ဒုစရိုက်ခုနစ်ပါး
Vol. 48 Ch. 659
“ ငါတို့မျိုးနွယ်က အခုအချိန်အတွက် မျိုးဆက်ပေါင်းများစွာ ပုန်းအောင်းပြီး ကြံစည်နေခဲ့ရတာ” ဒေါသက ပြောလိုက်၏ “ အဲဒါဆိုတော့ အားလုံးချောမွေ့အောင် သေချာလုပ်ထား”
အားလုံးက ဒေါသ၏ ကြီးကျယ်သည့် စကားများကို အသားကျနေသည့်အလား နားထောင်နေကြသည်။
“ တိထျန်းနှင့် ဝမ်ဝေ့တို့က ဘယ်သူ့ပိုင်နက်ထဲမှာလဲ”
“ တိထျန်းက ငါ့ပိုင်နက်ထဲမှာ” တဏှာက ပြောလိုက်သည်။
“ ဝမ်ဝေ့က ငါ့ဆီမှာ” ပျင်းရိခြင်းက ထပ်ပြောလိုက်၏။
“ မင်းတို့တွေ အစီအစဉ်ကို သိတယ်မလား။ သူတို့ကို ဘယ်လိုဖြစ်ဖြစ် ရှောင်ရမယ်”
“ အဲဒါဆိုရင် ငါတို့လူတွေကို သတ်နေတာကို ဒီအတိုင်း လွှတ်ထားမှာလား” မနာလိုမှုက ဝင်ပြောလိုက်သည်။
“ နဝမ အဆုံးစွန် အုတ်မြစ်ကို ဖြေရှင်းနိုင်မဲ့ နည်းလမ်း မရှိသရွေ့တော့ ဘာရွေးချယ်စရာ ရှိမှာလဲ” လောဘက နှာခေါင်းရှုံ့ကာ ပြောလိုက်၏။
“ ငါတို့တွေ စိတ်လွတ်လက်လွတ် သတ်ဖြတ်တာကို ခွင့်ပြုထားမှာ မဟုတ်ဘူး” ဒေါသ ပြောလိုက်သည် “ ငါတို့တွေ သူတို့အတွက် ခက်ခဲပြီး အရည်အချင်း ကန့်သတ်ထားနိုင်မဲ့ နည်းဗျူဟာကျကျ သုံးဖို့ပဲ လိုတယ်။ ငါတို့ရဲ့ ရည်ရွယ်ချက်က သူတို့ရည်မှန်းချက်ကို အနည်းဆုံး လိုအပ်ချက်နဲ့ ပြီးမြောက်သွားဖို့ပဲ။ တကယ်လို့ မင်းတို့တွေက အဲဒီနှစ်ယောက်နဲ့ သွားပြီးတော့ ထိပ်တိုက်တွေ့ဆုံမယ်ဆိုရင် ရလဒ်က မင်းတို့ရဲ့ အကျိုးမရှိတဲ့ သေခြင်းတရားပဲ ဖြစ်သွားလိမ့်မယ်”
“ အဲဒါက မျှတတယ်” မနာလိုမှုက အသိအမှတ် ပြုလိုက်၏။
“ တခြားအကြွင်းမဲ့ ဘုရင်တွေကရော ဘယ်လိုလဲ။ သူတို့ကို ဘာလုပ်မှာလဲ” မာနက မေးလိုက်သည်။
“ လုံလုံလောက်လောက် စီစဉ်ထားတာနဲ့ဆိုရင် သူတို့ကို သတိထားပြီးတော့ ကိုင်တွယ်ဖြေရှင်းလို့ ရတယ်” ဒေါသက ပြောလိုက်သည် “ ဒါပေမဲ့ ယီလျန်ချန်းဆီက ဝေးဝေးနေ။ သူ့ကို ထိပ်သီးဘုရင်နှစ်ယောက်လိုမျိုး သတ်မှတ်ထား”
“ သူ့ကိုလား။ ဒါပေမဲ့ သူနဲ့ ပတ်သက်ပြီး ဘာမှထူးခြားတာ မရှိပါဘူး။ သူ့အင်အားကတောင် ပုံမှန်ပဲ”
“ သူ့လျှို့ဝှက်ချက်က သတိထားဖို့ လုံလောက်တယ်”
တခြားသူများက ဒေါသကို ကြည့်ကာ သဘောတူလိုက်ကြ၏။
“ အဲဒါဆို မိုရှင်းယွင်ကရော။ ငါတို့ မှန်းထားသလောက် မူမမှန်မှုတစ်ခုအနေနဲ့ သူမကလည်း အကြွင်းမဲ့ဘုရင် ဖြစ်သင့်တယ် မလား”
“ လတ်တလော သတင်းအချက်အလက်က သူမက ဝမ်ဝေ့နဲ့ ပဋိပက္ခဖြစ်ပြီးတော့ ရှင်းလင်းရေးကို ပါဝင်ဖို့ ရုပ်သေးရုပ်ကို အသုံးပြုခဲ့တယ်။” မာနက ရှင်းပြလိုက်သည်။
“ သူမက ငါ့ပိုင်နက်ထဲမှာ ဘယ်လိုဖြေရှင်းလိုက်ရမလဲ” အစားကြူးသူက မေးလိုက်သည်။
“ မင်းရဲ့ တပ်ဖွဲ့တွေကို သူမရဲ့ ရုပ်သေးရုပ်ခန္ဓာနဲ့ အဖွဲ့တွေကို နှိမ်နင်းခိုင်းလိုက်” ဒေါသက အမိန့်ပေးလိုက်သည်။
“ ကောင်းပြီ”
“ ငါတို့တွေ တကယ်လို့ ထင်မှတ်မထားတာ တစ်ခုခုဖြစ်ခဲ့မယ်ဆိုရင် အဖွဲ့ပြန်စုကြမယ်” ဒေါသက ကြေညာပြီးသည့်နောက်တွင် အားလုံးကို ပြန်လွှတ်လိုက်၏ “ အစီအစဉ်က ချောမွေ့ပါစေလို့ပဲ ဆုတောင်းရမယ်”
…………
တဏှာပိုင်နက်၊ ကြီးကျယ်ခမ်းနားသည့် နန်းဆောင်
အနက်ရောင်ဟန်ဖု ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်ကို ဆံကျစ် ကျစ်ထားသည့် မိန်းမလှတစ်ဦးက ရုတ်ချည်း မျက်လုံးပွင့်လာသည်။ သူမက အလွန်ရှည်လျားသည့် လက်သည်းများမှလွဲ၍ လူသားတစ်ယောက်နှင့် ခွဲခြား၍ မရပေ။ ထိုလက်သည်းများကမူ အနည်းဆုံး ၁၀ စင်တီမီတာရှိပြီး အလွန်ထက်ရှနေ၏။
သူမက ပုံနှစ်ပုံကို ကောက်လိုက်သည်။ တိထျန်းနှင့် ဝမ်ဝေ့တို့ပုံ ဖြစ်၏။
“ နောက်ဆုံးတော့ ဒေါသကို ကျော်လွှားနိုင်မဲ့ အခွင့်အရေး တွေ့ပြီ။ ငါ ဘယ်လိုလက်လျှော့ရမှာလဲ” သူမက တိထျန်း၏ ပုံကို ဘေးဖက်ချပြီးသည့်နောက်တွင် ဝမ်ဝေ့ပုံကို ကိုင်ဆောင်လိုက်ပြီးသည့်နောက် အတွေးများစွာ ဖြတ်ပြေးသွားသည်။
“ ဒီနှစ်ယောက်ထဲမှာ သူက ပိုမိုလွယ်ကူတဲ့ ပစ်မှတ် ဖြစ်ပုံပဲ။ သူနဲ့စလိုက်ရအောင်”
နယ်ရှင်၊ နဝမအဆုံးစွန်အုတ်မြစ်၊ ခေတ်ကာလသားတော်တဲ့လား…
တဏှာက နှာခေါင်းရှုံ့လိုက်၏။
အမျိုးသားတိုင်းမှာ အားနည်းချက်ဆိုတာ ရှိတာပဲ။ ရှင်ကတော့ ရှင့်မိသားစု ဖြစ်ပုံပဲ…
ထို့နောက် သူမက ပြင်ဆင်ဖို့ရာအတွက် နန်းတော်မှ ထွက်လာလိုက်သည်။
………..
ပျင်းရိခြင်း ပိုင်နက်အတွင်း
အဖွဲ့က တဲတစ်ခုအတွင်း ထိုင်ကာ စားပွဲခုံအပေါ် မြေပုံကို ဖြန့်ထားပြီး မြို့အခြေအနေကို သုံးသပ်နေကြသည်။
“ မြို့ကို တိုက်ခိုက်ဖို့ အကောင်းဆုံးနည်းလမ်းက ဘာလဲ” ဝမ်ဝေ့က မေးလိုက်သည်။
“ တိုက်ရိုက်တိုက်ခိုက်မှုတွေက အသေအပျောက် အများကြီး ဖြစ်လိမ့်မယ်။ ပြောရရင် တစ်ဖက်က အဆင်သင့်ဖြစ်နေပြီလေ” ထျဲ့ကန်က အချက်အလက် ထောက်ပြလိုက်၏ “ အဲလိုဆိုရင်တောင် မြို့တစ်ခုလုံးမှာ ဂိတ်တစ်ခုပဲ ရှိတာဆိုတော့ အကူအညီ မဖြစ်ဘူး”
“ အဲဒါက ဆိုးရွားပေမဲ့ ဒီမြို့ကိုသာ ရယူနိုင်မယ်ဆိုရင် အရေးသာချက် ဖြစ်လာနိုင်တယ်” လီကျွင်းက ပြောလိုက်သည် “ နောက်ထပ် ပြဿနာတစ်ခုက မြို့ရဲ့ အစီအရင်က ပိုမိုခက်ခဲအောင် လုပ်နေတာပဲ”
“ ကျွန်မတို့က မြို့ကို အုပ်စိုးနိုင်မဲ့ပုံပေါ်တာနဲ့ အဲဒီသူတွေက အစားအစာတွေကို မီးရှို့ပြီး အရင်းအမြစ်တွေကို ဖျက်ဆီးမှာကိုပဲ စိုးရိမ်မိတယ်” ယန်းလီလင်းက ပြောလိုက်သည်။
“ ကျုပ်တို့တွေ မြို့ကို ဝိုင်းပြီးတော့ အထဲကို အစာငတ်ထားရင်ရော” ထျဲ့ကန်က အကြံပြုလိုက်၏။
“ ကျွန်မတို့ရဲ့ ပစ္စည်းတွေက အဲ့လောက်ကြာကြာခံမှာ မဟုတ်ဘူး” ယန်းလီလင်းက ခေါင်းခါလိုက်သည်။
“ ငါတို့မှာ မြင်းတပ်လည်း မရှိသေးဘူး။ အဲဒါက ငါတို့ရဲ့ ရွေးချယ်မှုကို ကန့်သတ်ထားသလို ဖြစ်နေတယ်” လီကျွင်းက ပြောလိုက်၏။ ထို့နောက် သူက ဝမ်ကျူအား ကြည့်ကာ “ မင်းရဲ့ ကင်းထောက်က နတ်ဆိုးသားရဲအုပ်စုကို တွေ့ပြီလား”
“ မတွေ့သေးဘူး။ သားရဲတချို့တော့ တွေ့ပေမဲ့ သူတို့က စစ်ပွဲအတွက် မသင့်တော်ဘူး”
လီကျွင်းက သူ့နဖူးကိုထိကာ “ အဲဒါဆို အကောင်းဆုံး ရွေးချယ်မှုက မြို့တံခါးကို အတင်းအကြပ် ဝင်စီးဖို့ မသေနိုင်တဲ့ စစ်တပ်ကို အသုံးပြုဖို့ပဲ”
မြို့ကို အားကောင်းသည့် အစီအရင်ဖြင့် တားဆီးထားပြီး စစ်သူကြီးသုံးယောက်ကို အချိန်အတော်ကြာ ဆွဲထားနိုင်သည်။ သူတို့က ထာဝရအရှင် စွမ်းအားကို အသုံးပြုလျှင်ပင် ဤဖြစ်ရပ်၌ အတင်းအကြပ် အားသုံးဖို့ရာလည်း ကန့်သတ်ချက် ရှိ၏။
“ အစီအရင် အဖျက်ကောင်ကို သုံးမယ်” ဝမ်ဝေ့က ပြောလိုက်သည်။
“ အစီအရင် အဖျက်ကောင်လား” လီကျွင်း၏ အကြည့်များက တောက်ပလာ၏ “ အဲဒါဆို အစီအရင်အဖျက်ကောင်နဲ့ ကံကြမ္မာအရိပ်အဖွဲ့ဝင်ကို မြို့ထဲကို ကျူးကျော်ဝင်ပြီးတော့ အထဲကနေ ဂိတ်တံခါးကို ဖွင့်ချင်တာလား”
“ ဟုတ်တယ်”
လွန်ခဲ့သည့်နှစ်များစွာတုန်းက ဝမ်ဝေ့သည် အစီအရင်များက လက်တွေ့အကောင်အထည်ပေါ်လာသည့် ကွန်ပျူတာ ပရိုဂရမ်များနှင့် တူကြောင်း သဘောပေါက်ခဲ့သည်။ ထို့ကြောင့် သူက အစီအရင်များအတွက် အဖျက်ကောင် ရှေ့ပြေးပုံစံကို ဖန်တီးခဲ့ပြီး ကျောင်းတော်၏ ကောင်းကင်ရွေးချယ်ခံ စစ်ဆေးမှုအတွင်း အသုံးပြုခဲ့သည်။ နှစ်များစွာ ကြာမြင့်ပြီးသည့်နောက်တွင် ထိုအရာက ပြီးပြည့်စုံလာ၏။
“ မြို့အစီအရင်က ဧကရာဇ်တစ်ပိုင်းအဆင့်ပဲ။ ဒီဟာရဲ့ စွမ်းအားကြီးနေတဲ့ တစ်ခုတည်းသော အကြောင်းအရင်းက အစီအရင်က ကြီးမားနေလို့ပဲ” ယန်းလီလင်းက ရှင်းပြလိုက်သည် “ ဒါပေမဲ့ ကျွန်မ တစ်ခုမှ မယူလာမိဘူး။ အဲဒါကြောင့် ပြုလုပ်ဖို့ အချိန်တချို့တော့ လိုမယ်”
“ အစီအရင် အဖျက်ကောင်က ကံကြမ္မာအရိပ်တပ်ဖွဲ့ရဲ့ အသင့်သုံး ပစ္စည်းတစ်ခုလို ဖြစ်နေပြီ။ အဲဒါကြောင့် တချို့ ယူလာခဲ့တယ်” ဝမ်ကျူက ပြောလိုက်၏။
“ ကောင်းတယ်” လီကျွင်းက ပြောလိုက်သည် “ အဲဒါဆို မနက်ဖြန်ည တိုက်ဖို့ စီစဉ်ထားကြမယ်”
အားလုံးက ဝမ်ဝေ့မှလွဲ၍ တိုက်ပွဲအတွက် စီစဉ်ရန် ထွက်သွားကြသည်။ သူက နောက်ထပ် ဘုရင် မပေါ်ထွက်မလာမချင်း အသုံးမဝင်ပေ။ ထို့ကြောင့် သူက မျက်လုံးကို မှိတ်ကာ ကျင့်ကြံလိုက်၏။ အခြေအနေကို သုံးသပ်ပြီးသည့်နောက်တွင် ဤနေရာသည် သူ့အတွက် အစီအစဉ်ကျမှု၊ မကျမှုတာအိုကို လေ့လာဖို့ အခွင့်အရေးကောင်း ဖြစ်မည်မှန်း သဘောပေါက်လိုက်သည်။ ပြောရလျှင် ကောင်းကင်တာအိုက သူ၏ ဆရာ ဖြစ်လာနိုင်၏။
ဤကစားပွဲကို လေ့လာပြီး အစီအစဉ်ကျမှုတာအို၏ လုပ်ဆောင်ချက်ကို လေ့လာပြီးသည့်နောက် သူက လျှို့ဝှက်စည်းမျဉ်းများနှင့် လျှို့ဝှက်ချက်များကို သင်ယူကာ အစီအစဉ်ကျမှုတာအိုသာမက ကံကြမ္မာအပေါ် နားလည်နိုင်စွမ်းပင်မြှင့်တင်နိုင်သည်။
ညဖက်တွင် တပ်သားများ အဖြူရောင်အစွယ် မြို့အပြင်ဘက်တွင် စုဝေးနေကြသည့်အတွက် မြို့တံတိုင်းအပေါ်ရှိ တပ်သားများက အလန့်တကြား ဖြစ်လာကြသည်။
“ ဂိတ်တံခါးကို ချိုးဖောက်ပြီးရင် လူဘယ်လောက် သတ်မှာလဲ” ထျဲ့ကန်က သူတို့ရှာတွေ့သည့် မြင်းပေါ်တွင် ထိုင်ကာ မေးလိုက်သည်။
“ ငါတို့တွေ ၈၀ ရာခိုင်နှုန်းကို သတ်ပြီးတော့ ကျန်တဲ့ဟာကို အရင်းအမြစ်နဲ့ လယ်စိုက်ဖို့အတွက် ချန်ထားမယ်”
“ ကောင်းပြီ”
“ လေးသမားအဖွဲ့” လီကျွင်းက အော်လိုက်သည့်အခါ သူနှင့် ထျဲ့ကန်၏ တပ်ဖွဲ့ရှိ အဖွဲ့က လေးနှင့်မြားများကို အသင့်ပြင်လိုက်၏။ လီကျွင်းက ထိုအဖွဲ့အား စစ်ဘက် လေးအတတ်ပညာဟု ခေါ်ဆိုသည့် ကျမ်းကို ဖန်တီးပြီး လေ့ကျင့်ပေးထားခြင်း ဖြစ်သည်။
ထိုလေးသမားများတွင် စည်းမျဉ်းစွမ်းအား ထွက်ပေါ်လာပြီးသည့်နောက် သူတို့က လေဟာနယ်ဖြိုခွင်းခြင်းအဆင့်ဖြ စ်ကြောင်း ပြသနေသည်။ လီကျွင်းက လူများ၏ စွမ်းအားကို ခံစားမိလိုက်သည့်အခါ ပြုံးလိုက်၏။ သူက ထိုသူများကို ပြုစုပျိုးထောင်ဖို့အတွက် အချိန်အစီအရင်နှင့် တာအိုမျိုးစေ့ ရေကန်ကို မှီခိုခဲ့ရသည်။
တာအိုမျိုးစေ့ရေကန်က ဂိုဏ်း၏ လျှို့ဝှက်နယ်မြေထဲမှ အခြေခံအုတ်မြစ်တစ်ခု ဖြစ်၏။ လေဟာနယ်ဖြိုခွင်းခြင်းအဆင့် ကျင့်ကြံသူနှင့်အထက် သေဆုံးသည့်အခါတိုင်း သူတို့က ထိုရေကန်တွင် တာအိုမျိုးစေ့ ချန်ထားခဲ့ကြလိမ့်မည်။ စည်းပိတ်ထားသည့်လူများပင် အပါအဝင် ဖြစ်၏။ ထို့နောက် နောက်မျိုးဆက်က ထိုမျိုးစေ့များကို အသုံးပြုကာ စည်းမျဉ်းကို နားလည်အောင် လုပ်ဆောင်နိုင်သည်။
သို့သော်လည်း ထိုအချက်ကြောင့် ရေကန်က အဖိုးတန်လွန်းနေခြင်း မဟုတ်ပေ။ ထိုတန်ဖိုးက ဂိုဏ်းသည် ထိုမျိုးစိတ်များကို အမွေဆက်ခံနိုင်သည့်လူများကို ရွေးချယ်နိုင်သည့်အတွက် ဖြစ်၏။ တစ်ခုတည်းသော ဆိုးကျိုးက ထိုသူသည် သူတို့အမွေဆက်ခံသည့် မျိုးစေ့၏ အဆင့်အနေအထားတွင်သာ ထာဝရ တန့်နေလိမ့်မည်။
အကယ်၍ ထိုသို့မဟုတ်လျှင်ပင် ဧကရာဇ်မျိုးဆက်က တူညီသည့်အရာ တစ်ခုရှိ၏။ ထိုရေကန်က ရှေးဟောင်းဧကရာဇ်ခေတ်ကာလမှ ရှေးဟောင်းဂိုဏ်းများသည် နက်နဲသည့် အခြေခံအုတ်မြစ်ရှိသည့် အကြောင်းအရင်းတစ်ခုလည်း ဖြစ်ပေသည်။ ရှေးခေတ်အချိန်ကတည်းက သူတို့ပြုစုပျိုးထောင်ခဲ့သည့် အဆင့် ၇နှင့်အထက် ကျင့်ကြံသူပမာဏက မရေတွက်နိုင်ပေ။
“ ပစ်”
ဝှစ်…ဝှစ်…ဝှစ်…
မြားများက တံတိုင်းပေါ် ကျရောက်လာပြီး ကောင်းကင်ကို ဖုံးလွှမ်းသွားလေ၏။ မြို့၏ အစီအရင်က အသက်ဝင်လာကာ မြို့တစ်ခုလုံးကို ကာကွယ်ရေးအလွှာ ဖုံးလွှမ်းသွားသည်။
ဘန်း…ဘန်း…ဘန်း
အကာအရံက တုန်ခါသွားပြီးသည့်နောက် မြို့တံတိုင်းပေါ်ရှိ တပ်သားများကလည်း တုန်တုန်ယင်ယင် ဖြစ်သွားကြသည်။ ကံကောင်းစွာဖြင့် ဘာမှဖြစ်ပျက်မလာခဲ့သည့်အတွက် သူတို့၏ ယုံကြည်ချက်က ပြန်လည်မြင့်တက်လာရသည်။ မြို့အစောင့်က သူ့လေးသမားများကို ပြန်လည်ပစ်ခိုင်းဖို့ အော်လိုက်သည်။ ကံဆိုးစွာဖြင့် သိပ်မကြာခင် သူ့မြားများသည် ရန်သူထံ မရောက်ရှိနိုင်သည့်အတွက် ရန်သူက သူတို့ထက် အားသာနေကြောင်း သဘောပေါက်သွားခဲ့၏။
လေးသမားအဖွဲ့က တစ်ခါပစ်တိုင်း မြားနှစ်ချောင်း ပစ်ခတ်လေ့ရှိ၏။ တစ်ခုက သူတို့နှင့်ရင်ဆိုင်ဖို့ဖြစ်ကာ အခြားတစ်ခုက အစီအရင်နှင့် မြို့တံတိုင်းကို ပျက်စီးအောင်လုပ်ဖို့ဖြစ်သည်။
တိုက်ခိုက်မှုများက နာရီဝက်ကြာ ကြာမြင့်နေစဉ် လီကျွင်းက ဝမ်ကျူဆီမှ သတင်းစကားတစ်ခု ရရှိလိုက်သည်။
ကောင်းပြီ။ သူတို့ကို ထပ်ပြီးတော့ ဖိအားပေးပြီးတော့ ငါတို့အပေါ်ပဲ အာရုံစိုက်ထားတာ ကောင်းမယ်…
သူက လက်ကို မြှောက်ကာ လှံဖွဲ့စည်းပြီး ပစ်ခတ်လိုက်၏။
သွေးနီရောင် အလင်းတန်းက ညကောင်းကင်ယံတွင် ထိုးခွင်းလာသည့်အတွက် ထိုတပ်သားများ၏ စိတ်ထဲ အကြောက်တရား ကြီးစိုးလာကြသည်။ ကံကောင်းစွာဖြင့် အစီအရင်က သူတို့ကို ကာကွယ်ပေးထား၏။
“ အာကာပြင်က အပြောင်းအလဲ မရှိဘူး” လီကျွင်းက ရေရွတ်ပြီးသည့်နောက်တွင် ဆက်လက် တိုက်ခိုက်လိုက်သည်။ ဤတစ်ကြိမ် သူက တိုက်ကွက်တစ်ခုအစား လက်တည့်စမ်းရုံမျှ ဖြစ်၏။ ထိုစဉ် ထျဲ့ကန်က သူ့အား အားကျမှုအပြည့်ဖြင့် ကြည့်လိုက်သည်။
သူက ကိုယ်ပွားရှစ်ခု အုတ်မြစ်ကို လေ့ကျင့်ခဲ့ပြီး ဂိုဏ်းက သူ့ကိုယ်ပွားများအတွက် လိုအပ်သည့် အရင်းအမြစ်အားလုံးကို ပေးခဲ့သည်။ ကံဆိုးစွာဖြင့် သူသည် နောက်ဆုံးပေါင်းစပ်မှုတွင် ကျရှုံးခဲ့ပြီး သေလုနီးပါး ဖြစ်သွားခဲ့၏။ ယခုတွင် သူက ယန်းလီလင်း သန့်စင်ထားသည့် သီးသန့်ဆေးလုံးကို အသုံးပြုပြီး လျှို့ဝှက်နည်းစနစ်ဖြင့် ယာယီပေါင်းစပ်ပြီး ထာဝရအရှင်စွမ်းအားကို ရယူနိုင်သည်။
သူက မြို့ကာကွယ်ရေးအလွှာသည် မှိတ်တုတ်မှိတ်တုတ် ဖြစ်လာပြီး ပျောက်ကွယ်သွားသည်ကို သတိထားမိလိုက်၏။ ထို့နောက် သူ့အကြည့်များက လင်းလက်တောက်ပလာသည်။
လီကျွင်းက အချိန်မဖြုန်းဘဲ မြို့တံတိုင်းအထက် လှံကို ပစ်ခွင်းလိုက်သည်။
“ ချီတက်ကြ” သူက အော်ပြောလိုက်သည့်အခါ ထျဲ့ကန်ကလည်း နောက်မှ လိုက်ပါသွားသည်။
***