← Chapters

အထွတ်အထိပ် နယ်ပယ်အဆင့်

Vol. 47 Ch. 650

အထွတ်အထိပ် နယ်ပယ်အဆင့်

Vol. 47 Ch. 650

ဝမ်ဝေ့က တောင်ထိပ်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ ကျင့်ကြံလိုက်၏။ သူ့ခန္ဓာကိုယ်ထဲရှိ စည်းမျဉ်းသစ်ပင်က သစ်သီးတစ်လုံး အလျင်အမြန် ဖွဲ့စည်းလာသည့်အတွက် ဝင့်ဝင့်စွားစွား တောက်ပလာသည်။ ထိုသစ်သီးက ငွေရောင် ဖြစ်ပြီး သင်္ကေတကိုးခုပါရှိကာ တစ်ခုချင်းစီက ဝမ်ဝေ့၏ ကံကြမ္မာစည်းမျဉ်း၏ ကဏ္ဍများဖြစ်သည့် ကံ၊ ကံကြမ္မာ၊ ကြမ္မာ၊ သံသရာ၊ ကာလံဒေသံ၊ ကံကောင်းမှု၊ အစီအစဉ်ကျမှု - မကျမှု၊ ယင်ယန်နှင့် လွတ်လပ်ခွင့်တို့ ဖြစ်၏။

သူ့နားလည်နိုင်စွမ်းက လိုအပ်သည့်အဆင့်သို့ ရောက်ရှိသွားသည်နှင့် သူသည် တာအိုသစ်သီးကို ဖွဲ့စည်းဖို့ ပြဿနာ မရှိပေ။ ဝမ်ဝေ့က သူ့စည်းမျဉ်းသည် ပိုမိုမြင့်မားသည့် အဆင့်အဖြစ် သိမ်မွေ့သွားပြီး သူတို့က စည်းမျဉ်းအားလုံး၏ အရင်းအမြစ်ဖြစ်ရာ တာအို ဖြစ်လာ၏။

သို့သော်လည်း ဤသည်က တာအိုသစ်သီး ဖွဲ့စည်းရာတွင် ပထမအပိုင်း ဖြစ်၏။ နောက်အဆင့်က အံ့ဖွယ်ခန္ဓာကိုယ်အဆင့်နှင့် တူညီသည့် သူ့လိုအင်ဆန္ဒ၊ ရည်မှန်းချက်နှင့် ရည်ရွယ်ချက်များကို ထည့်သွင်းရမည် ဖြစ်သည်။

လူအားလုံးက တာအိုနောက် လိုက်နိုင်ကြခြင်း မဟုတ်ပေ။ လုပ်ဆောင်နိုင်သည့် ထိုလူများကြားတွင်ပင် ကွဲပြားချက် ရှိ၏။

ကျင့်ကြံသူတစ်ယောက်က သူတို့၏ ကိုယ်ပိုင်တာအို ရှိကြလား ဒါမှမဟုတ် သူတို့က ဘိုးဘေးရဲ့ လမ်းစဉ်ကိုပဲ မှီခိုနေကြတာလား…

သူတို့ရဲ့ တာအိုနှလုံးသားနဲ့ စိတ်အခြေအနေက တာအိုလမ်းစဉ်နောက် လိုက်ဖို့ ထိုက်တန်ရဲ့လား…

ထိုအရာအားလုံးက အထွတ်အထိပ် နယ်ပယ်အဆင့်သို့ ဝင်ရောက်သည့် အောင်မြင်နိုင်မှုကို ဆုံးဖြတ်ပေးနိုင်သည်။

ဝမ်ဝေ့က သူ့စိတ်ဝိညာဉ်အင်အားကို အသုံးပြုကာ သူ့အတွေးအခေါ်နှင့် ရည်မှန်းချက်များကို ထည့်သွင်းလိုက်ပြီးသည့်နောက်တွင် ခုခံမှုတချို့ကို ခံစားမိလိုက်သည်။ ထိုဖြစ်စဉ်အတွင်း သူ့စိတ်၏ ထောင့်တစ်နေရာမှ သံသယများစွာ ထွက်ပေါ်လာ၏။ သူက သူ့ကိုယ်သူ မေးခွန်းထုတ်လာကာ သူ့အတွေးအခေါ်၊ ယုံကြည်ချက်နှင့် သူ အောင်မြင်နိုင်မည်လားဟုပင် စတင်၍ သံသယဖြစ်လာမိသည်။

ဒီမျိုးဆက်မှာ သူက တာအိုကို သက်သေပြနိုင်ပါ့မလား…

အရာအားလုံးက အဆင်ပြေချောမွေ့နေတယ်ဆိုပေမဲ့ ဒီလိုဖြစ်နေတာရော ဟုတ်ရဲ့လား။ သူ့ရဲ့ အစီအစဉ်တွေကရော ဘယ်လိုလုပ်မလဲ။ သူ့ကို မှီခိုနေကြတဲ့သူတွေကရော ဘယ်လိုလုပ်မလဲ

ထို့နောက် သူ့အိပ်မက် မဟုတ်သေးဘူး လွတ်လပ်ကာ အနှောင်အဖွဲ့ကင်းဖို့ သူ့ရည်မှန်းချက်လည်း ရှိနေသေး၏။

ဒီဟာက အမှန်တကယ် ဖြစ်နိုင်ရဲ့လား။ အကြွင်းမဲ့ လွတ်လပ်ခွင့်က ရရှိနိုင်ပါ့မလား။ သူ့ရဲ့ အကြွင်းမဲ့ လွတ်လပ်ခွင့်ပုံစံက လက်တွေ့အကောင်အထည်ဖော်လာနိုင်ပါ့မလား…

ဝမ်ဝေ့က အရာအားလုံးကို ဖြတ်ကျော်ကာ ထိုသံသယများအား သူ့ကို တားဆီးခွင့်မပြုပေ။ သူက စိုးရိမ်နေသော်လည်း သူ့ဘဝနှင့် ပတ်သက်ပြီး မေးခွန်းများစွာ ရှိသော်လည်း သူသည် သူ၏ အောင်မြင်မှုနှင့် ပတ်သက်ပြီး တစ်ကြိမ်မှ သံသယမဖြစ်ခဲ့ပေ။

သူက မည်သို့အခြေအနေဖြစ်စေကာမူ ဆက်လက်၍သာ လျှောက်လှမ်းနေမည် ဖြစ်၏။

ထိုဖြစ်စဉ် ပြီးဆုံးသွားသည့်အခါ တာအိုသစ်သီးက တောက်ပလာကာ သူ့အောင်မြင်မှုကို ဖော်ပြနေသည်။ နောက်အဆင့်ကမူ သူ့ဓမ္မခန္ဓာကိုယ် သို့မဟုတ် အရန်တာအို၏ တခြားသစ်သီးများကို ဖွဲ့စည်းဖို့ ဖြစ်၏။

ကျင့်ကြံသူများက ပင်မတာအိုနှစ်ခု မရှိနိုင်ကြပေ။ သူတို့က သူတို့အလိုရှိသလောက် စည်းမျဉ်းများစွာကို လေ့ကျင့်နိုင်၏။ သို့သော် တာအိုကို သက်သေပြရာတွင် အသုံးပြုမည့် ပင်မတာအိုသစ်သီးသာ ရှိရမည်။ ကံကောင်းစွာဖြင့် တာအိုသစ်သီးတွင် စည်းမျဉ်းမြောက်များစွာ ပေါင်းစပ်နိုင်၏။

ဝမ်ဝေ့က သူ့အရန်သစ်သီးနှစ်ခုကို ဖွဲ့စည်းလိုက်ပြီးသည့်နောက်တွင် ကျွမ်းကျင်အတတ်ပညာ တာအိုသစ်သီးနှင့် တိုက်ပွဲအရန် သစ်သီးဟူ၍ ခေါ်ဆိုခဲ့သည်။ ကျွမ်းကျင်အတတ်ပညာ တာအိုသစ်သီးတွင် ဓာတ်ငါးပါး စည်းမျဉ်းပါဝင်ပြီး အစီအရင်နှင့် ဆေးဝါးပညာကဲ့သို့ တခြားသော ကျွမ်းကျင်အတတ်ပညာများ၏ နားလည်နိုင်စွမ်းလည်း ပါဝင်သည်။

တိုက်ပွဲအရန်တာအိုသစ်သီးတွင် ဝိညာဉ်၊ ဖျက်ဆီးခြင်း၊ ဝါးမျိုခြင်း၊ မိုးကြိုးနှင့် စည်းပိတ်ခြင်းစည်းမျဉ်းတို့ ပါဝင်၏။

ဒုတိယတာအိုသစ်သီးကို ဖွဲ့စည်းသည့် ဖြစ်စဉ်က ပထမတစ်ခုထက် ပိုမိုရိုးရှင်းပြီး ပြဿနာများစွာ မဖြစ်ခဲ့ပေ။ ထို့ကြောင့် ဝမ်ဝေ့က ပင်မတစ်ခုအောက်တွင် နောက်ထပ် အသီးနှစ်ခု ဖွဲ့စည်းနိုင်ခဲ့၏။

နောက်တစ်ခုက ပင်မခန္ဓာကိုယ်ပဲ…

ဝမ်ဝေ့က တွေးလိုက်မိသည်။ ဤသည်က စည်းမျဉ်းနှင့် ပိုင်နက်ထိန်းချုပ်မှု ပါဝင်နေသည်။ ထိုအစိတ်အပိုင်းက သူ၏ အစွမ်းထိန်းချုပ်ရေး ပညာရပ်ကြောင့် ပိုမိုလွယ်ကူလေ၏။

တောင်ပေါ်တွင် ဧရာမ သူ့ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ အကယ်၍ ဝမ်ဝေ့ကသာ အစီအရင်ဖြင့် ပတ်ဝန်းကျင်ကို မခြားနားထားပါက အသင်္ချေအင်ပါယာကမ္ဘာတစ်ခုလုံးသည် ထိုဓမ္မခန္ဓာ တည်ရှိမှုကို သတိထားမိကြလိမ့်မည်။

ပုံသဏ္ဌာန် ပေါ်လာပြီးသည့်နောက်တွင် သူ့အသိစိတ်ပင်လယ်ထဲရှိ သစ်သီးက မိနစ်ပိုင်းကြာ တောက်ပလာပြီးသည့်နောက်တွင် ငြိမ်ကျသွား၏။ ဝမ်ဝေ့က ဧရာမ သူ့ပုံရိပ်ရှေ့တွင် မတ်တပ်ရပ်ကာ ကြည့်လိုက်သည်။

“ မဆိုးဘူးပဲ” သူက ချောမောသည့် သူ့ပုံရိပ်ကို ကြည့်ရင်း မှတ်ချက်ပေးလိုက်သည် “ နောက်ဆုံးအဆင့်ပဲ။”

နောက်ထပ် ဧရာမပုံရိပ်ကြီးတစ်ခု ထွက်ပေါ်လာသည်။ ထိုအရာက သူ့ရုပ်ခန္ဓာ၏ ရုပ်ပုံလွှာ ဖြစ်သည်။ သူ့ထိန်းချုပ်မှုအောက်တွင် ထိုနှစ်ခုက ပေါင်းစပ်သွား၏။ ထို့နောက် ဓမ္မခန္ဓာကိုယ်က ပိုမိုနက်နဲကာ ကြီးမားသည့် အငွေ့အသက်တစ်ခု ထုတ်လွှင့်လာသည်။

“ ထင်ထားတဲ့အတိုင်းပဲ။ ကံကြမ္မာမြစ်ကြောင်းက ငါ့ကို အနည်းငယ် အားကောင်းစေခဲ့တာပဲ”

သူက ရုပ်ခန္ဓာ၏ ရုပ်ပုံလွှာကို ကောင်းကင်ဘုံဗိမာန်ကမ္ဘာမှ ကံကြမ္မာမြစ်ကြောင်းနှင့် ပေါင်းစပ်ခဲ့၏။ ယခုတွင် ထိုအရာက သူ့ဓမ္မခန္ဓာကိုယ်အတွက် အကျိုးကျေးဇူး ရှိလာခဲ့သည်။

ဝမ်ဝေ့က ဧရာမကြီးကို ကြည့်လိုက်ပြီးသည့်နောက်တွင် ပျောက်ကွယ်စေလိုက်ပြီးသည့်နောက် ပြန်လည်ဆင့်ခေါ်လိုက်သည်။

“ ဓမ္မခန္ဓာကိုယ်၊ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ရဲ့ တာအိုပုံသဏ္ဌာန်ပြမှု၊ အစစ်အမှန်ဖြစ်သလို အစစ်အမှန် မဟုတ်တာလည်း ဖြစ်တယ်”

သူက ပြန်လည်ရုတ်သိမ်းလိုက်သည့်အခါ ထိုအရာသည် မတည်ရှိတော့သလို ခံစားမိလိုက်၏။ သို့သော် စိတ်အလိုအရ ဓမ္မခန္ဓာကိုယ်က ထပ်မံ ထွက်ပေါ်လာသည်။ ထို့အပြင် သူက ထိုအရာသည် အပြင်းအထန် ထိခိုက်သွားပါက သူသည်လည်း ခံစားရမည်ဖြစ်ကြောင်း ခံစားမိလိုက်သည်။

“ ပွင့်ချပ် ၈လွှာ စွမ်းအားပဲ” ဝမ်ဝေ့က သူသည် ဤဓမ္မခန္ဓာကိုယ်ဖြင့် ရောက်ရှိနိုင်သည့် အင်အားကို တွက်ချက်ကြည့်လိုက်၏ “ ငါ ထင်ထားသလောက်တော့ မများဘူးပဲ”

သူက သူ့ပင်မခန္ဓာကိုယ် ရောက်ရှိနိုင်သည့် တိုးတက်မှု တုံ့ဆိုင်းသည့်အခြေအနေသို့ ချဉ်းကပ်လာကြောင်း နားလည်လိုက်သည်။

ထို့နောက် သူက ဤအဆင့်တွင် မည်သို့ ကျင့်ကြံရမည်ကို အာရုံစိုက်ထားလိုက်၏။ အထွတ်အထိပ်နယ်ပယ်အဆင့်တွင် အဆင့်နှစ်ခု ရှိထားပြီး တစ်ပြိုင်နက် ကျင့်ကြံနိုင်သည်။ သဘောတရားအရ လူတချို့အတွက် နှစ်ဆင့် ရှိ၏။

ပထမအဆင့်နှင့် တစ်ခုတည်းသော အဆင့်က သစ်သီးရင့်မှည့်ခြင်းအဆင့် ဖြစ်သည်။ နာမည်အတိုင်း ထိုအရာက တာအိုသစ်သီးကို ပြီးပြည့်စုံအောင် ဆက်လက်ရင့်မှည့်စေပြီး အထွတ်အထိပ် နယ်ပယ်အဆင့်၏ ထိပ်သီးသို့ ဝင်ရောက်ခြင်း ဖြစ်သည်။

ဒုတိယအဆင့်ကမူ တာအိုစမ်းသပ်ချက်အဆင့် ဖြစ်ပြီး သူတို့၏ ကိုယ်ပိုင်တာအို မပါရှိသည့် ကျင့်ကြံသူများက သူတို့သည် ဤစွမ်းအားကို ဆက်လက်ထိန်းသိမ်းထားဖို့ ထိုက်တန်ရဲ့လားဟု သက်သေပြရမည့် စမ်းသပ်ချက်ကို ဖြတ်ကျော်ရမည်။

နမူနာတစ်ခုက ဝမ်ဝေ့၏ ယခင်တာအိုကာကွယ်သူ ယန်းချန် ဖြစ်သည်။ သူ့တာအိုက သူ့တစ်စိတ်တစ်ပိုင်းနှင့် ဓားဧကရီ၏ တစ်စိတ်တစ်ပိုင်း ပါဝင်နေသည်။ ထို့ကြောင့် သူက အထွတ်အထိပ်နယ်ပယ်အတွင်း တာအိုစမ်းသပ်ချက်ကို အောင်မြင်အောင် ကျော်ဖြတ်ခဲ့ရသည်။

တချို့သော ပါရမီရှင်များက သူတို့၏ တာအိုသစ်သီးကို လေ့ကျင့်ဖို့ ကူညီပေးနိုင်သည့် တာအိုစမ်းသပ်ချက်အတုကို ဆင့်ခေါ်သည့် လျှို့ဝှက်နည်းစနစ်တချို့ကို အသုံးပြုခဲ့ကြသည်။

“ အထွတ်အထိပ်နယ်ပယ်အဆင့်က ဒီကောင်းကင်ရွေးချယ်ခံတွေအတွက်တော့ လွယ်ကူလွန်းနေတာပဲ” ဝမ်ဝေ့က ရေရွတ်လိုက်သည်။

“ ဒါက အတုအယောင် ဧကရာဇ်တွေများနေတဲ့ အကြောင်းအရင်းတစ်ခုလည်း ဖြစ်နေနိုင်တယ်။ ဒီအဆင့်မှာ သူတို့အနေနဲ့ အနည်းဆုံးတော့ တာအိုနှလုံးသား စမ်းသပ်ချက်ကို မလုပ်မနေ ဖြတ်ကျော်သင့်တယ်”

သူက နှလုံးသားလမ်းစဉ်သည် မလုံလောက်ကြောင်း ခံစားမိ၏။ ကျင့်ကြံသူတစ်ယောက်က သူတို့၏ တာအိုနှလုံးသား လေ့ကျင့်ချိန်ကို ဘယ်သောအခါမှ မရပ်တန့်သင့်ပေ။

“ ငါ တာအိုကို သက်သေပြပြီးရင် မိုးမြေရဲ့ အစီအစဉ်ကျမှုကို ပြောင်းလဲပြီး တာအိုနှလုံးသား လေ့ကျင့်ရေးအဆင့်ကို ထပ်ပေါင်းလိုက်မယ်”

ဝမ်ဝေ့က လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် အစီအစဉ်များနှင့် သူ ဖန်တီးထားသည့် ကမ္ဘာငယ်ကို ပယ်ဖျက်လိုက်၏။ ထို့နောက် သူက စမ်းသပ်ချက်ကို စောင့်ဆိုင်းနေလိုက်သည်။ ဝမ်ဝေ့က စမ်းသပ်ချက်ကို တွေ့ကြုံခံစားလိုသည့် စိတ်အခြေအနေ မဟုတ်သည့်အတွက် သူ့ဆီ ရောက်လာသည့်အရာအားလုံးကို မျိုချကာ ခန္ဓာကိုယ်အတွက် အာဟာရအဖြစ် အသုံးပြုလိုက်သည်။

နောက်ဆုံးတွင် စမ်းသပ်ချက်က ယခင်ကောင်းကင်ရွေးချယ်ခံ၏ ပုံရိပ်ယောင်အဖြစ် ပြောင်းလဲလာ၏။ ရည်မှန်းချက်အပြည့်၊ ယုံကြည်ချက်အပြည့်ရှိသည့် လူငယ်လေးတစ်ဦးက သားမွှေးဝတ်စုံကို ဝတ်ဆင်ထားသည်။

“ ကောင်းကင်ဖွင့်လှစ်ခြင်း ဧကရာဇ်”

ကောင်းကင်ဖွင့်လှစ်ခြင်းဧကရာဇ်က အချိန်မဖြုန်းဘဲ ဝမ်ဝေ့ဆီ ပြေးဝင်လာပြီး မယုံနိုင်လောက်ဖွယ်ခွန်အားဖြင့် ထိုးချလိုက်သည်။

“ ခွန်အားစည်းမျဉ်းပဲ။ ဒီဟာက ကမ္ဘာဦးနဂါးဆယ်ကောင် ခွန်အားနဲ့ညီမျှတယ်” ဝမ်ဝေ့က အနည်းငယ် အံ့အားသင့်သွားမိ၏။ သူက ထိုသူ၏ ခွန်အားနှင့် ပတ်သက်ပြီး မအံ့ဩမိပေ။ သူက ကောင်းကင်ဖွင့်လှစ်ခြင်း ဧကရာဇ်ဆီမှ ထိုမျှမျှော်လင့်ထားပြီးသား ဖြစ်၏။ ထိုသူက ဗလာခေတ်ကာလအတွင်း ဟော်သဲ့သက်ရှိများက တိုက်ပွဲကို အနိုင်ရရှိခဲ့သည့် အရေးပါသည့် အကြောင်းအရင်းတစ်ခုလည်း ဖြစ်ပေသည်။

သို့သော်လည်း ဝမ်ဝေ့က ထိုသူသည် ခွန်အားစည်းမျဉ်းကို ကျင့်ကြံပြီး ခွန်အားအစစ်အမှန် တာအိုနယ်ပယ်အဆင့် မဝင်ရောက်ခဲ့သည်ကို အံ့အားသင့်မိသည်။

ကောင်းကင်ဖွင့်လှစ်ခြင်းဧကရာဇ်က ငါ့အတွက်တော့ ရည်မှန်းချက်ကြီးတဲ့သူနဲ့ တူတယ်။ သူက အဲဒီဂိတ်ပေါက်ကို ဖွင့်လှစ်ဖို့ ကြိုးစားကြည့်ခဲ့လိမ့်မယ်လို့ ထင်တယ်…

သူက ခေါင်းအသာယမ်းလိုက်ပြီးသည့်နောက်တွင် ဤတိုက်ပွဲကို အဆုံးသတ်ဖို့ ဆုံးဖြတ်လိုက်သည်။ သူက ရှင်းလင်းရေးအတွက် ကြိုတင်ပြင်ဆင်ထားလိုပြီး အချိန်မဖြုန်းလိုပေ။

ထို့ကြောင့် သူက တစ်ဖက်လူကို ပျောက်ကွယ်သွားအောင်အထိ ရိုက်ချလိုက်၏။

သို့သော်လည်း မိုးကြိုးချက်က ပျောက်ကွယ်သွားပြီးသည့်နောက်တွင် ချက်ချင်း ပြန်လည်ဖွဲ့စည်းလာသည်။ ဝမ်ဝေ့က ထိုပုံရိပ်အသစ်၏ ဉာဏ်ပညာနှင့် တည်ငြိမ်မှုကို မြင်တွေ့ပြီးသည့်နောက်တွင် အဖြစ်အပျက်ကို နားလည်လိုက်သည်။

“ ကောင်းကင်ဖွင့်လှစ်ခြင်း ဧကရာဇ်”

“ မင်းက ငါ့ကို ဘိုးဘေးလို့ မခေါ်သင့်ဘူးလား”

“ ချီယွမ်က ကျွန်တော့်ရဲ့ ဘိုးဘေးပါ”

“ အဲကောင်လေးက ငါ့ကို နာမည် ဖျက်ထားတာပဲ” ကောင်းကင်ဖွင့်လှစ်ခြင်း ဧကရာဇ်က မှတ်ချက်ပေးလိုက်၏။

“ သူကလား”

“ သမိုင်းကြောင်းက အမြဲထင်ထားခဲ့သလို မဟုတ်ဘူး” ဧကရာဇ်က အဝေးတစ်နေရာကို ကြည့်ရင်း ပြောလိုက်သည် “ ကမ္ဘာဦးနတ်ဘုရားက ငါ့ကို ချစ်မြတ်နိုးသွားတော့ ငါက အဲဒီအခွင့်အရေးကို သုံးပြီး သူမရဲ့ ခန္ဓာကိုယ်ကို လေ့လာခဲ့ပြီးတော့ ရှေးဟောင်းကျင့်ကြံရေးနည်းစနစ်ကို ဖန်တီးခဲ့တယ်လို့ ပြောတယ်မလား။ ဒါပေမဲ့ အဲဒါက အမှန်တကယ် ဖြစ်ခဲ့တာ ဟုတ်လို့လား။ မဟုတ်ဘူး။

အဲဒီခွေးမက ငါ့ကို အရုပ်တစ်ရုပ်လို ဆက်ဆံပြီးတော့ သူမရဲ့ သာယာမှုအတွက် ငါ့ကို နှိပ်စက်ခဲ့တာ။ ငါက အသက်ရှင်ဖို့ အားကောင်းတဲ့ ခန္ဓာကိုယ် ရှိခဲ့တယ်။”

ဧကရာဇ်က ပြန်လည်တွေးတောနေသလိုမျိုး ခေတ္တရပ်တန့်သွားပြီးသည့်နောက်တွင် “ ငါ့ရဲ့ မူလရည်ရွယ်ချက်က သမိုင်းကြောင်းက ပြောသလောက် မမြင့်မြတ်ဘူး။ ခွန်အားကို ရယူပြီး လူသားမျိုးနွယ်ရဲ့ အတိဒုက္ခကို မြင်တွေ့ပြီးတဲ့နောက်မှာ ငါက ပြီးပြည့်စုံအောင် လုပ်ပြီး နည်းစနစ်ကို ဖြန့်ဝေဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ အဲဒီအချိန်တုန်းက အဲဒီမိန်းမကြောင့် ငါ ဘယ်လောက်တောင် သေလုနီးပါး ဖြစ်သွားခဲ့ရသလဲ။ သူမက ဝမ်မျိုးနွယ်ကိုတောင် ဖျက်ဆီးလုနီးပါး ဖြစ်ခဲ့တယ်။”

ဧကရာဇ်က ခေါင်းအသာယမ်းကာ သက်ပြင်းချလိုက်၏။

“ ခင်ဗျားရဲ့ ဘဝကလည်း မလွယ်ကူဘူးလို့ ထင်ပါတယ်။ အဲဒီခေတ်ကာလမှာ ဘယ်သူကမှ ကောင်းကောင်းမနေရဘူးလေ။ ဒါပေမဲ့ ခင်ဗျားရဲ့ အပြုအမူအတွက်တော့ ပြောင်းလဲမသွားဘူး” ဝမ်ဝေ့က ပြောလိုက်၏။

“ သွေးမျိုးဆက် အမှတ်အသားက ငါတို့ခေတ်ကာလမှာ ဒါက ပုံမှန်ပဲ”  ဧကရာဇ်က ပြန်လည်ချေပ၏ “ မဟာဧကရာဇ်တွေက လူသားမျိုးနွယ် ဆက်လက်တည်ရှိရေးကို ကာကွယ်ပေးထားတဲ့ အုတ်မြစ်တွေပဲ။ အဲဒါကြောင့် အမြန်ဆန်ဆုံး အသက်ပြန်သွင်းနိုင်တဲ့ နည်းလမ်းရှိတာက ပုံမှန် နည်းဗျူဟာတစ်ခုပဲ”

“ အဲ့တုန်းက လုပ်ခဲ့တာနဲ့ ပတ်သက်ပြီးတော့ ကျုပ်ဆီမှာ ပြဿနာ မရှိပါဘူး”

ကောင်းကင်ဖွင့်လှစ်ခြင်း ဧကရာဇ်က အနည်းငယ် အံ့အားသင့်သွားသည်။ သူက ထိုမျိုးဆက်သည် ချီယွမ်လိုမျိုး သမာသမတ် ကျလွန်းလိမ့်မည်ဟု ထင်ထားခဲ့မိ၏။ သို့သော် သူ မှားယွင်းသွားခဲ့သည်။

“ ကျွန်တော့်ပြဿနာက ခင်ဗျားက မတက်လှမ်းခင် ဒီနည်းလမ်းကို မဖယ်ရှားခဲ့တာပဲ။ အဲဒါက ကျွန်တော်အပေါ် သက်ရောက်မှုရှိလာစေတယ်လေ”

ဝမ်ဝေ့က ထိုလူသည် မပြီးမပြတ်အခြေအနေမှ ပြန်လည်အသက်ပြန်ရှင်လာဖို့အတွက် ပြင်ဆင်ရန် ဝမ်မျိုးနွယ်ဧကရာဇ် နှစ်ယောက်ကို သတ်ခဲ့လိမ့်မည်ဟု သံသယရှိမိသည်။

“ စိတ်ဝင်စားစရာပဲ” ဧကရာဇ်က မှတ်ချက်ပေးလိုက်၏။ ထိုကောင်လေးသည် သူနှင့် ချီယွမ်ဆီမှ အကျင့်စရိုက် တချို့ အမွေဆက်ခံရရှိထားသည်။

“ ကောင်းပြီ။ မင်းနဲ့ တွေ့ရတာ ဝမ်းသာတယ်။ ငါတို့တွေ သိပ်မကြာခင် ပြန်တွေ့ကြတာပေါ့”

***

All Chapters