← Chapters

တိုက်ပွဲ

Vol. 48 Ch. 663

တိုက်ပွဲ

Vol. 48 Ch. 663

“ ကောင်းတယ်” ဝမ်ဝေ့က လေထဲမှ တပ်သားများ၏ အခြေအနေကို လေ့လာနေရင်း မှတ်ချက်ပေးလိုက်သည်။ ထိုတပ်ဖွဲ့များက တာအိုကိုသက်သေပြပြီးသည့်နောက်တွင် အသုံးမဝင်တော့ဘူးဟု ထင်ရသော်လည်း တကယ်တမ်းတော့ ထိုသို့ မဟုတ်ပေ။ တာအိုကို သက်သေပြပြီးသည့်နောက် သူ့အင်အားက တခြား‌သော တိုးတက်မှုများနှင့်အတူ ဒဿမအဆုံးစွန်အုတ်မြစ်ကို ရောက်ရှိပါက ကောင်းကင်ဘုံအဆင့်သို့ နီးကပ်သွားလိမ့်မည်။

သူက ကောင်းကင်ဘုံအဆင့် စွမ်းအား မရရှိနိုင်သည်ဟု ယုံကြည်ထားသည့် တစ်ခုတည်းသော အကြောင်းအရင်းမှာ ကျင့်ကြံသူများက မဟာတာအိုအရင်းအမြစ်ကို ၆၉ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်း ရောက်ရှိနိုင်ရန် ပြောင်းလဲဖို့ ဖြတ်ကျော်ရသည့် ကူးပြောင်းမှုများစွာကြောင့် ဖြစ်၏။ ထိုကူးပြောင်းမှုက မဟာဧကရာဇ်နှင့် မဟာတာအိုအရင်းအမြစ် ၄.၉၉ ရာခိုင်နှုန်းရှိသည့် တာအိုဘိုးဘေးထက်ပင် ပိုမိုနားလည်ရခက်သည်။

ထိုစွမ်းအားဖြင့် သူသည် ဒိုင်မေးရှင်းအနိမ့်တွင် ပြင်းပြင်းထန်ထန် ကန့်သတ်ခံရလိမ့်မည်။ ထို့ကြောင့် သူက ထိုတပ်ဖွဲ့အပါအဝင် အရာများစွာအတွက် တခြားသူများ၏ အကူအညီကို လိုအပ်လာလိမ့်မည်။

မြေပေါ်တွင် လီကျွင်းက သူ့ပတ်ဝန်းကျင်မှ တပ်ဖွဲ့များအား ကြည့်လိုက်သည်။ သူက ထူးခြားသည့် အရှိန်အဝါ ရှိသည့် မြင်းပေါ်မှ လူနှစ်ယောက်ကို အာရုံခံမိလိုက်၏။ ထို့အပြင် ထိုတပ်ဖွဲ့က ထိုလေးယောက်ကို ဗဟိုပြုထားလေသည်။

စစ်သူကြီး…

သူက မျက်မှောင်ကြုတ်လိုက်၏။ သူက လှံကို ဝှေ့ယမ်းလိုက်ပြီးသည့်နောက်တွင် ခွန်အားအပြည့်အဝဖြင့် ပစ်လွှတ်လိုက်သည်။

ဝုန်း

လှံက အနီရောင် အလင်းတန်းသဖွယ် ပြောင်းလဲသွားပြီး လေဟုန်ကို ခွင်းထွက်သွားသည်။

“ အစီအရင်(၁)” ပျင်းရိခြင်း စစ်သူကြီး(၁)က အော်လိုက်သည်။ သူက မြောက်ဖက်တပ်ဖွဲ့ကို ဦးဆောင်လာသူ ဖြစ်၏။ ထို့နောက် ချက်ချင်းဆိုသလို သူ့တပ်သားများက တုံ့ပြန်လာကာ ဖွဲ့စည်းပုံတစ်ခု ဖွဲ့လိုက်ကြသည်။ ထို့နောက် အားလုံး၏ ရှေ့မှောက်တွင် အလင်းထက် မြန်ဆန်နေသည့် လီကျွင်း၏ လှံတံက နှေးကွေးသွားပြီး ခုခံမှုများစွာ ရှိနေသည့် ရေလွှာကို ဖြတ်သန်းလာရသလိုမျိုး ဖြစ်သွား၏။

လှံက ဦးတည်ချက်ဆီ ရောက်ရှိသည့်အခါ စွမ်းအားအမြောက်အများ ဆုံးရှုံးသွားရသည်။ ထို့ကြောင့် ပျင်းရိခြင်း စစ်သူကြီး(၁)က သူ့ပုဆိန်ဖြင့် ပုတ်ထုတ်လိုက်သည်။

လီကျွင်းက သူ့လှံကို သူ့ဘက်ပြန်ခေါ်လိုက်ရ၏။

ဘယ်လိုတောင် ထူးဆန်းတဲ့ အစီအရင်လဲ။ ဒါက အချိန်စွမ်းအားလား ဒါမှမဟုတ် တခြားတစ်ခုလား…

သူက တိုက်ပွဲကို သုံးသပ်နေရင်း ရန်သူ၏ မြင်းတပ်က သူ့ဆီ မြောက်ဘက်နှင့် အနောက်ဘက်မှ ပြေးဝင်လာကြသည်။

“ လေးသမားအဖွဲ့” လီကျွင်းက အော်ပြောလိုက်သည့်အခါ အလယ်မှ မြားများစွာ ထွက်ပေါ်လာ၏။ ကံဆိုးစွာဖြင့် ရန်သူတွင်လည်း လေးသမားများ ရှိနေပြီး မြို့တပ်ဖွဲ့ထက်ပင် ပိုမိုအရည်အချင်း ရှိကြသည်။ သူတို့က လီကျွင်း၏ တပ်ဖွဲ့လောက် မကောင်းသော်လည်း မြင်းတပ် ရန်သူဆီ မရောက်သည့်အချိန်ထိ ဆုံးရှုံးမှုကို လျော့ချဖို့ ကိုင်တွယ်ထားနိုင်လိမ့်မည်။

ဘန်း

အနောက်ပိုင်း မြင်းတပ်က အနောက်ဘက် ကာကွယ်ရေးဒိုင်းကာနှင့် ထိပ်တိုက်တွေ့ဆုံနေကြပြီ ဖြစ်၏။ သူတို့က မည်မျှပင် လုပ်စေကာမူ ထိုလူများ၏ ဒိုင်းကာကို မကျော်ဖြတ်နိုင်ပေ။ ထိုစဉ် မြောက်ဖက်ပိုင်းက စတင်သတ်ဖြတ်နေပြီ ဖြစ်၏။

မသေနိုင်သည့် တပ်ဖွဲ့မှ စစ်သားများက အကြောက်တရား မရှိဘဲ ခက်ထန်စွာ စတင်တိုက်ခိုက်လာကြသည်။ သူတို့က တစ်ဖက်လူများကို ထိုးစိုက်ပြီး ဓာတ်သဘာဝ၊ ဝိညာဉ်နှင့် ခွန်အားသက်သက်ကို သုံးကာ သတ်နိုင်သမျှ လူများစွာကို သတ်ပစ်နေကြသည်။ သူတို့ရှေ့တွင် အလောင်းပုံနှင့် မြင်းသေများစွာ ရှိနေသော်လည်း သူတို့က ဂရုမစိုက်ပေ။

ရွှက်

မိစ္ဆာတစ်ကောင်က တပ်သား၏ နှလုံးသားကို ထိုးစိုက်လိုက်ပြီး ဖျက်ဆီးပစ်လိုက်သည်။ သို့သော် သူ့ကို ထိတ်လန့်သွားစေသည်က ထိုအမျိုးသားက သေဆုံးမသွားခဲ့ပေ။ သွေးအနည်းငယ် ထွက်သွားပြီးသည့်နောက်တွင် ထိုလူက တုံ့ပြန်လာပြီး သူ့ခေါင်းကို ဖြတ်ချလိုက်၏။ မိစ္ဆာက မသေဆုံးခင် ဘာတွေဖြစ်ခဲ့မှန်း နားမလည်လိုက်ပေ။

သူ့ရဲဘော်ရဲဘက်များနှင့် အသက်ဓာတ် ဆက်နွယ်ထားသည့် ထိုတပ်သားတွင် နောက်ထပ် နှလုံးသားတစ်ခု ဖြစ်တည်လာသည်။ သူက သူ့ခန္ဓာကိုယ်ပင် မကြည့်ဘဲ ဆက်လက်တိုက်ခိုက်နေ၏။ သူ့ဘေးတွင် ရှိနေသည့် တပ်သားက မီးတောက်မျဉ်းပေါ်ရှိ မီးတောက်နတ်ဆိုးကြောင့် ခန္ဓာကိုယ်တစ်ဝက် လောင်ကျွမ်းခံထားရသည်။ သို့သော်လည်း သူက ထိုမိစ္ဆာခေါင်းကို ချေမွပစ်လိုက်ပြီးသည့်နောက် သူ၏ ရန်သူကို ဆက်လက်သတ်ဖြတ်နေ၏။ သူက ဒဏ်ရာများစွာ ရှိနေသော်လည်း တိုက်ခိုက်မှုကို မရပ်တန့်ခဲ့ပေ။ သူ့ခန္ဓာကိုယ် ကန့်သတ်ချက် ရောက်ရှိသွားသည့်အခါ ဆက်နွယ်ထားသည့် အသက်ဓာတ်ကို အသုံးပြုလိုက်ပြီး သူ့ကိုယ်သူ ကုစားပြီး ဆက်လက် တိုက်ခိုက်လေသည်။

ရွှပ်

နောက်ထပ် တပ်သားတစ်ယောက်က သူ့လက်မောင်းကို စတေးကာ စွမ်းအားကြီးသည့် ပြိုင်ဘက်ကို သတ်ဖြတ်ပစ်ခဲ့သည်။ ထို့နောက် သူ ယခင်လေ့ကျင့်ထားသည့် တိုက်ကွက်ဖြင့် အံ့ဖွယ်အသိစိတ်ကို အသုံးပြုကာ မြေကြီးပေါ်မှ သူ့လက်ကို ပြန်လည်ဆက်နွယ်ပြီး အသက်ဓာတ်မျှဝေမှုဖြင့် လက်မောင်းကို ပြန်ဆက်ခဲ့သည်။ ထိုဖြစ်စဉ်တစ်လျှောက်လုံးအတွင်း သူက သတ်ဖြတ်မှုနှင့် တိုက်ခိုက်နေမှုကို မရပ်တန့်ခဲ့ပေ။

ပျင်းရိခြင်းစစ်သူကြီး (၁)က ရန်သူများသည် သူ့တပ်ဖွဲ့ကို အလျင်အမြန် သုတ်သင်ပစ်နေသည်ကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်မိ၏။ မြင်းတပ်က သတ်ဖြတ်ခံနေရစဉ် သူ့ခြေလျင်တပ်က လူသားတပ်ဖွဲ့ဆီ ချဉ်းကပ်လာပြီ ဖြစ်၏။

“ ခေါင်းကို ရွယ်ကြ” သူက ပျင်းရိခြင်း စစ်သူကြီး (၂)နှင့် (၄)ဆီ မဆက်သွယ်ခင် အမိန့်ပေးလိုက်သည်။ ထိုတပ်ဖွဲ့က အရှေ့နှင့် တောင်ဘက်အခြမ်းဆီ ရောက်ရှိလာပြီ ဖြစ်၏။ အရှေ့ဖက်ကမူ နောက်ထပ် သံမဏိတံတိုင်းရှိနေသော်လည်း တောင်ဖက်အခြမ်းကမူ မသေနိုင်သည့် တပ်ဖွဲ့နှင့် ရင်ဆိုင်နေရသည်။

မသေနိုင်သည့် တပ်ဖွဲ့က သူတို့၏ ခေါင်းများကို ကာကွယ်ဖို့ လေ့ကျင့်ပေးထားသည့်အတွက် ထိုနည်းဗျူဟာက မိစ္ဆာများထင်ထားသလောက် သက်ရောက်မှု သိပ်မရှိပေ။ မည်သို့ပင်ဆိုစေကာမူ တချို့တလေအထိ အလုပ်ဖြစ်လေ၏။

ရွှက်

တပ်သားတစ်ယောက်က သူ့ခေါင်းကို ဖြတ်တောက်ခံလိုက်ရပြီးသည့်နောက်တွင် အဆုံးသတ် ဖြစ်သွားလေသည်။ သို့သော် ထိုမိစ္ဆာ ထိတ်လန့်သွားမိသည်က ထိုသူ ပြတ်သွားသည့် လည်ပင်းမှ အဖြူရောင်အလင်းတန်း ထွက်ပေါ်လာကာ ခေါင်းနှင့် ခန္ဓာကိုယ် ပြန်ဆက်သွားပြီး ထွက်လာသည့် သွေးများကိုပင် ခန္ဓာကိုယ်အတွင်း ပြန်လည်ဆွဲယူသွား၏။ မိစ္ဆာက ပိုမိုဒေါသထွက်လာကာ ထိုတပ်သားများ၏ ခေါင်းကို ချေမွပစ်ကြသည်။

သို့သော်လည်း ခေါင်းက ပြန်လည် ပေါက်လာ၏။ နှမြောစရာကောင်းလှသည်က သူတို့၏ ခေါင်း ပြန်လည်ပေါက်ရောက်ရာတွင် အားလုံး အောင်မြင်ကြခြင်း မဟုတ်ပေ။ ထျဲ့ကန်၏ ပင်ကိုစွမ်းရည်က ကုသဖို့၊ အသက်ဓာတ်မျှဝေဖို့သာ ခွင့်ပြုထားသည့်အတွက် တပ်သားတစ်ယောက်စီ သူတို့ပါရမီအပေါ် မူတည်၍ ရယူကာ ထိန်းချုပ်နိုင်သည့် ကန့်သတ်ချက် ရှိလေသည်။

“ဟာ” မိစ္ဆာက အော်လိုက်ပြီးနောက် ပုဆိန်လှံရှည်ကို ဝှေ့ယမ်းကာ မြေပြင်ပေါ်ရှိ တပ်သားကို ထိုးစိုက်လိုက်သည်။ ထိုစဉ် ပတ်ဝန်းကျင်နှင့် သူ့ခန္ဓာကိုယ်အပေါ် သွေးများစွန်းထင်သွား၏။ သို့သော် ထိုအရာက အဆုံးသတ်မဟုတ်ပေ။ ရွှက် ရွှက် ရွှက်

မိစ္ဆာက ဆက်လက်သတ်ဖြတ်ကာ တပ်သားများ၏ ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးကို အသားစိုင်အဖြစ် ပြောင်းလဲပစ်သည်။ ထိုလူကို ပြန်လည်ကောင်းမွန်သည့် အခွင့်အရေးကို မပေးလိုပေ။

“ ဟား…ဟား…ဟား…” သူက ရင်ဘတ်မှ နာကျင်မှုကို မခံစားရခင်အထိ အားပါးတရ ရယ်မောနေလေ၏။ သူက ငုံ့ကြည့်လိုက်သည့်အခါ အပေါက်ကြီးကို မြင်လိုက်ရသည်။ သူက တုန်လှုပ်တကြီးဖြင့် ခေါင်းမော့ကြည့်လိုက်ချိန် သူ့ရှေတွင် သူ သတ်ခဲ့သည့် တပ်သားကို မြင်လိုက်ရ၏။

ကမ္ဘာဦးစိတ်ဝိညာဉ်လား…

ထိုမိစ္ဆာ သံသရာထဲ မဝင်ရောက်ခင် နောက်ဆုံး မြင်လိုက်ရသည့် အရာက လှောင်ပြောင်နေသည့် အပြုံးမျိုး ဖြစ်၏။ မသေနိုင်သည့် တပ်သားက သူ ကျရှုံးသွားသည့် ရန်သူကို ကြည့်ပြီးသည့်နောက်တွင် သူ့အနီးအနားမှ သူ့ရဲဘော်ဆီ ပြေးသွားလိုက်သည်။

သူ့လေ့ကျင့်မှုအရ တိုက်ပွဲတွင် သူ့ခန္ဓာကိုယ်ကို ဆုံးရှုံးသွားခဲ့လျှင် ကမ္ဘာဦးစိတ်ဝိညာဉ်ကို ထိန်းထားနိုင်မည့် နေရာတစ်ခုကို ရှာဖွေခြင်း သို့မဟုတ် တိုက်ပွဲ ဆက်လက်တိုက်ခိုက်နိုင်ခြင်းတို့ လုပ်ဆောင်နိုင်သည်။ ဂိုဏ်းက နောက်ပိုင်းတွင် သူ့ကို ခန္ဓာကိုယ်အသစ် ပေးလိမ့်မည်။ တပ်သားက သူ့ရဲဘော်၏ လက်နက်အတွင်း ဝင်ရောက်လိုက်ပြီး အနာဂတ် ပြန်လည်အသက်ပြန်ရှင်နိုင်မည့် အချိန်ကို စောင့်ဆိုင်းနေလိုက်၏။

“ ဒီမှာ” ယန်းလီလင်းက ထျဲ့ကန်ကို ဆေးလုံးအမြောက်အများ ပေးလိုက်၏။ ထိုသူက သောက်သုံးပစ်ဖို့ တုံ့ဆိုင်းမနေပေ။ သူ့အသက်ဓာတ်က သိသိသာသာ တိုးပွားလာပြီး တပ်သားများနှင့် မျှဝေပေးကာ သူတို့ကုသသည့် အသက်ဓာတ်ရေကန်ကို အားမြှင့်ပေးလိုက်သည်။ ထိုတပ်သားများက ချက်ချင်းဆိုသလို ပြင်းထန်လာပြီး သေခြင်းတရားကို မကြောက်ရတော့သည့်အတွက် သည်းသည်းမည်းမည်း အခြေအနေသို့ ဝင်ရောက်သွားသည်။

ပျင်းရိခြင်းစစ်သူကြီး(၁)က ယန်းလီလင်း၏ အပြုအမူကို သတိထားမိလိုက်၏။ သူက ထိုတပ်ဖွဲ့နှင့် ဖြေရှင်းဖို့ အကောင်းဆုံး နည်းလမ်းက သူတို့စွမ်းရည်၏ အရင်းအမြစ်ကို ရှာဖွေဖို့ ဖြစ်ကြောင်း သိလိုက်လေသည်။ သူက မည်သူမှန်း မှန်းဆမိထားလေသည်။ ကံဆိုးစွာဖြင့် သူက ပြဿနာကို မဖြေရှင်းနိုင်သေးပေ။

“ ဝိညာဉ်တိုက်ကွက်ကို သုံး” သူက အမိန့်ပေးလိုက်၏။ ထိုနည်းလမ်းက သူ ထင်ထားသလိုမျိုး မအောင်မြင်ခဲ့ပေ။ ထျဲ့ကန်က သူ့ပါရမီကို ဝိညာဉ်အထိ ရောက်အောင် လေ့ကျင့်ထားသည့်အတွက် တပ်သားများက ဝိညာဉ်ဒဏ်ရာတချို့ကိုပင် ကုသနိုင်သည်။

ထို့အပြင် မသေဆုံးနိုင်သည့် တပ်ဖွဲ့၏ အားနည်းချက်များထဲမှ တစ်ခုဖြစ်ကြောင်း သိထား၍ သူက တပ်သားများကို ကြိုတင်ပြင်ဆင်ကာ လေ့ကျင့်ပေးထားခဲ့၏။ သူတို့က ဝိညာဉ်ကာကွယ်ရေးနည်းလမ်းကို သင်ယူထားကြပြီး ဝိညာဉ်ကာကွယ်ရေး အသုံးအဆောင်ပစ္စည်းပင် ရှိထားကြသည်။ တာအိုအခွင့်အလမ်းဂိုဏ်းက ထိုတပ်သားများကို ပြုစုပျိုးထောင်ဖို့ အစွမ်းကုန် ထောက်ပံ့ပေးထား၏။ ထိုအရာများက ကျဆင်းနေသော ဧကရာဇ်မျိုးနွယ်များပင် အားကျသွားစေလောက်သည်။

ထိုအရာက အဆုံးသတ် မဟုတ်သေးပေ။ လီကျွင်းက ခြိမ်းခြောက်နိုင်သည့် အရှိန်အဝါများကို စုပ်ယူပြီး တပ်သားများ၏ ဝိညာဉ်ကို ကာကွယ်နိုင်သည့် ဒိုင်းကာအဖြစ် အသုံးပြုနိုင်ရန် ကျင့်စဉ်တစ်ခုကို ဖန်တီးပြီး သူတို့ဝိညာဉ်ကို ကာကွယ်ပေးထားဖို့ ကူညီပေးခဲ့သည်။

ဝှစ်

ကောင်းကင်မှ မြားတစ်ချောင်း ထွက်ပေါ်လာပြီးသည့်နောက်တွင် လမ်းကြောင်းတွင် ပုံရိပ်များစွာ ချန်ထားခဲ့ပြီးသည့်နောက် ထျဲ့ကန်ဆီ ဦးတည်ဝင်လာသည်။ သူက တည်တည်ငြိမ်ငြိမ်ဖြင့် လက်မြှောက်ကာ ဖမ်းလိုက်၏။ သို့သော် အားလုံးကို အံ့အားသင့်သွားစေသည်က ထိုမြားက နှစ်ပိုင်း ကွဲထွက်သွားပြီး ဒုတိယမြားက ယန်းလီလင်းဆီ ဦးတည်နေသည်။

ပွဲပြီးပြီ…

ပျင်းရိခြင်း စစ်သူကြီး(၁)က တွေးလိုက်မိ၏။ ကံဆိုးစွာဖြင့် သူ အောင်ပွဲမခံနိုင်ခင် ယန်းလီလင်းပတ်ဝန်းကျင်တွင် ခရမ်းရောင်မီးတောက်တစ်ခု ထွက်ပေါ်လာပြီးသည့်နောက်တွင် ထိုမြားကို အမှုန့်ဖြစ်အောင် လောင်ကျွမ်းပစ်လိုက်သည်။

“ ငါက အကြံပေးဆိုပြီးတော့ အနိုင်ကျင့်လို့ ရမယ်များ ထင်နေတာလား” ယန်းလီလင်းက ပြောလိုက်သည်။

“ သူတို့က အဲ့လိုထင်နေတာ နေမှာ” ထျဲ့ကန် ပြောလိုက်၏။

“ ငါတော့ ဒေါသထွက်လာပြီ” ယန်းလီလင်းက ကမ္ဘာထဲရှိ လူများစွာက သူမကို အသုံးမဝင်သည့် အဖွဲ့သားဟု တွေးထင်နေသည်ကို ရုတ်ချည်း ခံစားမိသွားသည် “ စည်းမျဉ်းတွေကြောင့်သာ မဟုတ်ရင် သူတို့အားလုံးကို ပြာဖြစ်အောင် လောင်ကျွမ်းပစ်တယ်”

ထျဲ့ကန်က တံတွေးမျိုချလိုက်၏။ သူက ပါရမီရှင် ဆေးလုံးဆရာ၏ ကြောက်စရာကောင်းမှုကို သိထားလေသည်။ ထိုမကောင်းဆိုးရွားများက အထူးဆန်းဆုံး ဆေးလုံးများကိုပင် ရှိတတ်ကြသည်။ ပို၍အရေးကြီးသည်က သူတို့က အဆိပ်သခင်များလည်း ဖြစ်ကြ၏။

ဝမ်ဝေ့က သူ့အတွေးနက်ကြီးများ ပြီးဆုံးသွားသည်နှင့် သူ့ခန္ဓာကိုယ်ကို လေ့ကျင့်ဖို့ရာ ယန်းလီလင်းအား အဆိပ်ကို ဖန်တီးဖို့ တာဝန်ပေးထားခဲ့သည်။ ထျဲ့ကန်ကလည်း သူမ၏ စမ်းသပ်မှုတချို့ကို ခံစားခဲ့ဖူး၏။ သူက သူမ၏ စမ်းသပ်ချက်မှ အဆိပ်ကို ပြန်လည်အမှတ်ရလာသည့်အခါ တုန်တုန်ယင်ယင်ပင် ဖြစ်လာမိသည်။

“ အခု ငါ့အလှည့်ပဲ” လီကျွင်းက ပြောကာ ခုခံရေးကို တာဝန်ယူထားသည့် သတ်ဖြတ်ရေးအဖွဲ့ကို စစ်ဆေးကြည့်လိုက်သည်။ အကယ်၍ သူတို့ကျရှုံးသွားပါက အဖွဲ့က နှစ်ဖွဲ့အစား လေးဖွဲ့ကို တိုက်ခိုက်နေရလိမ့်မည်။

သူက တပ်သားတစ်ယောက်၏ ပုခုံးပေါ် ခုန်တက်လိုက်ပြီးသည့်နောက်တွင် သူတို့ကို ခြေကုပ်အဖြစ် အသုံးပြုပြီး ရန်သူ၏ စစ်သူကြီးဆီ ပြေးဝင်သွားလိုက်သည်။ ပျင်းရိခြင်းစစ်သူကြီး(၁)က ဆန့်ကျင်ဘက် ထွက်ပြေးသည့်အတွက် လီကျွင်းက အနည်းငယ် အံအားသင့်သွားမိ၏။ သို့သော်လည်း သူ့နောက်မှ လူသုံးယောက် လိုက်လာသည်ကို အာရုံခံမိလိုက်သည်။

မင်းတို့က လေးယောက် တစ်ယောက်တိုက်ခိုက်ချင်တာလား။ ပြဿနာ မရှိဘူး…

သူက လိုက်သွားဖို့ တုံ့ဆိုင်းမနေပေ။ သို့သော်လည်း လမ်းတွင် သူက အဖွဲ့ထံ တစ်စုံတစ်ခုကို ဆက်သွယ်လိုက်၏။

***

All Chapters