← Chapters

ကောင်းကင်ကျမ်း

Vol. 47 Ch. 651

ကောင်းကင်ကျမ်း

Vol. 47 Ch. 651

ကောင်းကင်ဖွင့်လှစ်ခြင်းဧကရာဇ်အပေါ် ဝမ်ဝေ့၏ တုံ့ပြန်မှုက ယုံကြည်မှုနှင့်သာ သက်ဆိုင်၏။ သူက သူ့ဘိုးဘေးများအပေါ် သူတို့၏ အကျိုးပြုမှုများကို သုံးသပ်ပြီး သူ့ဇနီးဖြစ်သူ၏ အတွေ့အကြုံကိုပါ ထည့်ပေါင်းလိုက်လျှင် ယုံကြည်မှုတချို့တော့ ရှိ၏။ မည်သို့ပင်ဆိုစေကာမူ သူ အပြည့်အဝ ယုံကြည်ရသည့်သူက လက်တစ်ဖက်နှင့် ရေတွက်လို့ရသည့်အတွက် သူတို့ကို အလုံးစုံ ယုံကြည်ခြင်းတော့ မဟုတ်ပေ။

ကောင်းကင်ဖွင့်လှစ်ခြင်း ဧကရာဇ်အတွက်မူ သူသာ အင်အားကွာခြားချက် မရှိဘဲ အဆင့်အတူတူ ဖြစ်သွားသည်နှင့် ဝမ်ဝေ့ ယုံကြည်နိုင်သည့် လူတန်းစားတွင် ပါဝင်သည်။ ထိုသို့ဖြစ်လာသည်နှင့် သူ့အကျိုးအမြတ်အတွက် ဝမ်မျိုးနွယ်ကို ပြန်လည်စုစည်းဖို့ ပြဿနာမရှိပေ။

သူက မပျောက်ကွယ်သွားခင် အဝေးတစ်နေရာကို လှည့်ကြည့်ပြီးသည့်နောက်တွင် အိမ်သို့ ပြန်လာခဲ့သည်။ ပထမဦးစွာ သူက လီကျွင်းနှင့် တခြားသူများကို စစ်ဆေးကြည့်လိုက်၏။ သူက သိပ္ပံနှင့် နည်းပညာကမ္ဘာ၏ မှတ်ဉာဏ်များကို မပြသခဲ့သည့် အကြောင်းမှာ သူတို့ကို တားမြစ်ချက်ကြောင့် သက်ရောက်မှု မဖြစ်စေလိုပေ။

ဝမ်ဝေ့က ဟုန်ကျွင်း၏ ကာကွယ်မှုသည် သူ ချစ်ရသည့်သူများအထိ ရောက်ရှိမည်လားဟု မသိပေ။ ထို့ကြောင့် သူက သူ့ဇနီးကိုသာ ပြသခဲ့သည်။ သူမက ထိုတားမြစ်ချက်မှ ဘေးကင်းနိုင်၏။

“ ဘယ်လိုနေလဲ” လီကျွင်းက အဖန်တချို့ငှဲ့ပေးရင်း ပြောလိုက်သည်။

“ အတော်လေး ကောင်းပါတယ်” ဝမ်ဝေ့က သူ့သေမျိုးတဖန်ကို မရှင်းပြခင် ပြန်ဖြေလိုက်၏ “ မင်းရော ဘယ်လိုလဲ”

“ မဆိုးပါဘူး။ ကျွန်တော်က သတ်ဖြတ်ဖို့ပဲ သိတဲ့ လူသတ်သမား အရူး၊ အားကောင်းတဲ့ စစ်သူကြီး၊ အုပ်ချုပ်သူတစ်ယောက်နဲ့ တိုက်ခိုက်ရတာ စွဲလမ်းတဲ့ သိုင်းပညာရှင်အထိ ဖြစ်လာခဲ့တယ်။ စိတ်ဝင်စားစရာကောင်းတဲ့အချက်က အစ်ကိုကြီးရဲ့ သေခြင်းရှင်ခြင်းလူဝင်စားအတွက် သံသရာထဲမှာ အလုပ်လုပ်ဖို့ အလောင်းအဖြစ် နေခဲ့တုန်းကပဲ”

“ အတော်လေးကို အတွေ့အကြုံ ဆန်းခဲ့မှာပေါ့။ ဒါနဲ့ ကိုယ်ပွား ၈ခုအုတ်မြစ်ကရော ဘယ်လိုလဲ”

“ အဲဒါက အလုပ်ဖြစ်တယ်။ ကျွန်တော်ရဲ့ ကိုယ်ပွားတွေအားလုံးကို အစ်ကိုကြီးပြောတဲ့အတိုင်း ကာလံဒေသံ လူဝင်စားဆီ ပို့ဆောင်လိုက်ပြီ။ သူတို့က အခု အပြိုင်အချိန်စက်ဝန်းမှာ ကျင့်ကြံပြီးတော့ ဧကရာဇ်တစ်ပိုင်းအဆင့် ဖြစ်လာကြပြီ”

“ လီလင်းကရော ဘယ်လိုဆုံးဖြတ်ထားလဲ”

“ သူမကလည်း စမ်းသပ်ကြည့်ချင်တယ်တဲ့”

ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။ ယန်းလီလင်းက လီကျွင်းထက် အားနည်းသော်လည်း ပါရမီ ပိုမိုကောင်းမွန်သည်။ ထို့ကြောင့် ဝမ်ဝေ့ကို  သူမထံ တည်ရှိမှုအကြောင်း ဟောပြောပို့ချစေလိုပြီး သူမက နဝမအဆုံးစွန်အုတ်မြစ်ကို လျှောက်လှမ်းနိုင်မလားဟု သိချင်မိသည်။

ဝမ်ဝေ့ကလည်း သူ့အမေအတွက် ထိုသို့လုပ်ဆောင်ဖို့ရာ ပြင်ဆင်ထား၏။ သူ့အနေဖြင့် သူ့အမေကို တာအိုသက်သေမပြခင် ပွင့်ချပ်၇လွှာအဆင့် ရောက်ရှိစေလိုသည်။ သူမက ကျရှုံးနဝမအဆုံးစွန်အုတ်မြစ် တစ်ယောက်၏ စွမ်းအားကို ရှိနေလိမ့်မည်။ သူက လိုအပ်လာပါက အဆုံးစွန်နည်းလမ်းများကို သုံးဖို့ရာအထိ ပြင်ဆင်ထား၏။

သူက လီကျွင်းနှင့် စကားစမြည်ပြောပြီးသည့်နောက်တွင် သူ့အဖေနှင့် သွားရောက်တွေ့ဆုံလိုက်သည်။ သူက ဝမ်မျိုးနွယ်တောင်ထိပ်ကို ရောက်သည်နှင့် သူ့အဖေက ရေကန်ငယ်လေးတွင် တွေဝေငေးမောစွာဖြင့် ငါးမျှားနေသည်ကို မြင်လိုက်ရသည်။

“ အဖေ အဆင်ပြေရဲ့လား” သူက အနားတွင် ဝင်ထိုင်ရင်း မေးလိုက်သည်။

“ မင်း ရောက်လာပြီကိုး” ဝမ်ထျန်းက ပြန်ဖြေလိုက်သည် “ ငါ အဆင်ပြေပါတယ်။ တစ်ခုခုကို တွေးနေမိလို့ပါ”

“ အမေကရော”

“ သူမက သူမမျိုးနွယ်ဆီ ပြန်သွားတယ်”

“ အားလုံးအဆင်ပြေရဲ့လား”

“ မဟုတ်ဘူး။ ဒါက သာမန်အလည်အပတ် သဘောမျိုးပါပဲ”

“ ကျွန်တော် သိပြီ။ ဒါနဲ့ အမေနဲ့အတူတူ လိုက်မသွားဘူးဆိုတော့ အဖေက ဘာတွေများ စိတ်ရှုပ်နေရတာတုန်း”

ဝမ်ထျန်းက သက်ပြင်းချပြီးသည့်နောက်တွင် ဓားဧကရီ၏ အဆောင်မှ အခြေအနေနှင့် ပတ်သက်ပြီး ရှင်းပြလိုက်သည်။

“ နောက်တစ်နည်းနဲ့ ပြောရမယ်ဆိုရင် ဘိုးဘေးက အနာဂတ်ကျင့်ကြံရေးလမ်းစဉ်အတွက် ခန္ဓာကိုယ်လေ့ကျင့်ဖို့ လိုတယ်ဆိုတာကို ပြောထားရဲ့နဲ့တောင် အဖေက စိတ်ရှုပ်ထွေးနေတုန်းလား”

ဝမ်ဝေ့က ထိုဓားသမားများသည် ခေါင်းမာလွန်းသည့်အတွက် ကျိန်ဆဲချင်သွားသည်။

“ အဖေ့ကို ခေါင်းမာတယ်လို့ ထင်နေမှန်း သိတယ်။ ဒါပေမဲ့ ကိစ္စတွေက မရိုးရှင်းဘူး။ အဖေရဲ့ သက်တမ်းက နှစ်ကိုးသိန်း ကျော်နေပြီ။ အဖေ့ဘဝတစ်လျှောက်လုံး ဓားရေးဆိုတာ တိုက်ခိုက်ရေးစွမ်းရည်အတွက် အရာအားလုံးကို ပစ်ပယ်ထားမဲ့ ယုံကြည်ချက်မျိုး ကိုင်စွဲထားခဲ့တာ။ အဲဒါဆို အလွယ်တကူ ဘယ်လိုလုပ် ပြောင်းလဲပစ်နိုင်မှာလဲ။”

“ ဘိုးဘေးက ဒီသင်ခန်းစာကို သင်ယူဖို့ ယွင်ခေတ်များစွာ ကုန်ဆုံးခဲ့ရပြီးတော့ အဲဒီအကြောင်းကို မျှဝေခဲ့တာလေ။ အဲဒါကို လုပ်သင့်တယ် မဟုတ်ဘူးလား”

“ ဒါပေါ့။ ဒါပေမဲ့ ငါက အဲဒါကြောင့် စိတ်ရှုပ်ထွေးနေတာပဲ”

ဝမ်ဝေ့က သူ့သိုလှောင်လက်စွပ်အတွင်းမှ သေရည်ခရားတစ်ခုကို ထုတ်ကာ အားပါးတရ သောက်သုံးလိုက်သည်။ သူ့မျက်နှာအထက် အားမလိုအားမရဖြစ်နေသည့် အမူအရာကိုပင် ဝှက်မထားပေ။

“ အဆောင်ထဲမှာ သူမရဲ့ အသိစိတ်ကို ချန်ထားခဲ့တာလား”

“ ဟုတ်တယ်”

“ သူမကို မေးကြည့်ပြီးသွားပြီလား”

“ မင်း ပြောတာ မှန်တယ်။ ဘိုးဘေးချီယွမ်က သူမကို တည်ရှိမှုအကြောင်း ဟောပြောပို့ချခဲ့ပြီးတော့ သူမက အဆုံးစွန်အုတ်မြစ်ကို ရယူခဲ့တယ်။”

“ ဘယ်အဆင့်လဲ”

“ အဆင့် (၂)”

“ … ”

“ သူမရဲ့ ခန္ဓာကိုယ်က အားနည်းလွန်းလို့လေ” ဝမ်ထျန်းက သက်ပြင်းချကာ ပြန်ဖြေလိုက်၏။

“ အဲဒါဆို အဖေက သူမနဲ့ လမ်းစဉ်အတူတူလျှောက်ဖို့ ပြင်နေတာလား။ အဖေ့ရဲ့ ပါရမီနဲ့ ကျွန်တော်ရဲ့ လမ်းညွှန်မှုနဲ့ဆိုရင် အဆင့်(၅)ကို ရောက်ရှိဖို့က ပြဿနာ မဟုတ်ဘူး”

“ ငါလည်း မသိတော့ပါဘူးကွာ”

“ ကောင်းပြီ။ အဖြေရှာကြည့်ပေါ့” ဝမ်ဝေ့က ပျောက်ကွယ်သွားပြီးသည့်နောက်တွင် သူ့ဇနီးနှင့် သွားရောက်တွေ့ဆုံလိုက်သည်။

“ အဲဒီဓားသမားတွေကလေ တွေ့ဖူးသမျှ လူတွေထဲမှာ ခေါင်းကြောအမာဆုံးလူတွေပဲ”

“ အသက်ကြီးပြီး အားကောင်းလာလေ‌လေ သူတို့က ပိုပြီးဆိုးလာလေလေပဲ” ဝူဟုန်က ပြန်ဖြေလိုက်၏။ သူမသည်လည်း ဓားဧကရီကို ခန္ဓာကိုယ်လေ့ကျင့်ဖို့အတွက် ဖျောင်းဖျဖို့ ကြိုးစားခဲ့စဉ်အချိန်က ထိုသို့ အားမလိုအားမရ ဖြစ်ခဲ့ဖူးသည်။ ထိုသူကမူ သူမထံ ရှုံးနိမ့်ပြီးသည့်နောက်တွင်ပင် မပြောင်းလဲခဲ့ပေ။

“ ဇနီးလေးကို လွမ်းနေတာ” သူမက သူ့ကို ဖတ်လိုက်၏။

“ နောက်ဆုံး သေမျိုးတဖန်တုန်းက ကျွန်မနဲ့ တွေ့တယ် မဟုတ်ဘူးလား”

“ ဒါပေါ့။ ဒါပေမဲ့ အဲဒါက ပုံရိပ်ယောင်တစ်ခုပဲလေ။ ဒါနဲ့ သိပ္ပံကမ္ဘာမှာ ဘာဖြစ်ခဲ့တယ်ဆိုတာ သိနေရင် ပြဿနာ ဖြစ်လာနိုင်လား”

“ အဲဒါက အဆင်ပြေပါတယ်” သူမကိုယ်တိုင်ကမူ မူမမှန်မှုတစ်ခု ဖြစ်နေပြီ ဖြစ်၏။ သူမ၏ စွမ်းအားနှင့် မှတ်ဉာဏ်များက ကန့်သတ်ခံထားရသော်လည်း သူမတွင် အရေးသာမှုတချို့ ရှိနေသေးသည်။ ထို့နောက် ဝမ်ဝေ့က ဖြစ်ပျက်ခဲ့သမျှအရာအားလုံးကို ပြန်လည်ပြောပြလိုက်၏။

“ ရှင့်ရဲ့ ကစားပွဲ နှိုင်းယှဉ်သုံးသပ်မှုက အတော်လေးတော့ ပြီးပြည့်စုံတယ်” ဝူဟုန်က မှတ်ချက်ပေးလိုက်၏။

“ ဒါပေမဲ့ ရှင်က ကံကြမ္မာကြယ် ဖွဲ့စည်းနိုင်တဲ့ ကစားသမားတွေကို လျှော့တွက်လွန်းတယ်”

“ အိုး ကိုယ် မသိတဲ့အရာ တစ်ခုခုများ ရှိသေးလို့လား”

“ ကံကြမ္မာကြယ်ကို ဖွဲ့စည်းပြီးတဲ့နောက်မှာ သူတို့က စကြဝဠာရဲ့ အနှစ်သာရ ဒါမှမဟုတ် တာအိုရဲ့ အနှစ်သာရကို တွေ့ကြုံခံစားရတဲ့ နိုးထခြင်းဖြစ်စဉ်ကို ကျော်ဖြတ်ရတယ်။ အဲဒီရလဒ်က ရှင်တို့ကမ္ဘာမြေမှာ ရွှေရောင်လက်ချောင်းလို့ ခေါ်လို့ရတဲ့ ကြောက်မက်ဖွယ် စွမ်းရည်တစ်မျိုးပဲ”

ဝမ်ဝေ့က ပါးစပ်တွန့်ချိုးသွားကာ “ အဲ့လောက်တောင်ပဲလား”

“ အဲဒါက လူတစ်ဦးချင်းစီအပေါ် လိုက်ပြီးတော့ ပြောင်းလဲတာပေါ့။ ဒါပေမဲ့ ကျွန်မ တွေ့ဖူးတဲ့ ကြောက်စရာအကောင်းဆုံး ကံကြမ္မာကြယ်တစ်ယောက်ကို မှတ်မိတယ်” ဝူဟုန်က ဆက်ပြောလိုက်၏ “ ကောင်းကင်ကျမ်းစံပြလေ။ ထိပ်သီးစံပြတစ်ယောက်ဖြစ်ပြီးတော့ ကောင်းကင်မဟာတာအိုအရင်းအမြစ်ကို ထိန်းချုပ်နိုင်တဲ့သူ”

သူမက မျက်မှောင်ကြုတ်လိုက်ပြီးနောက် “ သူက ကျွန်မဘဝမှာ အနိုင်မယူနိုင်ခဲ့တဲ့လူထဲက တချို့ပဲ။ အရှင်းဆုံးပြောရရင် ကျွန်မတို့တိုက်ပွဲမှာ သူက အားကုန်သုံးပြီး တိုက်ခိုက်ခဲ့တယ်လို့တောင် မထင်ဘူး။ ဒါပေမဲ့ ကျွန်မတို့တွေ သရေကျခဲ့တယ်”

“ သူက အဲ့လောက်တောင် တော်တယ်လား။ သူ့ရဲ့ စွမ်းရည်က ဘာတုန်းသိလား”

“ ဝတ္ထုတစ်ပုဒ်ပဲ”

“ ကိုယ့်ကို အဲ့ထက်ပိုပြီးတော့ ပြောပြဦးလေ”

“ ကျွန်မ ပြီးအောင် ပြောပါရစေဦး” ဝူဟုန်က သူ့အား ဆွဲဆိတ်ကာ ပြောလိုက်၏ “ ရှင့်ဘဝက မွေးဖွားလာပြီး စံပြမဖြစ်ခင်နဲ့ စံပြဖြစ်ပြီးတဲ့အထိ ရေးသားထားတဲ့ ဇာတ်ကြောင်းတစ်ခုဆိုပါတော့။ အဲဒီဝတ္ထုရဲ့ စာရေးဆရာက သူ့ကိုယ်ပိုင်စာအုပ်မှာ ပြန်လည်ဝင်စားခဲ့တယ်ဆိုရင် ဘယ်လိုဖြစ်သွားမယ် ထင်လဲ။”

“ စာရေးဆရာက စကြဝဠာရဲ့ လျှို့ဝှက်ချက်တွေအားလုံး၊ အကောင်းဆုံး ကျမ်းအားလုံး၊ ကံအပြောင်းအလဲ အခွင့်အရေးတွေနဲ့ စွမ်းဆောင်ရည်တွေအကြောင်းကို သိနေမှာပေါ့။ ပြီးတော့ သူက လျင်လျင်မြန်မြန် ကြောက်မက်ဖွယ် ကောင်းလောက်အောင် မြင့်တက်လာနိုင်တယ်”

“ အဲဒါက သူ့ရဲ့ စွမ်းရည်ပဲ။ သူက သူ့ဟွင်သွမ်းကမ္ဘာထဲမှာရှိတဲ့ ဗဟုသုတတွေအားလုံး ပါဝင်တဲ့ ဝတ္ထုတစ်ပုဒ် ရှိတယ်။ အဲဒါကို သူ့ရဲ့ အရေးသာချက်အဖြစ် အသုံးပြုနိုင်တယ်”

ဝမ်ဝေ့က ကျိန်ဆဲမိချင်သွားသည်။ လူများစွာက သူ့ပါရမီနှင့် နောက်ခံကို မကြာခဏ အားကျလေ့ရှိသောလည်း ဤသို့ လူမျိုးနှင့် နှိုင်းယှဉ်ကြည့်သည့်အခါ သူက ဘာမှမဟုတ်တော့ပေ။

“ အားကျမနေပါနဲ့။ သူက သူ့စွမ်းရည်ကို ရယူခဲ့တာလေ”

“ အဲ့လိုဆိုရင်တောင်ပဲ” ဝမ်ဝေ့က အံကြိတ်ကာ ပြန်ပြောလိုက်၏ “ ကိုယ် ကံကြမ္မာကြယ် ဖြစ်လာဖို့ နောက်ကျလွန်းသွားပြီလား”

“ ရှင့်အတွက် အဲဒါက မဖြစ်နိုင်ဘူး”

“ ဘာလို့လဲ”

“ ရှင်က ဘယ်တုန်းကမှ သေမျိုးတစ်ယောက် မဟုတ်ခဲ့ဘူးလေ”

“ အဲဒါကရော ဘာကိုပြောချင်တာလဲ”

“ သေချာစဉ်းစားကြည့်ပါဦး။ ရှင် မွေးဖွားလာကတည်းက ကျင့်ကြံသူတစ်ယောက် ဖြစ်လာဖို့အပါအဝင် ကြမ္မာအများကြီး ရှိခဲ့တယ်”

“ ဆိုလိုတာက ကိုယ် မွေးဖွားလာကတည်းက ကံကြမ္မာရဲ့ လံကြိုးကို ဖြည်းဖြည်းချင်း လျော့အောင်လုပ်ဖို့ ကံဖန်လာတာလား”

“ ဟုတ်တယ်။ ကျင့်ကြံရေးပါရမီရှင်နဲ့ ကောင်းကင်ရွေးချယ်ခံတွေအားလုံးက ဘယ်တုန်းကမှ သေမျိုးအစစ်အမှန် မဟုတ်ကြဘူး။ ကံကြမ္မာကြယ်ကတော့ အစစ်အမှန် NPCပဲ။ သူတို့တွေက ဂိမ်းထဲမှာ တန်ဆာဆင်ဖို့ ဖန်တီးထားပြီးတော့ လက်တွေ့ဆန်အောင် လုပ်ထားသလိုမျိုးပေါ့။ အဲဒီနောက် သူတို့က ပင်မကုတ်ရဲ့ အတားအဆီးကနေ လွတ်မြောက်လာပြီးတော့ ကစားသမား ဖြစ်လာတယ်။ ကံကြမ္မာ မရှိဘူး။ ကံကောင်းမှု မရှိဘူး။ အကူအညီ မရှိဘူး”

“ တကယ်လို့ ကိုယ် ကံကြမ္မာကြယ် ဖွဲ့စည်းချင်ရင် အရာအားလုံးကို စွန့်ပစ်ရမှာပေါ့။ ကံကောင်းမှု၊ ကံကြမ္မာနဲ့ ကိုယ့်မိသားစုနဲ့ မင်းအပါအဝင် အားလုံးကို စွန့်ပစ်ပြီးတော့ ကစားသမားကနေ NPC အဖြစ် ပြောင်းလဲရမှာမလား။ အဲလိုဆိုရင်တောင် ကိုယ်က ဘာမှ အကူအညီမရှိဘဲ အောင်မြင်နိုင်ဖို့ အခွင့်အရေးတစ်ခုပဲ ရှိတယ်”

“ အတိအကျပဲ”

“ ကောင်းပြီလေ။ အဲ့လိုဆိုရင်တော့ မထိုက်တန်ဘူး။ ကိုယ်က ဒီကစားပွဲမှာ အတော်လေး ကောင်းနေတာဆိုတော့ ကိုယ့်ဆီမှာ ရှိထားတာကိုပဲ သုံးတော့မယ်”

“ ကောင်းမွန်တဲ့ ရွေးချယ်မှုပဲ” ဝူဟုန်က တောက်တောက်ပပ ပြုံးကာ ပြောလိုက်၏။

“ ဒါနဲ့ ကောင်းကင်ကျမ်းစံပြကရော ဘာဖြစ်သွားလဲ။ သူကရော မပြီးမပြတ် အခြေအနေမှာ ရှိနေတာလား”

“ အဲ့လိုတော့ မဟုတ်လောက်ဘူး။ သူက နောက်ဆုံးအချိန်မှာ ပါဝင်ဖို့ ငြင်းဆန်ခဲ့တယ်လေ”

ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်၏။

“ အဲဒါဆို နောက်ထပ် ဘာဆက်လုပ်မှာလဲ”

“ ရှင်းလင်းရေး စတော့မှာလေ” ဝမ်ဝေ့က ပြန်ပြောလိုက်၏။ ကောင်းကင်ရွေးချယ်ခံအများစုက အချိန်မြှင့်တင်ရေးအစီအရင်များကို အသုံးပြုကာ တခြားသူများနှင့် အမီလိုက်ရင်း ရှင်းလင်းရေးအတွက် အသင့်ပြင်နေကြသည်။

“ ကိစ္စတွေက ထင်ထားသလောက် ရိုးရှင်းမှာ မဟုတ်ဘူးဆိုတော့ ရှင် အဆင်သင့်ပြင်ထားသင့်တယ်”

“ အဟုတ်ပဲ။ မင်းက ကိုယ်နဲ့ လိုက်လာမှာလား”

“ ဟင့်အင်း။ ကျွန်မရဲ့ တည်ရှိမှုက ကိစ္စတွေကို ပိုပြီးတော့ ရှုပ်ထွေးသွားစေလိမ့်မယ်”

သူမက ထိုရှင်းလင်းရေးအတွက် အကြောင်းအရင်းကို အရိပ်အခြေ သိသော်လည်း အသေးစိတ်ကို မသိသလို ရယူဖို့လည်း ဂရုမစိုက်ပေ။ သူမ ပေါ်ထွက်လာလျှင် ကိစ္စများက ပိုမိုရှုပ်ထွေးသွားလိမ့်မည်ဟု ခံစားချက်ရနေမိသည်။

ဝမ်ဝေ့က ဝမ်ကျူအား နောက်လာမည့် ဖြစ်ရပ်အတွက် ကြိုတင်ပြင်ဆင်ခိုင်းထား၏။ ထို့နောက် သူက နတ်ဆိုးမျိုးနွယ်နှင့် မဟာမိတ်ကို စစ်ဆေးကြည့်လိုက်ပြီး ပြဿနာမရှိဖို့ရာ သေချာအောင် လုပ်ဆောင်လိုက်သည်။ ထို့နောက် သူက ဂိုဏ်းချုပ် တစ်ယောက်အနေနှင့် တာဝန်ကို ထမ်းဆောင်ခဲ့၏။ နှစ်နှစ်ရာ အနည်းငယ်ကြာမြင့်ပြီးသည့်နောက်တွင် ကောင်းကင်တာအိုက ရှင်းလင်းရေး စတင်မည် ဖြစ်ကြောင်း ကြေညာခဲ့သည်။

ထို့ကြောင့် သူက တခြားသူအားလုံးနှင့်အတူ အသက်မဲ့နယ်မြေသို့ ပျံသန်းလာခဲ့သည်။

***

All Chapters