← Chapters

တိုက်တန်များ၏ ထိပ်တိုက်တွေ့ဆုံမှု

Vol. 47 Ch. 653

တိုက်တန်များ၏ ထိပ်တိုက်တွေ့ဆုံမှု

Vol. 47 Ch. 653

သူတို့က တစ်ယောက်ကို တစ်ယောက်ကြည့်နေရင်း မီတာဒါဇင်ချီ အကွာတွင် ရပ်လိုက်ကာ အရှိန်အဝါကို ရုတ်တရက် ထုတ်လွှတ်လိုက်ကြသည်။

ဘန်း

သူတို့၏ ထိပ်တိုက်တွေ့ဆုံမှုမှ ကြောက်မက်ဖွယ် လေထုမျိုး ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ အားနည်းသည့် လူတချို့က လွင့်စင်သွားသည်။ သို့သော် ထိုအရာက အစမျှသာ ဖြစ်၏။ အသက်မဲ့နယ်မြေတစ်ခုလုံးကို လွှမ်းမိုးထားသည့် တိမ်တိုက်များက နှစ်ပိုင်း ကွဲသွားသည်။ ကြောက်လန့်ဖွယ် အငွေ့အသက်များကလည်း နယ်မြေ၏ ထောင့်တစ်နေရာသို့ တွန်းပို့ခံလိုက်ရပြီး တိုက်တန်နှစ်ယောက်၏ ထိပ်တိုက်တွေ့ဆုံမှုအတွက် နေရာ လုပ်ပေးထားသည်။ လျှပ်စီးနှင့် မိုးကြိုးများ တဖျတ်ဖျတ် လက်လာပြီး ကောင်းကင်ကပင် သူတို့နှစ်ဦး၏ စွမ်းအားကို အသိအမှတ်ပြုကြောင်း ပြသနေသည်။

ထိုစဉ် ထိပ်တိုက်ရင်ဆိုင်မှုအတွင်း ဖန်းလီကျွမ်း၊ ကျန်းပိယု၊ ဟွမ်ယွမ်နှင့် တချို့ကသာ မတ်မတ်ကျန်ရှိကြသည်။

ထို့နောက် ဝမ်ဝေ့ဘက်တွင် ကံကြမ္မာမြစ်ကြောင်း ပုံရိပ်ယောင်တစ်ခု ထွက်ပေါ်လာကာ ကြည့်ရှုနေသူများအား တစ်ယောက်ယောက်သည် သူတို့ဘဝ၏ စက္ကန့်တိုင်းကို ထိန်းချုပ်နိုင်သည့်အတွက် ထိတ်လန့်မှုကို ခံစားမိလိုက်ကြသည်။ တိထျန်းဘက်တွင်လည်း သံသရာစက်ဝန်းတစ်ခု ထွက်ပေါ်လာပြီး အားလုံးကို သူတို့၏ မွေးဖွားရာမှ ယခုလမ်းစဉ်အထိ အပါအဝင် အတိတ်ဘဝမှ မှတ်ဉာဏ်တချို့ပင် ပြသနေသည်။

ထိုအရှိန်အဝါ ထိပ်တိုက်တွေ့ဆုံမှုအတွင်း သူတို့နှစ်ဦးနှင့် နီးကပ်သည့် လူတချို့သာ ကျန်ရှိသည်။ ထုံရို့ပင်း၊ ဟို့ဖုန်းဟွမ်၊ ဖုန်းဟွမ်၊ လီကျွင်း၊ အောင်းရှန်၊ ကျင်းဝူဟွား၊ တခြား အမျိုးသမီးတစ်ယောက်နှင့် အမျိုးသားတစ်ယောက် ဖြစ်ကြသည်။

ထိပ်တိုက်တွေ့ဆုံမှုက စက္ကန့်ပိုင်းကြာ ကြာမြင့်ပြီး နောက်ထပ် ပုံရိပ်ယောင်တစ်ခုက သူတို့နှစ်ဦးကြားတွင် ရွှေရောင်ပလ္လင် တည်ရှိနေသည့် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ရလဒ်အနေဖြင့် သူတို့၏ အရှိန်အဝါ ပြင်းထန်မှုက ရုတ်ချည်း မြင့်တက်လာ၏။

ဝုန်း

မတ်မတ်ရပ်နေသည့် ထိပ်သီးကောင်းကင်ရွေးချယ်ခံများက  ထိုထိပ်တိုက်တွေ့ဆုံမှုကြောင့် လွင့်စင်သွားကြသည်။ ထိုစဉ် သူတို့က ထိန်းမထားနိုင်တော့ဘဲ  စွမ်းအားကို အသုံးပြုဖို့သာ လိုအပ်လာလိမ့်မည်။ သို့သော်လည်း ထိုသို့ လုပ်ဆောင်ခြင်းက သူတို့သည် ရှုံးနိမ့်သွားကြောင်း ပြသနေသလို ဖြစ်သည့်အတွက် သူတို့က ပျံသန်းကာ ထွက်သွားကြ၏။

သူတို့က ဘယ်လောက်တောင် အားကောင်းနေရတာလဲ…

ထုံရို့ပင်းက အောက်နှုတ်ခမ်းကို ကိုက်ကာ တွေးလိုက်မိသည်။

ငါ အဲဒီလူတွေရဲ့ ဖိတ်ကြားချက်ကို လက်ခံလိုက်ရမလား…

အစောပိုင်းတွင် တိထျန်းနှင့် ဝမ်ဝေ့ကို ရင်ဆိုင်ဖို့အတွက် ပါရမီရှင်အုပ်စုက သူမအား ဖိတ်ကြားခဲ့သည်။ သူမက သူတို့ကို ငြင်းဆန်ခဲ့သော်လည်း ယခုအခါ ထိုအရာကို ရွေးချယ်မှုတစ်ခုအဖြစ် စဉ်းစားလာမိ၏။

ဖုန်းဟွမ်က မျက်မှောင်ကြုတ်ကာ ကြည့်ပြီးသည့်နောက်တွင် ထွက်ခွာသွားသည်။ သူက အမြဲလိုလို သိုသိုသိပ်သိပ်သာ နေလေ့ရှိ၏။ သို့သော်လည်း သူက ရံဖန်ရံခါ အစွယ်ဖြဲပြဖို့ လိုအပ်လာသည်။ တိုက်ပွဲက စိတ်အခြေအနေကို လေ့ကျင့်ပေးဖို့ အကောင်းဆုံးနည်းလမ်းထဲမှ တစ်ခု ဖြစ်၏။

သူ့အပြုအမူ၏ အဓိက အကြောင်းအရင်းက လှည့်စားမှု စစ်ဆေးခြင်းပြီးကတည်းက ထိုက်ယီနက်နဲမုခ်တွင် သူ့အခြေအနေက သိပ်မကောင်းလှပေ။  အထက်ပိုင်းက သူ့ကို သံသယဝင်နေကြ၏။ အကယ်၍ ထိုဂိုဏ်းအတွင်း လျှို့ဝှက်အဖွဲ့တစ်ခုနှင့် သူ့ပုံမှန်စွမ်းအားကြောင့်သာ မဟုတ်ပါက သူသည် ရှာဖွေတွေ့ရှိခံရပြီဖြစ်ကာ ထွက်ပြေးသွားရလောက်လေပြီ။ ထိုလျှို့ဝှက်အဖွဲ့အတွက်မူ သူက မည်သူ့အပိုင်ဖြစ်ကြောင်း မှန်းဆမိ၏။ သူက စိတ်ထဲမှ အတွေးများစွာဖြင့် ဝမ်ဝေ့၏ စွမ်းအား ပြသသည်ကို ကြည့်နေလိုက်သည်။

တခြားသူများကလည်း ထိုထိပ်တိုက်ရင်ဆိုင်ရာမှ ထွက်လာကြ၏။ တစ်ဦးချင်းစီက ထိုတိုက်ပွဲနှင့် ပတ်သက်ပြီး အတွေးကိုယ်စီ ရှိထားကြသည်။ ထိုစဉ် ဝမ်ဝေ့နှင့်တိထျန်းတို့က ဆက်လက်ရင်ဆိုင်နေဆဲ ဖြစ်၏။ ရွှေရောင်ပလ္လင်က သူတို့ကြား ရှေ့ချည်နောက်ချည် သွားလာနေသည်။

ထို့နောက် သူတို့က ရုတ်ချည်းဆိုသလို ရပ်တန့်လိုက်ကြပြီး အရာအားလုံးက ပုံမှန် ပြန်ဖြစ်သွား၏။ သူတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီးသည့်နောက်တွင် ကိုယ့်အဖွဲ့အစည်းဆီသာ လျှောက်လှမ်းသွားကြသည်။

ထင်ထားတဲ့အတိုင်းပဲ…

တိထျန်းက တိမျိုးနွယ်နှင့် ပြန်လည်စုပေါင်းမိပြီး တွေးလိုက်မိသည်။

သူက ငါတို့ကြားက ကွာဟချက်ကို လိုက်မီနိုင်မဲ့နည်းလမ်းကို ရှာတွေ့ခဲ့တာပဲ။ ကြည့်ရတာ နဝမအဆုံးစွန်အုတ်မြစ်ရဲ့ သမာသမတ်မကျတဲ့ နည်းလမ်းပဲ ဖြစ်နိုင်တယ်။ အခု မေးခွန်းက သူက အဲဒီကန့်သတ်ချက်ကို ကျော်လွန်နိုင်မလား…

ထူးထူးဆန်းဆန်းအရာဖြင့် ထိုအရာသည် ဖြစ်နိုင်ချေ မရှိပေ။ တိုင်၉လုံးက ဧကရာဇ်အဆင့်အထက် မြင့်သူဖြစ်ကာ ဒဿမအဆုံးစွန်အုတ်မြစ်ကို ရောက်ရှိဖို့အတွက် ထူးကဲသည့် ရတနာကို ရှာမတွေ့ခင် ယွင်ခေတ်ကာလများစွာ ကုန်ဆုံးခဲ့ရသည်။ ထိုရတနာက ဒိုင်မေးရှင်းအနိမ့်တွင် မတည်ရှိနိုင်သည့်အတွက် ဒဿမအဆုံးစွန်အုတ်မြစ်ကို ရောက်ရှိမည့် တခြားနည်းလမ်း ရှိနေနိုင်သည်။

သူသာဆိုရင် ဖြစ်နိုင်ချေတော့ ရှိတယ်…

တိထျန်းက တွေးလိုက်မိသည်။

ငါ ဘာပဲဖြစ်ဖြစ် သူ့ကို သတ်ဖို့ ဒါကို ကျော်လွန်အောင် လုပ်ရမယ်…

………………

သူ့အရှိန်အဝါက ကွဲပြားနေတယ်…

ဝမ်ဝေ့က တွေးလိုက်မိသည်။

အခု ပိုပြီးတော့ အားကောင်းလာပြီးတော့ အရှိန်အဝါပိုကြီးလာတယ်။ သူက ဒဿမအဆုံးစွန်အုတ်မြစ်ကို ရောက်မဲ့နည်းလမ်းကို ရှာတွေ့သွားပြီလား။ ဒီလိုဆိုရင်တော့ ငါလည်း စိတ်အေးလက်အေးဖြစ်နေလို့ မဖြစ်တော့ဘူး…

သူက အဖွဲ့နှင့် ပြန်လည်စုပေါင်းပြီးသည့်နောက်တွင် အံ့ဖွယ်အသိစိတ်ဖြင့် ဆက်နွယ်လိုက်သည်။

သူက ငါ့မှန်းဆချက်အလွန်ကနေ ပြုမူနေတာပဲ…

ဘယ်သူလဲ။ ယွီကျူးလား …  ထျဲ့ကန်က မေးလိုက်သည်။

မဟုတ်ဘူး

ယွီကျူးက စိတ်ပျက်စရာကောင်း၏။ သူက တည်ငြိမ်နေဟန်ပေါ်သော်လည်း ခွေးဟု အခေါ်ခံရပြီးသည့်နောက်တွင် ထိုတည်ငြိမ်မှု ပျောက်ဆုံးသွား၏။ ဝမ်ဝေ့က ထိုစကားသည် သူ့အတွက် မည်မျှသက်ရောက်မှုရှိမှန်း မသိသလို ဒိုင်မေးရှင်းအမြင့်က တစ်စုံတစ်ယောက်က သူနှင့် လွယ်လွယ်ကူကူ ကစားဖို့ လုပ်ထားသည်လား မသိရပေ။

တိထျန်းက အဲဒီသစ္စာဖောက်တွေနဲ့ ပူးပေါင်းမယ်လို့ ထင်နေတာ…

ဝမ်ဝေ့က ထွက်ပြောလိုက်၏။

အစတုန်းက သူလွတ်မြောက်လာတယ်ဆိုရင် သောင်းကျန်းပြီး‌တော့ တိုက်ပွဲမတိုင်ခင် ကောင်းကင်ရွေးချယ်ခံအားလုံးကို သတ်ပစ်မယ်လို့ ထင်နေတာ…

လီကျွင်းက မှတ်ချက်ပေးလိုက်၏။

အိပ်စက်သူတွေက မရှိတော့ဘူးဆိုတော့ သူ့အနေနဲ့ တစ်စုံတစ်ယောက်ကို လုပ်ကြံဖို့ ခက်မှာပဲ…

ယန်းလီလင်းက ပြောလိုက်သည်။

သူက သူ့ကိုယ်သူ လုပ်နိုင်ပါတယ်..

ထျဲ့ကန်က ပြောလိုက်၏။

ဒါပေမဲ့ သူက သင့်တော်တဲ့ အချိန်ကို စောင့်နေတာဖြစ်နိုင်တယ်…

ဖြစ်နိုင်ပါတယ်…

ဝမ်ဝေ့က ပြောလိုက်သည်။

တိထျန်းက သူ့မိသားစုနှင့် ပြန်လည်ဆုံစည်းပြီးသည့်နောက်တွင် ယွီကျူး သူ့ဝိညာဉ်မျိုးနွယ်စုနှင့်အတူ တိတ်တဆိတ် ထွက်သွားရာ နေရာသို့ လှမ်းကြည့်လိုက်သည်။ သူက ဝမ်ဝေ့ဆီမှ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတချို့ တွေ့ကြုံခံစားခဲ့ရသည်။

အဲဒီလူတွေက  ရှောင်ချီ ပြောနေတဲ့သူတွေလား…

(ရှောင်ချီ- ခုနှစ်ယောက်မြောက်လေး)

…………

လွန်ခဲ့သည့်နှစ်ထောင်ပိုင်းခန့်က အနောက်ပိုင်းကုန်းမြေတွင်

တိထျန်းက မျက်လုံးပွင့်လာပြီး သူ့အစီအရင်အတွင်း တစ်စုံတစ်ယောက်  ရှိလာသည်ကို ခံစားမိလိုက်သည်။ မေးစေ့အထက်တွင် အမာရွတ်ရှိနေသည့် လူငယ်လေးတစ်ဦးက သူ့အား ပြုံးပြနေသည်ကို မြင်လိုက်ရ၏။

“ရှောင်ချီ” တိထျန်းက ပြုံးပျော်စွာ ရေရွတ်လိုက်၏။ သူက ဤသို့စိတ်ခံစားချက်မျိုး မခံစားရသည်မှာ မည်မျှကြာမြင့်မှန်းပင် မသိတော့ပေ။ သို့သော် ယနေ့တွင် ပြန်လည်ပေါ်ထွက်လာ၏ “ ဒါမှမဟုတ် မင်းကို လက်ငါးချောင်း ဧကရာဇ်လို့ ခေါ်ရမှာလား”

“ လက်ငါးချောင်း စံပြပါ။ ဒါပေမဲ့ ကျွန်တော့်ကို ရှောင်ချီလို့ပဲ ခေါ်ပါ”

“ မင်းက အဲ့လောက်အဆင့်အထိတောင် ရောက်သွားပြီကိုး” တိထျန်းက ရှောင်ချီကို ဖန်တီးခဲ့စဉ်အခါက အချိန်ကို ပြန်လည်တွေးမိသွားသည်။

သူက မိုးမြေနှင့် သဟဇာတဖြစ်ဖို့ အကောင်းဆုံး ဓာတ်ငါးပါးပစ္စည်းများကို အသုံးပြု၍ ဖန်တီးခဲ့သည်။ နောက်ပိုင်းတွင် သူက သမိုင်းကြောင်းမှ တဆင့် ထိုသူသည် လက်ငါးချောင်းဧကရာဇ် ဖြစ်လာပြီး ဓာတ်ငါးပါးစည်းပိတ်ခြင်းတာအိုကို အသုံးပြုသည့် ထာဝရဧကရာဇ်နှင့်ပင် ယှဉ်နိုင်သည့် ထာဝရဧကရာဇ်တစ်ပိုင်း ဖြစ်ကြောင်း သိခဲ့ရသည်။ သူ၏ စည်းပိတ်သည့် နည်းလမ်းက တောင်တစ်လုံးကို တောင်ထိပ်ငါးခု ထားရှိသည့်အတွက် လက်ငါးချောင်းနှင့် တူနေသောကြောင့် သူ့ဧကရာဇ်နာမည် တွင်လာခြင်း ဖြစ်သည်။

ယခု ထိုလူငယ်လေးက သူ စိတ်ကူးမကြည့်နိုင်သည့်အနေအထားသို့ ရောက်ရှိနေသည့်အတွက် တိထျန်းက အနည်းငယ် စိတ်ရှုပ်ထွေးနေမိသည်။ သူ့အတိတ်၏ အကြွင်းအကျန်များနှင့် သူ့ကလေးဟု ယူဆထားသည့် သူ့ဖန်ဆင်းမှုများကို ပြန်လည်မြင်တွေ့ရသည်က ကောင်းလှသည်။ အချိန်များစွာ ကုန်ဆုံးသွားပြီဖြစ်၍ မည်သူကမှ  ယခင်လို အတူတူ မကျန်ရှိနိုင်တော့ပေ။

“ မင်းက ဘာလို့ ဒီရောက်လာတာလဲ။ ငါ့ကို လွှတ်ပေးနိုင်မလား”

“ ကံဆိုးတာက ကျွန်တော်က သေသွားပြီးတော့ စွမ်းအားနည်းနည်းပဲ ကျန်တော့တယ်”

ဧကရီဝူ၏ စွမ်းအားရှိထားသည့် စည်းတံဆိပ်ကို မဖြေရှင်းလိုသည့် လက်ငါးချောင်းက ပြန်ဖြေလိုက်၏။

“ ကျွန်တော်က သတိပေးဖို့ ရောက်နေတာပါ”

“ သတိပေးဖို့လား”

“ လူတချို့က ဝမ်ဝေ့ကိုရင်ဆိုင်ဖို့အတွက် မဟာမိတ်ကို လာရောက်တောင်းဆိုကြလိမ့်မယ်။ အဲဒါကို မလုပ်ပါနဲ့”

“ ဘာလို့လဲ”

“ အဲဒီလူတွေက ဒိုင်မေးရှင်းအမြင့်က သစ္စာဖောက်တွေနဲ့ သူလျှိုတွေပဲ” လက်ငါးချောင်းက နေမင်းနှစ်စင်းနှင့် လမင်းခုနစ်စင်း၏ အခြေခံအချက်အလက်အကြောင်းကို ရှင်းပြလိုက်ပြီး ဒိုင်မေးရှင်းအနိမ့်က ပိတ်ဆို့သွားကြောင်းနှင့် အသင်္ချေအင်ပါယာကမ္ဘာ၏ ရောက်ရှိလာမည့် ခေတ်ကာလအကြောင်းကိုပါ ပြောပြလိုက်၏။

အခု ကောင်းကင်တာအိုက သူ့ကို ကံကြမ္မာသားတော်ရဲ့ ဂုဏ်ပုဒ် ပေးတာကို နားလည်သွားပြီ…

“ အဲဒါဆိုတော့ ငါက သူတို့နဲ့ ဘာလို့ မဟာမိတ်မဖွဲ့သင့်တာလဲဆိုတာကို ရှင်းမပြရသေးဘူးနော်” သူက သူ့အနိုင်ရရှိမှုသာ သေချာမည်ဆိုပါက မိစ္ဆာနှင့်ပင် အလုပ်တွဲလုပ်နိုင်သည်။

လက်ငါးချောင်းက သက်ပြင်းချလိုက်၏။ သူ့စိတ်ထဲတွင် ထိုရလဒ်ကို မျှော်လင့်ထားပြီးသား ဖြစ်သော်လည်း အနည်းငယ် အားမလိုအားမရဖြစ်သွားမိသည်။ အကြွင်းမဲ့တားမြစ်ချက်တွင် ပါဝင်ဆင်နွှဲသည့် လူများကြား အင်အားစုများစွာ ရှိ၏။ သူတို့၏ အင်အားစုက ဗလာခေတ်ကာလမှ လူများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ပြီး ချီယွမ်၏ အင်အားစုအစား ခေတ်သစ်ကို ဦးဆောင်လိုကြသည်။ သို့သော်လည်း တိထျန်း၏ စွဲလမ်းမှုနှင့် အကျင့်စရိုက်တို့ဖြင့် ထိုအရာက မဖြစ်နိုင်သလောက် ဖြစ်၏။

“ လမင်းခုနစ်စင်း ခေတ်ကာလရဲ့ အဆုံးသတ်က နီးကပ်လာပြီ။ အဲ့လိုဖြစ်လာခဲ့ရင် သူတို့နဲ့ ပူးပေါင်းတဲ့ သူတိုင်းက သုတ်သင်ခံရလိမ့်မယ်။ တကယ်လို့ အဲဒီလူတွေနဲ့ အလုပ်တွဲလုပ်မယ်ဆိုရင် အဲဒီနေ့ရက် ရောက်လာမယ်ဆိုရင် ကျွန်တော်တို့က ကာကွယ်နိုင်မှာ မဟုတ်သလို မိန်းကလေးကိုရော အသက်ပြန်သွင်းနိုင်မှာ မဟုတ်ဘူး”

တိထျန်းက မျက်မှောင်ကြုတ်လိုက်၏။ သူက နဉ်အာကို ပြန်လည်အသက်သွင်းပြီးသည့်နောက်တွင် သူ့ဘဝအပေါ် သက်ရောက်မှုဖြစ်စေမည့်အရာမျိုးကို မလုပ်လိုပေ။ အကယ်၍ ထိုလူများနှင့် အလုပ်တွဲလုပ်ခြင်းက သူ့ကို ပစ်မှတ် ဖြစ်စေမည်ဖြစ်ကာ ဒိုင်မေးရှင်းအနိမ့်တွင် တစ်လျှောက်လုံး ပုန်းအောင်းနေရနိုင်သည်။ ထိုသို့ဆိုလျှင်ပင် သူတို့က ဘေးကင်းမည် မဟုတ်ပေ။

“ ကောင်းပြီ။ မင်း စကားကို နားထောင်လိုက်မယ်”

“ နောက်ဆုံးအနေနဲ့ ကောင်းကင်တာအိုကို သတိထားပါ။ တကယ်လို့ ဒီခေတ်ကာလရဲ့ ကောင်းကင်ရွေးချယ်ခံတွေကို သတ်ဖြတ်ပစ်မယ်ဆိုရင် အဲဒီအရာက လျစ်လျူရှုထားမှာ မဟုတ်ဘူး”

“ ငါ သိပြီ”

တိထျန်းက ဝမ်ဝေ့ မြင့်တက်မလာလျှင် သူ့အင်အားကြီးမားမှုကြောင့် ကောင်းကင်တာအိုက ပလ္လင်အတွက် သူ့ကို ရွေးချယ်မည်ဖြစ်ကြောင်း သိ၏။ သို့သော်လည်း လက်ရှိအခြေအနေအရ သူသာ ရွှေရောင်ခေတ်ကာလကို သက်ရောက်မှုရှိစေခဲ့ပါက ထိုအရာသည် သူ၏ ကျဆုံးမှုကို ကြံစည်ဖို့ ထပ်မံ ကြံစည်လိမ့်မည်။

“ နောက်ထပ် ဘာရှိသေးတုန်း”

“ မရှိတော့ပါဘူး” လက်ငါးချောင်းက ပြန်ဖြေလိုက်၏ “ ကျွန်‌တော် ထပ်ပြီး ကူညီချင်ပေမဲ့ ကျွန်တော့်အခြေအနေက သိပ်မကောင်းဘူး”

“ မင်းနဲ့ တခြားသူတွေရော အဆင်ပြေရဲ့လား” တိထျန်းက နဉ်အာကို မဖန်ဆင်းခင် သူ့ကလေးဟု ယူဆရသည့် လူသား ၁၂ယောက်ကို ဖန်တီးခဲ့သည်။ ထို ၁၂ ယောက်အနက် ၅ ယောက်က မဟာဧကရာဇ် ဖြစ်လာပြီး ၃ယောက်က ယွမ်ထီ ဖြစ်လာကြကာ ကျန်လေးယောက်ကမူ ဆန့်ကျင်တာအိုအုပ်စိုးသူ ဖြစ်လာကြသည်။

“ ရှောင်စန်း၊ ရှောင်စစ်နဲ့ ရှောင်ကျိုးတို့က သေသွားကြပြီ” လက်ငါးချောင်းက ဝမ်းနည်းမှုဖြင့် ပြောလိုက်သည်။

(ရှောင်စန်း - သုံးယောက်မြောက်၊ ရှောင်စစ် - လေးယောက်မြောက်၊ ရှောင်ကျိုး - ကိုးယောက်မြောက် )

“ အပြီးတိုင် သေဆုံးသွားတာလား”

“ ဟုတ်ပါတယ်”

တိထျန်းက ထိုကလေးများကို ပြန်လည်အမှတ်ရလာကာ သက်ပြင်းချလိုက်သည်။ ရှောင်စန်းက မဟာဧကရာဇ်ဖြစ်ကာ ရှောင်စစ်နှင့် ရှောင်ကျိုးတို့က ယွမ်ထီ ဖြစ်ကြ၏။

“ သူတို့က စစ်ပွဲမှာ သေဆုံးသွားတာလား” သူက ဗလာခေတ်ကာလမတိုင်ခင် ဗဟုသုတတချို့ရှိထားသော်လည်း မပြီးပြည့်စုံပေ။

“ ရှောင်စန်းနဲ့ ရှောင်ကျိုးတို့က တိုက်ပွဲအတွင်းမှာ သေဆုံးသွားတာ။ ရှောင်စစ်ကတော့ ဒိုင်မေးရှင်းအမြင့်မှာ သေဆုံးသွားတာပါ”

“ ငါက သေခြင်းရှင်ခြင်းကို အသားကျနေပေမဲ့ သူတို့တွေ ခွဲခွာမှုအကြောင်း ကြားရတာ ဝမ်းနည်းမိတုန်းပဲ။ သူတို့အတွက် အုတ်ဂူတော့ လုပ်ပေးရမယ်”

“ သူတို့လည်း ကျေနပ်မှာပါ” လက်ငါးချောင်းက ပြောပြီးသည့်နောက်တွင် စတင်ပျောက်ကွယ်လာသည်။ သူ့ခန္ဓာကိုယ်ကို ကြည့်လိုက်ပြီးသည့်နောက်တွင် လက်နှစ်ဖက်ယှက်ကာ ယဉ်ယဉ်ကျေးကျေး ဦးညွှတ်လိုက်ပြီး “ အဖေနဲ့ ထပ်တွေ့ရတာ ကောင်းလိုက်တာ”

တိထျန်းက ပြုံးလိုက်ပြီးနောက် ခေါင်းညိတ်လိုက်သည်။ သူက သူ့သား ပျောက်ကွယ်သွားသည်ကို ကြည့်နေရင်း မိနစ်ပိုင်းကြာ ငေးမောကာ ထိုင်နေမိပြီး‌နောက် ဆက်လက် ကျင့်ကြံလိုက်သည်။

***

All Chapters