သွေးနှော
Vol. 48 Ch. 660
လီကျွင်းက အဖွဲ့ကို ဦးဆောင်ကာ ကာကွယ်ရေး တပ်ဖွဲ့နှင့် ရင်ဆိုင်ဖို့ မြို့ထဲ ဝင်သွားလိုက်သည်။ သူတို့က တောင်ပံနက် မျိုးနွယ်တပ်ဖွဲ့နှင့် ရင်ဆိုင်ရသည်။ ထိုမျိုးနွယ်က အနက်ရောင် တောင်ပံများနှင့် ဦးချို ရှိသည့် မိစ္ဆာမျိုးနွယ် ဖြစ်၏။ ကံဆိုးစွာဖြင့် ကစားပွဲ၏ ကန့်သတ်ချက်ကြောင့် ထိုမျိုးနွယ်၏ အရေးသာချက်ဖြစ်သည့် ပျံသန်းနိုင်စွမ်းအား ဆုံးရှုံးသွားရသည်။
လီကျွင်းက အဖွဲ့ကို ဦးဆောင်သော်လည်း လူရာချီ သတ်ပြီးသည့်နောက်တွင် မပါဝင်တော့ပေ။ ထိုအစား သူက မမျှော်လင့်ထားသည့်အရာ တစ်စုံတစ်ခု ဖြစ်ပျက်မလာဖို့သာ အခြေအနေကို စောင့်ကြည့်ပေးနေပြီး ရန်သူဘက်တွင် အားကောင်းသည့် စစ်သူကြီး ရှိမလားဟု စောင့်ဆိုင်းနေသည်။ သူက ဆုံးရှုံးမှုကို လျှော့ချနိုင်ဖို့အတွက် သူ့လူများကို ကာကွယ်ပေးရမည်။
ထိုစဉ် ထျဲ့ကန်က တိုက်ပွဲအတွင်း သတ်ဖြတ်ရေးတွင် ဦးဆောင်နေ၏။ သူ့မသေနိုင်သောတပ်ဖွဲ့က သူ့ပင်ကိုစွမ်းရည်အပေါ် မှီခိုနေသည့်အတွက် သူက တစ်စုံတစ်ခု ဖြစ်ပျက်လာခဲ့လျှင် ကာကွယ်ရေးအစီအစဉ်အတွင်း စောင့်ဆိုင်းနေသင့်ပေသည်။ သို့သော်လည်း သူက တိုက်ခိုက်ရေးသမား တစ်ယောက်ဖြစ်ပြီး အမြဲလိုလို ရှေ့ဆုံးကသာ ဦးဆောင်လေ့ ရှိ၏။
ထျဲ့ကန်က လက်သီးချက်ကို ပစ်ခွင်းလိုက်သည့်အခါ အယောက်ထောင်ချီကို သတ်ပစ်နိုင်သည့် တုန်ခါနှုန်းတစ်ခု ထွက်ပေါ်လာသည်။ သူက အခြေအနေ ဆိုးရွားနေသော်လည်း ဖွဲ့စည်းပုံအနေအထားအတိုင်း ကျန်ရှိနေသေးသည့် တပ်သားများရှေ့ ပေါ်ထွက်လာသည်။
ဝုန်း
လက်သီးတစ်ချက်တည်းဖြင့် စစ်သားအယောက်ထောင်ချီ၏ ဦးခေါင်းများက ပေါက်ကွဲထွက်သွားပြီး ရောင်စုံဘောလုံးများက ဆက်တိုက်ပေါက်ကွဲနေသလိုမျိုး ဖြစ်၏။ ထိုမြင်ကွင်းက ထူးထူးဆန်းဆန်း လှပပေသည်။
တပ်သားများက သူတို့ရဲဘော်ရဲဘက်၏ ကံကြမ္မာကို ကြည့်နေရင်း အကြောက်တရား ကြီးစိုးလာကြ၏။
အကြောက်တရားလား။ မိစ္ဆာမျိုးနွယ်က လွယ်လွယ်ကူကူ မကြောက်တတ်ဘူးလို့ ထင်နေတာ…
သူ မိစ္ဆာခေတ်ကာလမှ ဖတ်ထားသည့် မှတ်တမ်းများအရ မိစ္ဆာများသည် သတ်ဖြတ်နေစဉ်အတွင်း ပိုမိုအားကောင်းလာပြီး စိတ်လှုပ်ရှားလာတတ်ကြသည်။ အသတ်ခံရသူများက သူတို့မျိုးနွယ် ဖြစ်နေလျှင်ပင် ကိစ္စမရှိပေ။ ထိုရက်စက်သည့် အပြုအမူများမှ ထုတ်လွှတ်သည့် အပျက်သဘော စွမ်းအားများက သူတို့၏ အင်အားကို တိုးမြှင့်ပေးနိုင်သည့်အတွက် သူတို့သည် အလွှာများစွာကို အုပ်စိုးနိုင်ကာ ပြည့်စုံသည့် စစ်ယန္တရားများ ဖြစ်နေသည့် အကြောင်းအရင်း တစ်ချက်လည်း ဖြစ်ပေသည်။
ထျဲ့ကန်က ထိုကိစ္စများကို အာရုံမစိုက်ဘဲ တိုက်ခိုက်လိုက်သည်။ သူက နှလုံးသားကို ထိန်းချုပ်ထားကာ ထိုတပ်သားများ၏ နှလုံးသားနှင့် စည်းချက်ညီစေသည့် ထူးကဲသော ကြိမ်နှုန်းတစ်ခုကို ဖန်တီးလိုက်သည်။
ထို့နောက် သူက သူတို့၏ နှလုံးသားကို ပေါက်ကွဲစေပြီး အယောက်ထောင်ချီကို သတ်ဖြတ်ပစ်လိုက်သည်။
ထျဲ့ကန်က တုန်ခါမှုတာအိုကို ပင်မအဖြစ်ထားကာ အရန်အနေဖြင့် လက်သီးတာအိုကို ကျင့်ကြံလေသည်။
ဝမ်ဝေ့က သူ့တိုက်ပွဲအတွင်း တုန်ခါနှုန်းကို အသုံးပြုခဲ့ဖူးသည်။ ထို့ကြောင့် သူက များစွာ သင်ပေးခဲ့၏။ ထို့အပြင် တုန်ခါနှုန်းက တာအိုအခွင့်အလမ်းဂိုဏ်းတွင် တစ်ခါက တာအိုအခွင့်အလမ်းဂိုဏ်း၏ စီနီယာများစွာ ကျင့်ကြံဖူးသည့် အားကောင်းသော တာအိုတစ်ခုလည်း ဖြစ်ပေသည်။ ထို့ကြောင့် ထျဲ့ကန်က အရင်းအမြစ်မြောက်များစွာ ရှိ၏။
သူ့အားစိုက်ထုတ်မှု၊ ပါရမီ၊ ကံကောင်းမှုနှင့် စိတ်ဆန္ဒတို့ဖြင့် သူသည် ကိုယ်ပိုင်ကျမ်းကို ဖန်တီးခဲ့သည်။
မိုးမြေတုန်ခါခြင်းကျမ်းက သူ့ကို သတ်ဖြတ်ရေးယန္တရားအဖြစ် ပြောင်းလဲလိုက်၏။ ထို့အပြင် သူက သူ့တုန်ခါခြင်းတာအိုကို ထပ်ပေါင်းဖို့ရာ တမူထူး ပင်ကိုစွမ်းရည်ဖြင့် ထူးကဲအောင် လုပ်ဆောင်ခဲ့သည်။
ထျဲ့ကန်က ခြေဆောင့်နင်းလိုက်သည့်အခါ မြေငလျင်တစ်ခုထွက်ပေါ်လာပြီး တပ်သားထောင်ချီကို မြှုပ်နှံပစ်လိုက်သည်။ သူက မြေကြီးကို ထိန်းချုပ်ကာ သူ့တိုက်ကွက်က မြို့အပေါ် ထိခိုက်မှုများစွာ မရှိအောင် ထိန်းချုပ်လိုက်၏။
သူက အဖွဲ့တစ်ဖွဲ့ကို ကြည့်ကာ လေချွန်လိုက်သည်။ သို့သော်လည်း ထိုအရာက သာမန်လေချွန်မှုမျှ မဟုတ်ဘဲ ထိုမိစ္ဆာ၏ ဦးနှောက်နှင့် ဝိညာဉ်ကို ပေါက်ကွဲထွက်သွားစေနိုင်သည့် ကြောက်မက်ဖွယ် ကြိမ်နှုန်း ပါဝင်နေသည်။
ငါ့လက်သီး သုံးပြီးတော့ သတ်တာ ပိုကောင်းတယ်…
သူက တခြားတစ်ဖွဲ့ဆီ ပြေးဝင်သွားပြီး တွေးလိုက်မိသည်။ သူက မိစ္ဆာများ၏ ခေါင်းအား ဖောက်ခွဲပစ်ရသည်ကို သဘောကျသည့်သူ ဖြစ်လာသည်။ သူက မြေပြင်၏ တုန်ခါနှုန်းကို အသုံးပြုကာ သူ့ကိုယ်သူပြေးသွားလိုက်ပြီး အရှိန်ကို မြှင့်တင်လိုက်သည်။ မည်သည့်နည်းစနစ်မှ သုံးစရာမလိုဘဲ သူတို့သည် အဖွဲ့ကြား ပြေးဝင်သွားလိုက်၏။ သူတို့က သူ့ခန္ဓာကိုယ်ကို ထိလိုက်သည့်အခါ တုန်ခါနှုန်း ထွက်ပေါ်လာပြီး ရန်သူဆီ လမ်းကြောင်းလွှဲကာ ရောက်ရှိသွားသည့်အတွက် အပျက်အစီး ကြီးကြီးမားမားကို ဖြစ်ပေါ်လာစေသည်။
ထျဲ့ကန်က နောက်ထပ် တစ်ဖွဲ့ဆီ ဦးတည်လိုက်ပြီးသည့်နောက်တွင် ထိုအဖွဲ့က လက်နက်များချကာ အသားအရည် ဖြူဖျော့နေသည်ကို သတိထားမိလိုက်၏။ သူက ရန်သူ၏ အညံ့ခံမှုကို ဂရုမစိုက်ပေ။ သူတို့က သတ်ဖြတ်မည့် လူဦးရေ၏ ၈၀ ရာခိုင်နှုန်းကို မရောက်ရှိသေးပေ။
“ ကျုပ်တို့ကို သတ်လို့ မရဘူး” လူသားတစ်ယောက်က အော်ပြောလိုက်သည့်အတွက် ထျဲ့ကန်က ရပ်ကာ ထိုအဖွဲ့အား ကြည့်လိုက်သည်။
သူက ထိုလူများ၏ စကားကို လျစ်လျူမရှုထားဘဲ လက်ရှိအခြေအနေကို မေးမြန်းလိုက်၏ “ ငါက ဘာလို့ မင်းကို သတ်လို့မရမှာလဲ”
“ ကျုပ်တို့က အခု သေမျိုးတွေ ဖြစ်နေပြီ”
ထျဲ့ကန်က မျက်မှောင်ကြုတ်လိုက်၏။
“ ကျုပ်တို့က ကျင့်ကြံရေးကို ဖျက်ဆီးလိုက်ပြီးတော့ အခု သေမျိုး ဖြစ်နေတယ်ဆိုတာကို စစ်ဆေးကြည့်လို့ရတယ်”
ဒါက နောက်ထပ်လျှို့ဝှက်စည်းမျဉ်းတစ်ခုလား…
ထျဲ့ကန်က တွေးလိုက်ပြီးသည့်နောက်တွင် အဝေးတစ်နေရာကို လှမ်းကြည့်လိုက်၏။ သူက အံ့ဖွယ်အသိစိတ်ဖြင့် လီကျွင်းကို ဆက်သွယ်လိုက်သည်။ လီကျွင်းက သူ့လူများအား သတ်ဖြတ်ခြင်း ရပ်တန့်ဖို့ အမိန့်ပေးလိုက်၏။ သူက အခြေအနေကို အလျင်အမြန် သုံးသပ်ကာ သူ့လူအများစုသည် ထိုသေမျိုးများအား သတ်ဖြတ်ပစ်ခဲ့ကြောင်း သိလိုက်ရသည်။
“ ကျစ်” သူက အကွာအဝေးတစ်ခုတွင် ရှိနေသည့် ဝမ်ဝေ့အား ချက်ချင်းဆက်သွယ်လိုက်၏။ သူ ရောက်ရှိပြီး မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် ဂိမ်းမာစတာ သို့မဟုတ် ကောင်းကင်တာအိုက ပေါ်ထွက်လာသည်။
[ စည်းမျဉ်းချိုးဖောက်သူကို အာရုံခံမိတယ်။ ပြစ်ဒဏ်ခံယူရမယ် ]
“ ဒီစစ်သားတွေက တိုက်ခိုက်နေတဲ့ တိုက်ပွဲအတွင်းမှာ မတိုက်နိုင်တဲ့သူတွေ ဖြစ်လာတာမလို့ ပြစ်ဒဏ်မလိုဘူး။ သူတို့ရဲ့ အပြုအမူကို အစကတည်းက ခွင့်ပြုမထားသင့်ဘူး”
ကောင်းကင်တာအို၏ စွမ်းအား စုစည်းနေခြင်းမှာ နှေးကွေးသွား၏။
[ ပြစ်ဒဏ်ပယ်ချတယ်။ နောင်အနာဂတ်မှာ သတိထားပါ ]
“ လီကျွင်း နောင်အနာဂတ်မှာ ငါတို့လူတွေကို ကယ်ဖို့ လိုတယ်ဆိုရင် သူတို့လို နည်းစနစ်အတိုင်းသုံး” ဝမ်ဝေ့က ကောင်းကင်တာအို ပျောက်ကွယ်မသွားခင် နှာခေါင်းရှုံ့ကာ ပြောလိုက်၏။
“ ဒါက နည်းဗျူဟာကောင်းပဲ။ ကျွန်တော်တို့က သူတို့ကို ပြန်လည်ကျင့်ကြံဖို့ အရင်းအမြစ်တချို့ပဲ ဖြုန်းဖို့ လိုတယ်”
ထိုလူများအားလုံးက တစ်နည်း မဟုတ် တစ်နည်း ပါရမီရှိသည့် တပည့်များ ဖြစ်ကြသည်။ သူတို့ကို ပြုစုပျိုးထောင်ဖို့ အသုံးပြုခဲ့ရသည့် အရင်းအမြစ်များက ပါရမီကောင်းကာ သစ္စာရှိသည့်လူကို ရှာဖွေဖို့ရာအတွက် မထိုက်တန်ပေ။ လီကျွင်းက သူ့လူများကို အမိန့်ပေးကာ မြို့ကို ထိန်းချုပ်လိုက်၏။ ပြောရလျှင် သေသည်အထိ တိုက်ခိုက်ဖို့ ရွေးချယ်ထားသည့် လူတချို့သာ ကျန်ရှိလေသည်။
ထိုစဉ် ဝမ်ဝေ့က အညံ့ခံထားသည့် လူများကို လေ့လာနေ၏။ လူအများစုက အကြောက်တရားနှင့် စိတ်သက်သာရာ ရသွားမှုတို့ ရှိနေကြသည်။ သို့သော်လည်း တချို့ကမူ ခုခံမှုဖြင့် ကြည့်နေကြပြီး သူက သူတို့ကို ဘာမှမလုပ်နိုင်ကြောင်း ပြောနေဟန်ပေါ်၏။
ဝမ်ဝေ့က ထိုအရာသည် အမှန်ဖြစ်လား မဖြစ်လား ဂရုမစိုက်ပေ။ သူက ထိုလူများကို သတ်ဖို့ နည်းလမ်းနှစ်ခု တွေ့ထားပြီးသား ဖြစ်၏။ ပထမတစ်ခုက သူ့လူများကို ကျင့်ကြံဆင့် စွန့်ပစ်ခိုင်းပြီး တပ်သားအဖြစ် ဂုဏ်ပုဒ်ကို ဆုံးရှုံးခံကာ ထိုလူများကို သတ်ဖို့ အမိန့်ပေးခြင်း ဖြစ်သည်။ တပ်သားအဆင့်အတန်း မရှိတော့သည့် နယ်ခြားတပ်သားများက ကစားပွဲမှ ထွက်ခွာရမည် ဖြစ်ကြောင်း လျှို့ဝှက်စည်းမျဉ်းပင် ရှိနေနိုင်သည်။
မည်သို့ပင်ဆိုစေကာမူ သူက ဒုတိယ အစီအစဉ်ကို အသုံးပြုနိုင်သေး၏။ ထိုသူများကို တစ်ယောက်နှင့်တစ်ယောက် ရင်ဆိုင်ခိုင်းဖို့ ဖြစ်သည်။ သူက ထိုသူများ၏ မှတ်ဉာဏ်ကို ဖတ်ရှုကာ နှစ်ဖွဲ့ခွဲထားနိုင်သည်။ ပထမတစ်ခုတွင် အငြိုးတရား ရှိနေသည့်လူများ ပါဝင်လိမ့်မည်။
ထို့နောက် သူက သူတို့ကို အဆာအငတ်ထားလိုက်မည်။ သူက အနိုင်ရရှိသည့် တစ်ဖွဲ့ကိုသာ အစာကျွေးမည် ဖြစ်ကြောင်း ပြောလိုက်မည်။ နောက်ဆုံးတွင် သူတို့က အသက်ရှင်သန်ဖို့ရာအတွက် တိုက်ခိုက်နေသည်ကိုသာ ကြည့်နေရလိမ့်မည်။ ဝမ်ဝေ့က လူတချို့သည် တိုက်ခိုက်ဖို့ရာ ငြင်းပယ်မည် ဖြစ်ကြောင်း သိလေသည်။ သို့သော် လူတစ်ယောက်က စတင်လှုပ်ရှားလိုက်သည်နှင့် တခြားသူများကလည်း လိုက်လံ လိုက်ပါလာကြလိမ့်မည်။ တခြားသူများက သူတို့သည် ဆာလောင်မှုကြောင့် သေဆုံးမည်ကို သဘောပေါက်သွားသည့်အခါ မည်သို့ ဖြစ်မည်နည်း။
ပြောရလျှင် ဆာလောင်နေသည့် သားရဲတစ်ကောင်က သခင်လက်ကိုပင် ပြန်ကိုက်သည်ဟူသော စကားပုံရှိသည် မဟုတ်ပါလော။
ဝမ်ဝေ့က ခေါင်းခါကာ ဆက်လက်လေ့လာရင်း ခေါင်းအသာယမ်းလိုက်သည်။ မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် လီကျွင်းက သူ့အနားချဉ်းကပ်လာပြီး “ တစ်ခုခု ရှာတွေ့လို့လား”
“ ဟုတ်တယ်။ သူတို့က လူသား သွေးမျိုးဆက်နဲ့ ရောနှောနေတယ်”
“ ဘယ်သူလဲ။ အဲဒီလူတွေကလား” သူက သူတို့ရှေ့မှ လူတစ်ယောက်ကို လက်ညှိုးထိုးလိုက်၏။
“ မဟုတ်ဘူး။ ဒီမြို့ထဲက မိစ္ဆာမျိုးနွယ်တွေ အကုန်လုံးပဲ”
“ အဲဒါဆိုတော့ အဲဒီမိစ္ဆာတွေက လူသားသွေးမျိုးဆက်နဲ့ ပေါင်းစပ်ထားတယ်လို့ ပြောချင်တာလား။ ဒါပေမဲ့ သူတို့က ကျွန်တော်တို့ကို မုန်းနေတယ်လေ”
“ အဲဒါက အရေးမကြီးဘူး”
“ အဲဒါဆို သွေးမျိုးဆက် ရောနှောဖို့အတွက် တစ်ယောက်ယောက်က တမင်လုပ်ထားတယ်လို့ ထင်လား။ ဒါပေမဲ့ ဘာအကြောင်းအရင်းအတွက်တုန်း”
“ အကောင်းဆုံး သုံးသပ်မိတာကတော့ ဝူဟုန်ရဲ့ စည်းတံဆိပ်ကနေ လွတ်မြောက်ဖို့အတွက်ပဲ ဖြစ်လိမ့်မယ်”
“ တကယ်လို့ မိစ္ဆာမျိုးနွယ်က လူသားမျိုးနွယ်ရဲ့ မျိုးစိတ်ခွဲတစ်ခုဖြစ်လာမယ်ဆိုရင် သူတို့က မိစ္ဆာမျိုးနွယ် မဟုတ်တော့ဘူး။ အဲဒါကြောင့် စည်းတံဆိပ်က သူတို့အပေါ် အလုပ်ဖြစ်မှာ မဟုတ်ဘူး။ ဒါပေမဲ့ အဲလိုက ဖြစ်နိုင်ရဲ့လား။ အရမ်းကို လွယ်ကူလွန်းနေသလိုပဲ”
“ ဘယ်လွယ်ကူပါ့မလဲ။ သူတို့က လူသားမျိုးစိတ် အသစ်အနေနဲ့ အသိအမှတ်ပြုခံရဖို့ လိုတယ်”
“ အသင်္ချေအင်ပါယာကမ္ဘာရဲ့ ကောင်းကင်တာအိုဆီက အသိအမှတ်ပြုမှုလား”
ဝမ်ဝေ့က ခေါင်းခါကာ “ စည်းတံဆိပ်က အဆုံးမဲ့ဒိုင်မေးရှင်း တစ်ခုလုံးအပေါ် သက်ရောက်မှု ရှိတယ်။ မိစ္ဆာမျိုးနွယ်က အဲဒီအဆင့်ထိ ရောက်ခဲ့တဲ့ မျိုးစိတ် ဖြစ်ခဲ့တာလေ။ အဲဒါကြောင့် သူတို့က အစစ်အမှန် ကောင်းကင်တာအိုရဲ့ ခွင့်ပြုချက်ကို လိုလိမ့်မယ်”
“ အစ်ကိုကြီးလည်း သိပ်မသေချာပါလား”
“ ဒါက သုံးသပ်မှုတစ်ခုပဲ ရှိတယ်။ ငါ တစ်ခုခုလိုအပ်သလို ခံစားနေရတုန်းပဲ”
“ ကျွန်တော်တို့တွေဆီမှာ အချိန်ရှိပါသေးတယ်” လီကျွင်းက ပြောလိုက်၏ “ ဘာပဲဖြစ်ဖြစ် ဒီအစီအစဉ်ကို လုပ်ထားတဲ့သူက အရမ်းအားကောင်းပြီး ဉာဏ်ကောင်းတဲ့လူမျိုးပဲ ဖြစ်လိမ့်မယ်။”
“ သူတို့က ဝူဟုန်ကို မကြောက်သလို မိစ္ဆာမျိုးနွယ်ပြန်လည်ရှင်သန်ဖို့အတွက် သေဆုံးရမှာကိုလည်း မကြောက်ဘူး” လီကျွင်းက သူ့ပုခုံးကိုပုတ်ကာ ဘာမှမပြောတော့ပေ။ သူက ကြွက်သားအသုံးပြုသူဖြစ်ကာ လိုအပ်လာသည့်အခါမှသာ ဦးနှောက်ကို သုံးလေ့ရှိ၏။
“ အဲဒါဆို နောက်အဆင့်ကို ဆွေးနွေးရအောင်”
…………………………………………
တဏှာပိုင်နက်၊ အနီရောင်နှင်းဆီမြို့
တိထျန်းက ပျက်စီးနေသည့် မြို့ဆီ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာသည်။
ထင်ထားထက်ပိုပြီးတော့ တပ်ဖွဲ့တွေ ဆုံးရှံးခဲ့ရတာပဲ။ အရင်းအမြစ်တွေအများစုကလည်း ငါတို့တွေ မြို့ကို မသိမ်းပိုက်နိုင်ခင် ဖျက်ဆီးခံလိုက်ရတယ်။
သူက စစ်ပွဲ၏ ရလဒ်ကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်၏။
ငါ ကောင်းကင်အလိုဆန္ဒတိုက်ပွဲအတွက် ပိုကောင်းတဲ့ စစ်သူကြီးတွေ လိုလိမ့်မယ်။
သူက သူ့တပ်သည် ဝမ်ဝေ့နှင့် ရင်ဆိုင်ရာတွင် အသက်ရှင်မည် မဟုတ်ကြောင်း ပြောနိုင်လေ၏။ ပြောရလျှင် ဝမ်ဝေ့ဘက်တွင် လီကျွင်းနှင့် ထျဲ့ကန်လိုမျိုး သာလွန်သည့် စစ်သူကြီးများ ရှိသလို အကူအနေဖြင့် ယန်းလီလင်းလိုလူမျိုးလည်း ရှိထားသည်။ သူ့အနေဖြင့် ဝမ်ဝေ့နှင့် တူညီသည့် တစ်ခုတည်းသောအရာမှာ သူ့အင်အား၏ ၇၀ရာခိုင်နှုန်းကို ရှိထားသည့် အရိပ် ဖြစ်၏။
အကယ်၍ သူ့အိပ်စက်သူများသာ တည်ရှိနေပါက ထိုလူများထဲမှ သေမျိုးနှင့် မသေမျိုးနယ်နိမိတ်ကို ချိုးဖောက်နိုင်သည့် အလားအလာရှိသူကို ရှာဖွေနိုင်လိမ့်မည်။ ကံဆိုးစွာဖြင့် တိမျိုးဆက်အတွင်း ထိုသို့ပါရမီရှင်မျိုး မရှိနေပေ။
စည်းပိတ်ခံ ကောင်းကင်ရွေးချယ်ခံကို နှိုးလိုက်ရမလား…
မျိုးနွယ်အတွင်း သူ့အဆင့်အတန်းဖြင့် အိပ်စက်နေသည့် ကောင်းကင်ရွေးချယ်ခံကို စစ်သူကြီးအဖြစ် အသုံးပြုဖို့ရာ ကိစ္စမရှိပေ။ သူ့အကြည့်များက လင်းလက်တောက်ပလာ၏။
နောက်ထပ် အပြောင်းအလဲကောင်းရှိနေနိုင်တယ်…
တိထျန်းက အတွေးတစ်ခုရရှိလာပြီး အောင်မြင်နိုင်ချေကို တွက်ချက်ကြည့်လိုက်သည်။ ထို့နောက် သူက အသက်ပြင်းပြင်းရှူလိုက်၏။
တခြားအရာတွေမတိုင်ခင် ငါ ဒီကစားပွဲရဲ့ စည်းမျဉ်းတွေကို ဖော်ထုတ်ဖို့လိုတယ်…
သူက ထိုအသုံးမဝင်သည့် လျှို့ဝှက်စည်းမျဉ်းများကြောင့် သူ့လူများစွာကို ဆုံးရှုံးခဲ့ရသည်။
***