့လူတွေ ဖြစ်လာလိမ့်မယ်။ ကံကြမ္မာမဲ့ဆိုတာက ချို့ယွင်းမှုတချို့နဲ့ မွေးဖွားလာတဲ့လူတွေပဲ။ သူတို့ကို ပိုမိုသုံးသပ်နိုင်မဲ့ နည်းလမ်းကောင်းတော့ ရှိလောက်တယ်…

ဝမ်ဝေ့က ကံကြမ္မာမဲ့ အစိတ်အပိုင်းများစွာ ရှိနေမှာပဲ။ အားအကောင်းဆုံးက ကံကြမ္မာမြစ်ကြောင်းပဲ။ ဒါပေမဲ့ တခြားဟာတွေကရော…

သူ့ပင်ကိုစံပြဝိညာဉ်က အလျင်အမြန် အသက်ဝင်လာသည်။ သူ့စိတ်ဝိညာဉ်အမှုန်တစ်ခုချင်းစီက ဝမ်ဝေ့တစ်ယောက်စီကဲ့သို့ ပြုမူနေပြီး သူ့နားလည်နိုင်စွမ်းကို မြှင့်တင်ပေးလာသည်။

မဟာတာအိုအရင်းအမြစ်၊ အချိန်မြစ်ကြောင်း၊ အရင်းအမြစ် ချီနေရာလွတ်

ဝမ်ဝေ့က တခြားသော အရေးပါသည့် အစိတ်အပိုင်းများ ရှိနေသည်ကို ခံစားမိလိုက်၍ မျက်မှောင်ကြုတ်လိုက်သည်။ နမူနာအားဖြင့် ခွန်အားအစစ်အမှန် တာအိုနယ်ပယ်အဆင့် ရှိသော်လည်း သူ့အနေနှင့် သိပ်မသေချာပေ။ ကြည့်ရသည်မှာ သူ၏ နားလည်နိုင်စွမ်းက မလုံလောက်သေး၍ ဖြစ်နိုင်သည်။

ကိစ္စမရှိဘူး။ ငါ့ဆီမှာ အချိန်ရှိသေးတယ်…

ဤကစားပွဲကို အနိုင်ယူမည့် နည်းလမ်းတစ်ခုက ထိုစည်းမျဉ်းနှင့် အနှစ်သာရကို ဖော်ထုတ်ခြင်း ဖြစ်၏။ အဆင့် ၁၂ ကစားသမားအများစုက ဤဂိမ်း၏ တည်ရှိမှုကို မသိရှိကြသည့်အတွက် နားလည်ဖို့ရာ ထည့်ပြောဖို့ မလိုတော့ပေ။

သူတို့အများစုက အဆင့်၁၂ ပင် မရောက်ရှိနိုင်ကြပေ။ သို့သော် ရှေ့ဆက်ရမည့် လမ်းစဉ် မရှိသည့်အတွက် စိတ်ပျက်နေသည့်သူများလည်း ရှိ၏။ ထိုစဉ် သူ့ဘိုးဘေး ချီယွမ်ကဲ့သို့ ထူးချွန်သည့် ကစားသမားများက ရှေ့ဆက်ရမည့်လမ်းစဉ်ကို ဖန်တီးယူရမည်ကို သိနေသည်။ သူက အဆင့် သုညမှ ၉.၅အထိ လမ်းစဉ်ကို ဖန်တီးခဲ့သည်။ အကယ်၍ အကြွင်းမဲ့ဂိမ်းမာစတာက အဆင့် ၁၀အပေါ် ပြင်းထန်သည့် ကန့်သတ်ချက် မထားရှိခဲ့လျှင် ချီယွမ်ကဲ့သို့ ကစားသမားများက အဆင့်၁၂ ထိ ရောက်နိုင်မည့် နည်းလမ်းကို ဆက်လက်ရှာဖွေကြလိမ့်မည်။

သူက ဒုတိယမြောက် မူလစစ်ပွဲကို ဖန်တီးပြီး အကြွင်းမဲ့ တားမြစ်ချက်ရဲ့ ရည်ရွယ်ချက်ကို တစ်ခုခုတော့ နားလည်သွားပြီ။ အဲဒါက အဆင့်၁၃ကို ရောက်မဲ့လမ်းစဉ်ကို ရှာဖွေဖို့ပဲ။ ကိစ္စတွေက မရိုးရှင်းဘူးပဲ…

သူက ဂိမ်းအကြောင်းရေးသားထားသည့် သဲပုံမှ စာလုံးများကို ကြည့်လိုက်သည်။ အကယ်၍ ကမ္ဘာမြေမှ တစ်ယောက်ယောက်မြင်ပါက သူတို့သည် ဉာဏ်အလင်းပွင့်အခြေအနေသို့ ဝင်ရောက်ကာ အစီအစဉ်ကျမှု၊ မကျမှုစည်းမျဉ်းအကြောင်း နားလည်ပြီး ကံကြမ္မာစည်းမျဉ်းကိုပင် တစ်စိတ်တစ်ပိုင်း နားလည်လာနိုင်လိမ့်မည်။ ပြောရလျှင် သူ အသုံးပြုသည့် ဂိမ်းအသုံးအနှုန်းများကို နားလည်သည့် ကျင့်ကြံသူတစ်ယောက် တွေ့သရွေ့ သူတို့သည်လည်း ဉာဏ်အလင်းပွင့် အခြေအနေသို့ ဝင်ရောက်နိုင်လိမ့်မည်။

သူက လက်ဝှေ့ကာ ထိုစာလုံးများကို ပယ်ဖျက်လိုက်၏။ ကမ္ဘာ၏ တချို့လျှို့ဝှက်ချက်များက ချရေး၍ မဖြစ်ပေ။

“ ကစားပွဲကို အနိုင်ရဖို့ ကစားရမယ်” သူက ရေရွတ်လိုက်၏။ ထို့နောက် ဝမ်ဝေ့က အပေါ်ရှိ ဂြိုလ်ကို ကြည့်လိုက်ပြီးနောက်တွင် လေထုထဲပျံသန်းသွားကာ နောက်ဆုံးသော သေမျိုးတဖန်ကို ဒုတိယအကြိမ် စစ်ဆေးကြည့်လိုက်သည်။ သူက သူ့အနာဂတ်ကျင့်ကြံရေးလမ်းစဉ်အတွက် အရေးပါမည်ဟု ထင်ရသည့် သင်ခန်းစာများစွာကို သင်ယူခဲ့ရသည်။ အထူးသဖြင့် သူက အဆင့် ၁၃ သို့ ရောက်ဖို့ ကြိုးစားသည့်အခါတွင်ဖြစ်၏။

ထို့အပြင် သူက သေဆုံးမှုလှည့်ဖျားခြင်းကို အသုံးပြုပြီးသည့်နောက် တည်ရှိမှုအပေါ် နားလည်နိုင်စွမ်းက အနည်းငယ် တိုးမြှင့်လာခဲ့သည်။ ထာဝရဧကရာဇ်၏ ထာဝရသဘာဝက အမှတ်တရဆိုင်ရာ စွမ်းအားပုံစံတစ်ခုဖြစ်ပြီး သူတို့က မှတ်ဉာဏ်၊ စကားလုံးနှင့် သမိုင်းဖြစ်ရပ်များတွင် တည်ရှိကြသည်။

ထို့အပြင် ထာဝရဧကရာဇ်အားလုံးက အတူတူ မဟုတ်ကြပေ။ နမူနာအားဖြင့် ချီယွမ်နှင့် အကြွင်းမဲ့ စတင်ခြင်းဧကရာဇ်တို့ ဖြစ်၏။ သို့သော်လည်း ချီယွမ်အောင်မြင်ခဲ့သည့် ဖြစ်ရပ်အားလုံးကြောင့် သူကား အကြွင်းမဲ့စတင်ခြင်းဧကရာဇ်ကို သတ်ဖို့ရာထက် အဆထောင်ချီ ပိုမိုခက်ခဲလိမ့်မည်။

ချီယွမ်က စကြဝဠာတစ်ခုလုံးကို သက်ရောက်မှု ရှိစေသည့် ဖြစ်ရပ်များကို ဖန်တီးခဲ့၏။ အကယ်၍ တစ်စုံတစ်ယောက်က သူ့အား သတ်လိုလျှင် အဆုံးမဲ့ဟွင်သွမ်းကမ္ဘာများ ပါဝင်နေနိုင်သည့် ဟွင်သွမ်းစကြဝဠာတစ်ခုလုံး၏ သမိုင်းကြောင်းမှ ဖျောက်ဖျက်ပစ်ရလိမ့်မည်။

သူက ထိုကိစ္စများကို စဉ်းစားနေရင်း သူ့စိတ်က နဂိုထက် ပိုမိုရှင်းလင်းလာ၏။ သူ့အသိစိတ်ပင်လယ်ထဲရှိ ငွေရောင်စည်းမျဉ်း သစ်ပင်ကလည်း သစ်သီးတစ်လုံး ဖြစ်တည်လာခဲ့သည်။

“ အခု ငါ အဖြေလိုနေတဲ့ အရာတစ်ခုပဲ ရှိတယ်။ ငါက ဘာလို့ လွတ်လပ်ပြီး အနှောင်အဖွဲ့ကင်းချင်တာလဲ”

သူက ကျင့်ကြံရေးလောကအကြောင်း သင်ယူခဲ့စဉ်အခါက ဤသည်မှာ သူ၏ ပင်မရည်ရွယ်ချက် ဖြစ်ရမည်ဟု ဆုံးဖြတ်ထားခဲ့သည်။ သို့သော် မေးခွန်းက သူသည် ထိုအရာက အဘယ့်ကြောင့် သူ့ရည်မှန်းချက် ဖြစ်နေရသနည်း။ သူက မွေးဖွားလာကတည်းက လွတ်လပ်သည့် လူသားတစ်ယောက် ဖြစ်နေ၍လား အတိတ်ဘဝက ပတ်ဝန်းကျင်အနေအထားက သူ့စိတ်ဆန္ဒကို ဖြစ်ပေါ်စေခဲ့သည်လား သို့မဟုတ် လွတ်လပ်ပြီး အနှောင်အဖွဲ့ကင်းလိုသည့် အရာနှင့် စွဲလမ်းနေသည့် နောက်ထပ် အကြောင်းအရင်းရှိဦးမည်လား။

ငါ တာအိုကို သက်သေမပြခင် ဒီအဖြေကို ရှာဖို့လိုတယ်…

ဝမ်ဝေ့က ထိုဂြိုလ်ကို ကျန်ရှိနေသည့် သိပ္ပံနှင့် နည်းပညာကမ္ဘာနှင့် ဆက်နွယ်လိုက်ပြီးသည့်နောက်တွင် အထွတ်အထိပ်အဆင့်သို့ တက်လှမ်းဖို့ ထွက်လာခဲ့သည်။

***

All Chapters