← Chapters

သူ့ဗဟုသုတများ သင်ကြားပို့ချရာ၌ ပဋိပက္ခ

Vol. 70 Ch. 970

သူ့ဗဟုသုတများ သင်ကြားပို့ချရာ၌ ပဋိပက္ခ

Vol. 70 Ch. 970

မိုဝူကျိအား အံ့အားသင့်သွားစေသည်က ချီခွန်း ထွက်သွားသည့်နောက်တွင် လူငယ်လေးက အဆင့် ၅ နတ်ဆေးပင် ၁၉၁ မျိုး ထုတ်ပေးလာခြင်း ဖြစ်၏။ တချို့မှာ ဝယ်ယူလို့ မရနိုင်သော အင်မတန် ရှားပါးသောအရာများ ဖြစ်သည်။

ထိုအထဲ၌ ကြည်လင်ကျောက်စိမ်းပန်းပွင့်လည်း ပါဝင်ပေသည်။ ကြည်လင်ကျောက်စိမ်းပန်းပွင့်မှာ နတ်ကျောက်စိမ်းဆေးလုံးအတွက် အဓိက ပါဝင်ပစ္စည်းဖြစ်ပြီး နတ်ကျောက်စိမ်း ဆေးလုံးမှာ လောကနတ်ဘုရားများ နတ်ဘုရားဘုရင်အဆင့်သို့ အာရုံခံစားမိစေရန် အသုံးပြုသော အဆင့် ၅ နတ်ဆေးလုံး ဖြစ်၏။ ၎င်း၏ တန်ဖိုးမှာ တိုင်းတာ၍ပင် မရပေ။

မိုဝူကျိက ကြည်လင်ကျောက်စိမ်း ပန်းပွင့်ကို မသိမ်းထားပေ။ သူက ကျန်အရာများကို သိမ်းထားလိုက်ပြီး  ပြောလိုက်၏  “ ကျေးဇူးပါ … အရင်က ခင်ဗျားတို့ နှစ်ယောက်ကို နေခိုင်းတာက အဲဒီအစောင့်ကြောင့်ပါ။ ဒါပေမဲ့ အခု ကျုပ် မိုဝူကျိက အဆင့် ၅ နတ်ဆေးလုံးဘုရင်အဖြစ်ကို ရောက်သရွေ့ ကျုပ် ပထမဆုံး ဖော်စပ်မဲ့ ဆေးလုံးက သီးခြားနတ်ဆေးလုံး ဖြစ်စေရမယ်လို့ ကတိပေးပါတယ် ”

“ ကျေးဇူးပါ …. ကျေးဇူးပါ ” လူငယ်လေးက စကားနှင့် မဖော်ပြနိုင်လောက်သည့်အထိ ပျော်ရွှင်မိနေသည်။ သူ့ပါရမီက ဆိုးရွှားပြီး ကျင့်ကြံဆင့်က အရမ်းနိမ့်ကျ၏။ သူ့ကို အစ်မဖြစ်သူက အမြဲကာကွယ်ပေးခဲ့ရသည့်အတွက် သူက ရှက်ရွံကာ မချင့်မရဲ ပုံစံမျိုး ဖြစ်နေခြင်း ဖြစ်သည်။

သူ့အစ်မဖြစ်သူ စကားပြောနိုင်သေးလျှင် သူ့အား သူတို့ရတနများအား သေချာပေါက် ထုတ်ပြခိုင်းမည် မဟုတ်ပေ။ သို့သော် သူ့အစ်မက သေခြင်းတရားနှင့် ရင်ဆိုင်နေရစဉ် သူ့အနေနှင့် ဤအရာများကို ဆက်လက် ဂရုမစိုက်နိုင်တော့ပေ။ သူ့အစ်မသာ ပြန်ကောင်းလာသေရွ့ မည်သည့် အခကြေးမဆို ပေးဆပ်ရန် လိုလားပေသည်။

မိုဝူကျိက လူငယ်လေး ပခုံးကို ပုတ်ကာ  “ တကယ်လို့ မင်း စိတ်မရှိရင် ကျုပ်ကို ဆေးလုံးဆရာမို ဒါမှမဟုတ် စီနီယာအစ်ကိုမိုလို့ ခေါ်ပေါ့။ မင်းတို့ နှစ်ယောက်ကိုရော ဘယ်လိုခေါ်ရမလဲ ”

လူငယ်လေးက စိတ်အားတက်ကြွစွာ ပြောလိုက်၏  “ အစ်ကိုကြီးမို … ကျုပ်အစ်မက ချီပင်းပါ။ ကျုပ်က ချီချွမ်းပါ ”

မိုဝူကျိနှင့် ပိုရင်းနှီးစေရန် သူက မိုဝူကျိအား စီနီယာအစ်ကို သို့မဟုတ် ဆေးလုံးဆရာမိုဟု ခေါ်ဆိုမနေတော့ဘဲ အစ်ကိုကြီးဟုသာ တည့်တိုး ခေါ်ဆိုလိုက်တော့သည်။

“ မင်းအစ်မကို ဂရုစိုက်လိုက်ဦး။ အခု ဆေးလုံး ဖော်စပ်ဖို့ လေ့ကျင့်လိုက်ဦးမယ် ” မိုဝူကျိက ချီချွမ်းအား ညွှန်ကြားလိုက်သည်။ သူက အဆင့် ၃ နှင့်အောက် ဆေးလုံးများအား ရွိုက်ကောဆီ ပေးလိုက်ပြီးနောက် ဒုတိယအထပ်ရှိ သူ့အခန်းထဲ ပြန်ဝင်သွားတော့သည်။

သူက ဆေးနည်း လိုအပ်နေခြင်း မဟုတ်ဘဲ ဆေးပင်များ လိုအပ်နေခြင်းသာ ဖြစ်၏။ နတ်ဘုရားဘုရင် ဝတ်ရုံစိမ်း၏ ကျောက်စိမ်းပေလွှာများတွင် အဆင့် ၆ ဆေးနည်းများပင် ပါရှိနေသေး၏။ ယခု သူက ဆေးပင်များ ရှိနေပြီ ဖြစ်ရာ သူ့ပထမဦးစားပေးမှာ အဆင့် ၅ နတ်ဆေးလုံးဘုရင်အဖြစ် တက်လှမ်းရန် ဖြစ်၏။

……………

အဆင့် ၅ ဆေးလုံးနှင့် အဆင့် ၄ ဆေးလုံးကြားရှိ ကွာခြားချက်မှာ အဆင့်တစ်ခုတည်းမျှ မဟုတ်ပေ။ မိုဝူကျိက အဆင့် ၄ နတ်ဆေးလုံးများကို လေ့ကျင့်စဉ်အခါက နတ်ဆေးပင် လုံလုံလောက်လောက် ရှိခဲ့သည်။

အဆင့် ၅ နတ်ဆေးလုံးကို ဖော်စပ်နိုင်သော ဆေးလုံးဆရာများကို နတ်ဆေးလုံးဘုရင်ဟု ခေါ်ဆိုကြသည်။ အဆင့် ၅ နတ်ဆေးပင်များ ရရှိဖို့နှင့် အဆင့် ၅ နတ်ဆေးလုံး ဖော်စပ်ဖို့ အခက်အခဲများအပြင် နတ်ဘုရားဘုရင်များသာ အဆင့် ၅ ဆေးလုံးကို လိုအပ်၍လည်း ဖြစ်ပေသည်။

မိုးမြေစည်းမျည်းများ၏ တားဆီးမှုကြောင့် အဆင့် ၅ နတ်ဆေးလုံးဘုရင် အဆင့်သည် နတ်ဘုရားကုန်းမြေ၌ ရောက်ရှိနိုင်သည့် အမြင့်ဆုံးအဆင့် ဖြစ်၏။

ထိုသုံးရက်တာအတွင်း မိုဝူကျိက အဆင့် ၅ ဆေးပင် ၁၃၅ ပင်၊ အဆင့် ၄ နှင့် အဆင့် ၃ ရာကျော်စီ သုံးခဲ့ရသည်။ သို့သော်လည်း သူက အဆင့် ၅ ဆေးတစ်လုံးမျှ မဖော်စပ်နိုင်သေးပေ။

ဆေးလုံး ပုံသဏ္ဍာန် ပေါ်လာသည့်အချိန်တိုင်း ထိုအတွင်းမှ တာအိုစွမ်းအားမှာ ရုတ်ချည်း ပျောက်ကွယ်သွားပြီး ဆေးလုံးမှာ ကြေမွသွားတော့သည်။

မိုဝူကျိက အားအပြည့်ထုတ်၍ ဆေးလုံး ဖော်စပ်နေသော်လည်း အသုတ်တိုင်းက ကျရှုံးနေသည့် အကြောင်းအရင်းအမျိုးစုံ ရှိနေကြောင်း သိလိုက်ရသည်။ သူက အဆင့် ၅ ဆေးလုံးတစ်လုံးပင် မဖော်စပ်နိုင်သေးပေ။

ယခု အဆင့် ၅ ဆေးပင်အား သုံးပုံ နှစ်ပုံမျှ သုံးစွဲထားပြီးပြီ ဖြစ်ရာ မိုဝူကျိက ဆက်လက်၍ မဖော်စပ်ရဲတော့ပေ။

ပထမဦးစွာ သူက အဆင့် ၅ ဆေးပင်များစွာ မကျန်ရှိတော့ပေ။ ဒုတိယအနေနှင့် အဆင့် ၅ ဆေးလုံး မဖော်စပ်နိုင်သည့် အကြောင်းအရင်းမှာ သူ့ကျင့်ကြံဆင့်ကြောင့် ရိုးရိုးရှင်းရှင်း မဟုတ်ကြောင်း ခံစားမိသည်။ ပို၍ အရေးကြီးသည့်အချက်မှာ သူ့မီးတောက်အဆင့်က အရမ်းနိမ့်ကျနေခြင်း ဖြစ်၏။ သူ့ပညာရှင်နှလုံးသား မီးတောက်မှာ အင်မော်တယ် ထိပ်ဆုံးအဆင့် မီးတောက်မျှသာ ရှိနေသေးပြီး နတ်ဘုရားမီးတောက် မဖြစ်လာသေးပေ။

မိုဝူကျိက အခန်းထဲမှ ထွက်လာချိန် မိုးကောင်းကင်ဂိုဏ်းမှ လူတစ်ယောက်က သူ့အား ကြိုဆိုဖို့ ရောက်ရှိလာသည်။

ရောက်လာသူမှာ ချီခွန်း မဟုတ်ဘြ ကျုံးကျင်း အမည်ရှိ နတ်ဘုရားအုပ်စိုးသူ အလယ်အလတ်အဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်၏။ သူက စကားနည်းသောသူ ဖြစ်ပေသည်။ သူ့ကျင့်ကြံဆင့်က မိုဝူကျိထက် များစွာ မြင့်မားနေသော်လည်း သူက မိုဝူကျိအား ယဉ်ယဉ်ကျေးကျေး ဆက်ဆံပေး၏။

ရွိုက်ကောနှင့် ချီချွမ်းအား စကားတချို့ မှာကြာပြီးနောက် မိုဝူကျိက မိုးကောင်းကင်ဂိုဏ်းထံ ကျုံးကျင်းနှင့် လိုက်ပါသွားတော့သည်။

မိုးကောင်းကင်မြို့သည် မိုးကောင်းကင်ဂိုဏ်း အစွန်းအဖျားတွင် တည်ဆောက်ထားခြင်း ဖြစ်သောကြောင့် မိုးကောင်းကင်ဂိုဏ်းကို ရောက်ရှိဖို့ရာ နှစ်နာရီပင် မကြာလိုက်ပေ။

မူလက မိုဝူကျိသည် ကျုံးကျင်းအား အင်မော်တယ် မီးတောက် အဆင့်တက်မည့် နည်းလမ်း မေးလိုသော်လည်း ကျုံးကျောင်း၏ နှုတ်နည်းသည့် သွင်ပြင်ကြောင့် မမေးဖို့ရာသာ ဆုံးဖြတ်လိုက်တော့သည်။

သူက မိုးကောင်းကင်ဂိုဏ်း တပည့် မဟုတ်သည့်အတွက် အသေအချာ မသိသော်လည်း သူ့သင်ခန်းစာ ပို့ချမည့် တည်နေရာမှာ ဂိုဏ်း၏ ပင်မနေရာနှင့် အဝေးဆုံးတွင် တည်ရှိနေသည်။ ဤခန်းမကို အပြင်ဂိုဏ်းသားများအတွက် သင်ကြားပို့ချရာအဖြစ် အသုံးပြုလေ့ ရှိပြီး ယခုအခါ မိုဝူကျိ၏ သင်ခန်းစာအတွက် ယာယီ အသုံးပြုခြင်း ဖြစ်သည်။

မိုဝူကျိက အခန်းပိတ်နေရာမှ နောက်ကျ ထွက်လာသောကြောင့် ကျုံးကျင်းနှင့် သူ ရောက်ရှိလာသည့်အချိန်တွင် ခန်းမကြီးကား လူများစွာနှင့် ပြည့်နှက်နေပြီ ဖြစ်၏။

မိုဝူကျိက ကြည့်လိုက်သည့်အခါ အနည်းဆုံး လူတစ်ရာလောက် ရှိကြောင်း သိလိုက်သည်။ အမြင်နှင့်တင် မိုးကောင်းကင်ဂိုဏ်းသည် စစ်ဆေးမှုအတွက် မရွေးချယ်ခင် လူများစွာ မွေးထုတ်ထားကြောင်း သိလိုက်ရသည်။

ထိုလူတစ်ရာကျော်လုံးက ဝိညာဉ်စွမ်းအားများဖြင့် တောက်ပနေကြပြီး အားလုံးမှာ ကနဦး နတ်ဘုရားအဆင့် ဖြစ်ကြသော်လည်း သူတို့မွေးရာပါ ပါရမီမှာ ထိပ်တန်းအဆင့် ဖြစ်၏။ မိုဝူကျိက ဤနေရာရှိ ကျင့်ကြံဆင့် အနိမ့်ဆုံးသူမှာ ကနဦး နတ်ဘုရား အဆင့် ၇ ဖြစ်ကြောင်း ပြောနိုင်သည်။ အများစုမှာ ကနဦး နတ်ဘုရား အဆင့် ၈ နှင့် ၉ ဖြစ်ကြပြီး ကောင်းကင်နတ်ဘုရား တစ်ပိုင်းအဆင့်များလည်း ပါရှိကြသည်။

မိုဝူကျိက ကနဦး နတ်ဘုရားအဆင့် ၅ တွင် ဖြစ်ပြီး သူ့ဝိညာဉ်စွမ်းအားမှာ သိပ်မထင်ရှားပေ။ တစ်ချက်တည်းကြည့်ရုံဖြင့် သူက ဆိုးဆိုးရွားရွား ပါရမီဖြင့် ကျင့်ကြံသူ ဖြစ်ကြောင်း သိနိုင်ပေသည်။ သို့သော် သူ ခန်းမအတွင်း ဝင်လာသည်နှင့် တပည့်အများစုက လက်နှစ်ဖက် ယှက်၍ လေးစားမှု ပြသလိုက်ကြသည်။

ဤနေရာတွင် သူ့ကျင့်ကြံဆင့်မှာ အနိမ့်ကျဆုံး ဖြစ်ကြောင်း သိထား၏။ သူက လက်နှစ်ဖက် ယှက်ကာ  “ တာအိုရောင်းရင်းတို့ … ဆိုရိုးတစ်ခု ရှိတယ်မလား။ လူတိုင်းစီက သင်ယူနိုင်တာ ရှိတယ်တဲ့  …. ကျင့်ကြံရေးနဲ့ ပတ်သတ်လာရင် အားလုံးက ကျုပ်ထက် အဆင့်မြင့်ကြပါတယ်။ ဒါပေမဲ့ နှင်းစက်စိမ်းဆန် စိုက်ပျိုးနည်းမှာတော့ ကျုပ်က ခင်ဗျားတို့ အားလုံးထက် သာတယ်။ နှင်းစက်စိမ်းဆန် စိုက်ပျိုးနည်းအကြောင်း မပြောခင်   မိုးမြေနဲ့ နတ်ဝိညာဉ်စွမ်းအား အပေါ်မှာ ထားတဲ့  အားလုံးရဲ့ အမြင်တွေကို သိချင်ပါတယ် ”

မိုဝူကျိက အပ်ကျသံပင် ကြားရလောက်နှင့် တိတ်ဆိတ်သွားမှုနှင့် ကြုံလိုက်ရသည်။ ဤသည်မှာ သူ့အား မလေးစားမှုကြောင့် မဟုတ်သလို နှင်းစက်စိမ်းဆန် စိုက်ပျိုးရေးအပေါ် သူ့ဗဟုသုတများကြောင့် မဟုတ်မှန်းလည်း သိလိုက်သည်။ တခြားနည်းဖြင့်ဆိုရလျှင် အကယ်၍ နိဗ္ဗာန် အသိပညာရပ်ကျောင်းတော်သည် စစ်ဆေးမှု၌ နှင်းစက်စိမ်းဆန် စိုက်ပျိုးရေးကို ထည့်မထားပါက မည်သူကမှ သူ့အား ဂရုစိုက်နေမည် မဟုတ်ချေ။

သို့သော်လည်း မိုဝူကျိက နှင်းစက်စိမ်းဆန် စိုက်ပျိုုးစွမ်းရည်သည် အသုံးမကျသည်ဟု မထင်မိပေ။ သူ့အရွှက်ငါးလွှာ မြက်နှင့် ကိုင်းကူး စိုက်ပျိုးခြင်းမှာ တခြားသူများ အလွယ်လေး တွေးမိမည့် အရာလည်း မဟုတ်ချေ။

အရွှက်ငါးလွှာမြက်သည် နှင်းစက်စိမ်းဆန်အား ထွက်ရှိလာသည့် ပမာဏအား တိုးပွားလာစေသည်။ ထို့အပြင် မိုဝူကျိက သူ့နှင်းစက်စိမ်းဆန်သည် သဘာဝငါးမျိုး မျှတနေခြင်းမှာ အရွှက်ငါးလွှာမြက်ကြောင့်သာ ဖြစ်သည်ဟု ယုံကြည်ထား၏။

ပို၍ အရေးကြီးသည်က မိုဝူကျိသည် နှင်းစက်စိမ်းဆန် စိုက်ပျိုးနေစဉ် မဟာတာအိုကို အာရုံခံစားမိသည်။ သူက ဤမဟာတာအိုအား အပြည့်အဝ နားမလည်သေးသော်လည်း ဖြည်းဖြည်းချင်း နားလည်လာလိမ့်မည်ဟု ယုံကြည်ထားသည်။ ထို့ကြောင့် နှင်းစက်စိမ်းဆန် စိုက်ပျိုးနိုင်သည့် စွမ်းရည်မှာ လူတစ်ရကျော်အား တစ်ခါတည်းဖြင့် ဝေမျှပေး၍ ရမည် မဟုတ်ပေ။

မိုဝူကျိက လူဦးရေကို နှစ်ဆယ်ခန့်အထိ လျှော့ချရန် တွေးတောနေစဉ် တပည့်တစ်ဦးက ထ၍ မတ်တတ်ရပ်လိုက်သည်။ သူက လက်နှစ်ဖက် ယှက်ကာ  “ ဆန်ဆရာမို ….  ဒီတပည့်က ကျက်သရေတောင်ရဲ့ အမွေခံတပည့် ချန်းဟောင်ကျီပါ။ ကျုပ် တစ်ခုလောက် အကြံပြုချင်ပါတယ်။ ဆန်ဆရာမိုအနေနဲ့ ကူညီဆောင်ရွက်ပေးဖို့ မျှော်လင့်ပါတယ်  ”

သူ့စကားများက ယဉ်ယဉ်ကျေးကျေးဟု ထင်ရသော်လည်း မိုဝူကျိက မလေးစားမှုသာ ကြားမိသည်။ နတ်ဘုရားကုန်းမြေ၌ ဆန်ဆရာဟူသည့် အခေါ်အဝေါ် မရှိချေ။ ဆန်စိုက်ပျိုးသူ သိုမဟုတ် လယ်သမားဟုသာ ရှိပေသည်။ တပည့်များက အသိပညာ သင်ကြားပေးသော ပညာရှင်များကို ဆရာသမားဟု ခေါ်ဝေါ်ရ၏။ ထို့ကြောင့် ချန်းဟောင်ကျီ ခေါ်ဆိုရမည့် မှန်ကန်သော နည်းလမ်းမှာ “ဆရာမို” ဖြစ်ပြီး  “ ဆန်ဆရာမို ” မဟုတ်ချေ။

အပေါ်ယံ၌ ချန်းဟောင်ကျီက မိုဝူကျိအပေါ် လေးစားမှု ပြသနေသော်လည်း လက်တွေ့၌ သူက ဆန်စပါး စိုက်ပျိုးသောသူအပေါ် အထင်မကြီးပေ။  ဤနေရာသို့ သူ သင်ယူရန် ရောက်လာသည့် တစ်ခုတည်းသော အကြောင်းအရင်းမှာ နိဗ္ဗာန် အသိပညာရပ် ကျောင်းတော်၏ စစ်ဆေးမှုကို ဖြေဆိုနိုင်ရန် ဖြစ်၏။

“ဆရာမို ဒီလူက မိုးကောင်းကင်ဂိုဏ်းရဲ့ ချန်းမျိုးနွယ် ပါရမီရှင်လေးပါ။ ချန်းမျိုးနွယ်ရဲ့ အဆင့်အတန်းက အောင်းမျိုးနွယ်နဲ့ အတူတူလောက်ပဲ …” အသံတစ်သံက မိုဝူကျိနားထဲ ရောက်ရှိလာသည်။ ထိုအသံက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသော်လည်း မိုဝူကျိက အသံပို့လွှတ်ပေးသည့်သူကို မြင်လိုက်ရသည်။ ထိုသူမှာ သာမာန်တည်ဆောက်ပုံနှင့် လူငယ်လေး တစ်ဦး ဖြစ်၏။ သူက ကနဦး နတ်ဘုရားအဆင့် ၉ ကျင့်ကြံသူ တစ်ဦး ဖြစ်နေသည်။

မိုဝူကျိက ထိုလူသည် စိတ်ဖြင့် ဆက်သွယ်ကာ ရှင်းပြလိုသည့် အကြောင်းအရင်းကို နားလည်သွား၏။ ဤလူသည် သူက ချန်းဟောင်ကျီကို ရန်စမိမည်ကို စိုးရိမ်ပြီး မိုးကောင်းကင်မြို့၌ မနေနိုင်တော့မည်ကို စိတ်ပူပင်နေခြင်း ဖြစ်သည်။

“ အဲလိုဆို ပြောပါဦး ” မိုဝူကျိက မထူးမခြားနား ပြောလိုက်သည်။ ထိုအကြောင်းကြားသည့် သတင်းမှာ သူ့အား တစ်စုံတစ်ခု သတိပေးသွားသည်။ နောက်ပိုင်းကျ သူက ဤနေရာ၌ အောင်းမျိုးနွယ် ရှိနေလားဟု မေးမြန်းရမည်။ အကယ်၍ ရှိနေပါက သေချာပေါက် မောင်းထုတ်ပစ်မည်။

“ ဆန်ဆရာမို ကျုပ်တို့က နိဗ္ဗာန် အသိပညာရပ် ကျောင်းတော်ရဲ့ နောက်စစ်ဆေးမှုအတွက်  ဒီကို နှင်းစက်စိမ်းဆန် စိုက်ပျိုးနည်း လာသင်တာပါ။ ဆန်ဆရာမိုက နိဗ္ဗာန် အသိပညာရပ်ကျောင်းတော်ရဲ့ စစ်ဆေးမှုက နှင်းစက်စိမ်းဆန် စိုက်ပျိုးရုံတင် မဟုတ်ဘဲ အစီအရင်တာအို၊ အဆောင်တာအို၊ ဆေးလုံးတာအို တွေလည်း ပါတာ သိ  ….” ချန်းဟောင်ကျီ၏ စကားက မြန်ဆန်လှသည်။ သူက တစ်ခါတည်း တစ်ဆက်တည်း ပြောသွားခြင်း ဖြစ်၏။

မိုဝူကျိက ချန်းဟောင်ကျီ၏ စကားကို ဖြတ်ပြောလိုက်သည်  “ အဲဆိုတော့ ”

ချန်းဟောင်ကျီက မိုဝူကျိသည် စိတ်အခြေအနေ မကောင်းကြောင်း ခံစားမိ၍ တည့်တိုးသာ ပြောလိုက်တော့သည်  “ ဆန်ဆရာမိုက နှင်းစက်စိမ်းဆန် စိုက်ပျိုးနည်းကို နေ့တစ်ဝက်လောက်နဲ့ ဘာလို့ မသင်ပေးတာလဲ။ တကယ်လို့ ကျုပ်တို့ နားမလည်တာ ရှိရင် ဆန်ဆရာမိုဆီ တစ်ယောက်စီ လာပြီး ဆွေးနွေးလို့ ရတာပေါ့။ အဲဒီနည်းလမ်းနဲ့ဆိုရင် ကျုပ်တို့လည်း အချိန်ကုန်သက်သာပြီးတော့ တခြားတာအိုတွေကိုလည်း လေ့လာချိန် ပိုများမယ် မဟုတ်ဘူးလား။ ပြီးတော့ နှင်းစက်စိမ်း ဆန် စိုက်ပျိုးတာက တာအိုစည်းမျည်းတွေကိုတောင် မလိုဘူး။ အရိုးရှင်းဆုံးပဲကို ”

ချန်းဟောင်ကျီ၏ စကားများက ရှင်းလင်းလှသည်။ ဤသည်မှာ ဆန်စပါး စိုက်ပျိုးခြင်းမျှသာ ဖြစ်ပြီး သေမျိုးများပင် လုပ်နိုင်သည့်အရာ ဖြစ်၏။ ဆေးလုံး၊ ပန်းပဲ၊ အဆောင်နှင့် အစီအရင်တာအိုကဲ့သို့သော အရာမျိုးနှင့် မည်သို့ နှိုင်းယှဉ်နိုင်မည်နည်း။

မိုဝူကျိက ခေါင်းညိတ်ကာ  နွေးနွေးထွေးထွေး ပြောလိုက်သည်  “ အဲဒီ အကြံပြုချက်က မဆိုးပါဘူး။ မင်းတို့အချိန်ကုန်တာတော့ သက်သာသွားမှာပေါ့။ ဒါပေမဲ့ ငါ့အချိန်ကရော လုံးဝ ဂရုစိုက်စရာ မလိုဘူးလား။ ချန်းဟောင်ကျီနဲ့ အတွေးတူတဲ့သူ ရှိလား။ တကယ်လို့ ရှိတယ်ဆိုရင် ရှေ့ထွက်လာပါဦး။ တစ်ချက်လောက် ကြည့်ရအောင် ”

မိုဝူကျိ စကားသံ ထွက်လာသောအခါ အနည်းဆုံး အယောက် လေး၊ ငါးဆယ်က မတ်တတ်ရပ်လိုက်ကြသည်။ ထိုလူများက ချန်းဟောင်ကျီ မှန်ကန်ကြောင်း တွေးနေသည်မှာ သိသာလှသည်။ ဆန်စပါး စိုက်ပျိုးခြင်းသည် သေမျိုးများပင် လုပ်နိင်သည့်အရာ ဖြစ်၏။ ထိုအပေါ်၌ အချိန်များစွာ ဖြုန်းတီးနေ၍ မလိုအပ်ပေ။

“ ဒီလူတွေက ဒီအကြံပြုချက်က မှားနေတယ်။ နှင်းစပါး စိုက်ပျိုးတာက မိုးမြေစည်းမျည်းနဲ့ ဆက်စပ်နေတယ်လို့ တွေးမိတဲ့သူ ရှိလား။ ရှိရင်လည်း မတ်တတ်ရပ်ပေးပါဦး ” မိုဝူကျိက မေးလိုက်သည်။

နောက်ထပ် အယောက် သုံးဆယ် မတ်တတ်ရပ်လာကြသည်။

မိုဝူကျိက ခေါင်းညိတ်လိုက်ပြီး  “ အဲဆို မတ်တတ်မရပ်တဲ့သူတွေက ဘယ်လိုထင်လဲ ”

“ ကျုပ်တို့က နှင်းစက်စိမ်းဆန် စိုက်ပျိုးနည်းအကြောင်း သင်ဖို့ လာတာလေ။ ဘာမှမသင်ရသေးခင်အထိ ကျုပ်တို့တွေ နှင်းစက်စိမ်းဆန်က စည်းမျည်းတွေနဲ့ ဆက်နွယ်နေမယ်၊ မနေဘူးဆိုတာ မသိနိုင်ဘူး ” ကျင့်ကြံသူတချို့က ပြန်ဖြေလိုက်ကြသည်။

“ မဆိုးပါဘူး။ အခု အားလုံးကို ပြောပြမယ်။ နှင်းစက်စိမ်းဆန် စိုက်ပျိုးတဲ့ ငါ့ရဲ့ နည်းလမ်းက စည်းမျည်းတွေနဲ့ ဆက်နွယ်နေတယ်။ အဲဒါကြောင့် မဆက်နွယ်ဘူးလို့ ယုံကြည်တဲ့သူတွေနဲ့ မတ်တတ်မရပ်တဲ့သူတွေ ခန်းမထဲက ထွက်သွားပေးကြပါ။ မင်းတို့က ငါ့ကျောင်းသား ဖြစ်ဖို့ မသင့်တော်ဘူး ” မိုဝူကျိက အေးအေးဆေးဆေး ပြန်ဖြေလိုက်သည်။

“ဘာအဓိပ္ပါယ်လဲ” ချန်းဟောင်ကျီ၏ မျက်နှာ အနေအထားမှာ အေးစက်သွားတော့သည်။

ထိုနောက် ကနဦး နတ်ဘုရားအဆင့် ၉ ကျင့်ကြံသူ တစ်ဦးက အေးဆေး ပြောလိုက်သည်  “ ဆရာမို … ကျွန်မက တိကျဲပါ။ ကျွန်မတို့က သင်ယူဖို့ ရောက်လာတာပါ။ ကျွန်မတို့ကို ဘာမှမသင်ခင် နှင်းစက်စိမ်းဆန်က စည်းမျည်းတွေနဲ့ ဆက်စပ်နေမယ်လို့ သိမှာ မဟုတ်ဘူးလေ။ ဆရာမိုက ကျွန်မတို့ကို ဘာကြောင့်များ နှင်ထုတ်ရတာလဲ သိပါရစေ ”

ဤနေရာတွင် ထိုင်နေကြသူများမှာ ဂိုဏ်း၏ ပါရမီရှင် တပည့်များသာ ဖြစ်ကြ၏။ သူတို့တစ်ဦးစီ၌ နောက်ခံ မရှိသည့်သူ မည်သူ ပါရှိမည်နည်း။ သူတို့က မိုဝူကျိအား မျက်နှာထောက်ထားနေသော်လည်း မိုဝူကျိ နှင်ထုတ်တိုင်း ထွက်သွားမည်ဟု မဆိုလိုပေ။

***

All Chapters