← Chapters

သူ့ခေတ်ကာလ

Vol. 48 Ch. 661

သူ့ခေတ်ကာလ

Vol. 48 Ch. 661

ဝမ်ဝေ့နှင့် အဖွဲ့တို့က မြို့အရှင်၏ စံအိမ်အတွင်း ထိုင်နေကြကာ အခြေအနေကို ပြန်သုံးသပ်၍ အနာဂတ်အတွက် ပြင်ဆင်နေကြသည်။ ဝမ်ဝေ့က သူ့ဘုရင်အမှတ်အသားပြားအား ကြည့်လိုက်ပြီးနောက် အသက်ဝင်လာနေသည်ကို မြင်လိုက်ရသည်။ ဆိုလိုသည်မှာ ထိုမိစ္ဆာမျိုးနွယ်ကို သတ်ဖြတ်ခြင်းက သက်ရောက်မှု ရှိ၏။

“ ငါတို့တွေ ဆုံးရှုံးမှုက ဘယ်လိုလဲ”

“ သတ်ဖြတ်ရေးအဖွဲ့က လူအသေအပျောက် အနည်းငယ်နဲ့ ဒဏ်ရာရတဲ့သူ အနည်းငယ်ရှိတယ်။ ဒါပေမဲ့ မသေနိုင်တဲ့ တပ်ဖွဲ့ကတော့ သေဆုံးမှု မရှိဘူး” လီကျွင်းက အားကျစွာ ပြောလိုက်သည်။

ထျဲ့ကန်က မသေနိုင်သော တပ်ဖွဲ့အတွင်းရှိ စစ်သားတစ်ဦးချင်းစီ၏ အသက်နှင့် ဆက်နွယ်ထားသည့်အတွက် သူတို့ကို သတ်ဖို့ရာ စိန်ခေါ်မှုတစ်ခု ဖြစ်၏။

“ မင်းရဲ့ ပင်ကိုစွမ်းရည်အပေါ် အခြေခံထားတဲ့ကျမ်းကရော ဘယ်မှာလဲ”

“ ကျုပ်က ခင်ဗျားတို့လိုမျိုး အားကောင်းပြီး ထူးခြားတဲ့ ကျမ်းကို အလွယ်တကူ ဖန်တီးနိုင်မယ်လို့ ထင်နေတာလား။ အခုမှ လုပ်နေတုန်းပဲ ရှိသေးတယ်” ထျဲ့ကန်က ပြောလိုက်၏။

“ ငါတို့က မင်းကို အကူအညီ ပေးနိုင်တယ်”

“ကျုပ်မှာလည်း ကျုပ်မာနနဲ့ပါ။ ပြီးတော့ ကျုပ်အလိုလိုသိစိတ်က ကိုယ့်ဘာသာကိုယ်ဖန်တီးနိုင်တယ်ဆိုရင် အခွင့်အရေးကောင်း ဖြစ်လာနိုင်တယ်လို့ ပြောပြနေတယ်”

“ ကောင်းပြီ။ ကောင်းကင်အလိုဆန္ဒ တိုက်ပွဲရောက်လာတော့မှာဆိုတော့ မြန်မြန်လုပ်တာ ကောင်းလိမ့်မယ်။ ငါ့လူတွေကို လေ့ကျင့်ပေးဖို့ အချိန်လုံလောက်ဖို့လည်း လိုအပ်သေးတယ်”

“ လီကျွင်း ပြောတာမှန်တယ်” ဝမ်ဝေ့က ပြောလိုက်၏။

“ရှင်းလင်းရေးပြီးသွားရင် ဂိုဏ်းဆီကနေ မင်းကို ကူညီဖို့ ဉာဏ်အလင်းပွင့် နှိုးဆော်ရေး အရင်းအမြစ်တွေကို တောင်းပေးမယ်”

“ ကျေးဇူးပါ”

“ ကောင်းပြီ။ နောက်တစ်ခုကရော”

“ ကံကြမ္မာအရိပ် တပ်ဖွဲ့ဝင်တွေက သေမျိုးအစားအစာနဲ့ ဝိညာဉ်ဆေးပင်တွေ ပြည့်နှက်နေတဲ့ ကမ္ဘာငယ်တစ်ခုအတွင်းမှာ ဆေးဝါးဥယျာဉ်တစ်ခုကို တွေ့ရှိခဲ့တယ်။ တစ်ယောက်ယောက်က ဖျက်ဆီးဖို့ ကြိုးစားခဲ့ပေမဲ့ အချိန်မီ တားဆီးနိုင်ခဲ့တယ်” ဝမ်ကျူက ပြောလိုက်၏။

“ သေမျိုးလယ်ကွင်းတွေကို ပုံမှန်ဆိုရင် ဝိညာဉ်ဆေးဥယျာဉ်တွေနဲ့ ခွဲခြား စိုက်ပျိုးထားတယ်။ ဒါပေမဲ့ တစ်ယောက်ယောက်က တမင် အတူတူ ထားထားတဲ့ပုံပဲ” ယန်းလီလင်းက ပြောလိုက်၏။

“ သူတို့က လိုအပ်လာတဲ့အခါ အရင်းအမြစ်ကို ဖျက်ဆီးဖို့ လုပ်ထားတာထင်တယ်။ တကယ်လို့ အစီအရင်ကို ထည့်သွင်းစဉ်းစားကြည့်မယ်ဆိုရင် မိစ္ဆာမျိုးနွယ်က ဒီကစားပွဲကို ပြင်ဆင်နေတာ အချိန်အတော်ကြာမြင့်လောက်ပြီ”

“ မေးခွန်းက သူတို့က အသက်ရှင်သန်ဖို့ လုပ်တာလား ဒါမှမဟုတ် တခြားတစ်ခုအတွက်လား” လီကျွင်းက ပြောလိုက်၏။

“ အခု အဲဒါအတွက် စိုးရိမ်စရာမလိုဘူး။ ဒါနဲ့ စစ်သားတွေရော ပြန်လည်အားဖြည့်နေတာ ဘယ်လိုလဲ” ဝမ်ဝေ့က မေးလိုက်၏။

“ သူတို့ရဲ့ သက်လုံကို ပြန်ဖြေဖို့ အစားအစာ အလုံအလောက်ရှိပါတယ်။ ပြီးတော့ သူတို့အတွက် စွမ်းအားဖြည့်တင်း ဆေးလုံးကိုဖော်စပ်ပေးဖို့ ဆေးဥယျာဉ်ထဲမှာ ဝိညာဉ်ဆေးပင်တွေကိုလည်း အသုံးပြုလို့ ရတယ်။ ကံကောင်းတာက အလိုအလျောက်ဆေးပြင်းမီးဖိုရှိတော့ အဲဒီဆေးလုံးတွေအတွက် နေ့နေ့ညည အပင်ပန်းခံစရာ မလိုတော့ဘူး”

“ အဲဒါဆို ခရီးသွားလာဖို့အတွက် မြင်းနဲ့ တိရစ္ဆာန်တွေကရော”

“ ကျွန်တော်တို့တွေ နည်းနည်းတော့ တွေ့ထားပေမဲ့ မြင်းတပ်ဖွဲ့စည်းဖို့တော့ မလုံလောက်သေးဘူး။”

“ အဲဒါဆို သိပ်မကောင်းသေးဘူးပဲ” ဝမ်ဝေ့က ပြောလိုက်၏ “ယန်းလီလင်း ငါတို့တွေ ခရီးသွားဖို့နဲ့ တိုက်ခိုက်ဖို့အတွက် ယာဉ်တွေကို ဖန်တီးပြီး အသုံးပြုနိုင်မလားဆိုတာကို စမ်းကြည့်ဖို့လိုတယ်”

“ ငါတို့က ထာဝရပျဲဝံဇာမဏီကို အသုံးပြုနိုင်ရင် ပိုတောင်ကောင်းသေးတယ်” လီကျွင်းက ပြောလိုက်၏။

သို့သော်လည်း ဝမ်ဝေ့နှင့် အဖွဲ့က ထိုမျှလောက် မျှော်လင့်မထားပေ။ ကောင်းကင်တာအိုက သူတို့ကို ပစ်မှတ်ထားထားပုံပေါ်ရာ သူတို့နှင့် ပတ်သက်ပြီး အသေးစိတ် သတင်းအချက်အလက် ရှိထားလိမ့်မည်။

တာအိုအခွင့်အလမ်းဂိုဏ်း၏ ပိုင်နက်အတွင်း ဝင်ရောက်ဖူးသည့်သူတိုင်းက ထိုယာဉ်များအကြောင်းကို သိရှိလိမ့်မည်။ ထို့ကြောင့် သူတို့ကို ဤကစားပွဲအတွင်း ထိုအရာများကို ကန့်သတ်ထားဖို့ရာ ဖြစ်နိုင်ချေများ၏။

အဖွဲ့က ဆက်လက်ဆွေးနွေးခဲ့ကြပြီးနောက် နောက်တစ်ရက်တာအတွက် စီစဉ်ခဲ့ကြသည်။ တချို့သော အစီအစဉ်များက ကူးသန်းပို့ဆောင်ရေးအခြေအနေနှင့် တခြားကိစ္စများကို မသိရှိဘဲ ချက်ချင်း မဆုံးဖြတ်နိုင်ပေ။

ရက်အနည်းငယ်ကြာမြင့်ပြီးသည့်နောက်တွင် ဆေးဖော်စပ်ခန်းအပြင်၌ အားလုံးက ယန်းလီလင်းကို စောင့်နေကြ၏။ သူမက အခန်းမှ ထွက်လာကာ ခေါင်းအသာယမ်းလိုက်သည်။

“ အဲဒါဆိုတော့ တားမြစ်ခံထားရတာလား”

“ အဲဒါတင် မဟုတ်ဘူး။ ထူးခြားအံ့ဖွယ် စွမ်းအားတစ်ခု ပေါ်ထွက်လာပြီးတော့ ဒီယာဉ်တွေကို သန့်စင်ဖို့ တားဆီးနေတယ်။”

“ အဲလိုဆိုရင် ကောင်းကင်ဖုံးကွယ်ရေး အစီအရင်ကလည်း အသုံးမဝင်တော့ဘူးပေါ့” ဝမ်ဝေ့က ရေရွတ်လိုက်၏။

“ အဲဒါဆို မြင်းယာဉ်တွေရော ဘယ်လိုလဲ”

သူက ကား၊ ရဟတ်ယာဉ် သို့မဟုတ် လေယာဉ်ပျံတို့ကဲ့သို့သော ယာဉ်များကို တားဆီးထားမည်ကို ထင်မှတ်ထားပြီးသား ဖြစ်၏။ ထို့ကြောင့် သူက သူမအား ရုပ်သေးရုပ် သို့မဟုတ် မှော်အသုံးအဆောင်ပစ္စည်းကို တိရစ္ဆာန်များနှင့် မိစ္ဆာသားရဲများကို အစားထိုးနိုင်မည့် ဝိညာဉ်စွမ်းအားဖြင့် အားပြုသုံးစွဲနိုင်သည့် မြင်းယာဉ်ကို ဖန်တီးဖို့ အကြံပြုခဲ့သည်။ ထိုအရာက စည်းမျဉ်းကို ရှောင်နိုင်သည့် ကြိုးစားမှုတစ်ခု ဖြစ်၏။

“ အသုံးမဝင်ဘူး” ယန်းလီလင်းက ပြောလိုက်သည်။

“ ကျွန်မ ကူးသန်းပို့ဆောင်ရေး အစီအရင်ကို အသက်သွင်းဖို့ ကြိုးစားကြည့်ပြီးသွားပြီ။ ဒါပေမဲ့ အဲ့ဒါလည်း အလုပ်မဖြစ်ဘူး”

“ အဲဒါဆိုရင် ငါတို့တွေက အရာအားလုံးကို သေမျိုးနည်းလမ်းတွေကိုပဲ မှီခိုရမှာလား” လီကျွင်းက နှာခေါင်းရှုံ့ကာ ပြောလိုက်၏။

“ အဲဒါက အဓိပ္ပာယ်မရှိဘူး” ထျဲ့ကန်ကပါ ပြောလိုက်သည် “ ကျုပ်တို့ကို စည်းမျဉ်းတွေက တားဆီးထားတယ်ဆိုရင် မိစ္ဆာမျိုးနွယ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း တားဆီးထားတာနဲ့ အတူတူပဲ”

“ ငါတို့က မိစ္ဆာမျိုးနွယ် အဖွဲ့အစည်းကို ဖျက်ဆီးပစ်လိုက်တယ်။ တကယ်လို့ သူတို့က ပြန်လည်ရှင်သန်ချင်တဲ့ အခွင့်အရေး ရချင်ရင် သူတို့ရဲ့ အဆင့်ထိ ငါတို့ကို ခေါ်ဆောင်ပြီးတော့ ကစားပွဲ ကစားရမယ်”

ဝမ်ဝေ့က သုံးသပ်လိုက်၏ “တကယ်လို့ သူတို့ကသာ ပြန်လည်အားဖြည့်ဖို့ အချိန်တိုအတွင်းနဲ့ ငါတို့ကို မှီဖို့ ကြိုးစားမယ်ဆိုရင် သူတို့က ဆိုးဆိုးရွားရွား ရှုံးနိမ့်သွားလိမ့်မယ်။”

အားလုံးက မွန်းကြပ်လာသလို ခံစားမိလိုက်ကြသည်။ ထိုလူများက ဝမ်ဝေ့နှင့် ရည်မှန်းချက်အတူတူ မရှိသော်လည်း ကျင့်ကြံသူများက ချုပ်နှောင်ခံရသည်ကို သဘောမကျကြပေ။ အများစုက သူတို့သည် စည်းမျဉ်းမဲ့နိုင်လောက်အောင် စွမ်းအားရှိဖို့ရာ ကျင့်ကြံကြခြင်း ဖြစ်၏။

“ သတင်းကောင်း ရှိတယ်” ယန်းလီလင်းက ဆေးဥယျာဉ်ဆီ ဦးဆောင်ခေါ်သွားလိုက်ပြီးသည့်နောက် လယ်ကွင်းကို ပြလိုက်၏။

“ ကံကြမ္မာကောင်း မျိုးစေ့က အလုပ်ဖြစ်တယ်လား”

“ ဟုတ်တယ်” ယန်းလီလင်းက ခေါင်းညိတ်လိုက်၏။

“ ရက်အနည်းငယ်အတွင်းမှာ ပိုများတဲ့ ဝိညာဉ်ချီတွေနဲ့ ကျွန်မ တပ်ဖွဲ့ လူဆယ်သန်းကို သုံးလကြာ ကျွေးနိုင်မဲ့ အစားအစာ လုံလောက်သွားပြီ”

ကံကြမ္မာကောင်း မျိုးစေ့က ဝမ်ဝေ့သည် သူ့ချီကံကောင်းမှု စစ်ဆေးမှုကတည်းက တွေးမိသည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်၏။ သူက ထိုမျိုးစေ့ သို့မဟုတ် ကောက်ပဲသီးနှံများကို ဖန်တီးကာ ပတ်ဝန်းကျင်မှ ဝိညာဉ်ချီကို စုပ်ယူပြီး အလျင်အမြန် ကြီးထွားစေလိုခြင်း ဖြစ်သည်။ သူ့မူလရည်မှန်းချက်က မဟာရှားတိုင်းပြည်၏ တိုင်းသူပြည်သားများကို ဝဝလင်လင် ကျွေးဖို့ရာ ဖြစ်၏။ ကံဆိုးစွာဖြင့် သူသည် ထိုအချိန်အခါက မလုပ်ဆောင်နိုင်ခဲ့ပေ။ သို့သော်လည်း နှစ်များစွာကြာမြင့်ပြီးသည့်နောက်တွင် သူ့စွမ်းအားနှင့် ကံကြမ္မာကောင်း မီးတောက်အပေါ် နားလည်နိုင်စွမ်းတို့ဖြင့် မျိုးစေ့ ဖန်တီးမှု အောင်မြင်ခဲ့၏။

ထိုမျိုးစေ့ဖြင့် တာအိုအခွင့်အလမ်းဂိုဏ်း၏ သေမျိုးများက အစားအစာနှင့် ပတ်သက်ပြီး ဘယ်သောအခါမှ စိုးရိမ်စရာ မလိုပေ။ သူက ထိုမျိုးစေ့အား အသင်္ချေအင်ပါယာကမ္ဘာလုံးကို ကျွေးပြီး ကုသိုလ်အမြောက်အများ ရယူဖို့ ပြင်ဆင်ထား၏။

ထို့အပြင် မျိုးစေ့က နောက်ထပ် အကျိုးအမြတ်တစ်ခုလည်း ရှိနေသေးသည်။ ခန္ဓာကိုယ်သန့်စင်ခြင်း၊ အံ့ဖွယ်ပင်လယ်နှင့် အံ့ဖွယ်ပလ္လင်အဆင့်ရှိ ကျင့်ကြံသူများအတွက် အကျိုးကျေးဇူး ရှိပေသည်။ ကျင့်ကြံသူများက ကြိုးစားပမ်းစား ကျင့်ကြံခြင်းအစား ကံကြမ္မာကောင်းမျိုးစေ့၏ ထုတ်ကုန်မှ သူတို့လိုအပ်သည့် ဝိညာဉ်ချီကို ရယူနိုင်သည်။ သူတို့အတွက် ကျင့်ကြံရသည်က ပိုမိုလွယ်ကူကာ မြန်ဆန်လာစေ၏။

နှစ်များစွာ ကြာမြင့်ပြီးသည့်နောက်တွင် တာအိုအခွင့်အလမ်းဂိုဏ်းက အဆင့်နိမ့်တပည့်များစွာကို ထိုမျိုးစေ့များဖြင့် မွေးထုတ်နိုင်ခဲ့သည်။ ဝမ်ဝေ့က ယန်းလီလင်းအား ပြဿနာမရှိစေဖို့ရာ ဤကုန်းမြေထံ အနည်းငယ် ယူဆောင်လာဖို့ တာဝန်ပေးခဲ့သည်။

“ နောက်ထပ် သတင်းဆိုးလည်း ရှိသေးတယ်” ယန်းလီလင်းက ပြောလိုက်၏။

“ထင်ထားတဲ့အတိုင်းပဲ” လီကျွင်းက နှုတ်ခမ်းတွန့်ချိုးသွားသည်။

“ အဲ့လောက်ကြီးမဆိုးဘူး။ အနားယူပြီးတဲ့နောက်မှာ ကံကြမ္မာကောင်းမျိုးစေ့က တပ်သားတွေရဲ့ မူလအဆီအနှစ်ရဲ့ လေးပုံတစ်ပုံကိုပဲ ဖြည့်တင်းပေးနိုင်တယ်ဆိုတာ သိခဲ့ရတယ်။ သူတို့က အပြည့်အဝ ပြန်ကောင်းလာအောင် ဆေးလုံးသောက်ဖို့ လိုအပ်နေတုန်းပဲ”

“ အနည်းဆုံးတော့ မင်းရဲ့ လုပ်အားတော့ လျော့သွားတာပေါ့” လီကျွင်းက ဖျောင်းဖျလိုက်သည်။

ယန်းလီလင်းက ခေါင်းညိတ်လိုက်၏။

“ ခင်ဗျား ဖန်တီးမဲ့ ခေတ်ကာလက တကယ်ကို ပြောင်မြောက်လိမ့်မယ်” ထျဲ့ကန်က ထိုလယ်ကွင်းကို ကြည့်ရင်း ရုတ်တရက် ထပြောလိုက်၏။

“ ဘယ်ကနေ ဘယ်လိုပြောတာလဲ” ဝမ်ဝေ့က မေးလိုက်သည်။

“ အတွေးတစ်ခု ခေါင်းထဲမှာ ပေါ်လာလို့ပါ” သူက ပြန်ဖြေလိုက်၏ “ အဲဒါအတွက် နာမည်ပေးပြီးသွားပြီလား”

“ အခု စဉ်းစားကြည့်တော့မှ တစ်ခါမှ မပြောဖူးသေးဘူးပဲ” လီကျွင်းက ပြောလိုက်သည်။

“ တကယ်လို့ စဉ်းစားကြည့်မယ်ဆိုရင် အရာအားလုံးရဲ့ ဗဟိုချက်။ နာမည်က မှန်းဖို့ လွယ်ပါတယ်”

အားလုံး၏ အကြည့်များက တောက်ပသွားကြ၏။

“ အမှန်ပဲ” လီကျွင်းက မှတ်ချက်ပေးလိုက်သည် “ ဒါပေမဲ့ တတိယတန်းစား ဧကရာဇ်က ဒီအံ့မခန်းစွမ်းအားကို အမွေဆက်ခံရယူပြီးတဲ့နောက်မှာ အစ်ကိုကြီး ကြိုးစားခဲ့သမျှအားလုံးကို ဖျက်ဆီးပစ်မှာကို မစိုးရိမ်ဘူးလား”

“ တတိယတန်းစား ဧကရာဇ်တဲ့လား” ဝမ်ဝေ့က နှာခေါင်းရှံ့ကာ ပြောလိုက်၏ “ ပထမတန်းစား ဧကရာဇ်ကပဲ ငါ့ရဲ့ အမွေအနှစ်ကို ဆက်လက်လုပ်ဆောင်နိုင်လိမ့်မယ်။ ပြီးတော့ ပထမတန်းစားကိုတောင် အာမမခံနိုင်ဘူး။ ငါက အသိဉာဏ်၊ နည်းဗျူဟာ၊ ခေါင်းဆောင်မှုနဲ့ ဩဇာတိက္ကမအထိ စစ်ဆေးမှုတွေအကုန်လုံးကို ချန်ထားခဲ့မှာ။

တာအိုအခွင့်အလမ်းဂိုဏ်းကိုလည်း အလွယ်တကူ ခွင့်ပေးမှာ မဟုတ်ဘူး။ သူတို့ရဲ့ စစ်ဆေးမှုတွေကို ပိုမိုခက်ခဲအောင်တော့ လုပ်ထားနိုင်တယ်။ ငါ့ရဲ့ ခေတ်ကာလကို အကြွယ်ဝဆုံးနဲ့ အရှည်လျားဆုံး ဖြစ်စေချင်တယ်”

ဝမ်ဝေ့က သူ့ခေတ်ကာလသည် ထာဝရ မတည်ရှိနိုင်ကြောင်း သိထားလေသည်။ ကိစ္စများက အတက်ရှိလျှင် အကျဆိုတာ ရှိပြီး မိုးမြေ၏ မျှခြေသဘောသာ ဖြစ်၏။ သို့သော်လည်း သူက ခေတ်သစ်သည် ကြာနိုင်သမျှကြာကာ အားနည်းကာ မထိုက်တန်သည့်သူများအား သူ့အမွေအနှစ်နှင့် စွမ်းအားကို အမွေဆက်ခံရရှိခြင်းမှ ကာကွယ်ဖို့ အဆင့်များစွာ လုပ်ဆောင်ထားရမည်။

“ နောက်ဆုံးအနေနဲ့ မင်းတို့တွေကို စစ်ဆေးကြည့်ခိုင်းမယ်” ဝမ်ဝေ့က ထပ်ပြောလိုက်သည်။

“ကိစ္စမရှိဘူး” လီကျွင်းက ပြောလိုက်၏။

“အဲဒါဆို နောက်ထပ်မျိုးနွယ်က တာအိုကို သက်သေပြတဲ့အခါ ဘယ်လိုဖြစ်မလဲဆိုတာကို ထည့်စဉ်းစားပြီးပြီလား”

“ အဲဒါက စစ်ဆေးမှုရဲ့ တစ်စိတ်တစ်ပိုင်းပဲ။ သူတို့က မျက်နှာမလိုက်ဘဲ သမာသမတ်ကျမှုတချို့ကို ပြသရလိမ့်မယ်။ ဒီနည်းစနစ်ကို ဖျက်ဆီးဖို့ ကြိုးစားတဲ့လူတွေအားလုံးကို အပြစ်ပေးဖို့ ငါ့စွမ်းအားတချို့ပါ ချန်ထားခဲ့မှာ”

“ အဲလိုဆိုရင် ဖြစ်နိုင်သမျှ အကျိုးဆက်တွေအကုန်လုံးကို တွေးပြီးသွားပြီးတော့ ပြင်ဆင်ထားပြီးပြီပေါ့” ယန်းလီလင်းက ခေါင်းညိတ်လိုက်သည်။

“ အဲ့ကိစ္စတွေကို မပြောသေးပါနဲ့ဦး။ စောလွန်းသေးတယ်” ဝမ်ဝေ့က ပြောလိုက်၏။

“ ငါတို့ရဲ့ နောက်အဆင့်က ဘယ်လိုလဲ”

သူ့ဘုရင်အမှတ်အသားပြားက အသက်ဝင်သည့် အနေအထား မရှိတော့သည့်အတွက် ဆက်လက် သတ်ဖြတ်ဖို့ လိုအပ်နေသည်။

“ မဟာရှားလို တိုင်းပြည်မျိုးကို တည်ထောင်ဖို့ လိုအပ်လား” ထျဲ့ကန်က ပြောလိုက်၏။

“ ကျုပ်တို့တွေက အစားအစာနဲ့ ပတ်သက်ပြီး စိုးရိမ်စရာမလိုဘူး။ ဒါပေမဲ့ အဲဒါက အကျိုးအမြတ်အစား ပြဿနာပိုများမယ်လို့ ထင်တယ်”

“ ရှင် ပြောတာ မှန်တယ်။ မိစ္ဆာမျိုးနွယ်က ကျွန်မတို့အပေါ် မုန်းတီးနေတာဆိုတော့ သူတို့အပေါ် အုပ်ချုပ်ရတာက တကယ်ကို အိပ်မက်ဆိုး ဖြစ်လာလိမ့်မယ်” ယန်းလီလင်းက ပြောလိုက်၏။

“ အဲလိုမျိုး တိုင်းပြည်မျိုးက တော်လှန်မှုတွေ အများကြီး ဖြစ်လာနိုင်ပြီးတော့ နယ်မြေကျယ်ပြန့်ပြီး ကူးသန်းပို့ဆောင်ရေး မရှိဘဲနဲ့ဆိုရင် အခြေအနေက ပိုပြီးတော့ ဆိုးရွားသွားနိုင်တယ်”

“ ငါတို့တွေ အကြောက်တရားထည့်သွင်းပြီး သူတို့ကို ထိန်းချုပ်ဖို့ သေခြင်းတရားနဲ့ ခြိမ်းခြောက်လို့လည်း အသုံးမဝင်ဘူး” လီကျွင်းက ပြောလိုက်၏။

“ တိုင်းပြည်ဖြစ်ဖြစ် နယ်မြေဖြစ်ဖြစ် ဒီကုန်းမြေမှာ ရှိမဲ့ အခြေအနေကို ထည့်စဉ်းစားမယ်ဆိုရင် တိုင်းပြည်ဖြစ်ဖြစ် ပိုင်နက်ဖြစ်ဖြစ် အလားအလာ မရှိဘူး”

“ အဲဒါဆို အကောင်းဆုံးအပြုအမူကဘာလဲ”

“ ငါတို့ရဲ့ တပ်နဲ့ ရှေ့ဆက်သွားဖို့ပဲ။ ပြီးရင် တစ်မြို့ပြီးတစ်မြို့သိမ်းပိုက်ရမယ်” လီကျွင်းက ပြောလိုက်၏။

“ ဒီလိုဆိုရင် ငါတို့တွေ ပတ်ဝန်းကျင်က မြေပုံတစ်ခုတော့ လိုအပ်လိမ့်မယ်။ ကုန်းမြေရဲ့ မြေပုံက အရေးကြီးတယ်။ ဒါပေမဲ့ ငါတို့တွေ ရှာတွေ့ပါ့မလားပဲ” ဝမ်ဝေ့က ပြောလိုက်၏။

“ ငါတို့တွေ မြို့အရှင်ရဲ့ စာကြည့်ခန်းမှာ ရှာပြီးသွားပြီလား”

“ မတွေ့ဘူး။ သူတို့က တမင်ကို ချန်မထားတဲ့ပုံပဲ” ဝမ်ကျူက ဝင်ပြောလိုက်၏။

“ အဲဒါဆို မြို့အရှင်ရဲ့ ဝိညာဉ်ကိုတော့ ရှာပြီးသွားပြီလား”

“ သူက သူ့ဘာသာသူ သတ်သေသွားပြီးတော့ စိတ်ကိုပါ ဖျက်ဆီးသွားတယ်”

“ မိစ္ဆာမျိုးနွယ်ရဲ့ ဆုံးဖြတ်ချက်ကိုတော့ လေးစားမိပါတယ်။ ဒါပေမဲ့ သူတို့က ကိစ္စတွေကို ပိုပြီးတော့ ပျက်စီးအောင်လုပ်နေတာပဲ” ဝမ်ဝေ့က ပြောလိုက်၏။

“ နောက်မြို့ကျရင် ငါတို့တွေ မြေပုံရအောင် လုပ်ရမယ်။ မဟုတ်ရင် ယန်းလီလင်းနဲ့ ငါက မြို့တစ်ခုချင်းစီရဲ့ အစီအရင်အပေါ် မူတည်ပြီး ပိုင်နက်ကို ပုံဖော်နေရလိမ့်မယ်”

အားလုံးက စစ်ချီတက်ဖို့အတွက်  ပြင်ဆင်ဖို့ရာ သူတို့၏ တာဝန်များ လုပ်ဆောင်ဖို့ ထွက်သွားကြသည်။

***

All Chapters