← Chapters

ဆင့်ကဲပြောင်းလဲခြင်းအတွက် အခြေအနေ

Vol. 70 Ch. 971

ဆင့်ကဲပြောင်းလဲခြင်းအတွက် အခြေအနေ

Vol. 70 Ch. 971

မိုဝူကျိက ချန်းဟောင်ကျီ၏ စကားကို ပြန်ဖြေဖို့ရာ စိတ်ကူးပင် မရှိပေ။ သူက တိကျဲအား ပြန်ဖြေပေးလိုက်၏  “ငါ့ရဲ့ အချိန်က ကန့်သတ်ချက်နဲ့ဆိုတော့ ငါ သင်ကြားပေးနိုင်မဲ့ လူဦးရေကလည်း ကန့်သတ်ချက်နဲ့ပဲ … နှင်းစက်စိမ်းဆန် စိုက်ပျိုးရာမှာ အရည်အချင်းမရှိတဲ ကျောင်းသားတွေအပေါ် အချိန်မဖြုန်းနေချင်ဘူး။ အဲဒါကြောင့် ပါရမီအရှိဆုံးကို ရှာရမယ်။ ငါ့အမြင်အရ ဒုတိယ ထရပ်လိုက်တဲ့ ကျောင်းသား အယောက် ၃၀ က ပါရမီအရှိဆုံးပဲ ”

“ ခန်းမထဲက ဘယ်သူ ထွက်သွားရမယ်ဆိုတဲ့ ကိစ္စကို ဆုံးဖြတ်ဖို့ ဆန်ဆရာမိုဆီမှာ လုပ်ပိုင်ခွင့် မရှိမှာကိုပဲ စိုးရိမ်မိသား ” ချန်းဟောင်ကျီက ပြန်ထိုင်လိုက်ပြီး သူ့လေသံမှာ ငေါ့တော့တော့ မကျေမနပ် ဖြစ်နေသည်။ သူက မိုဝူကျိအပေါ် ဘာမှမလုပ်သည်က မိုဝူကျိသည် ဆရာ ဖြစ်နေ၍ မဟုတ်ဘဲ မိုဝူကျိအား ဂိုဏ်းမှ သူတို့ကို သင်ကြားဖို့ရာ ဖိတ်ခေါ်ထား၍ ဖြစ်သည်။

“ ဒီလိုဆိုမှတော့ ကျုပ် ထွက်သွားရတာပေါ့ ” မိုဝူကျိက နောက်တစ်ခွန်း မပြောဘဲ လှည့်ထွက်သွားတော့သည်။

သူက ကိုယ်ပိုင် ဗဟုသုတ မည်သို့ ဝေမျှပေးမည်ကို ဆုံးဖြတ်ပိုင်ခွင့် မရှိဘူးလား  … ဒီလို အကျိုးအကြောင်းမဲ့တာမျိုး ရှိဦးမလား ….

“ ဆေးလုံးဆရာမို ခဏနေပါဦး ” ပုတိုတို လူတစ်ယောက်က အဝင်ဝ၌ ပေါ်လာသည်။

မိုဝူကျိက ထွက်မသွားသေးဘဲ ခြေလှမ်းကို ရပ်တန့်လိုက်သည်။ သူက ဘေးပတ်ဝန်းကျင်၌ မှိန်ဖျဖျ စိတ်စွမ်းအားကို အာရုံခံမိစားနေသည်မှာ ကြာမြင့်လှပြီ ဖြစ်ရာ ယခု သူ ထွက်သွားသည့်အချိန်မှ ဤလူက အမှန်တကယ် ပေါ်လာ၏။

မိုဝူကျိက လှည့်ကြည့်လိုက်သည့်အခါ ဤလူကြီးက နတ်ဘုရားဘုရင်အဆင့် ကျင့်ကြံသူ ဖြစ်နေ၏။

“ အကြီးအကဲရန်ကို ဂါရဝပြုပါတယ် ” သူတို့က ပုတိုတို အမျိုးသား ခန်းမထဲ ဝင်လာသည်ကို မြင်သောအခါ ကျောင်းသားအားလုံးက ထကာ လေးလေးစားစား ဦးညွှတ်လိုက်ကြသည်။

“ မိုဝူကျိက စီနီယာကို ဂါရဝပြုပါတယ် ” နတ်ဘုရားဘုရင် တစ်ယောက်ထံ မိုဝူကျိက မလေးမစား မပြုမူရဲပေ။

ပုတိုတို အမျိုးသားက ရယ်မောကာ  “ ကျုပ်နာမည်က ရန်ဖေးပါ။ ဒီမိုးကောင်းကင်ဂိုဏ်းရဲ့ အကြီးအကဲပေါ့။ ကျုပ်ကို ယဉ်ကျေးနေစရာ မလိုပါဘူး။ ကျုပ်ကို တာအိုရောင်းရင်းလို့ ခေါ်ရင် ရပါပြီ ”

ထိုသို့ပြောပြီးနောက် ရန်ဖေးက ကျောင်းသားများထံ လှည့်ကာ  “ ဒီနေရာမှာ ရှိနေတဲ့ လူတိုင်းက မိုးကောင်းကင်ဂိုဏ်းရဲ့ ပါရမီရှင် တပည့်တွေချည်းပဲ။ အခု တာအိုရောင်းရင်းမိုရဲ့ စကားက မှန်တယ်။ ဒါက သူ့အသိပညာဆိုတော့ သူ့အနေနဲ့ ဘယ်သူကို လက်ဆင့်ကမ်းပေးမယ်ဆိုတာကို အပြည့်အဝ ဆုံးဖြတ်ပိုင်ခွင့် ရှိတယ် ”

ချန်းဟောင်ကျီသည် ချန်းမျိုးနွယ်မှ ဖြစ်သော်လည်း နတ်ဘုရားဘုရင် အကြီးအကဲနှင့် ရင်ဆိုင်ရသည့်အခါ စကားတစ်ခွန်းမှ မထွက်ရဲပေ။

အကြီးအကဲ ရန်ဖေးက သူတို့ကို ဆူငေါက်၍သာ တော်တော့သည်။ ထို့နောက် သူက ဆက်ပြောလိုက်၏  “ ဆရာကြီး ကွမ်းကျန်းက အခုလေးတင် ငါတို့ မိုးကောင်းကင်ဂိုဏ်းကို ရောက်လာတယ်။ အဲဒါကြောင့်မလို့ ဆရာမိုအပြင် အားလုံးက ဆရာကြီးကွမ်းကျန်းဆီကနေလည်း နှင်းစက်စိမ်း ဆန်စိုက်ပျိုးနည်းကို သင်ယူဖို့ ရွေးချယ်နိုင်တယ် ”

မိုဝူကျိ မမျှော်လင့်ထားသည်က ဆရာကြီးကွမ်းကျန်း ပြောသည့် စကားတစ်ခွန်းက အားလုံးနီးပါးအား စိတ်လှုပ်ရှားသွားစေခြင်း ဖြစ်၏။

မိုဝူကျိက ဆရာကြီးကွမ်းကျန်းကို မသိသော်လည်း ဤတပည့်များက မိုဝူကျိလို မဟုတ်ပေ။ ဆရာကြီး ကွမ်းကျန်းသည် နှင်းစက်စိမ်းဆန် စိုက်ပျိုးရာ၌ ဂုဏ်သတင်းသည် မိုးကောင်းကင်ဂိုဏ်းနှင့် မိုးကောင်းကင်မြို့လေး၌သာ ရပ်တန့်နေခြင်း မဟုတ်ဘဲ နတ်ဘုရားမြေမြင့်တစ်လျှောက် လူသိများ ကျော်ကြားပေသည်။ ထို့အပြင် ဆရာကြီးကွမ်းကျန်းသည် နိဗ္ဗာန် အသိပညာရပ်ကျောင်းတော်အား ဝင်နိုင်သည့် တစ်ဦးတည်းသော ဆန်စပါး စိုက်ပျိုးသည့် ပညာရှင် ဖြစ်ကာ သူက ထွက်သွားဖို့ရာသာ ရွေးချယ်ခဲ့လေ၏။

ဆရာကြီးကွမ်းကျန်းက နတ်ဘုရားကုန်းမြေ၌ ထိပ်တန်းအဆင့် နှင်းစက်စိမ်း ဆန်ကို စိုက်ပျိုးနိုင်သည့် ပညာရှင်ထဲမှ တစ်ယောက် ဖြစ်နေသေး၏။

“ ဆရာမို … ဆရာကြီးကွမ်းကျန်းက မိုးကောင်းကင်ဂိုဏ်းကို ရောက်လာခါစလေ။ အဲဒီအကြောင်းကို ကျုပ်တို့ ကြိုမသိထားတော့  …. ”

မိုဝူကျိက ဧည့်သည်တစ်ဦး ဖြစ်ပြီး နတ်ဘုရားမြေနိမ့်မှ သီးသန့် ဖိတ်ခေါ်လာသောသူ ဖြစ်၏။ ယခင် သူတို့က မိုဝူကျိအား စကားပြန်ရုတ်သိမ်းဖူးလေသည်။ အကယ်၍ သူတို့က ထပ်မံ ပြုလုပ်လျှင် ဒုတိယအကြိမ် ဖြစ်သွားပေလိမ့်မည်။ ရန််ဖေးက နတ်ဘုရားဘုရင် ဖြစ်သော်လည်း ရှက်ရွံ့မိနေသည်။

မိုဝူကျိ စိတ်ထဲ၌ တွေးနေမိ၏။ ရန်ဖေးက ဤသို့ ပြောနေသည့်အကြောင်းမှာ မထူးဆန်းတော့ပေ။ ဤလူက သူ့အား ဆက်လက် သင်ကြားခိုင်းဖို့ပင် မရည်ရွယ်ထားပေ။

မိုဝူကျိက မသာမယာ ဖြစ်နေဟန် ပေါ်သော်လည်း မသက်မသာ ဖြစ်မနေပေ။ သူက သူ့အသိပညာများကို ဝေမျှပေးဖို့ စိတ်ကူးလည်း မရှိချေ။ ကံမကောင်းသည်က ချီခွန်းထံမှ အဆင့် ၅ နတ်ဆေးပင်များအား တောင်းဆိုရန် မဖြစ်နိုင်တော့ပေ။

“ ပြဿနာ မရှိပါဘူး။ ဆရာကြီးကွမ်းကျန်းရဲ့ နှင်းစက်စိမ်း ဆန်စိုက်ပျိုးနည်းက ကျုပ်ထက် သာပါတယ်။ သူ့သင်ကြားပေးတာက ပိုကောင်းမှာပါ ” မိုဝူကျိက အေးအေးဆေးဆေး ပြန်ပြောလိုက်သည်။

ချန်းဟောင်ကျီ၏ မျက်ဝန်းများက မိုဝူကျိအား မကျေမနပ် မနှစ်မြို့ဟန် ကြည့်လိုက်သည်။ အကယ်၍ အကြီးအကဲ ရန်ဖေးသာ မရှိနေပါက သူက မိုဝူကျိအား လက်ညိုးထိုး၍ လူအများကြား အရှက်ခွဲမိပေလိမ့်မည်။

“ အကြီးအကဲရန် … တပည့် ချူချန်းတန်က ဆရာမို လက်အောက်မှာ ဆက်လက် သင်ကြားလိုပါတယ်။ ဖြစ်နိုင်ပါသလားရှင့် ” အသံတစ်သံက တိတ်ဆိတ်မှုကို ချိုးဖောက်သွားကာ လူများစွာ၏ အာရုံကို ဆွဲဆောင်သွားသည်။

မိုဝူကျိက တစ်ချက် ကြည့်လိုက်ရုံဖြင့် သူ့ထံ စိတ်ဖြင့်ဆက်သွယ်ကာ သတိပေးသည့် ကျင့်ကြံသူမှန်း သိလိုက်သည်။

ရန်ဖေးက အနည်းငယ် အံ့ဩမိသွား၏။

ဆရာကြီး ကွမ်းကျန်းက နှင်းစက်စိမ်း ဆန် စိုက်ပျိုးနည်းအား သင်ကြားပို့ချပေးမည် ဖြစ်ရာ မိုဝူကျိ လက်အောက်၌ သင်ယူလိုသည့် သူ ရှိတုန်းလား ….

ရန်ဖေးက တုံ့ပြန်ကာ ပြုံးလိုက်ပြီး  “ ရတာပေါ့ … ဆရာမိုဆီက သင်ကြားလိုတဲ့သူ ရှိရင် စိတ်ကြိုက် လုပ်လို့ ရတယ်နော် ”

“ ဒီတပည့်ကလည်း ဆရာမိုဆီက သင်ယူလိုပါတယ် ” နောက်ထပ် လူတစ်ဦး ထွက်လာသည်။ မိုဝူကျိက ထိုလူကို မှတ်မိပေသည်။ ထိုသူမှာ သူ ငြင်းပယ်လိုက်သည့် တိကျဲ ဖြစ်နေ၏။

“ဆရာမိုရဲ့ သဘောကရော ” ရန်ဖေးက မိုဝူကျိအား ကြည့်လိုက်သည်။

မိုဝူကျိက ခပ်ယဲ့ယဲ့ ပြုံးကာ  “ ရတာပေါ့ … ဒါပေမဲ့ သူတို့က ကျုပ်ဆိုင်လာပြီး‌တော့ သင်ရမယ် ”

“ တပည့်တို့ အလိုရှိပါတယ် ” ချူချန်းတန်နှင့် တိကျဲတို့က ဦးညွှတ်ကာ ပြောလိုက်သည်။

သံသယဖြစ်ဖွယ် အကြည့်များကြား ချူချန်းတန်နှင့် တိကျဲတို့က မိုဝူကျိနောက်သို့ လိုက်သွားကြပြီး မိုးကောင်းကင်ဂိုဏ်းမှ မိုးကောင်းကင်မြို့ဆီ ထွက်လာကြသည်။

မိုဝူကျိက ဤနေရာ၌ ဆက်လက် သင်ကြားလိုလျှင်ပင် မဖြစ်နိုင်ပေ။ တပည့်နှစ်ယောက်တည်းဖြင့် ဂိုဏ်းက သူ့အား ခန်းမ ပေးနိုင်မည် မဟုတ်ပေ။

……………

သူတို့ ဆိုင်ပြန်ရောက်လာသည့်အခါ မိုဝူကျိက ချူချန်းတန်နှင့် တိကျဲတို့အား ဒုတိယအထပ်သို့ ခေါ်သွားလိုက်ပြီး အတားအဆီး ချထားလိုက်ကာ မေးလိုက်သည် “ မင်းတို့ နှစ်ယောက်က ဘာလို့ ဆရာကြီး ကွမ်းကျန်းဆီက သင်ယူဖို့ မရွေးချယ်ကြတာလဲ။ အဲဒီအစား မင်းတို့က ကနဦး နတ်ဘုရားအဆင့်ပဲ ရှိသေးတဲ့ လယ်သမားတစ်ယောက်ဆီ လိုက်လာတယ်လား ”

ချူချန်းတန်က လေးလေးစားစား ပြောလိုက်သည်  “ ဆရာမို … ကျုပ်က နှင်းစက်စိမ်း ဆန်စိုက်ပျိုးတာ စည်းမျည်းနဲ့ ပတ်သတ်နေတယ်လို့ အမြဲထင်ခဲ့မိတာ။ ဆရာမိုက ထုတ်ပြောလိုက်တော့ ဆရာမို လက်အောက်မှာ သင်ယူဖို့ ဆုံးဖြတ်လိုက်တာပါ ”

“ မင်းကရော ” မိုဝူကျိက တိကျဲဘက် လှည့်မေးလိုက်သည်။

တိကျဲက မြန်မြန် ဖြေလိုက်၏ “ ဘာလို့လဲဆိုတော့ ဆရာမို စိုက်ထားတဲ့ နှင်းစက်စိမ်းဆန်ကို မြင်ဖူးလို့ပါ။ အဲဒါက ဆရာကြီး ကွမ်းကျန်းထက် နောက်ကောက်ကျမှာ မဟုတ်ဘူး။ ဆရာကြီး ကွမ်းကျန်းက သူ တစ်ယောက်တည်း တပည့်ရာကျော်ကို သင်ပေးရမှာဆိုတော့ တစ်ယောက်ချင်းစီကို သေချာသင်ကြားပြသပေးနိင်မှာ မဟုတ်ဘူးလို့ ထင်လို့ပါ ”

မိုဝူကျိက ပြောစရာပင် ဆွံ့အမိသွားသည်။ ဤတိကျဲက အတော်လေး လက်တွေ့ကျပေ၏။ သူမက သူသည် ဆရာကြီးကွမ်းကျန်းနှင့် သေချာပေါက် မယှဉ်နိုင်လောက်ဘူးဟုသာ တွေးမိလောက်ပေသည်။ သူ့တွင် တပည့်နည်းနေသည့်အတွက် ပိုကောင်းအောင် သင်ပေးနိုင်လိမ့်မည်ဟု တွေးမိ၍သာ ဖြစ်လိမ့်မည်။

မိုဝူကျိက မထူးမခြားနား ပြောလိုက်၏  “ ငါ စိုးရိမ်တာက မင်းတို့ နှစ်ယောက်ကို နှင်းစက်စိမ်းဆန် ဘယ်လို စိုက်ပျိုးရမယ်ကို သင်ပေးဖို့ အချိန်မရှိတာကိုပဲ …. ငါက ဆေးလုံးဆရာဆိုတော့ ငါ့အချိန်တွေကို ဆေးလုံး ဖော်စပ်ရင်းနဲ့ ကုန်လေ့ ရှိတယ်။ ဒါနဲ့ မင်းတို့နှစ်ယောက် အင်မော်တယ်မီးတောက်ကို ဆင့်ကဲပြောင်းလဲစေနိုင်တဲ့ ရတနာမျိုးကို ဘယ်မှာ ရှာရမလဲဆိုတာ သိလား ”

တိကျဲနှင့် ချူချန်းတန်တို့က အချင်းချင်း ကြည့်လိုက်ကြသည်။ သူတို့က မိုဝူကျိဆီမှ ဘာမှမသင်ယူရသေးခင် မိုဝူကျိက အရင်ဆုံး မေးခွန်း မေးနေလေ၏။

“ လေးရက်ကြာရင် နှင်းစက်ကျ နတ်ဘုရားမြို့မှာ လေလံပွဲ ကျင်းပလိမ့်မယ်။  ကောလဟာလတွေအရတော့ အဲဒီမှာ ရှေးဦးမူလ မီးကျောက် ပါမယ်တဲ့။ ရှေးဦးမူလ မီးကျောက်က အင်မော်တယ် မီးတောက်ကို ဆင့်ကဲပြောင်းလဲစေဖို့ အကောင်းဆုံး ရတနာတစ်ခုပဲ ” ချူချန်းတန်က ပြောလိုက်သည်။

မိုဝူကျိက တအံ့တဩဖြင့်  “ ရှေးဦးမူလ မီးကျောက်က အင်မော်တယ်မီးတောက်ကို နတ်ဘုရား မီးတောက် ဖြစ်လာအောင် သုံးလို့ ရတယ်လား။ ဘယ်သူက ပြောတာလဲ ”

သူ့တွင် ရှေးဦးမူလ မီးကျောက် ၁၁ ခု ရှိထား၏။ သို့သော်လည်း သူ့ရှေးဦးမူလ မီးကျောက်များသည် သူ့ပညာရှင်နှလုံးသားအား အဆင့် ၉ အင်မော်တယ်မီးတောက်အဖြစ်သာ ဆင့်ကဲပြောင်းလဲစေခဲ့ပြီး သက်ရောက်မှု မရှိတော့ပေ။

ဤတစ်ကြိမ်၌ ချူချန်းတန်က စိတ်ရှုပ်ထွေးသွားလေ၏။ သူက သူ့စကားများပင် မှားသွားလားဟု သံသယ ဖြစ်မိသွားသည်။ အကယ်၍ ရှေးဦးမူလ မီးကျောက်က အင်မော်တယ် မီးတောက်ကို ဆင့်ကဲမပြောင်းလဲစေနိုင်လျှင် မည်သည့်အရာက လုပ်နိုင်မည်နည်း။

မိုဝူကျိက အဖြစ်အပျက်ကို နားမလည်ပေ။

 သူ့အင်မော်တယ်မီးတောက်ကို ထောက်ပံ့ပေးနိုင်ရန် ရှေးဦးမူလ မီးကျောက်အား အားပေးမည့် ဒုတိယပစ္စည်းတစ်ခုခု လိုအပ်နေသည်လား ….

သို့သော်လည်း သူက ဤအရာမျိုးကို မကြားဖူးပေ။

“ ဆရာမို သူ ပြောတာ မှန်ပါတယ်။ ရှေးဦးမူလ မီးကျောက်က အင်မတန် ရှားပါးတဲ့ ရတနာပဲ။ သူတို့က အင်မော်တယ် မီးတောက်ကို နတ်ဘုရားမီးတောက်အဖြစ် ပြောင်းလဲပေးနိုင်တယ် ” ဘေးမှ တိကျဲက ဝင်ပြောလိုက်သည်။

မိုဝူကျိက ရုတ်တရက် အသိဝင်လာသည်။ သူ့ပညာရှင်နှလုံးသား နတ်ဘုရားမီးတောက်အဖြစ် ဆင့်ကဲပြောင်းလဲမလာသည့် အကြောင်းအရင်းမှာ ရှေးဦးမူလ မီးကျောက် မလုံလောက်၍ မဟုတ်သလို သူ့အနေနှင့် ကြားခံသုံးစရာ လိုအပ်နေခြင်းလည်း မဟုတ်ပေ။ ထို့အစား သူ စကြဝဠာအစွန်းတွင် ရှိစဉ်အခါက မိုးမြေစည်းမျည်းများ၏ ကန့်သတ်ချက်များကြောင့် ပညာရှင်နှလုံးသားကို နတ်ဘုရားမီးတောက်အဖြစ် မပြောင်းလဲနိုင်ခြင်း ဖြစ်သည်။ ထို့ကြောင့် ရှေးဦးမူလမီးကျောက်သသည် ပညာရှင်နှလုံးသားအား နတ်ဘုရားမီးတောက်အဖြစ် ပြောင်းလဲပေးနိုင်သော်လည်း မိုးမြေစည်းမျည်းများ၏ ကန့်သတ်ချက်ကို ခံခဲ့ရခြင်းသာ ဖြစ်နေ၏။

အကယ်၍ ယခု ကြိုးစားကြည့်ပါက အောင်မြင်နိုင်ကောင်း၏။

“ မင်းတို့ နှစ်ယောက်လုံးကို ကျေးဇူးပါ။ လူတိုင်းစီကနေ သင်ယူစရာ ရှိတယ်ဆိုတာ အမှန်ပဲ .. အခု  မင်းတို့ကို နှင်းစက်စိမ်းဆန် စိုက်ပျိုးနည်းအကြောင်း ပြောပြမယ်။ ငါ မပြောပြခင် မင်းတို့နှစ်ယောက်က ငါ့ခွင့်ပြုချက် မရှိဘဲ ငါ သင်ပေးမဲ့အရာကို တခြားသူဆီ ပြန်မဖြန့်ပါဘူးဆိုတာ  ကျိန်ဆိုရမယ် ” မိုဝူကျိက နောက်ဆုံးစကား ပြောလိုက်သည့်အခါ သူ့လေသံမှာ လေးနက်လာသည်။

တိကျဲနှင့် ချူချန်းတန်တို့က တုံ့ဆိုင်းမနေဘဲ မိုဝူကျိ၏ အသိပညာများအား မထုတ်ဖော်ပေးကြောင်း ကျိန်ဆိုလိုက်ကြသည်။ လက်တွေ့၌ ဤသို့သော ကျိန်ဆိုမှုမျိုးမှာ သူတို့အပေါ် များစွာ ဖိအား မရှိပေ။ အကြောင်းမှာ သူတို့တွင်လည်း တခြားသူများကို ဝေမျှပေးရန် စိတ်ကူး မရှိ၍ ဖြစ်၏။

“ ကောင်းပြီ ” မိုဝူကျိက အချိန်ဆွဲမနေတော့ပေ။ အသိအမှတ်ပြုသည့် စကားဆိုပြီးနောက် သူက စတင် ရှင်းပြလိုက်သည်  “ ငါ့ရဲ့ နှင်းစက်စိမ်းဆန် စိုက်ပျိုးတဲ့ နည်းလမ်းက ကိုယ့်ဘာသာ ဖန်တီးထားတာ … ဒီနည်းလမ်းကို ကိုင်းကူးခြင်းနဲ့ ရွေ့ပြောင်း စိုက်ပျိုးခြင်းလို့ ခေါ်တယ် ”

မိုဝူကျိက သူ့နည်းလမ်းသည် ကိုယ်တိုင် ဖန်တီးထားကြောင်း ပြောသည်ကို ကြားပြီး  ချူချန်းတန်နှင့် တိကျဲတို့က စိတ်အားတက်ကြွလာကြသည်။ သူတို့ ကြားချင်နေသည်နှင့် ကွက်တိ ဖြစ်၏။ အရည်တစ်ခုခု လောင်းထည့်ကာ စိုက်ပျိုးခြင်းကား လမ်းမပေါ်တွင် တွေ့နိုင်သော နည်းလမ်းများ ဖြစ်ပြီး အသုံးမဝင်ပေ။

မိုဝူကျိက အရွှက်ငါးလွှာ မြက်ကို ထုတ်ကာ  “ ဒါက အရွှက်ငါးလွှာမြက်ပဲ။ ငါ့နည်းလမ်းက ပထမဆုံး နှင်းစက်စိမ်းဆန် အညှောင့်လေးကို နှစ်ခြမ်း ခြမ်း ပြီးရင် အရွက်ငါးလွှာမြက်နဲ့ ကိုင်းကူးပေးလိုက်။ အရွက်ငါးလွှာမြက် တစ်ခုမှာ နှင်းစက်စိမ်ဆန် ငါးပင် ကိုင်းကူးရမယ်။ အဲဒါကြောင့်မလို့ နှင်းစက်စိမ်းဆန် ရွေ့ပြောင်း စိုက်ပျိုးတာက တခြားသူတွေထက် ငါးဆပဲ … ”

“ ဘယ်လို ” မိုဝူကျိ၏ စကားက တိကျဲနှင့် ချူချန်းတန်တို့အား ကြောင်အမ်းသွားစေသည်။

မိုဝူကျိ စတင်သင်ကြားစဉ်မှ စ၍ စကားတစ်ခွန်းစီတိုင်းက အံ့ဩဖွယ်ကောင်းလှသည်။

မိုဝူကျိက သူတို့နှစ်ယောက်အား ထိုင်ရန် လက်ဟန်ပြလိုက်ပြီးနောက် ဆက်ပြောလိုက်သည်  “ နှင်းစက်စိမ်းဆန် အညှောင့်ကို နှစ်ခြမ်း ခြမ်းလိုက်ရင် အတက်လေးကို တွေ့လိမ့်မယ်။ အဲဒီ အတက်ကို ထက်ဝက်ခွာလိုက် … အရွှက်ငါးလွှာမြက်ရဲ့ အရွှက်တစ်ခုစီမှာလည်း အတက် ရှိလိမ့်မယ်။ မင်းတို့ ကိုင်းကူးတဲ့အခါ အရွက်ငါးလွှာမြက်ရဲ့ တစ်ရွက်ချင်းစီပေါ်က အတက်လေးကို နှစ်ပိုင်း ခြမ်းထားဖို့ လိုတယ်။  အဲဒီ နှစ်ပိုင်းခြမ်းထားတဲ့ အတက်လေးကို နှင်းစက်စိမ်းဆန်က အတက်လေးနဲ့ ဆက်နွယ်ပေးလိုက် … အဲဒါက ပထမအဆင့်ပဲ ”

ချူချန်းတန်နှင့် တိကျဲတို့က ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူများ ဖြစ်ကြသော်လည်း ဤသို့ ကိုင်းကူး စိုက်ပျိုးခြင်းကို ပထမဆုံး ကြားဖူးခြင်း ဖြစ်၏။ သူတို့က နားထောင်လေလေ မိုဝူကျိ၏ စကားထဲ မူးယစ်သွားလေလေ ဖြစ်၏။

မိုဝူကျိက ဆက်မပြောခင် ခဏ ရပ်တန့်လိုက်သည်  “ ရွေ့ပြောင်း စိုက်ပျိုးခြင်းမှာကျ မင်းတို့တွေ သဘာဝငါးမျိုး အစီအရင်ပြားကို သုံးဖို့ လိုလိမ့်မယ်။ မင်းတို့တွေ ရွေ့ပြောင်း စိုက်ပျိုးတဲ့အခါ မင်းတို့ရဲ့ ကိုယ်ပိုင်အသိကို အသုံးချရမယ်။ တကယ်လို့ နှင်းစက်စိမ်းဆန်က သဘာဝတစ်မျိုးမျိုး လိုအပ်နေတယ်လို့ ခံစားမိရင် အဲဒါနဲ့ သင့်တော်တဲ့ အစီအရင်ပြားမှာ စိုက်ရုံပဲ  ”

ချူချန်းတန်နှင့် တိကျဲတို့က နှင်းစက်စိမ်းဆန် အပင်တိုင်း၏ လိုအပ်နေသော သဘာဝဓာတ်အား အာရုံခံမိဖို့ရာ မဖြစ်နိုင်ပေ။ ထို့ကြောင့် မိုဝူကျိက သူတို့အား အသိစိတ်အပေါ် မှီခိုရမည်ဟု ပြောလိုက်ခြင်း ဖြစ်၏။ အကယ်၍ သူတို့သာ အကြိမ်များစွာ ကြိုးစားပြီးပါက တစ်ညတည်းနှင့် အောင်မြင်သွားနိုင်သည် မဟုတ်ပါလော။ အကယ်၍ သဘာဝငါးမျိုးထဲမှ တစ်မျိုးကို ဆွဲထုတ်နိုင်လျှင် ပုံမှန်ထွက်နှုန်းနှင့် ထိပ်တန်းအဆင့် နှင်းစက်စိမ်းဆန် စိုက်ပျိုးနိုင်ပေမည်။

***

All Chapters